HomeEntertainmentFilmမကြာခင် ကြည့်ရှုရတော့မယ့် Camila Cabello ရဲ့ Cinderella ရုပ်ရှင်

မကြာခင် ကြည့်ရှုရတော့မယ့် Camila Cabello ရဲ့ Cinderella ရုပ်ရှင်

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

အဆိုတော်မလေး Camila Cabello ကိုတော့ Cinderella လေးအဖြစ် မြင်တွေ့ရတော့မှာ ဖြစ်ပါတယ်။

ဗားရှင်းအသစ်နဲ့ ပြန်လည်ရိုက်ကူးထားတဲ့ Cinderella ရုပ်ရှင်ထဲမှာတော့ Camila ဟာ အဓိကဇာတ်ကောင် Ella နေရာက သရုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကိုတော့ romance musical comedy အမျိုးအစားအဖြစ် ပုံဖော်ထားတာကြောင့် Camila ရဲ့ သရုပ်ဆောင်မှုကိုရော၊ အဆိုပိုင်းကိုပါ နှစ်မျိုး ကြည့်ရှု ခံစားရမှာပါ။

ဒီရုပ်ရှင်ရဲ့ ပထမဆုံး teaser ကတော့ မနေ့ညကပဲ ထွက်ရှိလာခဲ့ပြီး အပ်ချုပ်စက်တစ်လုံးမှာ သူမရဲ့ဝတ်စုံကို ဖန်တီးနေတဲ့ Ella အဖြစ် Camila ကို မြင်တွေ့ရပါတယ်။ ဒီဇာတ်ကားကိုတော့ Kay Cannon က ကိုယ်တိုင် ဇာတ်ညွှန်းရေးသားပြီး ဒါရိုက်တာအဖြစ် တာဝန်ယူ ရိုက်ကူးထားပါတယ်။

©Amazon Studios/ Sony Pictures

သရုပ်ဆောင်တွေအနေနဲ့ကတော့ Ella အဖြစ် Camila Cabello ၊ Prince Charming အဖြစ် Nicholas Galitzine ၊ King Rowan အဖြစ် ဂျိမ်းစ်ဘွန်းမင်းသားဟောင်းကြီး Pierce Brosnan ၊ Ella ရဲ့ fairy god parent အဖြစ် Billy Porter နဲ့ Queen Beatrice အဖြစ် Minnie Driver တို့က အဓိက ပါဝင်သရုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။

ဒါ့အပြင် ဒီရုပ်ရှင်ရဲ့ ထုတ်လုပ်သူတစ်ဦးဖြစ်တဲ့ နာမည်ကျော် အစီအစဉ်တင်ဆက်သူ James Corden ကလည်း Cinderella ရဲ့ မိတ်ဆွေ ကြွက်ကလေးတွေနေရာက အသံသရုပ်ဆောင်သွားဦးမှာ ဖြစ်ပါတယ်။

မူလကတော့ ဒီရုပ်ရှင်ကို ရုံတင်ပြသဖို့ Sony Pictures က စီစဉ်ထားခဲ့တာ ဖြစ်ပေမယ့် Amazon Studios က လာရောက် ငှားရမ်းခဲ့တာကြောင့် ဒစ်ဂျစ်တယ်လ်အဖြစ်နဲ့ပဲ ထုတ်လွှင့် ပြသသွားဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ လက်ရှိမှာ ကိုဗစ်အခြေအနေတွေ‌လည်း ရှိနေတာကြောင့် ကမ္ဘာ့နိုင်ငံ အနှံ့အပြားမှာ ပရိသတ်များ လုံခြုံဘေးကင်းစွာ ကြည့်ရှုနိုင်ဖို့ အခုလို Amazon Prime ကတဆင့် ပြသဖို့ ဆုံးဖြတ်လိုက်တာလည်း ဖြစ်တယ်လို့ သိရပါတယ်။

ဒီရုပ်ရှင်ကိုတော့ လာမယ့် စက်တင်ဘာလ(၃)ရက်နေ့မှာ Amazon Prime Video ကတဆင့် ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။

Glasgow

Source: people

(Zawgyi Version)

အဆိုေတာ္မေလး Camila Cabello ကိုေတာ့ Cinderella ေလးအျဖစ္ ျမင္ေတြ႕ရေတာ့မွာ ျဖစ္ပါတယ္။

