HomeEntertainmentFilmThe Originals ဇာတ်လမ်းတွဲနဲ့ ပတ်သက်တဲ့ စိတ်ဝင်စားစရာများ 

The Originals ဇာတ်လမ်းတွဲနဲ့ ပတ်သက်တဲ့ စိတ်ဝင်စားစရာများ 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

The Originals ဇာတ်လမ်းတွဲဟာ ၂၀၁၃ခုနှစ်မှာ ထွက်ရှိခဲ့တာ ဖြစ်ပြီး IMDb (8.2) ရရှိထားတဲ့ စီးရီးတစ်ခု ဖြစ်ပါတယ်။ ဒီစီးရီးဟာ ၂၀၀၉ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ The Vampire Diaries ဇာတ်လမ်းတွဲရဲ့ spin-off အနေနဲ့ ထပ်မံထွက်ရှိခဲ့တာလည်း ဖြစ်ပါတယ်။ ဒီဇာတ်လမ်းဟာ မူလသွေးစုပ်ဖုတ်ကောင်တွေဖြစ်တဲ့ Mikaelson မောင်နှမတွေအကြောင်းကို အဓိက ရိုက်ကူးထားတာ ဖြစ်ပါတယ်။ အဲ့ဒါကြောင့် ဒီတစ်ခါမှာတော့ Mikaelson မောင်နှမတွေအကြောင်းကို ဖော်ပြပေးချင်ပါတယ်။

Mikaelson မောင်နှမတွေဟာ စုစုပေါင်း(၇)ယောက် ရှိပါတယ်။
photo via screenrant

The originals လို့ခေါ်တဲ့ မူလသွေးစုပ်ဖုတ်ကောင်တွေရဲ့အကြောင်းကို The Vampire Diaries ရဲ့ ဒုတိယမြောက် season ထဲမှာ ပရိသတ်တွေကို စတင်မိတ်ဆက်ခဲ့တာ ဖြစ်ပါတယ်။ originals တွေအဖြစ် Elijah ကို ပထမဆုံး မြင်တွေ့ခဲ့ရပြီး နောက်ပိုင်းမှာတော့ Klaus ပါဝင်လာခဲ့ပါတယ်။ တတိယမြောက် season ထဲမှာတော့ Rebekah ပါဝင်လာပြီး သူတို့သုံးယောက်ကို အဓိကဗီလိန်တွေလိုမျိူး ပုံဖော်ခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ Kol နဲ့ Finn တို့ ပါဝင်လာပြီး ငယ်ငယ်လေးနဲ့ သေဆုံးသွားတဲ့ Henrik အကြောင်းကိုလည်း ပြသခဲ့ပါတယ်။

ဒါ့အပြင် သူတို့မိသားစုရဲ့ ပထမဆုံးသားဦး မိန်းကလေးဖြစ်တဲ့ Freya ကိုတော့ ပလိပ်ရောဂါနဲ့ သေဆုံးသွားတဲ့ပုံစံမျိူး အစပိုင်းမှာ ပြသခဲ့ပါတယ်။ သူမဟာ တကယ်တော့ မသေဆုံးသေးဘဲ အသက်ရှင်သန်နေတုန်း ဆိုတာကိုတော့ The Originals ရဲ့ ဒုတိယ season မှာ ပြသခဲ့ပါတယ်။ အဲ့ဒါကြောင့်ပဲ အားလုံးပေါင်းလိုက်ရင် Mikaelson မောင်နှမ (၇)ယောက်ရှိပြီး ထူးခြားတဲ့တစ်ချက်ကတော့ Klaus ဟာ တစ်ခြားသူတွေနဲ့ အမေတူ အဖေကွဲ တော်စပ်နေတာ ဖြစ်ပါတယ်။ အကြောင်းကတော့ သူတို့ရဲ့အမေဟာ သမန်းဝံပုလွေမျိူးနွယ်တစ်ယောက်နဲ့ ဖောက်ပြန်ခဲ့ပြီး Klaus ကို ကိုယ်ဝန်ရခဲ့တာကြောင့်ပဲ ဖြစ်ပါတယ်။ သူတို့ကို ကြီးစဉ်ငယ်လိုက် စီလိုက်ရင်တော့ Freya ၊ Finn ၊ Elijah ၊ Klaus ၊ Kol ၊ Rebekah နဲ့ Henrik တို့ပဲ ဖြစ်ပါတယ်။

ဒီဇာတ်လမ်းတွဲဟာ New Orleans မှာ ရိုက်ကူးခဲ့တာ မဟုတ်ပါဘူး။
photo via screenrant

ဒီဇာတ်လမ်းတွဲထဲက အဖြစ်အပျက်တွေဟာ  New Orleans မြို့မှာ အခြေခံထားတယ်ဆိုတာကို လူတိုင်းသိကြပါတယ်။ ဒါပေမယ့်လည်း တကယ်တမ်း ဒီဇာတ်လမ်းကို ရိုက်ကူးခဲ့တဲ့နေရာဟာ New Orleans မဟုတ်ခဲ့ပါဘူး။ ရိုက်ကူးရေး ပြုလုပ်ခဲ့တဲ့နေရာကတော့ Georgia ပြည်နယ်က Atlanta မြို့မှာ ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းထဲမှာ မြင်ခဲ့ရတဲ့ New Orleans ရဲ့ အထင်ကရနေရာတွေဟာ Atlanta မြို့ပေါ်က လမ်းတွေကို အဲ့လိုပုံစံမျိူးဖြစ်အောင် ပြင်ဆင်ပြီးတော့ ရိုက်ကူးခဲ့ကြတာ ဖြစ်ပါတယ်။

Mikaelson မောင်နှမတွေဟာ မှော်ပညာကြောင့် မွေးဖွားလာတာ ဖြစ်ပါတယ်။
photo via screenrant

Mikaelson တွေဟာ မှော်ပညာကြောင့်ပဲ သွေးစုပ်ဖုတ်ကောင်တွေ ဖြစ်လာခဲ့သလို မှော်ပညာကြောင့်ပဲ သူတို့ဟာ မွေးဖွားလာခဲ့တာ ဖြစ်ပါတယ်။ သူတို့ရဲ့အမေဖြစ်သူ Esther ဟာ Mikael ကို လက်ထပ်ပြီးတဲ့နောက်မှာ သူမအနေနဲ့ ကိုယ်ဝန်မရနိုင်တာကို သိသွားခဲ့ပါတယ်။ ဒါပေမယ့်လည်း သူမဟာ ကိုယ်ပိုင်မိသားစု သိပ်လိုချင်နေတာကြောင့် သူမထက် စွမ်းအားကြီးတဲ့ စုန်းမဖြစ်ပြီး သူမရဲ့ညီမဖြစ်သူ Dahlia ကို ကလေးရနိုင်အောင် လုပ်ပေးဖို့အတွက် အကူအညီတောင်းခဲ့ပါတယ်။

Dahlia ကတော့ သူမကို ကလေးရအောင် ပြုလုပ်ပေးခဲ့ပြီး အပြန်အလှန်အနေနဲ့ Mikaelson မိသားစုက မွေးဖွားသမျှ သားဦးကလေးတွေကို သူမကို ပေးရမယ်လို့ အပေးအယူလုပ်ခဲ့ပါတယ်။ အဲ့ဒါကြောင့်ပဲ Mikaelson မောင်နှမတွေရဲ့ အကြီးဆုံးဖြစ်တဲ့ Freya ဟာ ခေါ်သွားခံရတာဖြစ်ပြီး နောက်ပိုင်းမှာလည်း Klaus ရဲ့သမီးဖြစ်သူ Hope ကို ခေါ်ယူဖို့အတွက် ရောက်လာပါသေးတယ်။

ပထမအစီအစဉ်အတိုင်းဆိုရင် Klaus ဟာ Vampire Diaries ထဲမှာ သေဆုံးမှာ ဖြစ်ပါတယ်။
photo via screenrant

Vampire Diaries ထဲက ဇာတ်ကောင်တွေဟာ ဒုတိယမြောက်နဲ့ တတိယမြောက် season တွေမှာ Klaus ကို သတ်ဖို့အတွက် အသည်းအသန် ကြိုးစားခဲ့ကြပြီး အောင်မြင်လုနီးပါးထိ ဖြစ်ခဲ့ပါတယ်။ Vampire Diaries နဲ့ The Originals ဇာတ်လမ်းတွဲနှစ်ခုရဲ့ ထုတ်လုပ်သူဖြစ်တဲ့ Julie Plec ကတော့ အင်တာဗျူးတစ်ခုမှာ အဲ့ဒီအကြောင်းကို ပြောခဲ့ဖူးပါတယ်။ အဲ့ဒီ့အင်တာဗျူးထဲမှာတော့ သူမဟာ Vampire Diaries ရဲ့ တတိယမြောက် season ရဲ့အဆုံးမှာ Klaus ဟာ သေဆုံးမှာ ဖြစ်ပါတယ်ဆိုပြီး ပြောခဲ့ပါတယ်။

ဒါပေမယ့်လည်း ပြောင်းလဲသွားရတဲ့ အကြောင်းအရင်းကိုတော့ အခုလိုပဲ ပြောပြခဲ့ပါတယ်။ “ဒီလောက်တော်တဲ့ သရုပ်ဆောင်တွေကို ရထားတာကြောင့် သူတို့သရုပ်ဆောင်တဲ့ ဇာတ်ကောင်တွေကို အခုလိုလွယ်လွယ်လေး အဆုံးမသတ်ချင်ခဲ့ပါဘူး … ” လို့ သူမက ပြောခဲ့ပါတယ်။ အဲ့ဒါကြောင့်ပဲ ဇာတ်ညွှန်းတွေကို ပြောင်းလဲရေးသားခဲ့ပြီး နောက်ပိုင်းမှာတော့ သူတို့ရဲ့ကိုယ်ပိုင်ဇာတ်လမ်းတွဲပါ ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။

The Originals အတွက် မတူညီတဲ့ ဇာတ်သိမ်း
photo via screenrant

Vampire Diaries ကနေစပြီးတော့ The Originals ဇာတ်သိမ်းသွားတဲ့အထိ ပရိသတ်တွေဟာ Klaus နဲ့ Caroline ကို တွဲစေချင်ခဲ့ပါတယ်။ ဒါ့အပြင် Vampire Diaries ရဲ့ တတိယမြောက် season ထဲမှာ သူတို့နှစ်ယောက်ကြားက ဆက်ဆံရေးတွေကို ပြသခဲ့ပြီးနောက်မှာ သူတို့အတွဲဟာ ပရိသတ်တွေကြားထဲမှာ အတော်လေး ရေပန်းစားခဲ့ပါတယ်။ ထုတ်လုပ်သူ Julie Plec ဟာ “အစတုန်းက The Originals အတွက် အခုဇာတ်သိမ်းနဲ့ မတူညီတဲ့ ဇာတ်သိမ်းတစ်ခုကို ရိုက်ကူးဖို့ စဉ်းစားခဲ့ပါတယ်… ” ဆိုပြီး ပြောခဲ့ဖူးပါသေးတယ်။

အဲ့ဒါကတော့ Klaus နဲ့ Caroline တို့ဟာ တွဲဖြစ်သွားပြီး နောက်ဆုံးမှာ သူတို့နှစ်ယောက်လုံး အတူတူ သေဆုံးသွားမယ်ဆိုတဲ့ ဇာတ်သိမ်းပဲ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း Vampire Diaries ရဲ့ဇာတ်သိမ်းမှာတော့ သူမဟာ Stefan နဲ့လက်ထပ်ခဲ့ပြီး အဲ့ဒီနေ့မှာပဲ သူမရဲ့သတို့သားကို ဆုံးရှုံးခဲ့ရပါတယ်။ အဲ့ဒီအဖြစ်အပျက်ကြောင့်ပဲ Julie Plec ဟာ Caroline ကို ချက်ချင်းကြီး Klaus နဲ့ တွဲခိုင်းဖို့က မသင့်တော်ဘူးလို့ ခံစားရတာကြောင့် ဇာတ်လမ်းကို ပြောင်းလဲခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အခုဇာတ်သိမ်းနဲ့ အစက စဉ်းစားထားတဲ့ ဇာတ်သိမ်းဟာ နည်းလမ်းချင်းဆင်တူပြီး လူပဲကွဲပြားသွားခဲ့တာ ဖြစ်ပါတယ်။

ဒါကတော့ The Originals ဇာတ်လမ်းတွဲနဲ့ ပတ်သက်တဲ့ စိတ်ဝင်စားဖို့ကောင်းတဲ့ အကြောင်းအရာအချို့ ဖြစ်ပါတယ်။ ဒါမျိုး ဆောင်းပါးတွေ ဖတ်ရတာ နှစ်သက်တယ်ဆိုရင် ဒီပေ့ချ်လေးကို Like & Follow လုပ်ထားပါဦးလို့ အကြံပြုလိုက်ပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

The Originals ဇာတ္လမ္းတြဲဟာ ၂၀၁၃ခုႏွစ္မွာ ထြက္ရွိခဲ့တာ ျဖစ္ၿပီး IMDb (8.2) ရရွိထားတဲ့ စီးရီးတစ္ခု ျဖစ္ပါတယ္။ ဒီစီးရီးဟာ ၂၀၀၉ခုႏွစ္မွာ ထြက္ရွိခဲ့တဲ့ The Vampire Diaries ဇာတ္လမ္းတြဲရဲ႕ spin-off အေနနဲ႔ ထပ္မံထြက္ရွိခဲ့တာလည္း ျဖစ္ပါတယ္။ ဒီဇာတ္လမ္းဟာ မူလေသြးစုပ္ဖုတ္ေကာင္ေတြျဖစ္တဲ့ Mikaelson ေမာင္ႏွမေတြအေၾကာင္းကို အဓိက ႐ိုက္ကူးထားတာ ျဖစ္ပါတယ္။ အဲ့ဒါေၾကာင့္ ဒီတစ္ခါမွာေတာ့ Mikaelson ေမာင္ႏွမေတြအေၾကာင္းကို ေဖာ္ျပေပးခ်င္ပါတယ္။

Mikaelson ေမာင္ႏွမေတြဟာ စုစုေပါင္း(၇)ေယာက္ ရွိပါတယ္။
photo via screenrant

The originals လို႔ေခၚတဲ့ မူလေသြးစုပ္ဖုတ္ေကာင္ေတြရဲ႕အေၾကာင္းကို The Vampire Diaries ရဲ႕ ဒုတိယေျမာက္ season ထဲမွာ ပရိသတ္ေတြကို စတင္မိတ္ဆက္ခဲ့တာ ျဖစ္ပါတယ္။ originals ေတြအျဖစ္ Elijah ကို ပထမဆုံး ျမင္ေတြ႕ခဲ့ရၿပီး ေနာက္ပိုင္းမွာေတာ့ Klaus ပါဝင္လာခဲ့ပါတယ္။ တတိယေျမာက္ season ထဲမွာေတာ့ Rebekah ပါဝင္လာၿပီး သူတို႔သုံးေယာက္ကို အဓိကဗီလိန္ေတြလိုမ်ိဴး ပုံေဖာ္ခဲ့ပါတယ္။ ေနာက္ပိုင္းမွာေတာ့ Kol နဲ႔ Finn တို႔ ပါဝင္လာၿပီး ငယ္ငယ္ေလးနဲ႔ ေသဆုံးသြားတဲ့ Henrik အေၾကာင္းကိုလည္း ျပသခဲ့ပါတယ္။

ဒါ့အျပင္ သူတို႔မိသားစုရဲ႕ ပထမဆုံးသားဦး မိန္းကေလးျဖစ္တဲ့ Freya ကိုေတာ့ ပလိပ္ေရာဂါနဲ႔ ေသဆုံးသြားတဲ့ပုံစံမ်ိဴး အစပိုင္းမွာ ျပသခဲ့ပါတယ္။ သူမဟာ တကယ္ေတာ့ မေသဆုံးေသးဘဲ အသက္ရွင္သန္ေနတုန္း ဆိုတာကိုေတာ့ The Originals ရဲ႕ ဒုတိယ season မွာ ျပသခဲ့ပါတယ္။ အဲ့ဒါေၾကာင့္ပဲ အားလုံးေပါင္းလိုက္ရင္ Mikaelson ေမာင္ႏွမ (၇)ေယာက္ရွိၿပီး ထူးျခားတဲ့တစ္ခ်က္ကေတာ့ Klaus ဟာ တစ္ျခားသူေတြနဲ႔ အေမတူ အေဖကြဲ ေတာ္စပ္ေနတာ ျဖစ္ပါတယ္။ အေၾကာင္းကေတာ့ သူတို႔ရဲ႕အေမဟာ သမန္းဝံပုေလြမ်ိဴးႏြယ္တစ္ေယာက္နဲ႔ ေဖာက္ျပန္ခဲ့ၿပီး Klaus ကို ကိုယ္ဝန္ရခဲ့တာေၾကာင့္ပဲ ျဖစ္ပါတယ္။ သူတို႔ကို ႀကီးစဥ္ငယ္လိုက္ စီလိုက္ရင္ေတာ့ Freya ၊ Finn ၊ Elijah ၊ Klaus ၊ Kol ၊ Rebekah နဲ႔ Henrik တို႔ပဲ ျဖစ္ပါတယ္။

ဒီဇာတ္လမ္းတြဲဟာ New Orleans မွာ ႐ိုက္ကူးခဲ့တာ မဟုတ္ပါဘူး။
photo via screenrant

ဒီဇာတ္လမ္းတြဲထဲက အျဖစ္အပ်က္ေတြဟာ  New Orleans ၿမိဳ႕မွာ အေျခခံထားတယ္ဆိုတာကို လူတိုင္းသိၾကပါတယ္။ ဒါေပမယ့္လည္း တကယ္တမ္း ဒီဇာတ္လမ္းကို ႐ိုက္ကူးခဲ့တဲ့ေနရာဟာ New Orleans မဟုတ္ခဲ့ပါဘူး။ ႐ိုက္ကူးေရး ျပဳလုပ္ခဲ့တဲ့ေနရာကေတာ့ Georgia ျပည္နယ္က Atlanta ၿမိဳ႕မွာ ႐ိုက္ကူးခဲ့တာ ျဖစ္ပါတယ္။ ဒီဇာတ္လမ္းထဲမွာ ျမင္ခဲ့ရတဲ့ New Orleans ရဲ႕ အထင္ကရေနရာေတြဟာ Atlanta ၿမိဳ႕ေပၚက လမ္းေတြကို အဲ့လိုပုံစံမ်ိဴးျဖစ္ေအာင္ ျပင္ဆင္ၿပီးေတာ့ ႐ိုက္ကူးခဲ့ၾကတာ ျဖစ္ပါတယ္။

Mikaelson ေမာင္ႏွမေတြဟာ ေမွာ္ပညာေၾကာင့္ ေမြးဖြားလာတာ ျဖစ္ပါတယ္။
photo via screenrant

Mikaelson ေတြဟာ ေမွာ္ပညာေၾကာင့္ပဲ ေသြးစုပ္ဖုတ္ေကာင္ေတြ ျဖစ္လာခဲ့သလို ေမွာ္ပညာေၾကာင့္ပဲ သူတို႔ဟာ ေမြးဖြားလာခဲ့တာ ျဖစ္ပါတယ္။ သူတို႔ရဲ႕အေမျဖစ္သူ Esther ဟာ Mikael ကို လက္ထပ္ၿပီးတဲ့ေနာက္မွာ သူမအေနနဲ႔ ကိုယ္ဝန္မရႏိုင္တာကို သိသြားခဲ့ပါတယ္။ ဒါေပမယ့္လည္း သူမဟာ ကိုယ္ပိုင္မိသားစု သိပ္လိုခ်င္ေနတာေၾကာင့္ သူမထက္ စြမ္းအားႀကီးတဲ့ စုန္းမျဖစ္ၿပီး သူမရဲ႕ညီမျဖစ္သူ Dahlia ကို ကေလးရႏိုင္ေအာင္ လုပ္ေပးဖို႔အတြက္ အကူအညီေတာင္းခဲ့ပါတယ္။

Dahlia ကေတာ့ သူမကို ကေလးရေအာင္ ျပဳလုပ္ေပးခဲ့ၿပီး အျပန္အလွန္အေနနဲ႔ Mikaelson မိသားစုက ေမြးဖြားသမွ် သားဦးကေလးေတြကို သူမကို ေပးရမယ္လို႔ အေပးအယူလုပ္ခဲ့ပါတယ္။ အဲ့ဒါေၾကာင့္ပဲ Mikaelson ေမာင္ႏွမေတြရဲ႕ အႀကီးဆုံးျဖစ္တဲ့ Freya ဟာ ေခၚသြားခံရတာျဖစ္ၿပီး ေနာက္ပိုင္းမွာလည္း Klaus ရဲ႕သမီးျဖစ္သူ Hope ကို ေခၚယူဖို႔အတြက္ ေရာက္လာပါေသးတယ္။

ပထမအစီအစဥ္အတိုင္းဆိုရင္ Klaus ဟာ Vampire Diaries ထဲမွာ ေသဆုံးမွာ ျဖစ္ပါတယ္။
photo via screenrant

Vampire Diaries ထဲက ဇာတ္ေကာင္ေတြဟာ ဒုတိယေျမာက္နဲ႔ တတိယေျမာက္ season ေတြမွာ Klaus ကို သတ္ဖို႔အတြက္ အသည္းအသန္ ႀကိဳးစားခဲ့ၾကၿပီး ေအာင္ျမင္လုနီးပါးထိ ျဖစ္ခဲ့ပါတယ္။ Vampire Diaries နဲ႔ The Originals ဇာတ္လမ္းတြဲႏွစ္ခုရဲ႕ ထုတ္လုပ္သူျဖစ္တဲ့ Julie Plec ကေတာ့ အင္တာဗ်ဴးတစ္ခုမွာ အဲ့ဒီအေၾကာင္းကို ေျပာခဲ့ဖူးပါတယ္။ အဲ့ဒီ့အင္တာဗ်ဴးထဲမွာေတာ့ သူမဟာ Vampire Diaries ရဲ႕ တတိယေျမာက္ season ရဲ႕အဆုံးမွာ Klaus ဟာ ေသဆုံးမွာ ျဖစ္ပါတယ္ဆိုၿပီး ေျပာခဲ့ပါတယ္။

ဒါေပမယ့္လည္း ေျပာင္းလဲသြားရတဲ့ အေၾကာင္းအရင္းကိုေတာ့ အခုလိုပဲ ေျပာျပခဲ့ပါတယ္။ “ဒီေလာက္ေတာ္တဲ့ သ႐ုပ္ေဆာင္ေတြကို ရထားတာေၾကာင့္ သူတို႔သ႐ုပ္ေဆာင္တဲ့ ဇာတ္ေကာင္ေတြကို အခုလိုလြယ္လြယ္ေလး အဆုံးမသတ္ခ်င္ခဲ့ပါဘူး … ” လို႔ သူမက ေျပာခဲ့ပါတယ္။ အဲ့ဒါေၾကာင့္ပဲ ဇာတ္ၫႊန္းေတြကို ေျပာင္းလဲေရးသားခဲ့ၿပီး ေနာက္ပိုင္းမွာေတာ့ သူတို႔ရဲ႕ကိုယ္ပိုင္ဇာတ္လမ္းတြဲပါ ႐ိုက္ကူးခဲ့တာ ျဖစ္ပါတယ္။

The Originals အတြက္ မတူညီတဲ့ ဇာတ္သိမ္း
photo via screenrant

Vampire Diaries ကေနစၿပီးေတာ့ The Originals ဇာတ္သိမ္းသြားတဲ့အထိ ပရိသတ္ေတြဟာ Klaus နဲ႔ Caroline ကို တြဲေစခ်င္ခဲ့ပါတယ္။ ဒါ့အျပင္ Vampire Diaries ရဲ႕ တတိယေျမာက္ season ထဲမွာ သူတို႔ႏွစ္ေယာက္ၾကားက ဆက္ဆံေရးေတြကို ျပသခဲ့ၿပီးေနာက္မွာ သူတို႔အတြဲဟာ ပရိသတ္ေတြၾကားထဲမွာ အေတာ္ေလး ေရပန္းစားခဲ့ပါတယ္။ ထုတ္လုပ္သူ Julie Plec ဟာ “အစတုန္းက The Originals အတြက္ အခုဇာတ္သိမ္းနဲ႔ မတူညီတဲ့ ဇာတ္သိမ္းတစ္ခုကို ႐ိုက္ကူးဖို႔ စဥ္းစားခဲ့ပါတယ္… ” ဆိုၿပီး ေျပာခဲ့ဖူးပါေသးတယ္။

အဲ့ဒါကေတာ့ Klaus နဲ႔ Caroline တို႔ဟာ တြဲျဖစ္သြားၿပီး ေနာက္ဆုံးမွာ သူတို႔ႏွစ္ေယာက္လုံး အတူတူ ေသဆုံးသြားမယ္ဆိုတဲ့ ဇာတ္သိမ္းပဲ ျဖစ္ပါတယ္။ ဒါေပမယ့္လည္း Vampire Diaries ရဲ႕ဇာတ္သိမ္းမွာေတာ့ သူမဟာ Stefan နဲ႔လက္ထပ္ခဲ့ၿပီး အဲ့ဒီေန႔မွာပဲ သူမရဲ႕သတို႔သားကို ဆုံးရႈံးခဲ့ရပါတယ္။ အဲ့ဒီအျဖစ္အပ်က္ေၾကာင့္ပဲ Julie Plec ဟာ Caroline ကို ခ်က္ခ်င္းႀကီး Klaus နဲ႔ တြဲခိုင္းဖို႔က မသင့္ေတာ္ဘူးလို႔ ခံစားရတာေၾကာင့္ ဇာတ္လမ္းကို ေျပာင္းလဲခဲ့တာ ျဖစ္ပါတယ္။ ဒါေပမယ့္လည္း အခုဇာတ္သိမ္းနဲ႔ အစက စဥ္းစားထားတဲ့ ဇာတ္သိမ္းဟာ နည္းလမ္းခ်င္းဆင္တူၿပီး လူပဲကြဲျပားသြားခဲ့တာ ျဖစ္ပါတယ္။

ဒါကေတာ့ The Originals ဇာတ္လမ္းတြဲနဲ႔ ပတ္သက္တဲ့ စိတ္ဝင္စားဖို႔ေကာင္းတဲ့ အေၾကာင္းအရာအခ်ိဳ႕ ျဖစ္ပါတယ္။ ဒါမ်ိဳး ေဆာင္းပါးေတြ ဖတ္ရတာ ႏွစ္သက္တယ္ဆိုရင္ ဒီေပ့ခ်္ေလးကို Like & Follow လုပ္ထားပါဦးလို႔ အႀကံျပဳလိုက္ပါတယ္။

Legos

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular