HomeEntertainmentFilmCaptain Marvel ရုပ်ရှင်ဇာတ်ကားရဲ့နောက်ကွယ်က စိတ်ဝင်စားစရာအချက်များ 

Captain Marvel ရုပ်ရှင်ဇာတ်ကားရဲ့နောက်ကွယ်က စိတ်ဝင်စားစရာအချက်များ 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Captain Marvel ရုပ်ရှင်ဇာတ်ကားဟာ ၂၀၁၉ခုနှစ်က ထွက်ရှိခဲ့တာ ဖြစ်ပြီး IMDb (6.9) ရရှိထားပါတယ်။ ဇာတ်လမ်းကတော့ Captain Marvel ရဲ့ origin အကြောင်းကို စိတ်ဝင်စားဖို့ကောင်းအောင် ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဒါ့အပြင် ဒီဇာတ်ကားဟာ ၁၉၉၅ခုနှစ်ဝန်းကျင်က အချိန်ကာလကို အခြေခံပြီး ရိုက်ကူးထားတာကြောင့် Nick Fury တို့လို ဇာတ်ကောင်တွေကိုလည်း ပုံမှန်ထက်ပိုပြီးတော့ ငယ်ရွယ်တဲ့ပုံစံနဲ့ မြင်တွေ့ခဲ့ရပါတယ်။ ရုပ်ရှင်တွေရဲ့ ထုံးစံအရ တကယ့်ရိုက်ကွင်းနောက်ကွယ်က သင်မသိလောက်သေးတဲ့ အချက်တွေလည်း ရှိပါတယ်။ ဒါကြောင့်ပဲ ဒီတစ်ခါမှာတော့ Captain Marvel ရုပ်ရှင်ရဲ့ ရိုက်ကွင်းနောက်ကွယ်က အကြောင်းတွေကို ဖော်ပြပေးချင်ပါတယ်။

Robert Downey Jr. ဆီက အကြံဉာဏ်တောင်းခဲ့တဲ့ Jude Law
photo via screenrant

အခုချိန်မှာ Marvel ရဲ့ကောမစ်တွေကို အခြေခံပြီး ရိုက်ကူးကြတဲ့ ရုပ်ရှင်တွေဟာ အင်မတန် အောင်မြင်နေတာကြောင့် သရုပ်ဆောင်အများစုဟာ MCU ရဲ့ရုပ်ရှင်တွေမှာ ပါဝင်ရတော့မယ်ဆိုရင် စိတ်လှုပ်ရှားတတ်ကြပါတယ်။ ဒါကြောင့်ပဲ မင်းသား Jude Law ဟာ Captain Marvel ရုပ်ရှင်ထဲက Yon-Rogg နေရာမှာ သရုပ်ဆောင်ဖို့အတွက် Robert Downey Jr. ဆီက အကြံဉာဏ်တောင်းခဲ့ပါတယ်။ Robert Downey ကလည်း “အရာအားလုံးကို နားလည်နေစရာမလိုဘဲ ကိုယ်လုပ်ရမယ့်အပိုင်းကိုသာ အကောင်းဆုံးလုပ်ပါ…” ဆိုပြီးတော့ အကြံပြုခဲ့ပါတယ်။

“Where’s Fury?” ဆိုတဲ့စကားကို နားမလည်ခဲ့တဲ့ Brie Larson
photo via screenrant

Avengers: Endgame ထဲမှာ ပါဝင်တဲ့ ဇာတ်ဝင်ခန်းတစ်ခုမှာ Captain Marvel ဟာ ရုတ်တရက်ရောက်လာပြီးတော့ “Fury ဘယ်မှာလဲ?” ဆိုပြီးတော့ မေးခဲ့တဲ့အခန်းကို မှတ်မိခဲ့ကြဦးမယ် ထင်ပါတယ်။ တကယ်တော့ Captain Marvel နေရာမှာ သရုပ်ဆောင်တဲ့ Brie Larson ဟာ အဲ့ဒီစကားကို လုံးဝနားမလည်ခဲ့ပါဘူး။

အကြောင်းကတော့ သူမဟာ အဲ့ဒီအခန်းကို Captain Marvel ဇာတ်ကားမှာ သရုပ်ဆောင်ရင်းနဲ့ ရိုက်ကူးခဲ့ရတာဖြစ်ပြီး အဲ့ဒီ့တုန်းက ရိုက်ကွင်းပေါ်မှာ သရုပ်ဆောင်ဆိုလို့ သူမ တစ်ယောက်တည်းပဲ ရှိခဲ့ပါတယ်။ Marvel ဟာ Endgame အတွက် အချက်အလက်တွေ ပေါက်ကြားသွားမှာ စိုးရိမ်တာကြောင့် Brie Larson ကို သူမ ပြောရမယ့် ဒိုင်ယာလော့ခ်တစ်ခုတည်းကိုပဲ ပေးခဲ့ပါတယ်။ ဒါကြောင့် သူမဟာ အဲ့ဒီစကားရဲ့ အဓိပ္ပာယ်ကို နားမလည်ဖြစ်ခဲ့ရတာပါ။

Samuel L. Jackson က Skrull ရဲ့ ငယ်ပါကို ကြည့်တဲ့အခန်းဟာ ဇာတ်ညွှန်းထဲမှာ မပါခဲ့ပါဘူး။
photo via screenrant

Nick Fury နဲ့ အေးဂျင့် Coulson တို့ဟာ သူတို့တိုက်ခိုက်ခဲ့တဲ့ Skrull ရဲ့အလောင်းကို သယ်လာတဲ့အခန်းကို မှတ်မိကြဦးမယ် ထင်ပါတယ်။ အဲ့ဒီအချိန်မှာ လူတွေဟာ Skrull တွေကို ဘာမျိူးစိတ်မှန်း မသိသေးသလို သူတို့ရဲ့ခန္ဓာဗေဒကိုလည်း မသိကြသေးပါဘူး။ ဒါကြောင့်ပဲ Fury ဟာ စပ်စုချင်စိတ်နဲ့ Skrull ရဲ့ ငယ်ပါကို လှန်ကြည့်ခဲ့ပါတယ်။ တကယ်တော့ အဲ့ဒီအခန်းဟာ ဇာတ်ညွှန်းမှာ မပါဝင်ခဲ့ဘဲ Samuel L. Jackson ကိုက တကယ်သိချင်စိတ်နဲ့ လှန်ကြည့်ခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီအချက်ကို ဒါရိုက်တာက ကြိုက်နှစ်သက်သွားတာကြောင့် အဲ့ဒီအတိုင်းပဲ ရုပ်ရှင်ထဲမှာ ထည့်သွင်းခဲ့တာ ဖြစ်ပါတယ်။

Yon-Rogg နေရာမှာ သရုပ်ဆောင်ဖို့အတွက် Keanu Reeves ကို ကမ်းလှမ်းခဲ့ပါသေးတယ်။
photo via screenrant

Captain Marvel ဇာတ်ကားထဲက Yon-Rogg ဆိုတဲ့ ဇာတ်ကောင်ကို သရုပ်ဆောင်ဖို့အတွက် ပထမဆုံး ကမ်းလှမ်းခံခဲ့ရတဲ့သူကတော့ မင်းသား Keanu Reeves ပဲ ဖြစ်ပါတယ်။ Marvel ရဲ့အကြီးအကဲဖြစ်သူ Kevin Feige ရဲ့ ပြောစကားအရဆိုရင် သူတို့ဟာ ဇာတ်ကောင်တစ်နေရာလောက်မှာ Keanu Reeves ကို အသည်းအသန် လိုချင်နေခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဒီဇာတ်ကောင်ကို သရုပ်ဆောင်ဖို့အတွက် ကမ်းလှမ်းခဲ့တဲ့အချိန်မှာ Keanu Reeves ဘက်က ငြင်းပယ်ခဲ့ပါတယ်။ Keanu Reeves အနေနဲ့ တကယ် Marvel ဇာတ်ကောင်တစ်ယောက် နေရာမှာ ပါဝင်သရုပ်ဆောင်မယ်ဆိုရင်တောင် ဒီဇာတ်ကောင်လိုမျိူး တစ်ကားတည်းနဲ့ ပြီးသွားတဲ့ ဇာတ်ကောင်မျိူးကိုတော့ ဘယ်ပရိသတ်ကမှ သရုပ်ဆောင်စေချင်ကြမှာ မဟုတ်ပါဘူး။ ဒါပေမယ့်လည်း Marvel ပရိသတ်တွေဟာ Keanu Reeves ကို အချိန်ကြာကြာ မြင်တွေ့နိုင်မယ့် ဇာတ်ကောင်တစ်နေရာမှာ မြင်ချင်ကြတာတော့ အမှန်ပဲ ဖြစ်ပါတယ်။

Captain Marvel နေရာမှာ သရုပ်ဆောင်ဖို့အတွက် သတင်းထွက်ခဲ့သူများ
photo via screenrant

Brie Larson ဟာ Captain Marvel နေရာမှာ သရုပ်ဆောင်ပါမယ်လို့ တရားဝင် မကြေငြာခင်အချိန်တုန်းက သရုပ်ဆောင်တွေအများစုဟာ အဲ့ဒီနေရာမှာ ပါဝင်ဖို့အတွက် သတင်းထွက်ခဲ့ကြပါတယ်။ အဲ့ဒီထဲမှာတော့ Emily Blunt လည်း ပါဝင်ပြီးတော့ သူမဟာ Black Widow နဲ့ Peggy Carter ဇာတ်ကောင်တွေမှာ သရုပ်ဆောင်ဖို့ ကမ်းလှမ်းခံခဲ့ရသူလည်း ဖြစ်ပါတယ်။

Battlestar Galactica ထဲမှာ သရုပ်ဆောင်ခဲ့ဖူးတဲ့ Katee Sackhoff နဲ့ Mission Impossible ရဲ့ နောက်ပိုင်းဇာတ်ကားတွေထဲမှာ ပါဝင်ခဲ့တဲ့ Rebecca Ferguson တို့ဟာလည်း Captain Marvel နေရာ သရုပ်ဆောင်ဖို့အတွက် သတင်းထွက်ခဲ့ပါသေးတယ်။ ဒါ့အပြင် Vikings ဇာတ်လမ်းတွဲထဲမှာ ပါဝင်ခဲ့တဲ့ Katheryn Winnick နဲ့ Game of Thrones ဇာတ်လမ်းတွဲထဲမှာ ပါဝင်ခဲ့တဲ့ Natalie Dormer တို့ကလည်း ဒီဇာတ်ကောင်နေရာမှာ ပါဝင်ဖို့အတွက် ကောလာဟလ ထွက်ခဲ့ပါတယ်။

ဒါကတော့ Captain Marvel ရုပ်ရှင်ဇာတ်ကားရဲ့ ပိတ်ကားနောက်ကွယ်က စိတ်ဝင်စားစရာအကြောင်းတွေပဲ ဖြစ်ပါတယ်။ စာဖတ်သူတို့ မှတ်မှတ်ရရ ရှိနေဦးမယ့် အခြားအကြောင်းအရာတွေ ရှိရင်လည်း ပြန်လည်မျှဝေခဲ့ပါဦး။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