ဗားရွင္းအသစ္နဲ႔ ျပန္လည္႐ိုက္ကူးထားတဲ့ Cinderella ႐ုပ္ရွင္ထဲမွာေတာ့ Camila ဟာ အဓိကဇာတ္ေကာင္ Ella ေနရာက သ႐ုပ္ေဆာင္သြားမွာ ျဖစ္ပါတယ္။ ဒီ႐ုပ္ရွင္ကိုေတာ့ romance musical comedy အမ်ိဳးအစားအျဖစ္ ပုံေဖာ္ထားတာေၾကာင့္ Camila ရဲ႕ သ႐ုပ္ေဆာင္မႈကိုေရာ၊ အဆိုပိုင္းကိုပါ ႏွစ္မ်ိဳး ၾကည့္ရႈ ခံစားရမွာပါ။

ဒီ႐ုပ္ရွင္ရဲ႕ ပထမဆုံး teaser ကေတာ့ မေန႔ညကပဲ ထြက္ရွိလာခဲ့ၿပီး အပ္ခ်ဳပ္စက္တစ္လုံးမွာ သူမရဲ႕ဝတ္စုံကို ဖန္တီးေနတဲ့ Ella အျဖစ္ Camila ကို ျမင္ေတြ႕ရပါတယ္။ ဒီဇာတ္ကားကိုေတာ့ Kay Cannon က ကိုယ္တိုင္ ဇာတ္ၫႊန္းေရးသားၿပီး ဒါ႐ိုက္တာအျဖစ္ တာဝန္ယူ ႐ိုက္ကူးထားပါတယ္။

©Amazon Studios/ Sony Pictures

သ႐ုပ္ေဆာင္ေတြအေနနဲ႔ကေတာ့ Ella အျဖစ္ Camila Cabello ၊ Prince Charming အျဖစ္ Nicholas Galitzine ၊ King Rowan အျဖစ္ ဂ်ိမ္းစ္ဘြန္းမင္းသားေဟာင္းႀကီး Pierce Brosnan ၊ Ella ရဲ႕ fairy god parent အျဖစ္ Billy Porter နဲ႔ Queen Beatrice အျဖစ္ Minnie Driver တို႔က အဓိက ပါဝင္သ႐ုပ္ေဆာင္သြားမွာ ျဖစ္ပါတယ္။

ဒါ့အျပင္ ဒီ႐ုပ္ရွင္ရဲ႕ ထုတ္လုပ္သူတစ္ဦးျဖစ္တဲ့ နာမည္ေက်ာ္ အစီအစဥ္တင္ဆက္သူ James Corden ကလည္း Cinderella ရဲ႕ မိတ္ေဆြ ႂကြက္ကေလးေတြေနရာက အသံသ႐ုပ္ေဆာင္သြားဦးမွာ ျဖစ္ပါတယ္။

မူလကေတာ့ ဒီ႐ုပ္ရွင္ကို ႐ုံတင္ျပသဖို႔ Sony Pictures က စီစဥ္ထားခဲ့တာ ျဖစ္ေပမယ့္ Amazon Studios က လာေရာက္ ငွားရမ္းခဲ့တာေၾကာင့္ ဒစ္ဂ်စ္တယ္လ္အျဖစ္နဲ႔ပဲ ထုတ္လႊင့္ ျပသသြားဖို႔ ဆုံးျဖတ္ခဲ့ၾကပါတယ္။ လက္ရွိမွာ ကိုဗစ္အေျခအေနေတြ‌လည္း ရွိေနတာေၾကာင့္ ကမာၻ႔ႏိုင္ငံ အႏွံ႔အျပားမွာ ပရိသတ္မ်ား လုံၿခဳံေဘးကင္းစြာ ၾကည့္ရႈႏိုင္ဖို႔ အခုလို Amazon Prime ကတဆင့္ ျပသဖို႔ ဆုံးျဖတ္လိုက္တာလည္း ျဖစ္တယ္လို႔ သိရပါတယ္။

ဒီ႐ုပ္ရွင္ကိုေတာ့ လာမယ့္ စက္တင္ဘာလ(၃)ရက္ေန႔မွာ Amazon Prime Video ကတဆင့္ ၾကည့္ရႈႏိုင္မွာ ျဖစ္ပါတယ္။

Glasgow

Source: people

RELATED ARTICLES

Most Popular