HomeEntertainmentFilmBella Ramsey ၊ Andrew Scott နဲ့ Joe Alwyn တို့ရဲ့ရုပ်ရှင်သစ် Catherine Called Birdy

Bella Ramsey ၊ Andrew Scott နဲ့ Joe Alwyn တို့ရဲ့ရုပ်ရှင်သစ် Catherine Called Birdy

ပရိသတ်အချစ်တော် Game of Thrones သရုပ်ဆောင်လေး Bella Ramsey နဲ့အတူ ဝါရင့်သရုပ်ဆောင် Andrew Scott ၊ ဗြိတိန်သရုပ်ဆောင် Joe Alwyn တို့ကိုတော့ အလယ်ခေတ် ဟာသဒရာမာဖြစ်တဲ့ Catherine Called Birdy ဆိုတဲ့ ရုပ်ရှင်အသစ်မှာ မြင်တွေ့ရတော့မှာ ဖြစ်ပါတယ်။

ဇာတ်လမ်းကတော့ ၁၉၉၄ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ စာရေးသူ Karen Cushman ရဲ့ Catherine, Called Birdy ဆိုတဲ့ ဝတ္ထုကို အခြေခံပြီး ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဒီစာအုပ်ကတော့ အနောက်တိုင်းက ကလေးတွေကြားမှာ အလွန်ရေပန်းစားတဲ့ စာအုပ်တစ်အုပ်ဖြစ်ပြီး ဒါရိုက်တာ Lena Dunham က ရိုက်ကူးပေးထားပါတယ်။

Photo Credit: amazon prime

ဇာတ်လမ်းကတော့ အလယ်ခေတ်ဖြစ်တဲ့ ၁၂၉၀ ခုနှစ်ဝန်းကျင်က အင်္ဂလန်နိုင်ငံမှာ အခြေတည်ထားပါတယ်။ Birdy လို့လည်း ချစ်စနိုးခေါ်ကြတဲ့ Lady Catherine ဟာ တစ်နေ့မှာတော့ ဖခင်ဖြစ်သူရဲ့ ငွေကြေးလိုအပ်ချက်ကြောင့် ချမ်းသာကြွယ်ဝတဲ့ သူဌေးတစ်ယောက်နဲ့ လက်ထပ်ဖို့ တွန်းအားပေးခံရပါတယ်။ Birdy ကတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီး သူ့မိဘတွေနဲ့လည်း အတိုက်အခံဖြစ်နေသလို မိဘတွေနဲ့ အဲဒီခေတ်က လူမှုအသိုင်းအဝိုင်းရဲ့ သတ်မှတ်ချက်တွေကို စိန်ခေါ်လိုက်ပါတော့တယ်။

အဓိကဇာတ်ကောင်ဖြစ်တဲ့ Birdy နေရာမှာတော့ Game of Thrones မင်းသမီးလေး Bella Ramsey က သရုပ်ဆောင်ထားပါတယ်။ ဒီဇာတ်ကောင်ဟာလည်း Game of Thrones ထဲက Lyanna Mormont လိုပဲ စိတ်ဓာတ်ကြံ့ခိုင်သန်မာသူ ဖြစ်ပြီး အသိဉာဏ်ပညာပိုင်းမှာလည်း သူမ ကြီးပြင်းရတဲ့ခေတ်ထက် ရှေ့ပြေးနေသူ ဖြစ်ပါတယ်။

Catherine Called Birdy ရုပ်ရှင်ကိုတော့ စက်တင်ဘာလဆန်းပိုင်းမှာ Toronto International Film Festival မှာ အထူးပွဲပြသသွားမှာ ဖြစ်ပြီး စက်တင်ဘာလ (၂၃)ရက်နေ့မှာတော့ သတ်မှတ်ထားတဲ့ ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသသွားမယ်လို့ သိရပါတယ်။ အဲဒီနောက် အောက်တိုဘာလ (၇)ရက်နေ့မှာတော့ Amazon Prime Video ကနေ streaming ပြသသွားမှာ ဖြစ်ပါတယ်။

Vancouver

Source: people

RELATED ARTICLES

Most Popular