Captain Marvel ႐ုပ္ရွင္ဇာတ္ကားဟာ ၂၀၁၉ခုႏွစ္က ထြက္ရွိခဲ့တာ ျဖစ္ၿပီး IMDb (6.9) ရရွိထားပါတယ္။ ဇာတ္လမ္းကေတာ့ Captain Marvel ရဲ႕ origin အေၾကာင္းကို စိတ္ဝင္စားဖို႔ေကာင္းေအာင္ ႐ိုက္ကူးထားတာ ျဖစ္ပါတယ္။ ဒါ့အျပင္ ဒီဇာတ္ကားဟာ ၁၉၉၅ခုႏွစ္ဝန္းက်င္က အခ်ိန္ကာလကို အေျခခံၿပီး ႐ိုက္ကူးထားတာေၾကာင့္ Nick Fury တို႔လို ဇာတ္ေကာင္ေတြကိုလည္း ပုံမွန္ထက္ပိုၿပီးေတာ့ ငယ္႐ြယ္တဲ့ပုံစံနဲ႔ ျမင္ေတြ႕ခဲ့ရပါတယ္။ ႐ုပ္ရွင္ေတြရဲ႕ ထုံးစံအရ တကယ့္႐ိုက္ကြင္းေနာက္ကြယ္က သင္မသိေလာက္ေသးတဲ့ အခ်က္ေတြလည္း ရွိပါတယ္။ ဒါေၾကာင့္ပဲ ဒီတစ္ခါမွာေတာ့ Captain Marvel ႐ုပ္ရွင္ရဲ႕ ႐ိုက္ကြင္းေနာက္ကြယ္က အေၾကာင္းေတြကို ေဖာ္ျပေပးခ်င္ပါတယ္။

Robert Downey Jr. ဆီက အႀကံဉာဏ္ေတာင္းခဲ့တဲ့ Jude Law
photo via screenrant

အခုခ်ိန္မွာ Marvel ရဲ႕ေကာမစ္ေတြကို အေျခခံၿပီး ႐ိုက္ကူးၾကတဲ့ ႐ုပ္ရွင္ေတြဟာ အင္မတန္ ေအာင္ျမင္ေနတာေၾကာင့္ သ႐ုပ္ေဆာင္အမ်ားစုဟာ MCU ရဲ႕႐ုပ္ရွင္ေတြမွာ ပါဝင္ရေတာ့မယ္ဆိုရင္ စိတ္လႈပ္ရွားတတ္ၾကပါတယ္။ ဒါေၾကာင့္ပဲ မင္းသား Jude Law ဟာ Captain Marvel ႐ုပ္ရွင္ထဲက Yon-Rogg ေနရာမွာ သ႐ုပ္ေဆာင္ဖို႔အတြက္ Robert Downey Jr. ဆီက အႀကံဉာဏ္ေတာင္းခဲ့ပါတယ္။ Robert Downey ကလည္း “အရာအားလုံးကို နားလည္ေနစရာမလိုဘဲ ကိုယ္လုပ္ရမယ့္အပိုင္းကိုသာ အေကာင္းဆုံးလုပ္ပါ…” ဆိုၿပီးေတာ့ အႀကံျပဳခဲ့ပါတယ္။

“Where’s Fury?” ဆိုတဲ့စကားကို နားမလည္ခဲ့တဲ့ Brie Larson
photo via screenrant

Avengers: Endgame ထဲမွာ ပါဝင္တဲ့ ဇာတ္ဝင္ခန္းတစ္ခုမွာ Captain Marvel ဟာ ႐ုတ္တရက္ေရာက္လာၿပီးေတာ့ “Fury ဘယ္မွာလဲ?” ဆိုၿပီးေတာ့ ေမးခဲ့တဲ့အခန္းကို မွတ္မိခဲ့ၾကဦးမယ္ ထင္ပါတယ္။ တကယ္ေတာ့ Captain Marvel ေနရာမွာ သ႐ုပ္ေဆာင္တဲ့ Brie Larson ဟာ အဲ့ဒီစကားကို လုံးဝနားမလည္ခဲ့ပါဘူး။

အေၾကာင္းကေတာ့ သူမဟာ အဲ့ဒီအခန္းကို Captain Marvel ဇာတ္ကားမွာ သ႐ုပ္ေဆာင္ရင္းနဲ႔ ႐ိုက္ကူးခဲ့ရတာျဖစ္ၿပီး အဲ့ဒီ့တုန္းက ႐ိုက္ကြင္းေပၚမွာ သ႐ုပ္ေဆာင္ဆိုလို႔ သူမ တစ္ေယာက္တည္းပဲ ရွိခဲ့ပါတယ္။ Marvel ဟာ Endgame အတြက္ အခ်က္အလက္ေတြ ေပါက္ၾကားသြားမွာ စိုးရိမ္တာေၾကာင့္ Brie Larson ကို သူမ ေျပာရမယ့္ ဒိုင္ယာေလာ့ခ္တစ္ခုတည္းကိုပဲ ေပးခဲ့ပါတယ္။ ဒါေၾကာင့္ သူမဟာ အဲ့ဒီစကားရဲ႕ အဓိပၸာယ္ကို နားမလည္ျဖစ္ခဲ့ရတာပါ။

Samuel L. Jackson က Skrull ရဲ႕ ငယ္ပါကို ၾကည့္တဲ့အခန္းဟာ ဇာတ္ၫႊန္းထဲမွာ မပါခဲ့ပါဘူး။
photo via screenrant

Nick Fury နဲ႔ ေအးဂ်င့္ Coulson တို႔ဟာ သူတို႔တိုက္ခိုက္ခဲ့တဲ့ Skrull ရဲ႕အေလာင္းကို သယ္လာတဲ့အခန္းကို မွတ္မိၾကဦးမယ္ ထင္ပါတယ္။ အဲ့ဒီအခ်ိန္မွာ လူေတြဟာ Skrull ေတြကို ဘာမ်ိဴးစိတ္မွန္း မသိေသးသလို သူတို႔ရဲ႕ခႏၶာေဗဒကိုလည္း မသိၾကေသးပါဘူး။ ဒါေၾကာင့္ပဲ Fury ဟာ စပ္စုခ်င္စိတ္နဲ႔ Skrull ရဲ႕ ငယ္ပါကို လွန္ၾကည့္ခဲ့ပါတယ္။ တကယ္ေတာ့ အဲ့ဒီအခန္းဟာ ဇာတ္ၫႊန္းမွာ မပါဝင္ခဲ့ဘဲ Samuel L. Jackson ကိုက တကယ္သိခ်င္စိတ္နဲ႔ လွန္ၾကည့္ခဲ့တာ ျဖစ္ပါတယ္။ အဲ့ဒီအခ်က္ကို ဒါ႐ိုက္တာက ႀကိဳက္ႏွစ္သက္သြားတာေၾကာင့္ အဲ့ဒီအတိုင္းပဲ ႐ုပ္ရွင္ထဲမွာ ထည့္သြင္းခဲ့တာ ျဖစ္ပါတယ္။

Yon-Rogg ေနရာမွာ သ႐ုပ္ေဆာင္ဖို႔အတြက္ Keanu Reeves ကို ကမ္းလွမ္းခဲ့ပါေသးတယ္။
photo via screenrant

Captain Marvel ဇာတ္ကားထဲက Yon-Rogg ဆိုတဲ့ ဇာတ္ေကာင္ကို သ႐ုပ္ေဆာင္ဖို႔အတြက္ ပထမဆုံး ကမ္းလွမ္းခံခဲ့ရတဲ့သူကေတာ့ မင္းသား Keanu Reeves ပဲ ျဖစ္ပါတယ္။ Marvel ရဲ႕အႀကီးအကဲျဖစ္သူ Kevin Feige ရဲ႕ ေျပာစကားအရဆိုရင္ သူတို႔ဟာ ဇာတ္ေကာင္တစ္ေနရာေလာက္မွာ Keanu Reeves ကို အသည္းအသန္ လိုခ်င္ေနခဲ့တာ ျဖစ္ပါတယ္။

ဒါေပမယ့္လည္း ဒီဇာတ္ေကာင္ကို သ႐ုပ္ေဆာင္ဖို႔အတြက္ ကမ္းလွမ္းခဲ့တဲ့အခ်ိန္မွာ Keanu Reeves ဘက္က ျငင္းပယ္ခဲ့ပါတယ္။ Keanu Reeves အေနနဲ႔ တကယ္ Marvel ဇာတ္ေကာင္တစ္ေယာက္ ေနရာမွာ ပါဝင္သ႐ုပ္ေဆာင္မယ္ဆိုရင္ေတာင္ ဒီဇာတ္ေကာင္လိုမ်ိဴး တစ္ကားတည္းနဲ႔ ၿပီးသြားတဲ့ ဇာတ္ေကာင္မ်ိဴးကိုေတာ့ ဘယ္ပရိသတ္ကမွ သ႐ုပ္ေဆာင္ေစခ်င္ၾကမွာ မဟုတ္ပါဘူး။ ဒါေပမယ့္လည္း Marvel ပရိသတ္ေတြဟာ Keanu Reeves ကို အခ်ိန္ၾကာၾကာ ျမင္ေတြ႕ႏိုင္မယ့္ ဇာတ္ေကာင္တစ္ေနရာမွာ ျမင္ခ်င္ၾကတာေတာ့ အမွန္ပဲ ျဖစ္ပါတယ္။

Captain Marvel ေနရာမွာ သ႐ုပ္ေဆာင္ဖို႔အတြက္ သတင္းထြက္ခဲ့သူမ်ား
photo via screenrant

Brie Larson ဟာ Captain Marvel ေနရာမွာ သ႐ုပ္ေဆာင္ပါမယ္လို႔ တရားဝင္ မေၾကျငာခင္အခ်ိန္တုန္းက သ႐ုပ္ေဆာင္ေတြအမ်ားစုဟာ အဲ့ဒီေနရာမွာ ပါဝင္ဖို႔အတြက္ သတင္းထြက္ခဲ့ၾကပါတယ္။ အဲ့ဒီထဲမွာေတာ့ Emily Blunt လည္း ပါဝင္ၿပီးေတာ့ သူမဟာ Black Widow နဲ႔ Peggy Carter ဇာတ္ေကာင္ေတြမွာ သ႐ုပ္ေဆာင္ဖို႔ ကမ္းလွမ္းခံခဲ့ရသူလည္း ျဖစ္ပါတယ္။

Battlestar Galactica ထဲမွာ သ႐ုပ္ေဆာင္ခဲ့ဖူးတဲ့ Katee Sackhoff နဲ႔ Mission Impossible ရဲ႕ ေနာက္ပိုင္းဇာတ္ကားေတြထဲမွာ ပါဝင္ခဲ့တဲ့ Rebecca Ferguson တို႔ဟာလည္း Captain Marvel ေနရာ သ႐ုပ္ေဆာင္ဖို႔အတြက္ သတင္းထြက္ခဲ့ပါေသးတယ္။ ဒါ့အျပင္ Vikings ဇာတ္လမ္းတြဲထဲမွာ ပါဝင္ခဲ့တဲ့ Katheryn Winnick နဲ႔ Game of Thrones ဇာတ္လမ္းတြဲထဲမွာ ပါဝင္ခဲ့တဲ့ Natalie Dormer တို႔ကလည္း ဒီဇာတ္ေကာင္ေနရာမွာ ပါဝင္ဖို႔အတြက္ ေကာလာဟလ ထြက္ခဲ့ပါတယ္။

ဒါကေတာ့ Captain Marvel ႐ုပ္ရွင္ဇာတ္ကားရဲ႕ ပိတ္ကားေနာက္ကြယ္က စိတ္ဝင္စားစရာအေၾကာင္းေတြပဲ ျဖစ္ပါတယ္။ စာဖတ္သူတို႔ မွတ္မွတ္ရရ ရွိေနဦးမယ့္ အျခားအေၾကာင္းအရာေတြ ရွိရင္လည္း ျပန္လည္မွ်ေဝခဲ့ပါဦး။

Legos

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular