HomeEntertainmentFilmCaptain America 4 မှာ Chris Evans ကို ပါစေချင်တယ်ဆိုတဲ့ Anthony Mackie

Captain America 4 မှာ Chris Evans ကို ပါစေချင်တယ်ဆိုတဲ့ Anthony Mackie

Anthony Mackie ကတော့ MCU ရဲ့ Captain America အသစ် ဖြစ်လာတဲ့ Sam Wilson နေရာမှာ သရုပ်ဆောင်ထားသူ ဖြစ်ပါတယ်။ Anthony ဟာ မကြာသေးခင်ကပဲ Captain America: New World Order ရုပ်ရှင်ထဲမှာ မူလ Cap သရုပ်ဆောင် Chris Evans ကို ပါစေချင်တယ်လို့ ပြောလိုက်ပါတယ်။ Captain America 4 ကိုတော့ ဒါရိုက်တာ Julius Onah က ရိုက်ကူးသွားမှာ ဖြစ်ပြီး The Falcon and the Winter Soldier အပြီးမှာ Captain America အသစ် ဖြစ်သွားတဲ့ Sam Wilson အတွက် ဘယ်လို သက်ရောက်မှုတွေ ရှိမလည်းဆိုတာ မြင်တွေ့ရမှာ ဖြစ်ပါတယ်။

Chris Evans ကို Captain America အဖြစ် နောက်ဆုံးမြင်တွေ့ခဲ့ရတာကတော့ Avengers: Endgame ထဲမှာပဲ ဖြစ်ပါတယ်။ အဲဒီရုပ်ရှင်ထဲမှာတော့ သူဟာ Infinity Stone တွေကို နေရာတကျ ပြန်သွားထားရင်း ပစ္စုပ္ပန်ကို ပြန်မလာတော့ဘဲ ၁၉၄၀ ကျော်မှာ Peggy နဲ့အတူ နေထိုင်ခဲ့ပါတယ်။ Endgame ရဲ့ အဆုံးသတ်မှာတော့ သူဟာ Sam Wilson ကို သူ့ရဲ့ဒိုင်းကို ပေးအပ်ခဲ့ကာ လောလောဆယ်မှာတော့ ဘယ်ရောက်နေမှန်း မသိရသေးပါဘူး။

photo via screenrant

Variety သတင်းဌာနနဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာတော့ Anthony Mackie ဟာ Captain America: New World Order ထဲမှာ Chris Evans ပါဝင်လာမလား ဆိုတဲ့အကြောင်း ပြောပြသွားပါတယ်။

“Chris Evans ပါဝင်လာဖို့ မျှော်လင့်ပါတယ်။ သူတို့က Sebastian နဲ့ wyatt ကိုတော့ ရုပ်ရှင်ကားတစ်ကားတည်းမှာ အတူထည့်ပြီး ကျွန်တော့်ကို ချန်ထားခဲ့တာကိုတော့ စိတ်ပျက်မိပါတယ်။ sebastian က wyatt နဲ့ သရုပ်ဆောင်ရမယ်ဆိုရင် ကျွန်တော်လည်း Chris နဲ့အတူ သရုပ်ဆောင်ခွင့် ရသင့်ပါတယ် …”

ပရိသတ်တွေကလည်း Chris Evans ကို ပြန်မြင်ချင်နေကြပြီး Chris Evans ကိုယ်တိုင်ကလည်း Captain America အနေနဲ့ ပြန်လည် ပါဝင်ချင်သေးတယ်လို့ ပြောခဲ့ဖူးပါတယ်။ ဒါပေမယ့်လည်း ဇာတ်လမ်းကတော့ Chris အတွက် သင့်တော်ပြီး သဘောကျတဲ့ ဇာတ်လမ်းမျိူး ဖြစ်နေရမယ်လို့ ဆိုပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ယခုအချိန်မှာတော့ Multiverse လည်း ပါဝင်နေပြီ ဖြစ်တာကြောင့် Chris Evans ကို Captain America အဖြစ် ပြန်လည်မြင်တွေ့နိုင်ဖို့ အခွင့်အရေးတော့ ရှိပါသေးတယ်။ Captain America: New World Order ကတော့ ၂၀၂၄ ခုနှစ် မေလ(၃)ရက်နေ့မှာ ထွက်ရှိလာမှာ ဖြစ်ပါတယ်။

Legos

Source: Screenrant

RELATED ARTICLES

Most Popular