HomeCelebs Update NewsInternational၂၀၂၂ ခုနှစ် အော်စကာဆုပေးပွဲမှာ တင်ဆက်သူအဖြစ် ဆောင်ရွက်ကြမယ့် အနုပညာရှင်များ

၂၀၂၂ ခုနှစ် အော်စကာဆုပေးပွဲမှာ တင်ဆက်သူအဖြစ် ဆောင်ရွက်ကြမယ့် အနုပညာရှင်များ

ကမ္ဘာ့ရုပ်ရှင်လောကရဲ့ ဂုဏ်သိက္ခာအရှိဆုံးနဲ့ နာမည်အကြီးဆုံး ရုပ်ရှင်ထူးချွန်ဆု ဖြစ်တဲ့ အော်စကာဆုပေးပွဲကြီးကတော့ မကြာခင်မှာ ကျင်းပတော့မှာ ဖြစ်ပါတယ်။ အော်စကာရဲ့ ထုံးစံအတိုင်းပဲ နိုင်ငံတကာ ရုပ်ရှင်ရပ်ဝန်းက ထိတ်ထိတ်ကြဲ အောင်မြင်ကျော်ကြားကြတဲ့ အနုပညာရှင်တွေကို မြင်တွေ့ရမှာ ဖြစ်သလို ယခုနှစ်အတွက် ဘယ်သူတွေ ဆွတ်ခူးသွားကြမလည်း ဆိုတာကလည်း ရင်ခုန်စရာပါပဲ။ အလားတူပဲ အော်စကာဆုပေးပွဲကို ထူးခြားစေတဲ့ နောက်တစ်ချက်ကတော့ နာမည်ကြီးစတားတွေရဲ့ တင်ဆက်မှုပဲ ဖြစ်ပါတယ်။

Photo: zoeisabellakravitz/ Instagram

ဆုကြေညာပေးတာကနေ ဖျော်ဖြေရေးအထိ အော်စကာဆုပေးပွဲရဲ့ အခမ်းအနားတလျှောက် အစီအစဉ် တင်ဆက်ပေးကြမယ့် စတားတွေကိုတော့ ယခုနှစ်အတွက် ရွေးချယ် ကြေညာပေးပြီးပြီ ဖြစ်ပါတယ်။ ၂၀၂၂ ခုနှစ်ရဲ့ (၉၄)ကြိမ်မြောက် အော်စကာ ဆုပေးပွဲမှာ‌တော့ Mila Kunis ၊ Lupita Nyong’ O ၊ Naomi Scott ၊ (ယခင်နှစ်ရဲ့ Best Supporting Actor ဆုရ) Daniel Kaluuya ၊ Wesley Snipes နဲ့ John Travolta တို့က စီစဉ် တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။

Photo Credit: New Line Cinema

အလားတူပဲ ယခင်က ကြေညာပေးပြီးသား ဖြစ်တဲ့ အနုပညာရှင်တွေဟာလည်း တင်ဆက်သူအဖြစ် ပါဝင်သွားဦးမှာ ဖြစ်ပါတယ်။ အဲဒီသူတွေကတော့ Lady Gaga ၊ Kevin Costner ၊ (ယခင်နှစ်ရဲ့ Best Actor ဆုရ) Anthony Hopkins ၊ Lily James ၊ Zoë Kravitz ၊ John Leguizamo ၊ Simu Liu ၊ Rami Malek ၊ Rosie Perez ၊ Chris Rock ၊ Uma Thurman ၊ Black Panther ရုပ်ရှင်ရဲ့ အဝတ်အစားဒီဇိုင်နာ Ruth E. Carter နဲ့ (ယခင်နှစ်ရဲ့ Best Supporting Actress ဆုရ) Yuh Jung Youn တို့ပဲ ဖြစ်ပါတယ်။

Photo: wikimedia commons

ယခုနှစ်အတွက် ပွဲရဲ့ host အဖြစ် ဆောင်ရွက်ပေးကြမယ့် အနုပညာရှင်တွေကတော့ Amy Schumer ၊ Regina Hall နဲ့ Wanda Sykes တို့ပဲ ဖြစ်ပါတယ်။ ၂၀၂၂ ခုနှစ်ရဲ့ အော်စကာဆုပေးပွဲကိုတော့ လာမယ့် မတ်လ(၂၇)ရက် တနင်္ဂနွေနေ့မှာ ဟောလိဝုဒ်က Dolby Theatre ကြီးမှာ ကျင်းပ ပြုလုပ်သွားမှာ ဖြစ်ပြီး ABC ရုပ်သံလိုင်းကနေ တိုက်ရိုက် ထုတ်လွှင့် ပြသသွားမှာ ဖြစ်ပါတယ်။

Glasgow

Source: people

RELATED ARTICLES

Most Popular