HomeEntertainmentFilmMarvel's What If...? အတွက် Emmy ဆု ရရှိသွားတဲ့ Chadwick Boseman

Marvel’s What If…? အတွက် Emmy ဆု ရရှိသွားတဲ့ Chadwick Boseman

နာမည်ကျော်သရုပ်ဆောင် Chadwick Boseman ကတော့ ကွယ်လွန်ပြီး (၂)နှစ်အကြာမှာ Marvel’s What If…? ထဲက ဇာတ်ကောင်အတွက် Emmy ဆု ရရှိသွားပါတယ်။ ဒီဇာတ်လမ်းတွဲကတော့ What If…? ကောမစ်ကိုပဲ အခြေခံ ဖန်တီးထားပြီး Marvel Universe ထဲက မတူညီတဲ့ Universe တွေမှာ ပရိသတ်တွေ ရင်းနှီးပြီးသား ဇာတ်ကောင်တွေက မတူညီတဲ့ အဖြစ်အပျက်တွေကို ကြုံတွေ့ရပုံကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။

photo via screenrant

Chadwick Boseman ကတော့ ၂၀၁၆ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Captain America: Civil War ရုပ်ရှင်က စတင်ပြီး MCU ထဲမှာ ပါဝင်လာခဲ့ပါတယ်။ အဲဒီနောက်မှာတော့ Black Panther ၊ Infinity War ၊ Endgame နဲ့ What If…? တို့မှာ ဆက်လက် သရုပ်ဆောင်ခဲ့ပါတယ်။ ဒါ့အပြင် What If…? ဇာတ်လမ်းတွဲကတော့ Chadwick Boseman ရဲ့ နောက်ဆုံးအကြိမ် သရုပ်ဆောင်ခဲ့တဲ့ ဇာတ်လမ်းတွဲတစ်ခုလည်း ဖြစ်ပါတယ်။

ယခုဆိုရင်တော့ Chadwick Boseman ဟာ Creative Arts Emmy ဆုပေးပွဲမှာ Emmy ဆု ရရှိသွားတယ်လို့ Deadline သတင်းဌာနက ဖော်ပြထားပါတယ်။ ဒီဆုကိုတော့ Chadwick Boseman မကွယ်လွန်ခင် နောက်ဆုံးသရုပ်ဆောင်ခဲ့တဲ့ What If…? ထဲက T’Challa ဇာတ်ကောင်အတွက် ရရှိခဲ့တာ ဖြစ်ပါတယ်။ သို့သော်လည်း ဒီထူးချွန်ဆုကို ကာယကံရှင်ကိုယ်တိုင် လက်ခံရယူခြင်း မရှိနိုင်တော့တာကတော့ ဝမ်းနည်းစရာပဲ ဖြစ်ပါတယ်။

photo via screenrant

ယခုနှစ်အတွက် Outstanding Character Voice-Over Performance မှာတော့ Chadwick Boseman နဲ့ Archer ဇာတ်လမ်းတွဲထဲမှာ အသံသရုပ်ဆောင်ခဲ့တဲ့ Jessica Walter တို့အတူတူ စံကာတင်စာရင်း ဝင်ခဲ့ကြပါတယ်။ ထူးဆန်းတာကတော့ Jessica Walter ဟာလည်း ၂၀၂၁ ခုနှစ် မတ်လမှာ ကွယ်လွန်သွားခဲ့ပြီ ဖြစ်ပါတယ်။ ဒါ့အပြင် Moon Knight ထဲက Khonshu နေရာမှာ အသံသရုပ်ဆောင်ခဲ့တဲ့ F. Murray Abraham နဲ့ What If…? ထဲက Watcher နေရာမှာ အသံသရုပ်ဆောင်ခဲ့တဲ့ Jeffrey Wright တို့ဟာလည်း ဒီဆုအတွက် စံကာတင်စာရင်းမှာ ပါဝင်ခဲ့ကြပါတယ်။

Legos

Source: Screenrant

RELATED ARTICLES

Most Popular