HomeCelebs Update NewsInternationalFifth Harmony အဖွဲ့သားတွေနဲ့ အဆင်ပြေ ချစ်ခင်နေသေးတယ်ဆိုတဲ့ Camila Cabello

Fifth Harmony အဖွဲ့သားတွေနဲ့ အဆင်ပြေ ချစ်ခင်နေသေးတယ်ဆိုတဲ့ Camila Cabello

နာမည်ကျော်အဆိုတော် Camila Cabello ကတော့ အဖွဲ့ကွဲပြီးနောက် ခြောက်နှစ်အကြာမှာလည်း Fifth Harmony အဖွဲ့သားတွေနဲ့ အဆင်ပြေ ချစ်ခင်နေတဲ့အကြောင်း ပြောပြလာပြီး သူမရဲ့ အသစ်ထွက်ရှိလာတဲ့ အယ်လ်ဘမ်သစ်ထဲမှာလည်း Fifth Harmony အကြောင်း သီဆိုထားတဲ့ သီချင်းတစ်ပုဒ် ပါဝင်တယ်လို့ ဆိုပါတယ်။

Camila Cabello ကတော့ သူမရဲ့ တတိယမြောက် စတူဒီယိုအယ်လ်ဘမ် Familia ကို ယနေ့ ဧပြီလ(၈)ရက်နေ့မှာပဲ ထွက်ရှိလာပြီ ဖြစ်ပါတယ်။ ဒီအယ်လ်ဘမ်ကိုတော့ ကိုဗစ်ကာလအတွင်းမှာ ရေးသား ဖန်တီးထားတာ ဖြစ်ပြီး ဒီအယ်လ်ဘမ်ကို အသံသွင်းတဲ့ အချိန်မှာလည်း အခက်အခဲတွေနဲ့ ကြုံတွေ့ရကြောင်း Reuters သတင်းဌာနနဲ့ အင်တာဗျူးမှာ ပြောထားပါတယ်။

Photo: camila_cabello/ Instagram

“အဲဒီတုန်းက ကျွန်မလေ တကယ် ဆိုးတဲ့နေရာတစ်ခုကို ရောက်နေသလို ခံစားရတာ။ အထူးသဖြင့် စိတ်အခြေအနေကပေါ့။ ကျွန်မကတော့ သီချင်းကောင်းလေးတွေ လုပ်ချင်တာပဲ။ ဒါပေမယ့် အဲဒီလိုပေါ့။ စတူဒီယိုထဲမှာ လုံလုံခြုံခြုံ၊ အေးအေးချမ်းချမ်းနဲ့ စိတ်သက်သောင့်သက်သာ ဖြစ်ပြီး ကိုယ့်စိတ်နဲ့ကိုယ့်ကိုယ် ဖန်တီးရတာမျိုးကို လိုချင်တာလေ …” လို့ ဆိုကာ ကိုဗစ်ကာလအတွင်းက မလုံခြုံတဲ့ ကျန်းမာရေးအန္တရာယ်နဲ့ ပတ်သက်ပြီး စိတ်ပင်ပန်းရတဲ့ အတွေ့အကြုံကို ပြောထားပါတယ်။

သူမရဲ့ ယခုတတိယမြောက် တေးအယ်လ်ဘမ်ကတော့ စိတ်တည်တည်ငြိမ်ငြိမ်နဲ့ ခံစားပြီး ဖန်တီးထားတာလို့ ဆိုပါတယ်။ အကြောင်းကတော့ သူမရဲ့ အရှေ့က အယ်လ်ဘမ်နှစ်ချပ်စလုံးဟာ ဆယ်ကျော်သက်ရွယ်နဲ့ နှစ်ဆယ်ကျော်စအရွယ်မှာ ဖန်တီးထားတာ ဖြစ်တဲ့အတွက် anxiety လို့ခေါ်တဲ့ စိတ်ပူပန်မှုများစွာ ပါဝင်နေခဲ့တာကြောင့်လို့ ဆိုပါတယ်။

Photo: camila_cabello/ Instagram

ဒါ့အပြင် စတူဒီယိုမှာ ဒီအယ်လ်ဘမ်ကို အသံသွင်းနေစဉ် ကာလအတွင်းမှာပဲ သူမရဲ့ ယခင် Fifth Harmony အဖွဲ့သားတွေနဲ့ အဆင်ပြေပြီး ချစ်ခင်တဲ့ ဆက်ဆံရေးကို ရရှိစေခဲ့တယ်လို့ ဆိုပါတယ်။ “မက်ဆေ့ချ်တွေ ဘာတွေကနေပြီး ကျွန်မတို့ တစ်ချိန်လုံး တစ်ယောက်နဲ့တစ်ယောက် အားပေးနေကြတာလေ … ” လို့ Camila က ဆိုပါတယ်။

ဒါတင်မက သူမရဲ့ အယ်လ်ဘမ်သစ်ထဲက Psychofreak ဆိုတဲ့ သီချင်းထဲမှာတော့ Fifth Harmony အဖွဲ့အကြောင်းကိုပါ ထည့်သွင်း သီဆိုထားတယ်လို့ သိရပါတယ်။ “ဒီသီချင်းကတော့ အဓိက anxiety အကြောင်းပေါ့နော်။ ပြီးတော့ ကျွန်မရဲ့ဘဝခရီးကို anxiety နဲ့ လျှောက်လှမ်းဖို့ ဖြစ်စေခဲ့တဲ့ အကြောင်းအရာမျိုးစုံနဲ့ ငယ်ရွယ်လွန်းသေးတဲ့အချိန်မှာ ဒီလောကထဲမှာ ခြေလှမ်းစခဲ့တဲ့အကြောင်းပေါ့ … ” လို့ Camila က ဆိုထားပါတယ်။

Photo: fifthharmony/ Instagram

အခုလို Fifth Harmony အဖွဲ့သားတွေနဲ့ Camila တို့ ချစ်ခင်နွေးထွေးတဲ့ ဆက်ဆံရေး ရှိနေကြတယ်ဆိုတာဟာ ပရိသတ်တွေအတွက်တော့ ဝမ်းသာစရာသတင်းကောင်းတစ်ခုပဲ ဖြစ်ပါတယ်။

Vancouver

Source: hollywoodlife

RELATED ARTICLES

Most Popular