HomeCelebs Update NewsInternationalနာမည်ကျော်ဆယ်လီတွေရဲ့ ငယ်ဘဝက ချစ်စရာပုံရိပ်များ 

နာမည်ကျော်ဆယ်လီတွေရဲ့ ငယ်ဘဝက ချစ်စရာပုံရိပ်များ 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

အောင်မြင်ကျော်ကြားတဲ့ဘဝကို ရရှိနေသူတွေဟာလည်း တချိန်တုန်းက ပေါ့ပါးလွတ်လပ်ပြီး ပျော်ရွှင်စရာကောင်းတဲ့ ကလေးဘဝမှာ နေထိုင်ခဲ့ကြဖူးသူတွေပါပဲ။ နာမည်ကျော်ကြား အောင်မြင်လာတာနဲ့အမျှ လူတစ်ယောက်ရဲ့ ရုပ်ရည်သွင်ပြင်၊ ဟန်ပန် အရှိန်အဝါတွေဟာလည်း ပြောင်းလဲပြီး ပိုကြည့်ကောင်း တင့်တယ်လာတတ်ကြပါတယ်။ ဒါကြောင့် ယနေ့ နာမည်ကျော်ဆယ်လီတွေရဲ့ ဟိုးတချိန် ကလေးဘဝက ပုံရိပ်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

Dylan Sprouse နဲ့ Cole Sprouse
Photo: dylansprouse/ Instagram

Dylan နဲ့ Cole ကတော့ ကလေးသရုပ်ဆောင်ဘဝတည်းက ဟောလိဝုဒ်ရုပ်ရှင်လောကကို ဝင်ရောက်လာခဲ့တဲ့ အမွှာညီအစ်ကိုနှစ်ဦး ဖြစ်ပါတယ်။ ကလေးသရုပ်ဆောင်ဘဝတည်းက ပရိသတ်အားပေးမှုကို ရရှိခဲ့တဲ့ Sprouse Brothers နှစ်ဦးကတော့ ယနေ့ခေတ်မှာလည်း နှုတ်ခမ်းနီမလေးတွေကြား ရေပန်းစားတဲ့ မင်းသားတွေ ဖြစ်နေပါပြီ။

Jennifer Garner
Photo: jennifergarner/ Instagram

ဟောလိဝုဒ်ရဲ့ နာမည်ကြီး မင်းသမီးတစ်လက်ဖြစ်သလို နာမည်ကျော်မင်းသား Ben Affleck ရဲ့ ဇနီးဟောင်းလည်း ဖြစ်တဲ့ Jennifer Garner ကတော့ သူမငယ်ဘဝက ပုံရိပ်လေးကို အင်စတာဂရမ်မှာ မျှဝေထားဖူးပါတယ်။ ပါးချိုင့်ခွက်ခွက်လေးတွေနဲ့ ပရိသတ်တွေ ချစ်ကြတဲ့ မင်းသမီးဟာ ငယ်စဉ်တည်းက ချစ်စရာကောင်းခဲ့တယ်ဆိုတာ ဒီပုံလေးက သက်သေပါပဲ။

Ariana Grande
Photo: arianagrande/ Twitter

အသက်(၁၅)နှစ်အရွယ်တည်းက ဂီတလောကထဲကို စတင်ဝင်ရောက်လာခဲ့တဲ့ Ariana ကတော့ နာမည်မကျော်ကြားခင်တည်းက သူမရဲ့ ပုံသေစတိုင်လ်ဖြစ်တဲ့ ပိုနီတေးလ်အမြင့်နဲ့ ချစ်စရာကောင်းနေခဲ့ပါတယ်။

Rihanna
Photo: rihanna/ Instagram

နာမည်ကျော် ပေါ့ပ်စူပါစတား Rihanna ကတော့ ယခုအချိန်မှာ ဂီတအလုပ်အပြင် ဖက်ရှင်လောကမှာပါ ကိုယ်ပိုင်အမှတ်တံဆိပ်တွေ ထုတ်ပြီး ချဲ့ထွင်နေသူ ဖြစ်ပါတယ်။ သူမရဲ့ ဖက်ရှင်ပိုင်းမှာ အထာကျမှုကိုတော့ ငယ်စဉ်ကလေးဘဝတည်းက ပုံရိပ်လေးကို ကြည့်ပြီး သိနိုင်ပါတယ်။

Behati Prinsloo
Photo: behatiprinsloo/ Instagram

Victoria’s Secret ရဲ့ နာမည်ကျော် စူပါမော်ဒယ်လ်တစ်ဦး ဖြစ်ပြီး Maroon 5 အဖွဲ့က vocals ဖြစ်တဲ့ Adam Levine ရဲ့ ချစ်ဇနီးလေးလည်း ဖြစ်တဲ့ Behati Prinsloo ကတော့ ငယ်စဉ်တည်းက မော်ဒယ်လ်တစ်ယောက်လို အကြည့်တွေနဲ့ ချစ်စရာကောင်းနေခဲ့ပါတယ်။

Kylie Jenner
Photo: kyliejenner/ Instagram

နာမည်ကျော် reality စတားတစ်ယောက် ဖြစ်သလို Kylie Cosmetics ရဲ့ ပဲ့ကိုင်ရှင်လည်း ဖြစ်တဲ့ Kylie Jenner ကတော့ အသက်(၉)နှစ်အရွယ်မှာ သူမဘဝရဲ့ ပထမဆုံးအဖြစ် ဆံပင်အရောင်ဆိုးခဲ့တယ်လို့ ဆိုပါတယ်။ ရွှေရောင်ဟိုင်းလိုက်ဆံပင်ပုံစံ လုပ်နိုင်ဖို့ မိခင်ဖြစ်သူကို တော်တော်လေး နားချခဲ့ရသေးပါသတဲ့။ ဒါဟာ ပြုပြင်ခွဲစိတ်မှုတွေ မလုပ်ရသေးခင် ကလေးဘဝက သူမရဲ့ ပုံရိပ်လေးလည်း ဖြစ်ပါတယ်။

Lucy Hale
photo: lucyhale/ Instagram

Pretty Little Liars စတား မင်းသမီး Lucy Hale ရဲ့ ငယ်ဘဝက ပုံရိပ်လေးကတော့ အသည်းယားစရာကောင်းသလို ချစ်စရာလည်း ကောင်းလှပါတယ်။ သူမရဲ့ ဆွဲဆောင်မှုတစ်ခုဖြစ်တဲ့ မျက်ခုံးထူထူလေးတွေက သဘာဝအတိုင်း နေရာယူခဲ့စဉ်အချိန်လည်း ဖြစ်ပါတယ်။

Kim Kardashian နဲ့ Kourtney Kardashian
Photo: krisjenner/ Instagram

ယနေ့ခေတ်မှာ ဖက်ရှင်ဆရာမကြီးတွေအဖြစ် ရှေ့ပြေးနေကြတဲ့ Kim နဲ့ Kourtney တို့ ညီအစ်မတွေဟာလည်း တချိန်တုန်းကတော့ အမေဖြစ်သူ ဆင်တာကို ဝတ်ခဲ့ရတဲ့ ကလေးမလေးတွေပါပဲ။

Amanda Seyfried
Photo: amandaseyfried/ Instagram

မျက်လုံးပြူးလေးတွေနဲ့ ချစ်စရာကောင်းလှတဲ့ မင်းသမီး Amanda Seyfried ကတော့ Dear John ရုပ်ရှင်ပရိသတ်တွေရဲ့ အသည်းစွဲ မင်းသမီး ဖြစ်ပါတယ်။ သူမရဲ့ ငယ်ငယ် ကလေးဘဝက ပုံရိပ်လေးကတော့ ဖျစ်ညှစ်ချင်စရာကောင်းလောက်အောင် အသည်းယားစရာ၊ ချစ်စရာလေးပါပဲ။

Reese Witherspoon
Photo: reesewitherspoon/ Instagram

Legally Blonde ရုပ်ရှင်နဲ့ ပရိသတ်အများစုရဲ့ အသည်းနှလုံးကို ဆွဲကိုင်လှုပ်ခဲ့တဲ့ မင်းသမီး Reese Witherspoon ကတော့ ကလေးအရွယ်တည်းက သူမနဲ့ လိုက်ဖက်မယ့် ဖက်ရှင်ကို ဝတ်ဆင်တတ်နေပြီလို့ ပြောရမှာပါပဲ။

ဒါကတော့ နာမည်ကျော် ဟောလိဝုဒ်ဆယ်လီတွေရဲ့ ငယ်စဉ်ကလေးဘဝက ချစ်စရာပုံရိပ်လေးတွေပဲ ဖြစ်ပါတယ်။ ဘယ်သူက စာဖတ်သူတို့ရဲ့ အသည်းစွဲလည်းဆိုတာ ပြောပြခဲ့ပါဦး။

Glasgow

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

ေအာင္ျမင္ေက်ာ္ၾကားတဲ့ဘဝကို ရရွိေနသူေတြဟာလည္း တခ်ိန္တုန္းက ေပါ့ပါးလြတ္လပ္ၿပီး ေပ်ာ္႐ႊင္စရာေကာင္းတဲ့ ကေလးဘဝမွာ ေနထိုင္ခဲ့ၾကဖူးသူေတြပါပဲ။ နာမည္ေက်ာ္ၾကား ေအာင္ျမင္လာတာနဲ႔အမွ် လူတစ္ေယာက္ရဲ႕ ႐ုပ္ရည္သြင္ျပင္၊ ဟန္ပန္ အရွိန္အဝါေတြဟာလည္း ေျပာင္းလဲၿပီး ပိုၾကည့္ေကာင္း တင့္တယ္လာတတ္ၾကပါတယ္။ ဒါေၾကာင့္ ယေန႔ နာမည္ေက်ာ္ဆယ္လီေတြရဲ႕ ဟိုးတခ်ိန္ ကေလးဘဝက ပုံရိပ္ေလးေတြကို ေဖာ္ျပေပးလိုက္ပါတယ္။

Dylan Sprouse နဲ႔ Cole Sprouse
Photo: dylansprouse/ Instagram

Dylan နဲ႔ Cole ကေတာ့ ကေလးသ႐ုပ္ေဆာင္ဘဝတည္းက ေဟာလိဝုဒ္႐ုပ္ရွင္ေလာကကို ဝင္ေရာက္လာခဲ့တဲ့ အမႊာညီအစ္ကိုႏွစ္ဦး ျဖစ္ပါတယ္။ ကေလးသ႐ုပ္ေဆာင္ဘဝတည္းက ပရိသတ္အားေပးမႈကို ရရွိခဲ့တဲ့ Sprouse Brothers ႏွစ္ဦးကေတာ့ ယေန႔ေခတ္မွာလည္း ႏႈတ္ခမ္းနီမေလးေတြၾကား ေရပန္းစားတဲ့ မင္းသားေတြ ျဖစ္ေနပါၿပီ။

Jennifer Garner
Photo: jennifergarner/ Instagram

ေဟာလိဝုဒ္ရဲ႕ နာမည္ႀကီး မင္းသမီးတစ္လက္ျဖစ္သလို နာမည္ေက်ာ္မင္းသား Ben Affleck ရဲ႕ ဇနီးေဟာင္းလည္း ျဖစ္တဲ့ Jennifer Garner ကေတာ့ သူမငယ္ဘဝက ပုံရိပ္ေလးကို အင္စတာဂရမ္မွာ မွ်ေဝထားဖူးပါတယ္။ ပါးခ်ိဳင့္ခြက္ခြက္ေလးေတြနဲ႔ ပရိသတ္ေတြ ခ်စ္ၾကတဲ့ မင္းသမီးဟာ ငယ္စဥ္တည္းက ခ်စ္စရာေကာင္းခဲ့တယ္ဆိုတာ ဒီပုံေလးက သက္ေသပါပဲ။

Ariana Grande
Photo: arianagrande/ Twitter

အသက္(၁၅)ႏွစ္အ႐ြယ္တည္းက ဂီတေလာကထဲကို စတင္ဝင္ေရာက္လာခဲ့တဲ့ Ariana ကေတာ့ နာမည္မေက်ာ္ၾကားခင္တည္းက သူမရဲ႕ ပုံေသစတိုင္လ္ျဖစ္တဲ့ ပိုနီေတးလ္အျမင့္နဲ႔ ခ်စ္စရာေကာင္းေနခဲ့ပါတယ္။

Rihanna
Photo: rihanna/ Instagram

နာမည္ေက်ာ္ ေပါ့ပ္စူပါစတား Rihanna ကေတာ့ ယခုအခ်ိန္မွာ ဂီတအလုပ္အျပင္ ဖက္ရွင္ေလာကမွာပါ ကိုယ္ပိုင္အမွတ္တံဆိပ္ေတြ ထုတ္ၿပီး ခ်ဲ႕ထြင္ေနသူ ျဖစ္ပါတယ္။ သူမရဲ႕ ဖက္ရွင္ပိုင္းမွာ အထာက်မႈကိုေတာ့ ငယ္စဥ္ကေလးဘဝတည္းက ပုံရိပ္ေလးကို ၾကည့္ၿပီး သိႏိုင္ပါတယ္။

Behati Prinsloo
Photo: behatiprinsloo/ Instagram

Victoria’s Secret ရဲ႕ နာမည္ေက်ာ္ စူပါေမာ္ဒယ္လ္တစ္ဦး ျဖစ္ၿပီး Maroon 5 အဖြဲ႕က vocals ျဖစ္တဲ့ Adam Levine ရဲ႕ ခ်စ္ဇနီးေလးလည္း ျဖစ္တဲ့ Behati Prinsloo ကေတာ့ ငယ္စဥ္တည္းက ေမာ္ဒယ္လ္တစ္ေယာက္လို အၾကည့္ေတြနဲ႔ ခ်စ္စရာေကာင္းေနခဲ့ပါတယ္။

Kylie Jenner
Photo: kyliejenner/ Instagram

နာမည္ေက်ာ္ reality စတားတစ္ေယာက္ ျဖစ္သလို Kylie Cosmetics ရဲ႕ ပဲ့ကိုင္ရွင္လည္း ျဖစ္တဲ့ Kylie Jenner ကေတာ့ အသက္(၉)ႏွစ္အ႐ြယ္မွာ သူမဘဝရဲ႕ ပထမဆုံးအျဖစ္ ဆံပင္အေရာင္ဆိုးခဲ့တယ္လို႔ ဆိုပါတယ္။ ေ႐ႊေရာင္ဟိုင္းလိုက္ဆံပင္ပုံစံ လုပ္ႏိုင္ဖို႔ မိခင္ျဖစ္သူကို ေတာ္ေတာ္ေလး နားခ်ခဲ့ရေသးပါသတဲ့။ ဒါဟာ ျပဳျပင္ခြဲစိတ္မႈေတြ မလုပ္ရေသးခင္ ကေလးဘဝက သူမရဲ႕ ပုံရိပ္ေလးလည္း ျဖစ္ပါတယ္။

Lucy Hale
photo: lucyhale/ Instagram

Pretty Little Liars စတား မင္းသမီး Lucy Hale ရဲ႕ ငယ္ဘဝက ပုံရိပ္ေလးကေတာ့ အသည္းယားစရာေကာင္းသလို ခ်စ္စရာလည္း ေကာင္းလွပါတယ္။ သူမရဲ႕ ဆြဲေဆာင္မႈတစ္ခုျဖစ္တဲ့ မ်က္ခုံးထူထူေလးေတြက သဘာဝအတိုင္း ေနရာယူခဲ့စဥ္အခ်ိန္လည္း ျဖစ္ပါတယ္။

Kim Kardashian နဲ႔ Kourtney Kardashian
Photo: krisjenner/ Instagram

ယေန႔ေခတ္မွာ ဖက္ရွင္ဆရာမႀကီးေတြအျဖစ္ ေရွ႕ေျပးေနၾကတဲ့ Kim နဲ႔ Kourtney တို႔ ညီအစ္မေတြဟာလည္း တခ်ိန္တုန္းကေတာ့ အေမျဖစ္သူ ဆင္တာကို ဝတ္ခဲ့ရတဲ့ ကေလးမေလးေတြပါပဲ။

Amanda Seyfried
Photo: amandaseyfried/ Instagram

မ်က္လုံးျပဴးေလးေတြနဲ႔ ခ်စ္စရာေကာင္းလွတဲ့ မင္းသမီး Amanda Seyfried ကေတာ့ Dear John ႐ုပ္ရွင္ပရိသတ္ေတြရဲ႕ အသည္းစြဲ မင္းသမီး ျဖစ္ပါတယ္။ သူမရဲ႕ ငယ္ငယ္ ကေလးဘဝက ပုံရိပ္ေလးကေတာ့ ဖ်စ္ညႇစ္ခ်င္စရာေကာင္းေလာက္ေအာင္ အသည္းယားစရာ၊ ခ်စ္စရာေလးပါပဲ။

Reese Witherspoon
Photo: reesewitherspoon/ Instagram

Legally Blonde ႐ုပ္ရွင္နဲ႔ ပရိသတ္အမ်ားစုရဲ႕ အသည္းႏွလုံးကို ဆြဲကိုင္လႈပ္ခဲ့တဲ့ မင္းသမီး Reese Witherspoon ကေတာ့ ကေလးအ႐ြယ္တည္းက သူမနဲ႔ လိုက္ဖက္မယ့္ ဖက္ရွင္ကို ဝတ္ဆင္တတ္ေနၿပီလို႔ ေျပာရမွာပါပဲ။

ဒါကေတာ့ နာမည္ေက်ာ္ ေဟာလိဝုဒ္ဆယ္လီေတြရဲ႕ ငယ္စဥ္ကေလးဘဝက ခ်စ္စရာပုံရိပ္ေလးေတြပဲ ျဖစ္ပါတယ္။ ဘယ္သူက စာဖတ္သူတို႔ရဲ႕ အသည္းစြဲလည္းဆိုတာ ေျပာျပခဲ့ပါဦး။

Glasgow

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

 

RELATED ARTICLES

Most Popular