HomeCelebs Update NewsInternationalအယ်လ်ဘမ်အသစ်ထဲမှာ Cardi B နဲ့ collab လုပ်ထားတဲ့ BLACKPINK အဖွဲ့ 

အယ်လ်ဘမ်အသစ်ထဲမှာ Cardi B နဲ့ collab လုပ်ထားတဲ့ BLACKPINK အဖွဲ့ 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

BLACKPINK အဖွဲ့ဟာ နိုင်ငံတကာမှာ အောင်မြင်နေတဲ့ ပေါ့ပ်စတားတွေနဲ့ collab လုပ်ရာမှာ အခုတစ်ခါမှာလည်း ရက်ပ်အဆိုတော် Cardi B နဲ့ တွဲဖက်ပြီး သီချင်းတစ်ပုဒ် ထပ်လုပ်ထားပါသေးတယ်။

“Bet You Wanna” လို့ အမည်ပေးထားတဲ့ အဆိုပါသီချင်းကိုတော့ BLACKPINK နဲ့ Cardi B က တွဲဖက်သီဆိုထားတာဖြစ်ပြီး လုံးဝအမြူး၊ အလွင့်ဖြစ်နေမယ်ဆိုတာ စဉ်းစားကြည့်ရုံနဲ့ ရင်ခုန်စရာ ဖြစ်ပါတယ်။ ဒီသီချင်းကိုတော့ ဒီကနေ့ အောက်တိုဘာလ(၂)ရက်နေ့မှာ ထွက်ရှိလာတဲ့ BLACKPINK ရဲ့ ပထမဆုံး စတူဒီယိုအယ်လ်ဘမ်ထဲမှာ ထည့်သွင်းထားတာ ဖြစ်ပါတယ်။

Photo: blackpinkofficial/ Instagram

BLACKPINK အဖွဲ့နဲ့ collab လုပ်မယ့်အကြောင်းကိုတော့ Cardi B ဟာ ပြီးခဲ့တဲ့ စက်တင်ဘာလ(၂၈)ရက်နေ့က သူမရဲ့တွစ်တာစာမျက်နှာမှာ “Bardipink in your area” လို့ ပို့စ်တင်ပြီး အသိပေးခဲ့တာ ဖြစ်ပါတယ်။ “Bet You Wanna” ဟာ  အင်္ဂလိပ်လိုချည်းပဲ သီဆိုထားတဲ့ သီချင်းတစ်ပုဒ်ဖြစ်ပြီး လောလောဆယ်မှာတော့ YouTube က official video ကို မြန်မာနိုင်ငံမှာ ကြည့်ရှုနားဆင်ခွင့် မရရှိသေးပါဘူး။

Photo: iamcardib/ Instagram

BLACKPINK ရဲ့ ယခုထွက်ရှိလာတဲ့ အယ်လ်ဘမ်ထဲမှာတော့ ဇွန်လက ထွက်ရှိခဲ့တဲ့ ဆင်ဂယ်လ်သီချင်း How You Like That လည်း ပါဝင်သလို Selena Gomez နဲ့ collab လုပ်ထားတဲ့ Ice Cream လည်း ပါဝင်ပါတယ်။ BLACKPINK အဖွဲ့ဟာ ဆင်ဂယ်လ်တွေ ထွက်နေတုန်းကလည်း ပရိသတ်တွေရဲ့ အားပေးမှုကို တခဲနက် ရရှိခဲ့သလို အခု အယ်လ်ဘမ် အချပ်လိုက် ထွက်လာတဲ့အခါမှာလည်း အရင်ကထက် ပိုတဲ့ အားပေးမှုတွေ ရရှိဦးမယ်ဆိုတာ တင်ပြရင်း …။

Glasgow

Source: hollywood life

(Zawgyi Version)

BLACKPINK အဖြဲ႕ဟာ ႏိုင္ငံတကာမွာ ေအာင္ျမင္ေနတဲ့ ေပါ့ပ္စတားေတြနဲ႔ collab လုပ္ရာမွာ အခုတစ္ခါမွာလည္း ရက္ပ္အဆိုေတာ္ Cardi B နဲ႔ တြဲဖက္ၿပီး သီခ်င္းတစ္ပုဒ္ ထပ္လုပ္ထားပါေသးတယ္။

“Bet You Wanna” လို႔ အမည္ေပးထားတဲ့ အဆိုပါသီခ်င္းကိုေတာ့ BLACKPINK နဲ႔ Cardi B က တြဲဖက္သီဆိုထားတာျဖစ္ၿပီး လုံးဝအျမဴး၊ အလြင့္ျဖစ္ေနမယ္ဆိုတာ စဥ္းစားၾကည့္႐ုံနဲ႔ ရင္ခုန္စရာ ျဖစ္ပါတယ္။ ဒီသီခ်င္းကိုေတာ့ ဒီကေန႔ ေအာက္တိုဘာလ(၂)ရက္ေန႔မွာ ထြက္ရွိလာတဲ့ BLACKPINK ရဲ႕ ပထမဆုံး စတူဒီယိုအယ္လ္ဘမ္ထဲမွာ ထည့္သြင္းထားတာ ျဖစ္ပါတယ္။

Photo: blackpinkofficial/ Instagram

BLACKPINK အဖြဲ႕နဲ႔ collab လုပ္မယ့္အေၾကာင္းကိုေတာ့ Cardi B ဟာ ၿပီးခဲ့တဲ့ စက္တင္ဘာလ(၂၈)ရက္ေန႔က သူမရဲ႕တြစ္တာစာမ်က္ႏွာမွာ “Bardipink in your area” လို႔ ပို႔စ္တင္ၿပီး အသိေပးခဲ့တာ ျဖစ္ပါတယ္။ “Bet You Wanna” ဟာ  အဂၤလိပ္လိုခ်ည္းပဲ သီဆိုထားတဲ့ သီခ်င္းတစ္ပုဒ္ျဖစ္ၿပီး ေလာေလာဆယ္မွာေတာ့ YouTube က official video ကို ျမန္မာႏိုင္ငံမွာ ၾကည့္ရႈနားဆင္ခြင့္ မရရွိေသးပါဘူး။

Photo: iamcardib/ Instagram

BLACKPINK ရဲ႕ ယခုထြက္ရွိလာတဲ့ အယ္လ္ဘမ္ထဲမွာေတာ့ ဇြန္လက ထြက္ရွိခဲ့တဲ့ ဆင္ဂယ္လ္သီခ်င္း How You Like That လည္း ပါဝင္သလို Selena Gomez နဲ႔ collab လုပ္ထားတဲ့ Ice Cream လည္း ပါဝင္ပါတယ္။ BLACKPINK အဖြဲ႕ဟာ ဆင္ဂယ္လ္ေတြ ထြက္ေနတုန္းကလည္း ပရိသတ္ေတြရဲ႕ အားေပးမႈကို တခဲနက္ ရရွိခဲ့သလို အခု အယ္လ္ဘမ္ အခ်ပ္လိုက္ ထြက္လာတဲ့အခါမွာလည္း အရင္ကထက္ ပိုတဲ့ အားေပးမႈေတြ ရရွိဦးမယ္ဆိုတာ တင္ျပရင္း …။

Glasgow

Source: hollywood life

RELATED ARTICLES

Most Popular