HomeEntertainmentFilmCaptain America 4 ရုပ်ရှင်အတွက် တင်တုဝတ်ဆင်ရတယ်ဆိုတဲ့ Anthony Mackie

Captain America 4 ရုပ်ရှင်အတွက် တင်တုဝတ်ဆင်ရတယ်ဆိုတဲ့ Anthony Mackie

Anthony Mackie ဟာ Captain America: New World Order ရုပ်ရှင်ထဲမှာ အစဉ်အလာမပြတ် America’s Ass ဖြစ်နေစေဖို့အတွက် ဝတ်စုံထဲမှာ‌ တင်တုထည့်ပြီး ဝတ်ရတယ်လို့ ဆိုပါတယ်။ Sam Wilson ကတော့ Endgame ထဲမှာ Cap ရဲ့ဒိုင်းကို ရရှိခဲ့ပြီး The Falcon and the Winter Soldier ထဲမှာတော့ Cap အသစ် ဖြစ်လာပါတယ်။ ၂၀၂၄ ခုနှစ်မှာ ထွက်ရှိလာမယ့် Captain America: New World Order ထဲမှာတော့ Sam ရဲ့ စွန့်စားခန်းအသစ်တွေကို မြင်တွေ့ရဦးမှာ ဖြစ်ပါတယ်။

photo credit Marvel Studio

Happy Sad Confused Podcast မှာတော့ Anthony Mackie ကို Captain America 4 နဲ့ ပတ်သက်တဲ့ မေးခွန်းများစွာကို မေးမြန်းခဲ့ပါတယ်။ Anthony ကတော့ သူလည်း သိပ်မသိသေးဘူးလို့သာ ပြန်လည်ဖြေကြားခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ဇာတ်လမ်းအတွက်လည်း Spoil မဖြစ်စေမယ့် အကြောင်းအရာတစ်ခုအနေနဲ့ Anthony ဟာ ဒီရုပ်ရှင်ထဲမှာ တင်တုထည့်ဝတ်ထားတဲ့အကြောင်းကို ပြောပြသွားပါတယ်။

“ဝတ်စုံလေးခုလောက်တော့ ဝတ်ပြီးပြီဗျ။ အဲဒီဝတ်စုံတွေနဲ့ဆို ကျွန်တော့်တင်ပါးက ရှယ်ပဲ။ ဒါပဲ ပြောပြမယ်ဗျာ။ ကျွန်တော် ဘာပြောချင်တယ်ဆိုတာ သိတယ်မလား။ နွေရာသီမှာ Peanut butter နဲ့ Jelly စားလိုက်ရသလိုပဲ ဒီတင်ပါးက ခင်ဗျားတို့ကို ပျော်ရွှင်သွားစေမှာပါ။ ဥပမာဗျာ ကျွန်တော်က ပြေးသွားရင် ကင်မရာက ဒီနေရာကို သေချာရိုက်ပြသွားတာမျိုးပေါ့ …”

photo credit Marvel Studio

America’s Ass ရဲ့ ဇာတ်လမ်းကတော့ Chris Evans က Cap ဝတ်စုံအသစ် ဝတ်ဆင်တဲ့အချိန်မှာ စတင်ခဲ့တာ ဖြစ်ပြီး ဆိုရှယ်မီဒီယာတွေပေါ်မှာ ဒီအကြောင်းအရာနဲ့ ပတ်သက်တဲ့ Meme တွေနဲ့ ဟာသတွေက ခေတ်စားလာပါတယ်။ Marvel စတူဒီယိုကလည်း ဒီ Trend ကို သူတို့ရဲ့ပရောဂျက်တွေထဲမှာပါ ဟာသအနေနဲ့ ထည့်သွင်းခဲ့တာ ဖြစ်ပြီး Chris Evans ထွက်သွားပြီး နောက်မှာတောင်မှ ဒီ Trend ကို ဆက်လက် ထိန်းသိမ်းသွားဦးမယ်လို့ ယူဆရပါတယ်။

Legos

Source: Screenrant

RELATED ARTICLES

Most Popular