HomeEntertainmentFilmPre-Production စတင္ေနၿပီျဖစ္တဲ့ BTS ဒရာမာဇာတ္လမ္းတြဲ

Pre-Production စတင္ေနၿပီျဖစ္တဲ့ BTS ဒရာမာဇာတ္လမ္းတြဲ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

ARMY လေးတွေအတွက် ပျော်စရာသတင်းတစ်ခု ထွက်ပေါ်လာပြန်ပါပြီ။ အဲ့ဒါကတော့ BTS အဖွဲ့အကြောင်း အခြေခံထားတဲ့ ဒရာမာစီးရီးကို ရိုက်ကူးဖို့ စတင်ပြင်ဆင်နေပြီ ဖြစ်လို့ပါပဲ။

Big Hit Entertainment ဟာ ပြီးခဲ့တဲ့ သြဂုတ်လကပဲ BTS အဖွဲ့အကြောင်းကို အခြေခံထားတဲ့ ကေဒရာမာစီးရီးတစ်ခု ၂၀၂၀ခုနှစ်ထဲမှာ ထုတ်လွှင့်သွားဖို့ စီစဉ်ထားကြောင်း တရားဝင် ကြေငြာချက် ထုတ်ပြန်ထားပါတယ်။ ဇာတ်လမ်းအကြောင်းအရာကတော့ BTS Universe ထဲမှာ ဆုံစည်းလာတဲ့ ကောင်လေးခုနှစ်ယောက်အကြောင်းကို ရိုက်ကူးသွားမယ်လို့ သိရပါတယ်။ BTS အဖွဲ့ဝင်တွေရဲ့ ငယ်ဘဝအကြောင်းကို ရိုက်ကူးသွားမှာဖြစ်လို့ အဖွဲ့ဝင်တွေကိုယ်တိုင်က ပါဝင်သရုပ်ဆောင်မှာတော့ မဟုတ်ပါဘူး။ ဒါကြောင့် ဒီကောင်လေးခုနှစ်ယောက်နေရာမှာ ပါဝင်သရုပ်ဆောင်ရမယ့် ဇာတ်ကောင်တွေကို Casting လုပ်ပြီး ရွေးချယ်သွားမှာပါ။ ဆယ်ကျော်သက်ရွယ် ငယ်ငယ်လေးတွေကိုပဲ ရွေးချယ်သွားမှာ ဖြစ်ပါတယ်။ ပရိသတ်တွေကတော့ BTS အဖွဲ့ရဲ့ ဆယ်ကျော်သက်ရွယ်ဘဝကို ရိုက်ပြလိမ့်မယ်လို့ ခန့်မှန်းထားကြပါတယ်။

Photo: bts.bighitofficial/ Instagram

ကိုရီးယားက သတင်းတွေအရ ဒီဒရာမာစီးရီးလေးကို ChorokBaem Media စတူဒီယိုက ရိုက်ကူးသွားမှာဖြစ်ပြီး ဇာတ်ညွှန်းရေးဆရာအနေနဲ့ Kim Soojin ကို ရွေးချယ်ထားပြီးပြီလို့ သိရပါတယ်။

ဒရာမာကို ရိုက်ကူးမယ့် ဒါရိုက်တာ ဘယ်သူဆိုတာကို ရွေးချယ်ပြီးပြီဆိုတာနဲ့ နိုင်ငံတကာကို ဖြန့်ချိဖို့အတွက် Netflix လို content provider တွေနဲ့ ဆွေးနွေးညှိနှိုင်းသွားမယ်လို့လည်း သိရပါတယ်။ လတ်တလော အခြေအနေအရ ဒီ BTS ဒရာမာလေးကို Netflix မှာ ပြဖြစ်မလားဆိုတာတော့ မသေချာသေးပါဘူး။ သို့ပေမယ့် ChorokBaem Media ဟာ အရင်တုန်းကလည်း Memories of the Alhambra လိုမျိုး သူတို့ရိုက်ကူးထားတဲ့ ဒရာမာတွေကို Netflix မှာ ပြခဲ့ဖူးတာကြောင့် မျှော်လင့်စရာတော့ ရှိပါတယ်။

Photo: bts.bighitofficial/ Instagram

လောလောဆယ်မှာ သရုပ်ဆောင်တွေကိုလည်း မရွေးချယ်ရသေးပါဘူး။ သို့ပေမယ့် မရှေးမနှောင်းမှာပဲ Casting တွေလုပ်ပြီး စတင်ရိုက်ကူးသွားမယ်လို့ မျှော်လင့်ရပါတယ်။

LaNina

Ref: koreaboo

(ဆံရစ်ဝိုင်းမီဒီယာစာမျက်နှာပေါ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို ခွင့်ပြုချက် တစ်စုံတစ်ရာ မရရှိဘဲ မိမိတို့ကိုယ်ကျိုးအတွက် ကူးယူသုံးစွဲခြင်း မပြုလုပ်ကြပါရန် သတိပေးအပ်ပါသည်။)

(Zawgyi Version)

ARMY ေလးေတြအတြက္ ေပ်ာ္စရာသတင္းတစ္ခု ထြက္ေပၚလာျပန္ပါၿပီ။ အဲ့ဒါကေတာ့ BTS အဖြဲ႕အေၾကာင္း အေျခခံထားတဲ့ ဒရာမာစီးရီးကို ရိုက္ကူးဖို႔ စတင္ျပင္ဆင္ေနၿပီ ျဖစ္လို႔ပါပဲ။

Big Hit Entertainment ဟာ ၿပီးခဲ့တဲ့ ၾသဂုတ္လကပဲ BTS အဖြဲ႕အေၾကာင္းကို အေျခခံထားတဲ့ ေကဒရာမာစီးရီးတစ္ခု ၂၀၂၀ခုႏွစ္ထဲမွာ ထုတ္လႊင့္သြားဖို႔ စီစဥ္ထားေၾကာင္း တရား၀င္ ေၾကျငာခ်က္ ထုတ္ျပန္ထားပါတယ္။ ဇာတ္လမ္းအေၾကာင္းအရာကေတာ့ BTS Universe ထဲမွာ ဆုံစည္းလာတဲ့ ေကာင္ေလးခုႏွစ္ေယာက္အေၾကာင္းကို ရိုက္ကူးသြားမယ္လို႔ သိရပါတယ္။ BTS အဖြဲ႕၀င္ေတြရဲ႕ ငယ္ဘ၀အေၾကာင္းကို ရိုက္ကူးသြားမွာျဖစ္လို႔ အဖြဲ႔၀င္ေတြကိုယ္တိုင္က ပါ၀င္သရုပ္ေဆာင္မွာေတာ့ မဟုတ္ပါဘူး။ ဒါေၾကာင့္ ဒီေကာင္ေလးခုႏွစ္ေယာက္ေနရာမွာ ပါ၀င္သရုပ္ေဆာင္ရမယ့္ ဇာတ္ေကာင္ေတြကို Casting လုပ္ၿပီး ေရြးခ်ယ္သြားမွာပါ။ ဆယ္ေက်ာ္သက္ရြယ္ ငယ္ငယ္ေလးေတြကိုပဲ ေရြးခ်ယ္သြားမွာ ျဖစ္ပါတယ္။ ပရိသတ္ေတြကေတာ့ BTS အဖြဲ႕ရဲ႕ ဆယ္ေက်ာ္သက္ရြယ္ဘ၀ကို ရိုက္ျပလိမ့္မယ္လို႔ ခန္႔မွန္းထားၾကပါတယ္။

Photo: bts.bighitofficial/ Instagram

ကိုရီးယားက သတင္းေတြအရ ဒီဒရာမာစီးရီးေလးကို ChorokBaem Media စတူဒီယိုက ရိုက္ကူးသြားမွာျဖစ္ၿပီး ဇာတ္ညႊန္းေရးဆရာအေနနဲ႔ Kim Soojin ကို ေရြးခ်ယ္ထားၿပီးၿပီလို႔ သိရပါတယ္။

ဒရာမာကို ရိုက္ကူးမယ့္ ဒါရိုက္တာ ဘယ္သူဆိုတာကို ေရြးခ်ယ္ၿပီးၿပီဆိုတာနဲ႔ ႏိုင္ငံတကာကို ျဖန္႔ခ်ိဖို႔အတြက္ Netflix လို content provider ေတြနဲ႔ ေဆြးေႏြးညိွႏိႈင္းသြားမယ္လို႔လည္း သိရပါတယ္။ လတ္တေလာ အေျခအေနအရ ဒီ BTS ဒရာမာေလးကို Netflix မွာ ျပျဖစ္မလားဆိုတာေတာ့ မေသခ်ာေသးပါဘူး။ သို႔ေပမယ့္ ChorokBaem Media ဟာ အရင္တုန္းကလည္း Memories of the Alhambra လိုမ်ိဳး သူတို႔ရိုက္ကူးထားတဲ့ ဒရာမာေတြကို Netflix မွာ ျပခဲ့ဖူးတာေၾကာင့္ ေမွ်ာ္လင့္စရာေတာ့ ရိွပါတယ္။

Photo: bts.bighitofficial/ Instagram

ေလာေလာဆယ္မွာ သရုပ္ေဆာင္ေတြကိုလည္း မေရြးခ်ယ္ရေသးပါဘူး။ သို႔ေပမယ့္ မေရွးမေႏွာင္းမွာပဲ Casting ေတြလုပ္ၿပီး စတင္ရိုက္ကူးသြားမယ္လို႔ ေမွ်ာ္လင့္ရပါတယ္။

LaNina

Ref: koreaboo

(ဆံရစ္ဝိုင္းမီဒီယာစာမ်က္ႏွာေပၚတြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို ခြင့္ျပဳခ်က္ တစ္စုံတစ္ရာ မရရွိဘဲ မိမိတို႔ကိုယ္က်ိဳးအတြက္ ကူးယူသုံးစြဲျခင္း မျပဳလုပ္ၾကပါရန္ သတိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular