HomeEntertainmentFilmCaptain Marvel နေရာမှာ သရုပ်ဆောင်ဖို့ လျာထားခံခဲ့ရသူများ

Captain Marvel နေရာမှာ သရုပ်ဆောင်ဖို့ လျာထားခံခဲ့ရသူများ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Captain Marvel ဇာတ်ကားဟာ ၂၀၁၉ခုနှစ်မှာ ထွက်ရှိခဲ့ပြီး မင်းသမီး Brie Larson က အဓိက သရုပ်ဆောင်ခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ သူမဟာ Endgame မှာလည်း ပါဝင်ခဲ့တာကြောင့် Captain Marvel လို့ ပြောလိုက်တာနဲ့ Larson ကိုပဲ ပြေးမြင်မိကြပါတယ်။ ဒါပေမယ့်လည်း ရုပ်ရှင်အဖြစ် မရိုက်ကူးခင်မှာ Captain Marvel ဇာတ်ကောင်အတွက် တစ်ခြားသရုပ်ဆောင်တွေကိုလည်း ထုံးစံအတိုင်း ကမ်းလှမ်းခဲ့ကြပါသေးတယ်။ အဲ့ဒါကြောင့် ဒီတစ်ခါမှာတော့ Captain Marvel နေရာမှာ သရုပ်ဆောင်ဖို့အတွက် နီးစပ်ခဲ့ကြသူများနဲ့ ကမ်းလှမ်းခံခဲ့ရသူများကို ဖော်ပြပေးချင်ပါတယ်။

(1) Natalie Dormer
photo via screenrant

Dormer ကတော့ Game of Thrones ထဲမှာ Margaery Tyrell ဆိုတဲ့ ဇာတ်ကောင်နေရာမှာ သရုပ်ဆောင်ခဲ့ပြီးတော့ Hunger Games ဇာတ်ကားတွေထဲမှာလည်း ပါဝင်ခဲ့ပါတယ်။ မူလတုန်းကတော့ Carol Danvers နေရာမှာ သရုပ်ဆောင်ဖို့အတွက် ထုတ်လုပ်သူတွေဟာ သူမကို စဉ်းစားခဲ့ကြပါသေးတယ်။ ဒါပေမယ့်လည်း သူမဟာ Captain America: The First Avenger ထဲမှာ ဇာတ်ရန်နေရာက ပါဝင်ဖူးတာကြောင့် MCU အတွက် အနည်းငယ်ပြဿနာလေးတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။ အဲ့ဒီအချက်ကြောင့်ပဲ တစ်ခြားသရုပ်ဆောင်ကို ရှာဖွေရပါတော့တယ်။

(2) Rebecca Ferguson
photo via screenrant

Rebecca ကတော့ ဆွီဒင် သရုပ်ဆောင်တစ်ယောက် ဖြစ်ပြီးတော့ Mission Impossible ဇာတ်လမ်းတွေထဲမှာ MI6 အေးဂျင့် Ilsa Faust နေရာမှာ ပါဝင်သရုပ်ဆောင်ထားပါတယ်။ Marvel ဟာ သူမကိုလည်း Carol နေရာမှာ သရုပ်ဆောင်ခိုင်းဖို့ စဉ်းစားခဲ့ပေမယ့်လည်း နောက်ပိုင်းမှာတော့ အကြောင်းအမျိူးမျိူးကြောင့် မကမ်းလှမ်းဖြစ်ခဲ့ပါဘူး။ အဲ့ဒါကြောင့်ပဲ သူမဟာ ၂၀၂၁ခုနှစ်မှာ ထွက်ရှိလာမယ့် Dune ဆိုတဲ့ဇာတ်ကားမှာ သရုပ်ဆောင်ခဲ့ပါတယ်။

(3) Katee Sackhoff
photo via screenrant

ထုတ်လုပ်သူတွေဟာ Katee ကိုလည်း Captain Marvel နေရာမှာ သရုပ်ဆောင်ခိုင်းဖို့ စဉ်းစားခဲ့ကြပေမယ့်လည်း နောက်ဆုံးမှာတော့ Brie Larson ကိုပဲ ကမ်းလှမ်းဖြစ်သွားခဲ့ပါတယ်။ သူမကလည်း sci-fi ဇာတ်လမ်းအများစုမှာ ပါဝင်ခဲ့ဖူးပြီးတော့ Star Wars နဲ့ ပတ်သက်တဲ့ တီဗွီစီးရီးတွေထဲမှာလည်း ပါဝင်ခဲ့ဖူးပါသေးတယ်။

(4) Yvonne Strahovski
photo via screenrant

Yvonne ကလည်း Captain Marvel နေရာမှာ သရုပ်ဆောင်ဖို့အတွက် စဉ်းစားခံခဲ့ရတဲ့သူတွေထဲက တစ်ယောက်ဖြစ်ပါတယ်။ ဒါပေမယ့်လည်း သူမဟာ Dexter ၊ Chuck ၊ The Handmaid’s Tale နဲ့ 24: Live Another Day တို့လို ဇာတ်လမ်းတွဲတွေထဲမှာ ပါဝင်သရုပ်ဆောင်ထားသူ ဖြစ်တာကြောင့် MCU လိုမျိူး ဇာတ်ကားတွေ အများကြီးအတွက် အချိန်မပေးနိုင်လောက်ဘူးလို့ ယူဆကာ မကမ်းလှမ်းခဲ့တာပဲ ဖြစ်ပါတယ်။

(5) Emily Blunt
photo via screenrant

Brie Larson ဟာ Captain Marvel ဇာတ်ကောင်ကို မရရှိခင်တုန်းက Marvel က Emily ကို ကမ်းလှမ်းခဲ့ပါသေးတယ်။ ဒီဇာတ်ကောင်တစ်ခုတည်း မဟုတ်ဘဲ Black Widow ဇာတ်ကောင်နဲ့ Peggy Carter ဇာတ်ကောင်တို့မှာပါ သရုပ်ဆောင်ဖို့အတွက် ကမ်းလှမ်းခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း သူမကတော့ သရုပ်ဆောင်ဖို့အတွက် ငြင်းပယ်ခဲ့ပါတယ်။

ဒါကတော့ Captain Marvel ဇာတ်ကောင်နေရာမှာ သရုပ်ဆောင်ဖို့ လျာထားခဲ့ဖူးသူတွေ ဖြစ်ပါတယ်။ တကယ်လို့ ဒီဇာတ်ရုပ်ဟာ Brie Larson နဲ့သာ မဟုတ်ခဲ့ရင် တစ်ခြားဘယ်သူနဲ့ လိုက်ဖက်မယ်ဆိုတာ စာဖတ်သူတို့ရဲ့ အမြင်ကိုလည်း ပြောပြခဲ့ပါဦး။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

Captain Marvel ဇာတ္ကားဟာ ၂၀၁၉ခုႏွစ္မွာ ထြက္ရွိခဲ့ၿပီး မင္းသမီး Brie Larson က အဓိက သ႐ုပ္ေဆာင္ခဲ့ပါတယ္။ အဲ့ဒီေနာက္မွာေတာ့ သူမဟာ Endgame မွာလည္း ပါဝင္ခဲ့တာေၾကာင့္ Captain Marvel လို႔ ေျပာလိုက္တာနဲ႔ Larson ကိုပဲ ေျပးျမင္မိၾကပါတယ္။ ဒါေပမယ့္လည္း ႐ုပ္ရွင္အျဖစ္ မ႐ိုက္ကူးခင္မွာ Captain Marvel ဇာတ္ေကာင္အတြက္ တစ္ျခားသ႐ုပ္ေဆာင္ေတြကိုလည္း ထုံးစံအတိုင္း ကမ္းလွမ္းခဲ့ၾကပါေသးတယ္။ အဲ့ဒါေၾကာင့္ ဒီတစ္ခါမွာေတာ့ Captain Marvel ေနရာမွာ သ႐ုပ္ေဆာင္ဖို႔အတြက္ နီးစပ္ခဲ့ၾကသူမ်ားနဲ႔ ကမ္းလွမ္းခံခဲ့ရသူမ်ားကို ေဖာ္ျပေပးခ်င္ပါတယ္။

(1) Natalie Dormer
photo via screenrant

Dormer ကေတာ့ Game of Thrones ထဲမွာ Margaery Tyrell ဆိုတဲ့ ဇာတ္ေကာင္ေနရာမွာ သ႐ုပ္ေဆာင္ခဲ့ၿပီးေတာ့ Hunger Games ဇာတ္ကားေတြထဲမွာလည္း ပါဝင္ခဲ့ပါတယ္။ မူလတုန္းကေတာ့ Carol Danvers ေနရာမွာ သ႐ုပ္ေဆာင္ဖို႔အတြက္ ထုတ္လုပ္သူေတြဟာ သူမကို စဥ္းစားခဲ့ၾကပါေသးတယ္။ ဒါေပမယ့္လည္း သူမဟာ Captain America: The First Avenger ထဲမွာ ဇာတ္ရန္ေနရာက ပါဝင္ဖူးတာေၾကာင့္ MCU အတြက္ အနည္းငယ္ျပႆနာေလးေတြ ျဖစ္ေပၚလာႏိုင္ပါတယ္။ အဲ့ဒီအခ်က္ေၾကာင့္ပဲ တစ္ျခားသ႐ုပ္ေဆာင္ကို ရွာေဖြရပါေတာ့တယ္။

(2) Rebecca Ferguson
photo via screenrant

Rebecca ကေတာ့ ဆြီဒင္ သ႐ုပ္ေဆာင္တစ္ေယာက္ ျဖစ္ၿပီးေတာ့ Mission Impossible ဇာတ္လမ္းေတြထဲမွာ MI6 ေအးဂ်င့္ Ilsa Faust ေနရာမွာ ပါဝင္သ႐ုပ္ေဆာင္ထားပါတယ္။ Marvel ဟာ သူမကိုလည္း Carol ေနရာမွာ သ႐ုပ္ေဆာင္ခိုင္းဖို႔ စဥ္းစားခဲ့ေပမယ့္လည္း ေနာက္ပိုင္းမွာေတာ့ အေၾကာင္းအမ်ိဴးမ်ိဴးေၾကာင့္ မကမ္းလွမ္းျဖစ္ခဲ့ပါဘူး။ အဲ့ဒါေၾကာင့္ပဲ သူမဟာ ၂၀၂၁ခုႏွစ္မွာ ထြက္ရွိလာမယ့္ Dune ဆိုတဲ့ဇာတ္ကားမွာ သ႐ုပ္ေဆာင္ခဲ့ပါတယ္။

(3) Katee Sackhoff
photo via screenrant

ထုတ္လုပ္သူေတြဟာ Katee ကိုလည္း Captain Marvel ေနရာမွာ သ႐ုပ္ေဆာင္ခိုင္းဖို႔ စဥ္းစားခဲ့ၾကေပမယ့္လည္း ေနာက္ဆုံးမွာေတာ့ Brie Larson ကိုပဲ ကမ္းလွမ္းျဖစ္သြားခဲ့ပါတယ္။ သူမကလည္း sci-fi ဇာတ္လမ္းအမ်ားစုမွာ ပါဝင္ခဲ့ဖူးၿပီးေတာ့ Star Wars နဲ႔ ပတ္သက္တဲ့ တီဗြီစီးရီးေတြထဲမွာလည္း ပါဝင္ခဲ့ဖူးပါေသးတယ္။

(4) Yvonne Strahovski
photo via screenrant

Yvonne ကလည္း Captain Marvel ေနရာမွာ သ႐ုပ္ေဆာင္ဖို႔အတြက္ စဥ္းစားခံခဲ့ရတဲ့သူေတြထဲက တစ္ေယာက္ျဖစ္ပါတယ္။ ဒါေပမယ့္လည္း သူမဟာ Dexter ၊ Chuck ၊ The Handmaid’s Tale နဲ႔ 24: Live Another Day တို႔လို ဇာတ္လမ္းတြဲေတြထဲမွာ ပါဝင္သ႐ုပ္ေဆာင္ထားသူ ျဖစ္တာေၾကာင့္ MCU လိုမ်ိဴး ဇာတ္ကားေတြ အမ်ားႀကီးအတြက္ အခ်ိန္မေပးႏိုင္ေလာက္ဘူးလို႔ ယူဆကာ မကမ္းလွမ္းခဲ့တာပဲ ျဖစ္ပါတယ္။

(5) Emily Blunt
photo via screenrant

Brie Larson ဟာ Captain Marvel ဇာတ္ေကာင္ကို မရရွိခင္တုန္းက Marvel က Emily ကို ကမ္းလွမ္းခဲ့ပါေသးတယ္။ ဒီဇာတ္ေကာင္တစ္ခုတည္း မဟုတ္ဘဲ Black Widow ဇာတ္ေကာင္နဲ႔ Peggy Carter ဇာတ္ေကာင္တို႔မွာပါ သ႐ုပ္ေဆာင္ဖို႔အတြက္ ကမ္းလွမ္းခဲ့တာ ျဖစ္ပါတယ္။ ဒါေပမယ့္လည္း သူမကေတာ့ သ႐ုပ္ေဆာင္ဖို႔အတြက္ ျငင္းပယ္ခဲ့ပါတယ္။

ဒါကေတာ့ Captain Marvel ဇာတ္ေကာင္ေနရာမွာ သ႐ုပ္ေဆာင္ဖို႔ လ်ာထားခဲ့ဖူးသူေတြ ျဖစ္ပါတယ္။ တကယ္လို႔ ဒီဇာတ္႐ုပ္ဟာ Brie Larson နဲ႔သာ မဟုတ္ခဲ့ရင္ တစ္ျခားဘယ္သူနဲ႔ လိုက္ဖက္မယ္ဆိုတာ စာဖတ္သူတို႔ရဲ႕ အျမင္ကိုလည္း ေျပာျပခဲ့ပါဦး။

Legos

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular