HomeEntertainmentFilmကင်ဆာရောဂါကို အံတုရင်း ရိုက်ကူးသွားတဲ့ Chadwick Boseman ရဲ့ရုပ်ရှင်ကားများ

ကင်ဆာရောဂါကို အံတုရင်း ရိုက်ကူးသွားတဲ့ Chadwick Boseman ရဲ့ရုပ်ရှင်ကားများ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Chadwick Boseman ဟာ ၁၉၇၆ ခုနှစ် နိုဝင်ဘာ ၂၉ ရက်နေ့မှာ မွေးဖွားခဲ့ပြီးတော့ ၂၀၂၀ ခုနှစ် ဩဂုတ် ၂၈ ရက်နေ့မှာ ကွယ်လွန်သွားခဲ့ပါတယ်။ အဲ့လိုကွယ်လွန်သွားရတဲ့ အကြောင်းအရင်းကတော့ အူမကြီးကင်ဆာ ဖြစ်နေတာကြောင့် ဖြစ်ပြီး အဲ့လိုကင်ဆာရောဂါကို ခံစားနေရတာတောင်မှ ဘယ်သူ့ကိုမှ အသိမပေးဘဲ ရုပ်ရှင်ကားတွေကို ဆက်လက်ရိုက်ကူးခဲ့ပါတယ်။ အဲ့ဒါကြောင့် ဒီတစ်ခါမှာတော့ သူဟာ ကင်ဆာရောဂါကို အံတုနေရင်းနဲ့ ရိုက်ကူးခဲ့တဲ့ ရုပ်ရှင်ကားတွေကို ဖော်ပြပေးချင်ပါတယ်။

(1) Black Panther
photo via imdb

ဒီဇာတ်ကားကတော့ ၂၀၁၈ ခုနှစ်မှာ ထွက်ခဲ့ပြီးတော့ IMDb (7.3) ရရှိထားပြီး Chadwick ဟာ T’Challa ဆိုတဲ့ ဇာတ်ကောင်နေရာမှာ သရုပ်ဆောင် ထားပါတယ်။ ဇာတ်လမ်းကတော့ T’Challa ဟာ သူ့ရဲ့အဖေဖြစ်သူကို ဆုံးရှုံးပြီးသွားတဲ့နောက်မှာ သူ့အဖေရဲ့ခေါင်းဆောင်နေရာကို ဆက်ခံဖို့အတွက် သူ့ရဲ့မွေးရပ်မြေကို ပြန်လာခဲ့ပါတယ်။ ဒါပေမယ့်လည်း အကုန်လုံးဟာ ထင်ထားသလို ဖြစ်မလာဘဲ သူ့မိသားစုနဲ့ ပတ်သက်နေပြီး စွမ်းအားကြီးတဲ့လူတစ်ယောက်က သူ့ရဲ့နိုင်ငံကို ခြိမ်းခြောက်လာတဲ့အခါမှာတော့…..။

(2) Marshall
photo via imdb

ဒီဇာတ်လမ်းကတော့ ၂၀၁၇ ခုနှစ်မှာ ထွက်ခဲ့တာ ဖြစ်ပြီး IMDb (7.2) ရထားပြီးတော့ Chadwick ဟာ Thurgood Marshall လို့ခေါ်တဲ့ ရှေ့နေတစ်ယောက်နေရာမှာ သရုပ်ဆောင်ခဲ့ပါတယ်။ ဇာတ်လမ်းကတော့ သူဟာ လူမျိူးရေးခွဲခြားမှုတွေိကို တိုက်ဖျက်နေတဲ့ ရှေ့နေတစ်ယောက် ဖြစ်ပြီး တစ်ရက်မှာတော့ Joseph Spell ဆိုတဲ့ အာဖရိကန်အမေရိကန် လူမျိူးတစ်ယောက်ရဲ့ အမှုကို လက်ခံပေးခဲ့ပါတယ်။ အဲ့ဒီအမှုကတော့ Joseph ဟာ လူချမ်းသာအမျိူးသမီးတစ်ယောက်ကို အဓမ္မပြုကျင့်ပါတယ်ဆိုပြီး စွပ်စွဲခံထားရတာ ဖြစ်ပါတယ်။

(3) Avengers: Infinity War
photo via imdb

ဒီကားကတော့ ၂၀၁၈ ခုနှစ်မှာ ထွက်ခဲ့ပြီးတော့ IMDb (8.4) ရရှိထားပြီး Chadwick ဟာ Black Panther ဆိုတဲ့ ဇာတ်ကောင်နေရာမှာ သရုပ်ဆောင် ထားပါတယ်။ ဇာတ်လမ်းကတော့ ကမ္ဘာပေါ်ကို ကျူးကျော်လာတဲ့ Thanos ကို Avenger တွေအကုန်လုံး ပေါင်းပြီးတော့ တားဆီးဖို့ ကြိုးစားကြတာ ဖြစ်ပါတယ်။ Infinity Stone တွေ အကုန်လုံးကို Thanos မရသွားဖို့အတွက် သူတို့မှာ ရှိနေတဲ့ Infinity Stone တွေကို ကာကွယ်ဖို့ ကြိုးစားရပါတော့တယ်။

(4) Avengers: Endgame
photo via imdb

ဒီဇာတ်ကားကတော့ ၂၀၁၉ ခုနှစ်မှာ ထွက်တာဖြစ်ပြီးတော့ IMDb (8.4) ရရှိခဲ့ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ Infinity War မှာ ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေပြီးတဲ့နောက်မှာ universe ကြီးတစ်ခုလုံးဟာ ပျက်စီးယိုယွင်းသွားခဲ့ပါတယ်။ အဲ့ဒါကြောင့်ပဲ ကျန်ရှိနေသေးတဲ့ Avenger တွေဟာ Thanos ပြုလုပ်သွားတဲ့ လုပ်ရပ်ကို ပြန်လည် ပြင်ဆင်ဖို့အတွက် ကြိုးစားရပါတော့တယ်။

(5) Da 5 Bloods
photo via imdb

ဒီဇာတ်လမ်းကတော့ ၂၀၂၀ ခုနှစ်မှာ Netflix ကထုတ်လုပ်ခဲ့တာ ဖြစ်ပြီး IMDb (6.5) ရထားပါတယ်။ ဇာတ်လမ်းကတော့ လူမည်းစစ်သား လေးယောက်ဟာ ဗီယက်နမ်ကို ပြန်သွားပြီးတော့ သူတို့ရဲ့ခေါင်းဆောင်(Chadwick) ကို ပြန်လည်ရှာဖွေကြတာပဲ ဖြစ်ပါတယ်။ ဒီဇာတ်ကားဟာ ထွက်ထားတာ သိပ်မကြာသေးတဲ့ကား ဖြစ်ပြီးတော့ သင်သာ Chadwick ကိုတကယ်ကြိုက်တယ်ဆိုရင် ကြည့်ထားသင့်တယ်လို့ ထင်ပါတယ်။

(6) 21 Bridges
photo via imdb

ဒီကားကတော့ ၂၀၁၉ ခုနှစ်တုန်းက ထွက်ခဲ့တာ ဖြစ်ပြီးတော့ IMDb (6.6) ရထားပြီးတော့ Chadwick ကတော့ Andre Davis ဆိုတဲ့ စုံထောက်နေရာမှာ သရုပ်ဆောင် ခဲ့ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ မထင်မှတ်ထားတဲ့ အဖြစ်အပျက်ကြောင့် ရဲနှစ်ယောက်ဟာ အသတ်ခံလိုက်ရပါတယ်။ အဲ့ဒါကြောင့်ပဲ အဲ့ဒီစုံထောက်ဟာ ဒီအမှုကို ကျူးလွန်သွားတဲ့သူကို လိုက်လံစုံစမ်းတာကို စိတ်ဝင်တစားနဲ့ ကြည့်ရှုရမှာပါ။

(7) Ma Rainey’s Black Bottom
photo via imdb

ဒီဇာတ်ကား ၂၀၂၀ ခုနှစ်မှာ ထွက်လာမှာ ဖြစ်ပြီး မကြာသေးခင်ကမှ ရိုက်ကူးပြီးသွားတဲ့ ဇာတ်လမ်းတစ်ပုဒ် ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကိုတော့ သေချာမသိရသေးပေမယ့်လည်း Netflix ကထုတ်လုပ်မယ့် ဇာတ်ကားတစ်ကား ဖြစ်တာကြောင့် ကြည့်လို့တော့ ကောင်းမယ်လို့တော့ ထင်ပါတယ်။ ဒါ့အပြင် ဒီဇာတ်ကားဟာ Chadwick သရုပ်ဆောင်ထားတဲ့ နောက်ဆုံးရုပ်ရှင်ကား ဖြစ်ပြီးတော့ သူ့ရဲ့နောက်ဆုံးနေ့ရက်တွေကို မြင်ရမှာပါ။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

Chadwick Boseman ဟာ ၁၉၇၆ ခုႏွစ္ ႏိုဝင္ဘာ ၂၉ ရက္ေန႔မွာ ေမြးဖြားခဲ့ၿပီးေတာ့ ၂၀၂၀ ခုႏွစ္ ဩဂုတ္ ၂၈ ရက္ေန႔မွာ ကြယ္လြန္သြားခဲ့ပါတယ္။ အဲ့လိုကြယ္လြန္သြားရတဲ့ အေၾကာင္းအရင္းကေတာ့ အူမႀကီးကင္ဆာ ျဖစ္ေနတာေၾကာင့္ ျဖစ္ၿပီး အဲ့လိုကင္ဆာေရာဂါကို ခံစားေနရတာေတာင္မွ ဘယ္သူ႔ကိုမွ အသိမေပးဘဲ ႐ုပ္ရွင္ကားေတြကို ဆက္လက္႐ိုက္ကူးခဲ့ပါတယ္။ အဲ့ဒါေၾကာင့္ ဒီတစ္ခါမွာေတာ့ သူဟာ ကင္ဆာေရာဂါကို အံတုေနရင္းနဲ႔ ႐ိုက္ကူးခဲ့တဲ့ ႐ုပ္ရွင္ကားေတြကို ေဖာ္ျပေပးခ်င္ပါတယ္။

(1) Black Panther
photo via imdb

ဒီဇာတ္ကားကေတာ့ ၂၀၁၈ ခုႏွစ္မွာ ထြက္ခဲ့ၿပီးေတာ့ IMDb (7.3) ရရွိထားၿပီး Chadwick ဟာ T’Challa ဆိုတဲ့ ဇာတ္ေကာင္ေနရာမွာ သ႐ုပ္ေဆာင္ ထားပါတယ္။ ဇာတ္လမ္းကေတာ့ T’Challa ဟာ သူ႔ရဲ႕အေဖျဖစ္သူကို ဆုံးရႈံးၿပီးသြားတဲ့ေနာက္မွာ သူ႔အေဖရဲ႕ေခါင္းေဆာင္ေနရာကို ဆက္ခံဖို႔အတြက္ သူ႔ရဲ႕ေမြးရပ္ေျမကို ျပန္လာခဲ့ပါတယ္။ ဒါေပမယ့္လည္း အကုန္လုံးဟာ ထင္ထားသလို ျဖစ္မလာဘဲ သူ႔မိသားစုနဲ႔ ပတ္သက္ေနၿပီး စြမ္းအားႀကီးတဲ့လူတစ္ေယာက္က သူ႔ရဲ႕ႏိုင္ငံကို ၿခိမ္းေျခာက္လာတဲ့အခါမွာေတာ့…..။

(2) Marshall
photo via imdb

ဒီဇာတ္လမ္းကေတာ့ ၂၀၁၇ ခုႏွစ္မွာ ထြက္ခဲ့တာ ျဖစ္ၿပီး IMDb (7.2) ရထားၿပီးေတာ့ Chadwick ဟာ Thurgood Marshall လို႔ေခၚတဲ့ ေရွ႕ေနတစ္ေယာက္ေနရာမွာ သ႐ုပ္ေဆာင္ခဲ့ပါတယ္။ ဇာတ္လမ္းကေတာ့ သူဟာ လူမ်ိဴးေရးခြဲျခားမႈေတြိကို တိုက္ဖ်က္ေနတဲ့ ေရွ႕ေနတစ္ေယာက္ ျဖစ္ၿပီး တစ္ရက္မွာေတာ့ Joseph Spell ဆိုတဲ့ အာဖရိကန္အေမရိကန္ လူမ်ိဴးတစ္ေယာက္ရဲ႕ အမႈကို လက္ခံေပးခဲ့ပါတယ္။ အဲ့ဒီအမႈကေတာ့ Joseph ဟာ လူခ်မ္းသာအမ်ိဴးသမီးတစ္ေယာက္ကို အဓမၼျပဳက်င့္ပါတယ္ဆိုၿပီး စြပ္စြဲခံထားရတာ ျဖစ္ပါတယ္။

(3) Avengers: Infinity War
photo via imdb

ဒီကားကေတာ့ ၂၀၁၈ ခုႏွစ္မွာ ထြက္ခဲ့ၿပီးေတာ့ IMDb (8.4) ရရွိထားၿပီး Chadwick ဟာ Black Panther ဆိုတဲ့ ဇာတ္ေကာင္ေနရာမွာ သ႐ုပ္ေဆာင္ ထားပါတယ္။ ဇာတ္လမ္းကေတာ့ ကမာၻေပၚကို က်ဴးေက်ာ္လာတဲ့ Thanos ကို Avenger ေတြအကုန္လုံး ေပါင္းၿပီးေတာ့ တားဆီးဖို႔ ႀကိဳးစားၾကတာ ျဖစ္ပါတယ္။ Infinity Stone ေတြ အကုန္လုံးကို Thanos မရသြားဖို႔အတြက္ သူတို႔မွာ ရွိေနတဲ့ Infinity Stone ေတြကို ကာကြယ္ဖို႔ ႀကိဳးစားရပါေတာ့တယ္။

(4) Avengers: Endgame
photo via imdb

ဒီဇာတ္ကားကေတာ့ ၂၀၁၉ ခုႏွစ္မွာ ထြက္တာျဖစ္ၿပီးေတာ့ IMDb (8.4) ရရွိခဲ့ပါတယ္။ ဇာတ္လမ္းအက်ဥ္းကေတာ့ Infinity War မွာ ျဖစ္ပ်က္ခဲ့တဲ့ အျဖစ္အပ်က္ေတြၿပီးတဲ့ေနာက္မွာ universe ႀကီးတစ္ခုလုံးဟာ ပ်က္စီးယိုယြင္းသြားခဲ့ပါတယ္။ အဲ့ဒါေၾကာင့္ပဲ က်န္ရွိေနေသးတဲ့ Avenger ေတြဟာ Thanos ျပဳလုပ္သြားတဲ့ လုပ္ရပ္ကို ျပန္လည္ ျပင္ဆင္ဖို႔အတြက္ ႀကိဳးစားရပါေတာ့တယ္။

(5) Da 5 Bloods
photo via imdb

ဒီဇာတ္လမ္းကေတာ့ ၂၀၂၀ ခုႏွစ္မွာ Netflix ကထုတ္လုပ္ခဲ့တာ ျဖစ္ၿပီး IMDb (6.5) ရထားပါတယ္။ ဇာတ္လမ္းကေတာ့ လူမည္းစစ္သား ေလးေယာက္ဟာ ဗီယက္နမ္ကို ျပန္သြားၿပီးေတာ့ သူတို႔ရဲ႕ေခါင္းေဆာင္(Chadwick) ကို ျပန္လည္ရွာေဖြၾကတာပဲ ျဖစ္ပါတယ္။ ဒီဇာတ္ကားဟာ ထြက္ထားတာ သိပ္မၾကာေသးတဲ့ကား ျဖစ္ၿပီးေတာ့ သင္သာ Chadwick ကိုတကယ္ႀကိဳက္တယ္ဆိုရင္ ၾကည့္ထားသင့္တယ္လို႔ ထင္ပါတယ္။

(6) 21 Bridges
photo via imdb

ဒီကားကေတာ့ ၂၀၁၉ ခုႏွစ္တုန္းက ထြက္ခဲ့တာ ျဖစ္ၿပီးေတာ့ IMDb (6.6) ရထားၿပီးေတာ့ Chadwick ကေတာ့ Andre Davis ဆိုတဲ့ စုံေထာက္ေနရာမွာ သ႐ုပ္ေဆာင္ ခဲ့ပါတယ္။ ဇာတ္လမ္းအက်ဥ္းကေတာ့ မထင္မွတ္ထားတဲ့ အျဖစ္အပ်က္ေၾကာင့္ ရဲႏွစ္ေယာက္ဟာ အသတ္ခံလိုက္ရပါတယ္။ အဲ့ဒါေၾကာင့္ပဲ အဲ့ဒီစုံေထာက္ဟာ ဒီအမႈကို က်ဴးလြန္သြားတဲ့သူကို လိုက္လံစုံစမ္းတာကို စိတ္ဝင္တစားနဲ႔ ၾကည့္ရႈရမွာပါ။

(7) Ma Rainey’s Black Bottom
photo via imdb

ဒီဇာတ္ကား ၂၀၂၀ ခုႏွစ္မွာ ထြက္လာမွာ ျဖစ္ၿပီး မၾကာေသးခင္ကမွ ႐ိုက္ကူးၿပီးသြားတဲ့ ဇာတ္လမ္းတစ္ပုဒ္ ျဖစ္ပါတယ္။ ဇာတ္လမ္းအက်ဥ္းကိုေတာ့ ေသခ်ာမသိရေသးေပမယ့္လည္း Netflix ကထုတ္လုပ္မယ့္ ဇာတ္ကားတစ္ကား ျဖစ္တာေၾကာင့္ ၾကည့္လို႔ေတာ့ ေကာင္းမယ္လို႔ေတာ့ ထင္ပါတယ္။ ဒါ့အျပင္ ဒီဇာတ္ကားဟာ Chadwick သ႐ုပ္ေဆာင္ထားတဲ့ ေနာက္ဆုံး႐ုပ္ရွင္ကား ျဖစ္ၿပီးေတာ့ သူ႔ရဲ႕ေနာက္ဆုံးေန႔ရက္ေတြကို ျမင္ရမွာပါ။

Legos

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular