HomeCelebs Update NewsInternationalသင်မသိသေးတဲ့ ကမ္ဘာကျော်ဆယ်လီတွေရဲ့ မောင်နှမအချောအလှလေးများ

သင်မသိသေးတဲ့ ကမ္ဘာကျော်ဆယ်လီတွေရဲ့ မောင်နှမအချောအလှလေးများ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

နာမည်ကျော် လူကြိုက်များတဲ့ ကမ္ဘာကျော်ဆယ်လီတွေမှာ သူတို့လိုပဲ ရုပ်ရည်ချောမော ပြေပြစ်တဲ့ ညီကိုမောင်နှမတွေ ရှိနေတတ်ကြပါတယ်။ တစ်အူတုံဆင်း ညီအစ်ကိုမောင်နှမတွေ ဖြစ်ကြတဲ့အတိုင်းပဲ ရုပ်ခံကတော့ နည်းနည်းလေးမှ မလျော့တဲ့ ကမ္ဘာကျော်တွေရဲ့ မောင်နှမ အချောအလှလေးတွေကတော့ အောက်ပါအတိုင်းပါပဲ။

Dylan Efron နဲ့ Zac Efron
photo via inspiredot

Zac Efron ဟာ နာမည်ကြီး လူကြိုက်များတဲ့ သရုပ်ဆောင်တစ်ယောက် ဖြစ်ပြီး မိန်းကလေးအများစုရဲ့ အသည်းစွဲ မင်းသားတစ်လက်လည်း ဖြစ်ပါတယ်။ Zac မှာ သူ့ထက်လေးနှစ်ငယ်တဲ့ Dylan Efron ဆိုတဲ့ ညီတစ်ယောက်လည်း ရှိပါတယ်။ လူအများစုဟာ အစ်ကိုကြီးဖြစ်တဲ့ Zac ကိုပဲ သိကြတာကြောင့် သူ့ရဲ့ရူပါက ချောမောခန့်ငြားတာကို သိထားကြပေမယ့် ညီဖြစ်သူ Dylan ကလည်း ရူပါမှာ မချူချာဘူးဆိုတာကို နှစ်ယောက်တွဲဓာတ်ပုံတွေကနေ သိနိုင်ကြပါလိမ့်မယ်။ သူတို့ညီအစ်ကိုနှစ်ယောက်ရဲ့ ထူးခြားတဲ့ နောက်အချက်တစ်ခုကတော့ Zac Efron ဟာ High School Musical ထဲက တွဲဖက်သရုပ်ဆောင် မင်းသမီး Venessa Hudgens နဲ့ တွဲခဲ့သလို Dylan ကလည်း Venessa နဲ့ညီအစ်မတော်စပ်တဲ့ Stella Hudgens နဲ့ တွဲခဲ့တယ်ဆိုတာပါပဲ။

Mary-Kate ၊ Ashley နဲ့ Elizabeth Olsen
photo via inspiredot

သူတို့ညီအစ်မသုံးယောက်ထဲမှာ Elizabeth ဟာ အငယ်ဆုံးဖြစ်ပြီးတော့ Ashley နဲ့ Mary-Kate ကတော့ အမွှာညီအစ်မတွေ ဖြစ်ကြပါတယ်။ အမွှာညီအစ်မနှစ်ယောက်ဟာ ရုပ်ရှင်လောကဘက်မှာ ကြိုးစားခဲ့ဖူးပေမယ့် ထင်သလောက် မအောင်မြင်ခဲ့ကြပါဘူး။ အဲ့ဒီနောက်မှာတော့ Elizabeth ဟာ ရုပ်ရှင်လောကထဲကို ဝင်ရောက်လာခဲ့ပြီး သူမရဲ့ကြိုးစားမှုတွေကြောင့် ရုပ်ရှင်အကဲဖြတ်တွေရဲ့ ချီးမွမ်းမှုတွေကို ရရှိခဲ့ပါတယ်။ ဒီလိုနဲ့ ပိုကောင်းတဲ့ဇာတ်ရုပ်တွေမှာ သရုပ်ဆောင်လာရသလို သရုပ်ဆောင်ကြေးတွေကလည်း ပိုမြင့်မားလာခဲ့ပါတယ်။ မြန်မာပရိသတ်အများစုကတော့ Elizabeth Olsen ကို Avengers ဇာတ်ကားတွေထဲက Scarlet Witch ကာရိုက်တာနဲ့ ရင်းနှီးပြီးသား ဖြစ်ကြမှာပါ။ ကျန်တဲ့ Ashley နဲ့ Mary-Kate အမွှာညီအစ်မကတော့ စီးပွားရေးနယ်ပယ်ထဲကို ဝင်ရောက်နေပြီ ဖြစ်ပါတယ်။

Hunter Johansson နဲ့ Scarlett Johansson
photo via inspiredot

ဒီတစ်ခုကတော့ သင့်ကို အံ့ဩသွားစေမယ်လို့ ထင်ပါတယ်။ မင်းသမီးချော Scarlett Johansson မှာ တစ်ရက်တည်း အတူမွေးဖွားပြီး သုံးမိနစ်ကြီးတဲ့ အမွှာအစ်ကိုတစ်ယောက် ရှိပါတယ်။ သူတို့နှစ်ယောက်ဟာ အမွှာမောင်နှမတွေဖြစ်ပေမယ့်လည်း ကြီးပြင်းလာတဲ့အခါမှာတော့ မတူညီတဲ့ဘဝတွေကို ရရှိခဲ့ကြပါတယ်။ Hunter ဟာ သာမန်ဘဝနဲ့ နေထိုင်နေသူဖြစ်ပေမယ့် Scarlett ကတော့ ကမ္ဘာကျော်ဆယ်လီတစ်ယောက်အဖြစ် ဘဝကိုနေထိုင်ခဲ့ပါတယ်။ Scarlett ဟာ သူမရဲ့ ရုပ်ဖြောင့်တဲ့ အမွှာအစ်ကိုကို ပွဲတွေအတူတက်ပြီးတော့လည်း ပွဲထုတ်လေ့ရှိပါသေးတယ်။

Scott Evans နဲ့ Chris Evans
photo via inspiredot

နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းစွဲ မင်းသားချော Chris Evans မှာတော့ Scott Evans ဆိုတဲ့ ညီတစ်ယောက် ရှိပါတယ်။ အစ်ကိုလောက်တော့ မအောင်မြင်ပေမယ့် ညီဖြစ်သူ Scott ဟာလည်း အမေရိကန်သရုပ်ဆောင် မင်းသားတစ်လက် ဖြစ်ပါတယ်။ ညီအစ်ကိုနှစ်ယောက်စလုံးကို သိကြတဲ့ ပရိသတ်တွေကြားမှာတော့ နှစ်ယောက်ထဲမှာ ဘယ်သူက ပိုချောမောတယ်ဆိုတဲ့အကြောင်းကို အငြင်းအခုန်တွေ လုပ်လေ့ရှိကြပါသေးတယ်။ Scott Evans ရဲ့ မိန်းကလေးပရိသတ်တွေအတွက် ဝမ်းနည်းစရာတစ်ခုကတော့ သူဟာ ဂေးနေပါတယ်ဆိုပြီး တရားဝင် ဝန်ခံထားသူတစ်ယောက် ဖြစ်ပါတယ်။

Dave Franco နဲ့ James Franco
photo via inspiredot

နာမည်ကျော်မင်းသားတွေဖြစ်ကြတဲ့ Dave Franco နဲ့ James Franco တို့ဟာ အသက်(၇)နှစ်ကွာတဲ့ ညီအစ်ကိုအရင်းတွေ ဖြစ်ပါတယ်။ James ကိုတော့ Oz တို့၊ 127 hours ဇာတ်ကားတို့ကို ကြည့်ဖူးတဲ့သူတွေ သိကြမှာပါ။ အလားတူပဲ၊ Now you see me ဇာတ်ကားကို ကြည့်ဖူးတယ်ဆိုရင်တော့ Dave ကို သေချာပေါက် ရင်းနှီးပြီးသား ဖြစ်ကြမှာပါ။ နှစ်ယောက်လုံးဟာ နာမည်ကြီးသရုပ်ဆောင်တွေ ဖြစ်ကြတာကြောင့် ဘယ်သူက ပိုအောင်မြင်လည်းဆိုတာကတော့ ဘယ်သူ့ကို ပိုကြိုက်လည်းဆိုတာပေါ် မူတည်ပြီး အဖြေထွက်မှာ ဖြစ်ပါတယ်။

Alex Watson နဲ့ Emma Watson
photo via inspiredot

Harry Potter ပရိသတ်တွေရဲ့ အချစ်တော် မင်းသမီးလေး Emma Watson မှာလည်း Alex ဆိုတဲ့ မောင်တစ်ယောက် ရှိပါတယ်။ Alex ဟာ မော်ဒယ်လ်တစ်ယောက်ဖြစ်ပြီးတော့ သရုပ်ဆောင်တစ်ယောက်လည်း ဖြစ်ပါတယ်။ ဒါ့အပြင် Alex ဟာ ပထမဆုံး ထွက်ရှိခဲ့တဲ့ Harry Potter ဇာတ်ကားနှစ်ကားထဲမှာလည်း ပါဝင်ခဲ့ဖူးပါတယ်။ ပါဝင်ခဲ့တယ်ဆိုပေမယ့် အဲ့ဒီ့ Harry Potter နှစ်ကားကို ပြန်ပြီးကြည့်ရင်တောင်မှ သူ့ကို သတိထားမိဖို့အတွက် သိပ်မလွယ်ကူပါဘူး။ အကြောင်းကတော့ ကျောင်းသားတွေအများကြီး ထိုင်ပြီး စားသောက်နေကြတဲ့ ဇာတ်ဝင်ခန်းမျိုးတွေမှာ လူဖြည့်ပေးတဲ့သဘောလောက်ပဲ ပါဝင်ခဲ့ရလို့ ဖြစ်ပါတယ်။

ဒါကတော့ လူတွေ သိပ်မသိကြသေးတဲ့ နာမည်ကျော်ဆယ်လီတွေရဲ့ မောင်နှမတော်စပ်သူ အချောလေးတွေပါပဲ။ ဘယ်မောင်နှမတွေကို ချစ်လည်းဆိုတာ comment မှာ ပြောပေးခဲ့ပါဦး။

Lego Les

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi version)

နာမည္ေက်ာ္ လူႀကိဳက္မ်ားတဲ့ ကမာၻေက်ာ္ဆယ္လီေတြမွာ သူတို႔လိုပဲ ႐ုပ္ရည္ေခ်ာေမာ ေျပျပစ္တဲ့ ညီကိုေမာင္ႏွမေတြ ရွိေနတတ္ၾကပါတယ္။ တစ္အူတုံဆင္း ညီအစ္ကိုေမာင္ႏွမေတြ ျဖစ္ၾကတဲ့အတိုင္းပဲ ႐ုပ္ခံကေတာ့ နည္းနည္းေလးမွ မေလ်ာ့တဲ့ ကမာၻေက်ာ္ေတြရဲ႕ ေမာင္ႏွမ အေခ်ာအလွေလးေတြကေတာ့ ေအာက္ပါအတိုင္းပါပဲ။

Dylan Efron နဲ႔ Zac Efron
photo via inspiredot

Zac Efron ဟာ နာမည္ႀကီး လူႀကိဳက္မ်ားတဲ့ သ႐ုပ္ေဆာင္တစ္ေယာက္ ျဖစ္ၿပီး မိန္းကေလးအမ်ားစုရဲ႕ အသည္းစြဲ မင္းသားတစ္လက္လည္း ျဖစ္ပါတယ္။ Zac မွာ သူ႔ထက္ေလးႏွစ္ငယ္တဲ့ Dylan Efron ဆိုတဲ့ ညီတစ္ေယာက္လည္း ရွိပါတယ္။ လူအမ်ားစုဟာ အစ္ကိုႀကီးျဖစ္တဲ့ Zac ကိုပဲ သိၾကတာေၾကာင့္ သူ႔ရဲ႕႐ူပါက ေခ်ာေမာခန႔္ျငားတာကို သိထားၾကေပမယ့္ ညီျဖစ္သူ Dylan ကလည္း ႐ူပါမွာ မခ်ဴခ်ာဘူးဆိုတာကို ႏွစ္ေယာက္တြဲဓာတ္ပုံေတြကေန သိႏိုင္ၾကပါလိမ့္မယ္။ သူတို႔ညီအစ္ကိုႏွစ္ေယာက္ရဲ႕ ထူးျခားတဲ့ ေနာက္အခ်က္တစ္ခုကေတာ့ Zac Efron ဟာ High School Musical ထဲက တြဲဖက္သ႐ုပ္ေဆာင္ မင္းသမီး Venessa Hudgens နဲ႔ တြဲခဲ့သလို Dylan ကလည္း Venessa နဲ႔ညီအစ္မေတာ္စပ္တဲ့ Stella Hudgens နဲ႔ တြဲခဲ့တယ္ဆိုတာပါပဲ။

Mary-Kate ၊ Ashley နဲ႔ Elizabeth Olsen
photo via inspiredot

သူတို႔ညီအစ္မသုံးေယာက္ထဲမွာ Elizabeth ဟာ အငယ္ဆုံးျဖစ္ၿပီးေတာ့ Ashley နဲ႔ Mary-Kate ကေတာ့ အမႊာညီအစ္မေတြ ျဖစ္ၾကပါတယ္။ အမႊာညီအစ္မႏွစ္ေယာက္ဟာ ႐ုပ္ရွင္ေလာကဘက္မွာ ႀကိဳးစားခဲ့ဖူးေပမယ့္ ထင္သေလာက္ မေအာင္ျမင္ခဲ့ၾကပါဘူး။ အဲ့ဒီေနာက္မွာေတာ့ Elizabeth ဟာ ႐ုပ္ရွင္ေလာကထဲကို ဝင္ေရာက္လာခဲ့ၿပီး သူမရဲ႕ႀကိဳးစားမႈေတြေၾကာင့္ ႐ုပ္ရွင္အကဲျဖတ္ေတြရဲ႕ ခ်ီးမြမ္းမႈေတြကို ရရွိခဲ့ပါတယ္။ ဒီလိုနဲ႔ ပိုေကာင္းတဲ့ဇာတ္႐ုပ္ေတြမွာ သ႐ုပ္ေဆာင္လာရသလို သ႐ုပ္ေဆာင္ေၾကးေတြကလည္း ပိုျမင့္မားလာခဲ့ပါတယ္။ ျမန္မာပရိသတ္အမ်ားစုကေတာ့ Elizabeth Olsen ကို Avengers ဇာတ္ကားေတြထဲက Scarlet Witch ကာ႐ိုက္တာနဲ႔ ရင္းႏွီးၿပီးသား ျဖစ္ၾကမွာပါ။ က်န္တဲ့ Ashley နဲ႔ Mary-Kate အမႊာညီအစ္မကေတာ့ စီးပြားေရးနယ္ပယ္ထဲကို ဝင္ေရာက္ေနၿပီ ျဖစ္ပါတယ္။

Hunter Johansson နဲ႔ Scarlett Johansson
photo via inspiredot

ဒီတစ္ခုကေတာ့ သင့္ကို အံ့ဩသြားေစမယ္လို႔ ထင္ပါတယ္။ မင္းသမီးေခ်ာ Scarlett Johansson မွာ တစ္ရက္တည္း အတူေမြးဖြားၿပီး သုံးမိနစ္ႀကီးတဲ့ အမႊာအစ္ကိုတစ္ေယာက္ ရွိပါတယ္။ သူတို႔ႏွစ္ေယာက္ဟာ အမႊာေမာင္ႏွမေတြျဖစ္ေပမယ့္လည္း ႀကီးျပင္းလာတဲ့အခါမွာေတာ့ မတူညီတဲ့ဘဝေတြကို ရရွိခဲ့ၾကပါတယ္။ Hunter ဟာ သာမန္ဘဝနဲ႔ ေနထိုင္ေနသူျဖစ္ေပမယ့္ Scarlett ကေတာ့ ကမာၻေက်ာ္ဆယ္လီတစ္ေယာက္အျဖစ္ ဘဝကိုေနထိုင္ခဲ့ပါတယ္။ Scarlett ဟာ သူမရဲ႕ ႐ုပ္ေျဖာင့္တဲ့ အမႊာအစ္ကိုကို ပြဲေတြအတူတက္ၿပီးေတာ့လည္း ပြဲထုတ္ေလ့ရွိပါေသးတယ္။

Scott Evans နဲ႔ Chris Evans
photo via inspiredot

ႏႈတ္ခမ္းနီမေလးေတြရဲ႕ အသည္းစြဲ မင္းသားေခ်ာ Chris Evans မွာေတာ့ Scott Evans ဆိုတဲ့ ညီတစ္ေယာက္ ရွိပါတယ္။ အစ္ကိုေလာက္ေတာ့ မေအာင္ျမင္ေပမယ့္ ညီျဖစ္သူ Scott ဟာလည္း အေမရိကန္သ႐ုပ္ေဆာင္ မင္းသားတစ္လက္ ျဖစ္ပါတယ္။ ညီအစ္ကိုႏွစ္ေယာက္စလုံးကို သိၾကတဲ့ ပရိသတ္ေတြၾကားမွာေတာ့ ႏွစ္ေယာက္ထဲမွာ ဘယ္သူက ပိုေခ်ာေမာတယ္ဆိုတဲ့အေၾကာင္းကို အျငင္းအခုန္ေတြ လုပ္ေလ့ရွိၾကပါေသးတယ္။ Scott Evans ရဲ႕ မိန္းကေလးပရိသတ္ေတြအတြက္ ဝမ္းနည္းစရာတစ္ခုကေတာ့ သူဟာ ေဂးေနပါတယ္ဆိုၿပီး တရားဝင္ ဝန္ခံထားသူတစ္ေယာက္ ျဖစ္ပါတယ္။

Dave Franco နဲ႔ James Franco
photo via inspiredot

နာမည္ေက်ာ္မင္းသားေတြျဖစ္ၾကတဲ့ Dave Franco နဲ႔ James Franco တို႔ဟာ အသက္(၇)ႏွစ္ကြာတဲ့ ညီအစ္ကိုအရင္းေတြ ျဖစ္ပါတယ္။ James ကိုေတာ့ Oz တို႔၊ 127 hours ဇာတ္ကားတို႔ကို ၾကည့္ဖူးတဲ့သူေတြ သိၾကမွာပါ။ အလားတူပဲ၊ Now you see me ဇာတ္ကားကို ၾကည့္ဖူးတယ္ဆိုရင္ေတာ့ Dave ကို ေသခ်ာေပါက္ ရင္းႏွီးၿပီးသား ျဖစ္ၾကမွာပါ။ ႏွစ္ေယာက္လုံးဟာ နာမည္ႀကီးသ႐ုပ္ေဆာင္ေတြ ျဖစ္ၾကတာေၾကာင့္ ဘယ္သူက ပိုေအာင္ျမင္လည္းဆိုတာကေတာ့ ဘယ္သူ႔ကို ပိုႀကိဳက္လည္းဆိုတာေပၚ မူတည္ၿပီး အေျဖထြက္မွာ ျဖစ္ပါတယ္။

Alex Watson နဲ႔ Emma Watson
photo via inspiredot

Harry Potter ပရိသတ္ေတြရဲ႕ အခ်စ္ေတာ္ မင္းသမီးေလး Emma Watson မွာလည္း Alex ဆိုတဲ့ ေမာင္တစ္ေယာက္ ရွိပါတယ္။ Alex ဟာ ေမာ္ဒယ္လ္တစ္ေယာက္ျဖစ္ၿပီးေတာ့ သ႐ုပ္ေဆာင္တစ္ေယာက္လည္း ျဖစ္ပါတယ္။ ဒါ့အျပင္ Alex ဟာ ပထမဆုံး ထြက္ရွိခဲ့တဲ့ Harry Potter ဇာတ္ကားႏွစ္ကားထဲမွာလည္း ပါဝင္ခဲ့ဖူးပါတယ္။ ပါဝင္ခဲ့တယ္ဆိုေပမယ့္ အဲ့ဒီ့ Harry Potter ႏွစ္ကားကို ျပန္ၿပီးၾကည့္ရင္ေတာင္မွ သူ႔ကို သတိထားမိဖို႔အတြက္ သိပ္မလြယ္ကူပါဘူး။ အေၾကာင္းကေတာ့ ေက်ာင္းသားေတြအမ်ားႀကီး ထိုင္ၿပီး စားေသာက္ေနၾကတဲ့ ဇာတ္ဝင္ခန္းမ်ိဳးေတြမွာ လူျဖည့္ေပးတဲ့သေဘာေလာက္ပဲ ပါဝင္ခဲ့ရလို႔ ျဖစ္ပါတယ္။

ဒါကေတာ့ လူေတြ သိပ္မသိၾကေသးတဲ့ နာမည္ေက်ာ္ဆယ္လီေတြရဲ႕ ေမာင္ႏွမေတာ္စပ္သူ အေခ်ာေလးေတြပါပဲ။ ဘယ္ေမာင္ႏွမေတြကို ခ်စ္လည္းဆိုတာ comment မွာ ေျပာေပးခဲ့ပါဦး။

Lego Les

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular