HomeEntertainmentFilmCall Me By Your Name 2 ကို ထပ်မံရိုက်ကူးချင်တယ်ဆိုတဲ့ ဒါရိုက်တာ Luca Guadagnino

Call Me By Your Name 2 ကို ထပ်မံရိုက်ကူးချင်တယ်ဆိုတဲ့ ဒါရိုက်တာ Luca Guadagnino

Call Me By Your Name ရုပ်ရှင်ကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Luca Guadagnino ဟာ Timothee Chalamet နဲ့ ဒီဇာတ်ကားရဲ့ Sequel ကို ထပ်မံဖန်တီးချင်တယ်လို့ ပြောလိုက်ပါတယ်။ Timothee Chalamet ကတော့ ပြီးခဲ့တဲ့ နှစ်အနည်းငယ်အတွင်းမှာ စတင်အောင်မြင်လာတဲ့ တက်သစ်စ သရုပ်ဆောင်တစ်ယောက် ဖြစ်ပြီး Call Me By Your Name ရုပ်ရှင်နဲ့ပဲ ယခုလိုမျိူး အောင်မြင်လာခဲ့တာ ဖြစ်ပါတယ်။

photo via screenrant

Call Me By Your Name ရုပ်ရှင်ကတော့ ၂၀၁၇ ခုနှစ်မှာ ကျင်းပခဲ့တဲ့ Sundance Film Festival မှာ ပြသပြီး နောက်မှာ ကောင်းမွန်တဲ့ ဝေဖန်ချက်တွေ ရရှိခဲ့ပြီး ပရိသတ်တွေလည်း အကြိုက်တွေ့ခဲ့ကြပါတယ်။ ဒီရုပ်ရှင်ကိုတော့ ဘတ်ဂျက် ဒေါ်လာ (၃.၅)သန်းသာ အသုံးပြုခဲ့ပေမယ့်လည်း box-office မှာတော့ ဝင်ငွေ ဒေါ်လာ (၄၁.၉)သန်းတောင် ရရှိခဲ့ပါတယ်။

IndieWire နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးထဲမှာတော့ ဒါရိုက်တာ Luca Guadagnino ဟာ Timothee Chalamet နဲ့ ရိုက်ကူးထားတဲ့ Bones & All ရုပ်ရှင်ကို ပရိုမိုးရှင်းဆင်းနေရင်း Call Me By Your Name 2 အကြောင်းကိုလည်း ပြောပြသွားပါတယ်။

“Sequel ဆိုတာက အမေရိကန်အသုံးအနှုန်းပါ။ ကျွန်တော်ကတော့ ဒီကောင်လေးကနေ လူကြီး ဖြစ်လာတာကို ဖန်တီးချင်ပါသေးတယ်။ ကျွန်တော်တို့ နှစ်ယောက် နောက်တစ်ကြိမ် ထပ်ပြီးအလုပ်လုပ်ဖို့ အချိန်သိပ်မလိုတော့ဘူးလို့ ထင်ပါတယ်။ ဒါပေမယ့် အဲဒီပရောဂျက်က ကျွန်တော်တို့ နှစ်ယောက်လုံးအတွက် သင့်တော်နေမှ လုပ်ဖြစ်မှာပါ …”

photo via screenrant

၂၀၂၁ ခုနှစ် မေလတုန်းကလည်း ဒါရိုက်တာ Luca Guadagnino ဟာ Call Me By Your Name 2 အကြောင်းကို ပြောခဲ့ပါသေးတယ်။ အဲဒီအချိန်တုန်းကတော့ သူတို့နှစ်ယောက်လုံးဟာ မအားမလပ် ဖြစ်နေကြတာကြောင့် Call Me By Your Name 2 က မကြာခင် ထွက်လာနိုင်မှာ မဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။ ယခုအချိန်မှာတော့ ဒါရိုက်တာကိုယ်တိုင်က Call Me By Your Name 2 ကို ဖန်တီးချင်တဲ့အကြောင်း ပြောလာပြီ ဖြစ်တာကြောင့် ပရိသတ်တွေအနေနဲ့ ဒီရုပ်ရှင်ကို ကြည့်ရှုရနိုင်ချေ များလာပါပြီ။ ဒါပေမယ့်လည်း လောလောဆယ်မှာတော့ သူတို့နှစ်ယောက်က မအားမလပ် ဖြစ်နေသေးတာကြောင့် အချိန်တစ်ခုကိုတော့ စောင့်ရပါလိမ့်မယ်။

Legos

Source: Screenrant

RELATED ARTICLES

Most Popular