HomeCharacterအမေရိကန်သမ္မတ ဖြစ်ခွင့်ရမယ့် အခွင့်အရေးကို ငြင်းပယ်ခဲ့တဲ့ Captain America

အမေရိကန်သမ္မတ ဖြစ်ခွင့်ရမယ့် အခွင့်အရေးကို ငြင်းပယ်ခဲ့တဲ့ Captain America

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Marvel ဟီးရိုးတွေ အားလုံးထဲကတစ်ယောက်ကို အမေရိကန်သမ္မတအဖြစ် တင်မြှောက်ခွင့်ရမယ် ဆိုရင်တော့ လူအများစုဟာ Captain America ကိုပဲ မဲပေးကြမှာ ဖြစ်ပါတယ်။ Cap ဟာ ဒုတိယကမ္ဘာစစ်ကတည်းက အမေရိကန်နိုင်ငံအတွက် စစ်မှုထမ်းခဲ့သူ ဖြစ်ပြီး မျိူးချစ်စိတ်လည်း အပြည့်ရှိသူ ဖြစ်ပါတယ်။ အဲ့ဒီအချိန်ကတည်းက သူဟာ အမေရိကန်အစိုးရနဲ့ နီးနီးကပ်ကပ် တာဝန်တွေကို ထမ်းဆောင်ခဲ့ပြီး နောက်ပိုင်းမှာလည်း ဟီးရိုးတစ်ယောက် ဖြစ်လာခဲ့ပါတယ်။ အဲ့ဒီအချိန်မှာတော့ Cap ဟာ အမေရိကန်နိုင်ငံရဲ့ ပြယုဂ်တစ်ခုလိုတောင် ဖြစ်လာပြီး အမေရိကန်ပြည်သူတိုင်းကလည်း Cap ကို ချစ်ခင်လေးစားကြပါတယ်။

Captain America ကောမစ်ရဲ့ အတွဲနံပါတ် (250)ထဲမှာတော့ Cap ဟာ အမေရိကန်သမ္မတ ဖြစ်ဖို့အတွက် အခွင့်အရေး ရရှိခဲ့ပါတယ်။ ဒါပေမယ့်လည်း အဲ့ဒီအချိန်တုန်းက Captain America ဟာ Steve Rogers ဆိုတာကို လူတိုင်းက မသိကြသေးပါဘူး။ အကြမ်းဖက်သမားတွေရဲ့ အစီအစဉ်တွေကို တားဆီးပြီးတဲ့နောက်မှာ နိုင်ငံရေးပါတီတစ်ခုရဲ့ ခေါင်းဆောင်ဖြစ်တဲ့ Samuel T. Underwood ဟာ Cap ကို သူ့ရဲ့လုပ်ဖော်ကိုင်ဖက်တွေနဲ့ တွေ့ဆုံဖို့အတွက် ဖိတ်ကြားခဲ့ပါတယ်။

photo via screenrant

အဲ့ဒီတွေ့ဆုံပွဲမှာတော့ သူတို့ဟာ Cap ကို သူတို့ရဲ့ပါတီအတွက် သမ္မတအဖြစ် ဝင်အရွေးခံပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။ Cap ဟာ သူတို့ရဲ့အစီအစဉ်ကို စိတ်မဝင်စားပေမယ့်လည်း သူတို့ဟာ ယဉ်ကျေးစွာနဲ့ တလေးတစား တောင်းဆိုခဲ့တာကြောင့် စဉ်းစားပေးမယ်လို့ ပြန်အဖြေပေးခဲ့ပါတယ်။ အဲ့ဒီအချိန်မှာတော့ Underwood နဲ့ သူ့ရဲ့အဖွဲ့ဟာ မဲဆွယ်ဖို့အတွက် ပစ္စည်းမျိူးစုံကို စတင်ထုတ်လုပ်ပါတော့တယ်။ Cap ဟာ အိမ်ပြန်ရောက်တဲ့အချိန်မှာတော့ “အစိုးရနဲ့ ပတ်သက်ပြီး ဘာအတွေ့အကြုံမှ မရှိတဲ့သူကို သမ္မတအနေနဲ့ ဝင်ပြိုင်ခိုင်းတာကို ယုံတောင်မယုံနိုင်ဘူး ” လို့ ပြောရင်းနဲ့ Underwood ရဲ့ ကမ်းလှမ်းမှုကို သေချာစဉ်းစားခဲ့ပါတယ်။

