HomeCelebs Update NewsInternationalခင်ပွန်းသည် Offset နဲ့ ပြန်အဆင်ပြေသွားပြီလို့ ဆိုလာတဲ့ Cardi B 

ခင်ပွန်းသည် Offset နဲ့ ပြန်အဆင်ပြေသွားပြီလို့ ဆိုလာတဲ့ Cardi B 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Cardi B ဟာ သူမရဲ့ခင်ပွန်းသည် Offset နဲ့ ကွာရှင်းဖို့ စာရွက်စာတမ်းတွေ ပြင်ဆင်လျှောက်ထားပြီး တစ်လခန့်အကြာမှာတော့ နှစ်ယောက်သား ပြန်အဆင်ပြေသွားကြပြီလို့ ပြောလာပါတယ်။

Cardi ဟာ ခင်ပွန်းသည် Offset ကို နောက်တစ်ခါ အခွင့်အရေး ထပ်ပေးလိုက်ပြန်ပါပြီ။ သူမဟာ ပြီးခဲ့တဲ့လ စက်တင်ဘာလ(၁၅)ရက်နေ့တုန်းကတော့ Offset နဲ့ ပြန်လည်ညှိနှိုင်းဖို့ အစီအစဉ် လုံးဝမရှိဘူးဆိုပြီး ကွာရှင်းဖို့ စာရွက်စာတမ်းတွေပါ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ သို့ပေမယ့် သူမရဲ့(၂၈)နှစ်ပြည့်မွေးနေ့မှာ နှစ်ယောက်အတူ ဖြတ်သန်းပြီးသွားတဲ့အခါမှာတော့ အဖြစ်အပျက်တွေဟာ လေလိုပဲ ပြောင်းလဲသွားခဲ့ပြီလို့ ယူဆရမှာ ဖြစ်ပါတယ်။

Photo: iamcardib/ Instagram

ခင်ပွန်းသည်နဲ့ ပြန်အဆင်ပြေသွားပြီး ဘာကြောင့် ပြန်လက်ခံဖြစ်တာလည်းဆိုတာကိုတော့ သူမရဲ့ IG က Live တစ်ခုမှာ ပြောပြသွားတာ ဖြစ်ပါတယ်။ “လူတွေအများကြီးက ကျွန်မကို တိုက်ခိုက်နေကြတယ်။ ကျွန်မက အရူးမတစ်ယောက်ပါ။ ကျွန်မက ဒါတွေကို အာရုံစိုက်ခံချင်လို့ လုပ်နေတာဆိုပြီးတော့ လူတွေက ပြောကြတယ်။ ဒီနေ့ ပျော်နေတယ်ဆိုလည်း နောက်တစ်နေ့ကျရင် ကျွန်မ အကုန်ရိုက်ခွဲချင်စိတ်‌တွေ ဖြစ်လာရော။ ပြီးတော့ ကျွန်မစိတ်ထဲမှာ လွမ်းဆွတ်နေမိတယ်ဆိုတာကို မသိဘူးဖြစ်နေတာ… ” လို့ Cardi က အဆိုပါ live video မှာ ဆိုထားပါတယ်။

“ကိုယ့်ရဲ့အချစ်ဆုံးသူငယ်ချင်းကို စကားမပြောဘဲ နေရတာလည်း သိပ်ကိုခက်ခဲတယ်။ တကယ် ခက်ခဲတာ။ ပြီးတော့ အီကြာကွေးမရှိဘဲ နေရတာလည်း အရမ်းခက်ခဲတယ်။ ကျွန်မ bipolar ဖြစ်နေတာ မဟုတ်ဘူးနော်။ test လုပ်ကြည့်ပြီးပြီ …” လို့ ဆိုကာ သူမနဲ့ Offset ရဲ့ ကွဲလိုက်၊ ပြန်ပေါင်းလိုက် အခြေအနေကို သူများတွေက ပြောလာကြတဲ့အပေါ် တုံ့ပြန်ထားပါတယ်။

Photo: iamcardib/ Instagram

“မသိဘူး။ ကျွန်မက အရူးမပဲ။ ကျွန်မက ပစ္စည်းဥစ္စာတွေ မက်မောလို့ သူ့ကို ပြန်လက်ခံတာလို့ လူတွေက ပြောကြတယ် … ” လို့ ဆိုကာ သူမ မွေးနေ့မှာ Offset က Rolls Royce ကားကြီး မွေးနေ့လက်ဆောင်ပေးတာကို ရည်ညွှန်းထားပါတယ်။

Cardi ကတော့ ဒီလိုတန်ဖိုးကြီး မွေးနေ့လက်ဆောင်ကြောင့် Offset နဲ့အတူ ပြန်အိပ်မိတာ မဟုတ်ဘဲ သူမရဲ့မွေးနေ့မှာ အီကြာကွေး စားချင်လို့သာ အိပ်မိတာလို့ ဆိုပါတယ်။ “ကျွန်မ မွေးနေ့မှာတော့ အီကြာကွေး လိုချင်မိတယ်လေ။ တကယ်ပြောတာ … ” လို့ ဆိုပါတယ်။

Photo: iamcardib/ Instagram

ဒါ့အပြင် သူမတို့နှစ်ယောက်ရဲ့ အိမ်ထောင်ရေးဟာ တစ်ခြားနာမည်ကြီး စုံတွဲလင်မယားတွေလိုပဲ သာမန်သာ ဖြစ်ပါတယ်လို့ ဆိုပါသေးတယ်။ “ကျွန်မတို့လည်း သာမန်လူတွေပါပဲ။ အသက်ငယ်ငယ်နဲ့ အိမ်ထောင်ပြုပြီး အခုလိုတွေ ဖြစ်လာတာပေါ့။ တစ်ခြား အလုပ်မဖြစ်တဲ့ အိမ်ထောင်ရေးတွေလိုပါပဲ။ အတူတူပဲ … ” လို့ ဆိုပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် အချစ်နဲ့အမုန်းဆိုရင် ချစ်နေတာက ပိုပြီးငြိမ်းချမ်းတာကြောင့် Cardi တစ်ယောက်လည်း သူမရဲ့အချစ်ရှိရာမှာ ငြိမ်းချမ်းစွာ ဆက်လက်နေထိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Glasgow

Source: hollywood life

(Zawgyi Version)

Cardi B ဟာ သူမရဲ႕ခင္ပြန္းသည္ Offset နဲ႔ ကြာရွင္းဖို႔ စာ႐ြက္စာတမ္းေတြ ျပင္ဆင္ေလွ်ာက္ထားၿပီး တစ္လခန႔္အၾကာမွာေတာ့ ႏွစ္ေယာက္သား ျပန္အဆင္ေျပသြားၾကၿပီလို႔ ေျပာလာပါတယ္။

Cardi ဟာ ခင္ပြန္းသည္ Offset ကို ေနာက္တစ္ခါ အခြင့္အေရး ထပ္ေပးလိုက္ျပန္ပါၿပီ။ သူမဟာ ၿပီးခဲ့တဲ့လ စက္တင္ဘာလ(၁၅)ရက္ေန႔တုန္းကေတာ့ Offset နဲ႔ ျပန္လည္ညႇိႏႈိင္းဖို႔ အစီအစဥ္ လုံးဝမရွိဘူးဆိုၿပီး ကြာရွင္းဖို႔ စာ႐ြက္စာတမ္းေတြပါ ျပဳလုပ္ခဲ့တာ ျဖစ္ပါတယ္။ သို႔ေပမယ့္ သူမရဲ႕(၂၈)ႏွစ္ျပည့္ေမြးေန႔မွာ ႏွစ္ေယာက္အတူ ျဖတ္သန္းၿပီးသြားတဲ့အခါမွာေတာ့ အျဖစ္အပ်က္ေတြဟာ ေလလိုပဲ ေျပာင္းလဲသြားခဲ့ၿပီလို႔ ယူဆရမွာ ျဖစ္ပါတယ္။

Photo: iamcardib/ Instagram

ခင္ပြန္းသည္နဲ႔ ျပန္အဆင္ေျပသြားၿပီး ဘာေၾကာင့္ ျပန္လက္ခံျဖစ္တာလည္းဆိုတာကိုေတာ့ သူမရဲ႕ IG က Live တစ္ခုမွာ ေျပာျပသြားတာ ျဖစ္ပါတယ္။ “လူေတြအမ်ားႀကီးက ကြၽန္မကို တိုက္ခိုက္ေနၾကတယ္။ ကြၽန္မက အ႐ူးမတစ္ေယာက္ပါ။ ကြၽန္မက ဒါေတြကို အာ႐ုံစိုက္ခံခ်င္လို႔ လုပ္ေနတာဆိုၿပီးေတာ့ လူေတြက ေျပာၾကတယ္။ ဒီေန႔ ေပ်ာ္ေနတယ္ဆိုလည္း ေနာက္တစ္ေန႔က်ရင္ ကြၽန္မ အကုန္႐ိုက္ခြဲခ်င္စိတ္‌ေတြ ျဖစ္လာေရာ။ ၿပီးေတာ့ ကြၽန္မစိတ္ထဲမွာ လြမ္းဆြတ္ေနမိတယ္ဆိုတာကို မသိဘူးျဖစ္ေနတာ… ” လို႔ Cardi က အဆိုပါ live video မွာ ဆိုထားပါတယ္။

“ကိုယ့္ရဲ႕အခ်စ္ဆုံးသူငယ္ခ်င္းကို စကားမေျပာဘဲ ေနရတာလည္း သိပ္ကိုခက္ခဲတယ္။ တကယ္ ခက္ခဲတာ။ ၿပီးေတာ့ အီၾကာေကြးမရွိဘဲ ေနရတာလည္း အရမ္းခက္ခဲတယ္။ ကြၽန္မ bipolar ျဖစ္ေနတာ မဟုတ္ဘူးေနာ္။ test လုပ္ၾကည့္ၿပီးၿပီ …” လို႔ ဆိုကာ သူမနဲ႔ Offset ရဲ႕ ကြဲလိုက္၊ ျပန္ေပါင္းလိုက္ အေျခအေနကို သူမ်ားေတြက ေျပာလာၾကတဲ့အေပၚ တုံ႔ျပန္ထားပါတယ္။

Photo: iamcardib/ Instagram

“မသိဘူး။ ကြၽန္မက အ႐ူးမပဲ။ ကြၽန္မက ပစၥည္းဥစၥာေတြ မက္ေမာလို႔ သူ႔ကို ျပန္လက္ခံတာလို႔ လူေတြက ေျပာၾကတယ္ … ” လို႔ ဆိုကာ သူမ ေမြးေန႔မွာ Offset က Rolls Royce ကားႀကီး ေမြးေန႔လက္ေဆာင္ေပးတာကို ရည္ၫႊန္းထားပါတယ္။

Cardi ကေတာ့ ဒီလိုတန္ဖိုးႀကီး ေမြးေန႔လက္ေဆာင္ေၾကာင့္ Offset နဲ႔အတူ ျပန္အိပ္မိတာ မဟုတ္ဘဲ သူမရဲ႕ေမြးေန႔မွာ အီၾကာေကြး စားခ်င္လို႔သာ အိပ္မိတာလို႔ ဆိုပါတယ္။ “ကြၽန္မ ေမြးေန႔မွာေတာ့ အီၾကာေကြး လိုခ်င္မိတယ္ေလ။ တကယ္ေျပာတာ … ” လို႔ ဆိုပါတယ္။

Photo: iamcardib/ Instagram

ဒါ့အျပင္ သူမတို႔ႏွစ္ေယာက္ရဲ႕ အိမ္ေထာင္ေရးဟာ တစ္ျခားနာမည္ႀကီး စုံတြဲလင္မယားေတြလိုပဲ သာမန္သာ ျဖစ္ပါတယ္လို႔ ဆိုပါေသးတယ္။ “ကြၽန္မတို႔လည္း သာမန္လူေတြပါပဲ။ အသက္ငယ္ငယ္နဲ႔ အိမ္ေထာင္ျပဳၿပီး အခုလိုေတြ ျဖစ္လာတာေပါ့။ တစ္ျခား အလုပ္မျဖစ္တဲ့ အိမ္ေထာင္ေရးေတြလိုပါပဲ။ အတူတူပဲ … ” လို႔ ဆိုပါတယ္။

ဘယ္လိုပဲျဖစ္ျဖစ္ အခ်စ္နဲ႔အမုန္းဆိုရင္ ခ်စ္ေနတာက ပိုၿပီးၿငိမ္းခ်မ္းတာေၾကာင့္ Cardi တစ္ေယာက္လည္း သူမရဲ႕အခ်စ္ရွိရာမွာ ၿငိမ္းခ်မ္းစြာ ဆက္လက္ေနထိုင္ႏိုင္ပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

Glasgow

Source: hollywood life

 

RELATED ARTICLES

Most Popular