HomeEntertainmentFilmCaptain America 4 နဲ့ Thunderbolts ရုပ်ရှင်တွေရဲ့ နောက်ဆုံး Update သတင်းများ

Captain America 4 နဲ့ Thunderbolts ရုပ်ရှင်တွေရဲ့ နောက်ဆုံး Update သတင်းများ

Marvel စတူဒီယိုရဲ့ ဥက္ကဌဖြစ်တဲ့ Kevin Feige ကတော့ မကြာသေးခင်က ပြုလုပ်ခဲ့တဲ့ အင်တာဗျူးတစ်ခုမှာ Captain America 4 ၊ Thunderbolts ရုပ်ရှင်တို့နဲ့ ပတ်သက်တဲ့ အချက်အချို့ကို ပြောပြသွားပါတယ်။ Captain America: New World Order ထဲမှာတော့ Indiana Jones အဖြစ် လူသိများကြတဲ့ မင်းသားကြီး Harrison Ford က General Ross အနေနဲ့ ပါဝင်သွားမယ်လို့ Kevin Feige က အတည်ပြုသွားပါတယ်။

photo via marvel

အစတုန်းကတော့ General Ross နေရာမှာ မင်းသားကြီး William Hurt က သရုပ်ဆောင်ခဲ့တာ ဖြစ်ပြီး စိတ်မကောင်းစရာနဲ့ပဲ မင်းသားကြီးဟာ ၂၀၂၂ ခုနှစ် မတ်လ (၁၃)ရက်နေ့မှာ ကွယ်လွန်သွားခဲ့ပါတယ်။ ဒါကြောင့်ပဲ General Ross နေရာမှာ လူစားထိုးဖို့ လိုအပ်လာပြီး Harrison Ford က ဒီဇာတ်ကောင်နေရာမှာ ပါဝင်သွားမယ်လို့ ကောလာဟလတွေ ထွက်လာခဲ့ပါတယ်။ ယခုအချိန်မှာတော့ Kevin Feige ဟာ ဒီကောလာဟလကို အတည်ပြုလိုက်တာ ဖြစ်ပါတယ်။ ဒါ့အပြင် ဒီရုပ်ရှင်ထဲမှာတော့ General Ross ဟာ အမေရိကန်နိုင်ငံရဲ့သမ္မတ ဖြစ်နေပြီလို့လည်း ပြောသွားပါသေးတယ်။

နောက်ထပ် သတင်းတစ်ခုကတော့ Thuderbolts အဖွဲ့ကို ဘယ်သူက ဦးဆောင်သွားမလည်းဆိုတာပဲ ဖြစ်ပါတယ်။ Marvel စတူဒီယိုက Thunderbolts အဖွဲ့ဝင်တွေကို ကြေညာပြီးကတည်းက ဒီအဖွဲ့ကို ဘယ်သူက ခေါင်းဆောင်သွားမလည်းဆိုတာ ပရိသတ်တွေက သိချင်နေခဲ့ကြပါတယ်။ ဒါနဲ့ပတ်သက်ပြီး Kevin Feige ကတော့ Thunderbolts ကို Bucky Barnes က ဦးဆောင်သွားမယ်လို့ ပြောပါတယ်။

photo via marvel

Bucky ကတော့ သူ့ရဲ့တစ်ဘဝလုံးမှာ အမိန့်တွေကိုပဲ နာခံခဲ့ရတာ ဖြစ်ပြီး Hydra အဖွဲ့အစည်းရဲ့ ဦးနှောက်ဆေး၊ အသုံးချခြင်းကို ခံခဲ့ရပါတယ်။ ဒါကြောင့်ပဲ Bucky ဟာ ခေါင်းဆောင်တစ်ယောက်ရဲ့နေရာမှာ ဘယ်လိုဦးဆောင်သွားမလည်း ဆိုတာတော့ စိတ်ဝင်စားစရာပဲ ဖြစ်ပါတယ်။

ဒါ့အပြင် Thuderbolts အဖွဲ့ဟာ Anti-Hero တွေနဲ့ ဖွဲ့စည်းထားတာ ဖြစ်တာကြောင့် ပြဿနာတွေကို ဖြေရှင်းတဲ့အခါမှာ Avengers အဖွဲ့ထက် ပိုပြီးတော့ ကြမ်းတမ်းတဲ့ လုပ်ရိုးလုပ်စဉ်တွေကို အသုံးပြုသွားမှာလည်း ဖြစ်ပါတယ်။ Kevin Feige ကတော့ ဒီသတင်းနှစ်ခုလုံးကို Entertainment Weekly သတင်းဌာနနဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးထဲမှာ ပြောပြသွားခဲ့တာ ဖြစ်ပါတယ်။

Legos

Source: Screenrant

RELATED ARTICLES

Most Popular