အဲ့ဒီနောက်မှာတော့ Cap ဟာ သူ့ရဲ့သူငယ်ချင်းတွေနဲ့ အပြင်ကို ထွက်လာရင်း သူ့ရဲ့လွှတ်တော်အမတ်က ဘယ်သူမှန်းတောင် မသိတဲ့အကြောင်း ဝန်ခံခဲ့ပါတယ်။ (အဲ့ဒီသူငယ်ချင်းတွေဟာ Steve ကို Cap မှန်း မသိကြပါဘူး။) ဒါ့အပြင် နိုင်ငံရေးကိစ္စနဲ့ ပတ်သက်ပြီး ဆွေးနွေးကြတဲ့ အချိန်မှာလည်း သူသိထားတဲ့အရာတွေဟာ နည်းနည်းလေးပဲ ရှိတယ်ဆိုတာကို သိလိုက်ရပါတယ်။ နောက်နေ့မနက် ရောက်တဲ့အချိန်ကျမှ Captain America ဟာ အမေရိကန်သမ္မတအဖြစ် ဝင်ပြိုင်မယ်ဆိုတဲ့ သတင်းကို The Daily Globe သတင်းစာရဲ့ ခေါင်းစီးမှာ တွေ့လိုက်ရပါတယ်။ အဲ့ဒီအချိန်ကျမှသာ Cap ဟာ နိုင်ငံရေးနဲ့ ပတ်သက်တဲ့ အကြောင်းတွေကို အများကြီးလေ့လာဖို့ လိုသေးတယ် ဆိုပြီး သတိဝင်သွားပါတယ်။

photo via screenrant

ဒါ့အပြင် Underwood က အခုလိုမြန်မြန်ဆန်ဆန် လှုပ်ရှားခဲ့တာကြောင့် Steve ဟာ အံ့ဩသွားခဲ့ပါတယ်။ မျက်နှာဖုံးစွပ်ထားတဲ့ Captain America ဟာ ဘယ်သူဘယ်ဝါမှန်း မသိကြပေမယ့်လည်း သူ့သူငယ်ချင်းတွေ အားလုံးဟာ Captain America ကို ပျော်ပျော်ကြီး မဲပေးမယ်ဆိုတာ သိလိုက်ရတဲ့အချိန်မှာတော့ Steve ဟာ ပိုပြီးတော့ အံ့ဩသွားခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ Avengers Mansion မှာ Cap ကို သတင်းထောက်တွေ အများကြီးက နိုင်ငံရေးနဲ့ ပတ်သက်တဲ့ အကြောင်းတွေကို မေးမြန်းခဲ့ပြီး အိမ်ဖြူတော်ကလည်း လျှို့ဝှက်လုံခြုံရေးတွေ လိုအပ်လား ဆိုပြီးတော့ ဖုန်းဆက်လာခဲ့ပါတယ်။

အဲ့ဒါတွေတင်မကဘဲ Republican နဲ့ Democrat ပါတီတွေကလည်း Cap ကို သူတို့ပါတီအတွက် ဝင်ရောက်ယှဉ်ပြိုင်စေခဲ့ပါတယ်။ အဲ့ဒါကြောင့်ပဲ Cap ဟာ ကိစ္စတွေဟာ ထိန်းချုပ်နိုင်တဲ့ အခြေအနေကို ကျော်လွန်သွားပြီလို့ ခံစားခဲ့ရပါတယ်။ အဲ့ဒီအချိန်မှာတော့ X-Men အဖွဲ့ဝင်ဟောင်း ဖြစ်ပြီး Avengers အဖွဲ့ထဲကို ရောက်နေတဲ့ Beast ကလည်း သန္ဓေပြောင်းလူသားတွေရဲ့ မဲတွေနဲ့ နယူးယော့ခ်မြို့ရဲ့ မဲတွေကို ရရှိအောင် ဆောင်ရွက်ပေးမယ် ဆိုပြီးတော့ ကတိပေးခဲ့ပါတယ်။ ဒါ့အပြင် Iron Man ၊ The Wasp ၊ Vision တို့နဲ့ တစ်ခြား Avengers အဖွဲ့ဝင်တွေဟာ Cap အနေနဲ့ သမ္မတလုပ်သင့်၊ မလုပ်သင့်နဲ့ ပတ်သက်ပြီး သူ့တို့ရဲ့ အမြင်‌တွေကို Cap ကို ပြောပြခဲ့ကြပါတယ်။

photo via screenrant

အခုလိုမျိုး Cap က သမ္မတအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မယ်ဆိုတဲ့ သတင်းဟာ ပျံ့နှံ့သွားတာနဲ့ ပြည်သူတွေနဲ့ စူပါဟီးရိုးတွေဟာ Cap မှာ လိုအပ်တဲ့ အရည်အချင်းတွေ ရှိမရှိဆိုတာကို မေးခွန်းထုတ်လာကြပါတယ်။ အဲ့ဒီအချိန်မှာ လူတွေအားလုံးရဲ့ အာရုံစိုက်မှုကို ခံနေရတာကြောင့် Cap ဟာ တဖြည်းဖြည်းနဲ့ စိတ်အနှောင့်အယှက် ဖြစ်လာပါတယ်။ လူအများစုကတော့ သူ့ကို သမ္မတကောင်းတစ်ယောက် ဖြစ်လာမယ်လို့ မြှောက်ပင့်ပြီး ပြောဆိုနေကြပေမယ့်လည်း Steve ကတော့ တကယ်ကြီး သမ္မတ ဖြစ်သွားမှာကို ကြောက်နေခဲ့ပါတယ်။ အကြောင်းကတော့ အမေရိကန်သမ္မတ ဖြစ်လာရင် သူဟာ Steve Rogers ဘဝနဲ့ Captain America ဘဝတို့ကို စွန့်လွှတ်ရမှာကြောင့်ပဲ ဖြစ်ပါတယ်။

Cap ဟာ ဒီကိစ္စကို စဉ်းစားနေရင်း ငယ်ဘဝတုန်းက တက်ခဲ့တဲ့ ကျောင်းနားကို ဖြတ်သွားမိပါတော့တယ်။ အဲ့ဒီ့မှာတင် သူ့ရဲ့ဆရာက ပြောခဲ့ဖူးတဲ့ နိုင်ငံတာဝန်အကြောင်းတွေကို သတိရသွားခဲ့ပါတယ်။ ဒါနဲ့ပဲ Cap ဟာ Underwood ဆီကို ဖုန်းဆက်ခဲ့ပြီး သူတို့ရဲ့ပါတီအနေနဲ့ ပထမဆုံး သတင်းစာရှင်းလင်းပွဲ လုပ်ခိုင်းလိုက်ပါတယ်။ အဲ့ဒီနောက်မှာတော့ Cap ဟာ သူ့ကိုထောက်ခံသူတွေ အားလုံးကို သမ္မတဆိုတဲ့အလုပ်ဟာ တစ်ကမ္ဘာလုံးမှာ အရေးကြီးဆုံး အလုပ်တွေထဲက တစ်ခု ဖြစ်တယ်လို့ ပြောလိုက်ပါတယ်။ ဒါ့အပြင် သူ့အနေနဲ့ သမ္မတတစ်ယောက်အဖြစ် အမေရိကန်နိုင်ငံကို တိုးတက်အောင် လုပ်ပေးဖို့နဲ့ ပြည်သူတွေရဲ့ အိပ်မက်တွေကို တကယ်ဖြစ်လာအောင် လုပ်ပေးနိုင်မယ်လို့ မထင်မိတဲ့အကြောင်းကိုပါ ဝန်ခံလိုက်ပါတယ်။

photo via screenrant

ဒါပေမယ့်လည်း အမေရိကန်ပြည်သူတွေရဲ့ အိပ်မက်တွေကို တကယ်ဖြစ်အောင် လုပ်ပေးနိုင်မယ့်သူတွေကို ရှာဖွေဖို့နဲ့ သူဟာ သမ္မတအဖြစ် မယှဉ်ပြိုင်နိုင်ပါဘူးလို့ ကြေညာလိုက်ပါတယ်။ Cap ဟာ အလွန်ထက်မြက်သူတစ်ယောက် ဖြစ်ပြီး မျိူးချစ်စိတ်လည်း ရှိသလို စိတ်ထားကလည်း ပြောစရာမလိုအောင် ကောင်းတာကြောင့် လူတွေကတော့ သူ့ကို သမ္မတ ဖြစ်စေချင်ခဲ့ပါတယ်။ Steve ကတော့ သူ့ကိုယ်သူ ဘယ်နေရာမှာ အားသာလည်းဆိုတာကို သိသလို၊ သူဘယ်နေရာမှာ အားနည်းလည်း ဆိုတာကိုလည်း သိပါတယ်။ Steve ဟာ သူ့ကိုယ်သူ စစ်သားတစ်ယောက်၊ ပြည်သူတွေကို ကာကွယ်ပေးနေတဲ့ ဟီးရိုးတစ်ယောက်လို့ပဲ ခံယူထားပြီး အမေရိကန်သမ္မတ ဖြစ်ဖို့အတွက် မထိုက်တန်ဘူးလို့ ယူဆခဲ့တာ ဖြစ်ပါတယ်။

အချိန်တွေ ကြာလာတာနဲ့အမျှ Captain America ရဲ့ ဇာတ်လမ်းကို ရေးသားသူတွေဟာ Cap ကို နိုင်ငံရေးသမားတစ်ယောက်ပုံစံမျိူး ပုံဖော်ချင်ခဲ့ကြပါတယ်။ တစ်ခြား alternate world ဖြစ်တဲ့ Marvel’s Ultimate Universe ထဲမှာဆိုရင် Cap ဟာ အမေရိကန်သမ္မတရဲ့ ရုံးခန်းထဲမှာ အလုပ်လုပ်ခဲ့ဖူးပြီး တကယ်ကြီး အမေရိကန်သမ္မတ ဖြစ်ခဲ့ဖူးပါတယ်။ ဒါပေမယ့်လည်း mainstream ထဲက Cap ကတော့ သူ့ကိုယ်သူ အဲ့ဒီနေရာနဲ့ မထိုက်တန်ဘူးလို့ ယူဆပြီး ဟီးရိုးတစ်ယောက်အနေနဲ့ပဲ သူလုပ်နိုင်သမျှ အရာတွေကို အကောင်းဆုံးလုပ်ချင်သူ ဖြစ်ပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

Marvel ဟီး႐ိုးေတြ အားလုံးထဲကတစ္ေယာက္ကို အေမရိကန္သမၼတအျဖစ္ တင္ေျမႇာက္ခြင့္ရမယ္ ဆိုရင္ေတာ့ လူအမ်ားစုဟာ Captain America ကိုပဲ မဲေပးၾကမွာ ျဖစ္ပါတယ္။ Cap ဟာ ဒုတိယကမာၻစစ္ကတည္းက အေမရိကန္ႏိုင္ငံအတြက္ စစ္မႈထမ္းခဲ့သူ ျဖစ္ၿပီး မ်ိဴးခ်စ္စိတ္လည္း အျပည့္ရွိသူ ျဖစ္ပါတယ္။ အဲ့ဒီအခ်ိန္ကတည္းက သူဟာ အေမရိကန္အစိုးရနဲ႔ နီးနီးကပ္ကပ္ တာဝန္ေတြကို ထမ္းေဆာင္ခဲ့ၿပီး ေနာက္ပိုင္းမွာလည္း ဟီး႐ိုးတစ္ေယာက္ ျဖစ္လာခဲ့ပါတယ္။ အဲ့ဒီအခ်ိန္မွာေတာ့ Cap ဟာ အေမရိကန္ႏိုင္ငံရဲ႕ ျပယုဂ္တစ္ခုလိုေတာင္ ျဖစ္လာၿပီး အေမရိကန္ျပည္သူတိုင္းကလည္း Cap ကို ခ်စ္ခင္ေလးစားၾကပါတယ္။

Captain America ေကာမစ္ရဲ႕ အတြဲနံပါတ္ (250)ထဲမွာေတာ့ Cap ဟာ အေမရိကန္သမၼတ ျဖစ္ဖို႔အတြက္ အခြင့္အေရး ရရွိခဲ့ပါတယ္။ ဒါေပမယ့္လည္း အဲ့ဒီအခ်ိန္တုန္းက Captain America ဟာ Steve Rogers ဆိုတာကို လူတိုင္းက မသိၾကေသးပါဘူး။ အၾကမ္းဖက္သမားေတြရဲ႕ အစီအစဥ္ေတြကို တားဆီးၿပီးတဲ့ေနာက္မွာ ႏိုင္ငံေရးပါတီတစ္ခုရဲ႕ ေခါင္းေဆာင္ျဖစ္တဲ့ Samuel T. Underwood ဟာ Cap ကို သူ႔ရဲ႕လုပ္ေဖာ္ကိုင္ဖက္ေတြနဲ႔ ေတြ႕ဆုံဖို႔အတြက္ ဖိတ္ၾကားခဲ့ပါတယ္။

photo via screenrant

အဲ့ဒီေတြ႕ဆုံပြဲမွာေတာ့ သူတို႔ဟာ Cap ကို သူတို႔ရဲ႕ပါတီအတြက္ သမၼတအျဖစ္ ဝင္အေ႐ြးခံေပးဖို႔ ေတာင္းဆိုခဲ့ၾကပါတယ္။ Cap ဟာ သူတို႔ရဲ႕အစီအစဥ္ကို စိတ္မဝင္စားေပမယ့္လည္း သူတို႔ဟာ ယဥ္ေက်းစြာနဲ႔ တေလးတစား ေတာင္းဆိုခဲ့တာေၾကာင့္ စဥ္းစားေပးမယ္လို႔ ျပန္အေျဖေပးခဲ့ပါတယ္။ အဲ့ဒီအခ်ိန္မွာေတာ့ Underwood နဲ႔ သူ႔ရဲ႕အဖြဲ႕ဟာ မဲဆြယ္ဖို႔အတြက္ ပစၥည္းမ်ိဴးစုံကို စတင္ထုတ္လုပ္ပါေတာ့တယ္။ Cap ဟာ အိမ္ျပန္ေရာက္တဲ့အခ်ိန္မွာေတာ့ “အစိုးရနဲ႔ ပတ္သက္ၿပီး ဘာအေတြ႕အႀကဳံမွ မရွိတဲ့သူကို သမၼတအေနနဲ႔ ဝင္ၿပိဳင္ခိုင္းတာကို ယုံေတာင္မယုံႏိုင္ဘူး ” လို႔ ေျပာရင္းနဲ႔ Underwood ရဲ႕ ကမ္းလွမ္းမႈကို ေသခ်ာစဥ္းစားခဲ့ပါတယ္။

အဲ့ဒီေနာက္မွာေတာ့ Cap ဟာ သူ႔ရဲ႕သူငယ္ခ်င္းေတြနဲ႔ အျပင္ကို ထြက္လာရင္း သူ႔ရဲ႕လႊတ္ေတာ္အမတ္က ဘယ္သူမွန္းေတာင္ မသိတဲ့အေၾကာင္း ဝန္ခံခဲ့ပါတယ္။ (အဲ့ဒီသူငယ္ခ်င္းေတြဟာ Steve ကို Cap မွန္း မသိၾကပါဘူး။) ဒါ့အျပင္ ႏိုင္ငံေရးကိစၥနဲ႔ ပတ္သက္ၿပီး ေဆြးေႏြးၾကတဲ့ အခ်ိန္မွာလည္း သူသိထားတဲ့အရာေတြဟာ နည္းနည္းေလးပဲ ရွိတယ္ဆိုတာကို သိလိုက္ရပါတယ္။ ေနာက္ေန႔မနက္ ေရာက္တဲ့အခ်ိန္က်မွ Captain America ဟာ အေမရိကန္သမၼတအျဖစ္ ဝင္ၿပိဳင္မယ္ဆိုတဲ့ သတင္းကို The Daily Globe သတင္းစာရဲ႕ ေခါင္းစီးမွာ ေတြ႕လိုက္ရပါတယ္။ အဲ့ဒီအခ်ိန္က်မွသာ Cap ဟာ ႏိုင္ငံေရးနဲ႔ ပတ္သက္တဲ့ အေၾကာင္းေတြကို အမ်ားႀကီးေလ့လာဖို႔ လိုေသးတယ္ ဆိုၿပီး သတိဝင္သြားပါတယ္။

photo via screenrant

ဒါ့အျပင္ Underwood က အခုလိုျမန္ျမန္ဆန္ဆန္ လႈပ္ရွားခဲ့တာေၾကာင့္ Steve ဟာ အံ့ဩသြားခဲ့ပါတယ္။ မ်က္ႏွာဖုံးစြပ္ထားတဲ့ Captain America ဟာ ဘယ္သူဘယ္ဝါမွန္း မသိၾကေပမယ့္လည္း သူ႔သူငယ္ခ်င္းေတြ အားလုံးဟာ Captain America ကို ေပ်ာ္ေပ်ာ္ႀကီး မဲေပးမယ္ဆိုတာ သိလိုက္ရတဲ့အခ်ိန္မွာေတာ့ Steve ဟာ ပိုၿပီးေတာ့ အံ့ဩသြားခဲ့ပါတယ္။ ေနာက္ပိုင္းမွာေတာ့ Avengers Mansion မွာ Cap ကို သတင္းေထာက္ေတြ အမ်ားႀကီးက ႏိုင္ငံေရးနဲ႔ ပတ္သက္တဲ့ အေၾကာင္းေတြကို ေမးျမန္းခဲ့ၿပီး အိမ္ျဖဴေတာ္ကလည္း လွ်ိဳ႕ဝွက္လုံၿခဳံေရးေတြ လိုအပ္လား ဆိုၿပီးေတာ့ ဖုန္းဆက္လာခဲ့ပါတယ္။

အဲ့ဒါေတြတင္မကဘဲ Republican နဲ႔ Democrat ပါတီေတြကလည္း Cap ကို သူတို႔ပါတီအတြက္ ဝင္ေရာက္ယွဥ္ၿပိဳင္ေစခဲ့ပါတယ္။ အဲ့ဒါေၾကာင့္ပဲ Cap ဟာ ကိစၥေတြဟာ ထိန္းခ်ဳပ္ႏိုင္တဲ့ အေျခအေနကို ေက်ာ္လြန္သြားၿပီလို႔ ခံစားခဲ့ရပါတယ္။ အဲ့ဒီအခ်ိန္မွာေတာ့ X-Men အဖြဲ႕ဝင္ေဟာင္း ျဖစ္ၿပီး Avengers အဖြဲ႕ထဲကို ေရာက္ေနတဲ့ Beast ကလည္း သေႏၶေျပာင္းလူသားေတြရဲ႕ မဲေတြနဲ႔ နယူးေယာ့ခ္ၿမိဳ႕ရဲ႕ မဲေတြကို ရရွိေအာင္ ေဆာင္႐ြက္ေပးမယ္ ဆိုၿပီးေတာ့ ကတိေပးခဲ့ပါတယ္။ ဒါ့အျပင္ Iron Man ၊ The Wasp ၊ Vision တို႔နဲ႔ တစ္ျခား Avengers အဖြဲ႕ဝင္ေတြဟာ Cap အေနနဲ႔ သမၼတလုပ္သင့္၊ မလုပ္သင့္နဲ႔ ပတ္သက္ၿပီး သူ႔တို႔ရဲ႕ အျမင္‌ေတြကို Cap ကို ေျပာျပခဲ့ၾကပါတယ္။

photo via screenrant

အခုလိုမ်ိဳး Cap က သမၼတအျဖစ္ ဝင္ေရာက္ယွဥ္ၿပိဳင္မယ္ဆိုတဲ့ သတင္းဟာ ပ်ံ႕ႏွံ႔သြားတာနဲ႔ ျပည္သူေတြနဲ႔ စူပါဟီး႐ိုးေတြဟာ Cap မွာ လိုအပ္တဲ့ အရည္အခ်င္းေတြ ရွိမရွိဆိုတာကို ေမးခြန္းထုတ္လာၾကပါတယ္။ အဲ့ဒီအခ်ိန္မွာ လူေတြအားလုံးရဲ႕ အာ႐ုံစိုက္မႈကို ခံေနရတာေၾကာင့္ Cap ဟာ တျဖည္းျဖည္းနဲ႔ စိတ္အေႏွာင့္အယွက္ ျဖစ္လာပါတယ္။ လူအမ်ားစုကေတာ့ သူ႔ကို သမၼတေကာင္းတစ္ေယာက္ ျဖစ္လာမယ္လို႔ ေျမႇာက္ပင့္ၿပီး ေျပာဆိုေနၾကေပမယ့္လည္း Steve ကေတာ့ တကယ္ႀကီး သမၼတ ျဖစ္သြားမွာကို ေၾကာက္ေနခဲ့ပါတယ္။ အေၾကာင္းကေတာ့ အေမရိကန္သမၼတ ျဖစ္လာရင္ သူဟာ Steve Rogers ဘဝနဲ႔ Captain America ဘဝတို႔ကို စြန႔္လႊတ္ရမွာေၾကာင့္ပဲ ျဖစ္ပါတယ္။

Cap ဟာ ဒီကိစၥကို စဥ္းစားေနရင္း ငယ္ဘဝတုန္းက တက္ခဲ့တဲ့ ေက်ာင္းနားကို ျဖတ္သြားမိပါေတာ့တယ္။ အဲ့ဒီ့မွာတင္ သူ႔ရဲ႕ဆရာက ေျပာခဲ့ဖူးတဲ့ ႏိုင္ငံတာဝန္အေၾကာင္းေတြကို သတိရသြားခဲ့ပါတယ္။ ဒါနဲ႔ပဲ Cap ဟာ Underwood ဆီကို ဖုန္းဆက္ခဲ့ၿပီး သူတို႔ရဲ႕ပါတီအေနနဲ႔ ပထမဆုံး သတင္းစာရွင္းလင္းပြဲ လုပ္ခိုင္းလိုက္ပါတယ္။ အဲ့ဒီေနာက္မွာေတာ့ Cap ဟာ သူ႔ကိုေထာက္ခံသူေတြ အားလုံးကို သမၼတဆိုတဲ့အလုပ္ဟာ တစ္ကမာၻလုံးမွာ အေရးႀကီးဆုံး အလုပ္ေတြထဲက တစ္ခု ျဖစ္တယ္လို႔ ေျပာလိုက္ပါတယ္။ ဒါ့အျပင္ သူ႔အေနနဲ႔ သမၼတတစ္ေယာက္အျဖစ္ အေမရိကန္ႏိုင္ငံကို တိုးတက္ေအာင္ လုပ္ေပးဖို႔နဲ႔ ျပည္သူေတြရဲ႕ အိပ္မက္ေတြကို တကယ္ျဖစ္လာေအာင္ လုပ္ေပးႏိုင္မယ္လို႔ မထင္မိတဲ့အေၾကာင္းကိုပါ ဝန္ခံလိုက္ပါတယ္။

photo via screenrant

ဒါေပမယ့္လည္း အေမရိကန္ျပည္သူေတြရဲ႕ အိပ္မက္ေတြကို တကယ္ျဖစ္ေအာင္ လုပ္ေပးႏိုင္မယ့္သူေတြကို ရွာေဖြဖို႔နဲ႔ သူဟာ သမၼတအျဖစ္ မယွဥ္ၿပိဳင္ႏိုင္ပါဘူးလို႔ ေၾကညာလိုက္ပါတယ္။ Cap ဟာ အလြန္ထက္ျမက္သူတစ္ေယာက္ ျဖစ္ၿပီး မ်ိဴးခ်စ္စိတ္လည္း ရွိသလို စိတ္ထားကလည္း ေျပာစရာမလိုေအာင္ ေကာင္းတာေၾကာင့္ လူေတြကေတာ့ သူ႔ကို သမၼတ ျဖစ္ေစခ်င္ခဲ့ပါတယ္။ Steve ကေတာ့ သူ႔ကိုယ္သူ ဘယ္ေနရာမွာ အားသာလည္းဆိုတာကို သိသလို၊ သူဘယ္ေနရာမွာ အားနည္းလည္း ဆိုတာကိုလည္း သိပါတယ္။ Steve ဟာ သူ႔ကိုယ္သူ စစ္သားတစ္ေယာက္၊ ျပည္သူေတြကို ကာကြယ္ေပးေနတဲ့ ဟီး႐ိုးတစ္ေယာက္လို႔ပဲ ခံယူထားၿပီး အေမရိကန္သမၼတ ျဖစ္ဖို႔အတြက္ မထိုက္တန္ဘူးလို႔ ယူဆခဲ့တာ ျဖစ္ပါတယ္။

အခ်ိန္ေတြ ၾကာလာတာနဲ႔အမွ် Captain America ရဲ႕ ဇာတ္လမ္းကို ေရးသားသူေတြဟာ Cap ကို ႏိုင္ငံေရးသမားတစ္ေယာက္ပုံစံမ်ိဴး ပုံေဖာ္ခ်င္ခဲ့ၾကပါတယ္။ တစ္ျခား alternate world ျဖစ္တဲ့ Marvel’s Ultimate Universe ထဲမွာဆိုရင္ Cap ဟာ အေမရိကန္သမၼတရဲ႕ ႐ုံးခန္းထဲမွာ အလုပ္လုပ္ခဲ့ဖူးၿပီး တကယ္ႀကီး အေမရိကန္သမၼတ ျဖစ္ခဲ့ဖူးပါတယ္။ ဒါေပမယ့္လည္း mainstream ထဲက Cap ကေတာ့ သူ႔ကိုယ္သူ အဲ့ဒီေနရာနဲ႔ မထိုက္တန္ဘူးလို႔ ယူဆၿပီး ဟီး႐ိုးတစ္ေယာက္အေနနဲ႔ပဲ သူလုပ္ႏိုင္သမွ် အရာေတြကို အေကာင္းဆုံးလုပ္ခ်င္သူ ျဖစ္ပါတယ္။

Legos

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular