HomeCelebs Update NewsInternationalသင်ထင်ထားတာထက် အသက်ကြီးနေတဲ့ ဟော်လီဝုဒ်ဆယ်လီ (5) ယောက်

သင်ထင်ထားတာထက် အသက်ကြီးနေတဲ့ ဟော်လီဝုဒ်ဆယ်လီ (5) ယောက်

ဆယ်လီတစ်ချို့က သူတို့ရဲ့အသက်အမှန်ကို ဖုံးကွယ်ဖို့အတွက် ဖိုတိုရှော့တွေ၊ မိတ်ကပ်တွေ၊ ပလတ်စတစ်ဆာဂျရီတွေ လုပ်တတ်ကြပါတယ်။ ဒါပေမဲ့လည်း တစ်ချို့ကျတော့ ဘာနဲ့မှ မဖုံးကွယ်ဘဲနဲ့ကို သူတို့ရဲ့ ရုပ်ရည်က သူတို့ရဲ့ အသက်နဲ့ မလိုက်အောင်ကို နုပျိုနေကြပါတယ်။ ရုပ်ရည်ကိုကြည့်ပြီး အသက်ကို ဆုံးဖြတ်လိုက်ရင် အမှားကြီး မှားသွားမယ့် ဆယ်လီ(5) ယောက်ကတော့ …

SANDRA BULLOCK
photo via inspiredot

Sandra Bullock ကတော့ အသက်(၅၆)နှစ် ပြည့်တော့မယ့် ဝါရင့်မင်းသမီးတစ်ယောက် ဖြစ်ပါတယ်။ မင်းသမီးတွေထဲမှာ တစ်ချို့ဆိုရင် ဆယ်ကျော်သက်အရွယ်လောက်မှာပဲ အောင်မြင်ကြပြီးတော့ အသက်ကြီးလာတာနဲ့အမျှ နာမည်လည်း တဖြည်းဖြည်း ကျလာတာမျိုး ဖြစ်တတ်ပါတယ်။ ဒါပေမဲ့ သူမကတော့ အခုချိန်ထိ အရွယ်တင်လှပနေဆဲ၊ နာမည်ကြီးနေဆဲ မင်းသမီးတစ်လက် ဖြစ်နေတုန်းပါပဲ။

ELIJAH WOOD
photo via inspiredot

The Lord of the Rings ဇာတ်ကားထဲက လူပုလေးအဖြစ် သရုပ်ဆောင်ခဲ့တဲ့ Elijah Wood ကို မှတ်မိကြဦးမယ် ထင်ပါတယ်။ သူကလည်း အသက်နဲ့ ရုပ်ရည်နဲ့ မလိုက်အောင်ကို နုပျိုနေတဲ့ မင်းသားတစ်ယောက်ပါ။ သူ့ရဲ့ပုံစံလေးကို ကြည့်လိုက်ရင် မထင်ရပေမယ့် သူ့ရဲ့အသက်ကတော့(၃၉)နှစ် ရှိနေပြီ ဖြစ်ပါတယ်။

JARED LETO
photo via jaredleto

Jared ကတော့ Suicide Squad ထဲမှာ Joker အဖြစ် သရုပ်ဆောင်ခဲ့သူဖြစ်ပြီး အဲ့ဒီ့ကာရိုက်တာကြောင့်ပဲ ဝေဖန်မှုတွေလည်း များစွာခံခဲ့ရပါတယ်။ ဒါပေမဲ့လည်း သူဟာ သရုပ်ဆောင်တစ်ယောက်သာ မဟုတ်ဘဲ  30 Seconds to Mars ဆိုတဲ့ နာမည်ကြီး ရော့ခ်ဂီတဝိုင်းရဲ့ အဆိုတော်တစ်ဦးလည်း ဖြစ်ပါတယ်။ သူ့ရဲ့အသက်ကတော့ အခုဆိုရင် (၄၈)နှစ် ရှိနေပြီ ဖြစ်ပါတယ်။

PHARRELL WILLIAMS
photo via inspiredot

Pharrell Williams ကို မသိရင်တောင် Happy ဆိုတဲ့ သီချင်းကိုတော့ သိကြမှာပါ။ သူကတော့ နာမည်ကြီး အဆိုတော် တစ်ယောက် ဖြစ်ပြီး သူ့ရဲ့အသက်ကို မသိသေးတဲ့သူသာ သိလိုက်ရရင် လုံးဝကို အံ့ဩစရာ ဖြစ်နေမှာပါ။ ပုံမှန်ဆိုရင် ဘယ်သူဖြစ်ဖြစ် သူ့ကို အများဆုံးရှိမှ အသက်(၃၀)ကျော်လို့ပဲ ထင်မှာပါ။ ဒါပေမဲ့ သူ့ရဲ့အသက်အမှန်က‌တော့ (၄၇)နှစ် ရှိနေပြီ ဖြစ်ပါတယ်။

THOMAS BRODIE-SANGSTER
photo via inspiredot

Thomas ကတော့ ရုပ်ရှင်တွေနဲ့ စီးရီးအများအပြားမှာ သရုပ်ဆောင်ထားတဲ့ မင်းသားတစ်ယောက် ဖြစ်ပါတယ်။ ပြည်တွင်းမှာ ရေပန်းစားတဲ့ Maze Runner ဇာတ်ကားတွေနဲ့ Game of Thrones ဇာတ်လမ်းတွဲထဲမှာလည်း ပါဝင်သရုပ်ဆောင်ထားပါတယ်။ သူ့ရဲ့ရုပ်က ကလေးရုပ် ဖြစ်နေပေမယ့် မေလ (၁၆)ရက်ရောက်ရင် အသက်(၃၀)နှစ် ပြည့်ပါပြီ။

ဒါကတော့ ရုပ်ရည်နဲ့မလိုက်ဘဲ ပရိသတ်တွေထင်ထားတာထက် အသက်ကြီးနေကြတဲ့ ဟောလိဝုဒ်ဆယ်လီတွေပဲ ဖြစ်ပါတယ်။ ဘယ်သူတွေရဲ့ အသက်က စာဖတ်သူတို့ကို အံ့ဩစေခဲ့လည်းဆိုတာလည်း ပြောပြပေးခဲ့ပါဦး

Lego Les
RELATED ARTICLES

Most Popular