HomeCharacterUmbrella Academy ထဲကဇာတ်ကောင်တွေရဲ့ စွမ်းအားများ

Umbrella Academy ထဲကဇာတ်ကောင်တွေရဲ့ စွမ်းအားများ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

The Umbrella Academy ဟာ Gerard Way နဲ့ Gabriel Bá တို့ကဖန်တီးခဲ့တဲ့ ကောမစ်စီးရီးတစ်ခုဖြစ်ပြီးတော့ ၂၀၁၉ ခုနှစ်မှာတော့ Netflix ဟာ Live Action အဖြစ်နဲ့ အခြေခံပြီးတော့ ရိုက်ကူးခဲ့ပါတယ်။ စတင်ထွက်ခဲ့တဲ့အချိန်တည်းက ကြည့်ရှုသူတွေလည်းများပြီးတော့ လူကြိုက်များခဲ့ပါတယ်။ ဒုတိယ season ကတော့ ထွက်ထားတာ သိပ်ပြီးတော့ မကြာသေးပါဘူး။ ဒီစီးရီးရဲ့ဇာတ်လမ်းကတော့ တစ်ကမ္ဘာလုံးမှာ အမျိုးသမီးတစ်ချို့ဟာ ချက်ချင်းကြီးကိုယ်ဝန်ရသွားပြီးတော့ တစ်ချိန်တည်းမှာပဲ ကလေးပေါင်း (၄၃) ယောက်ဟာ မွေးဖွားလာခဲ့ပါတယ်။ အဲ့ဒီကလေးတွေကတော့ ထူးဆန်းတဲ့စွမ်းအားတွေကို ပိုင်ဆိုင်ထားကြပြီးတော့ ဘီလျံနာတစ်ယောက်ဖြစ်တဲ့ Reginald Hargreeves ဟာ အဲ့ဒီကလေးတွေကို တတ်နိုင်သလောက်ရှာဖွေပြီးတော့ မွေးစားခဲ့ပါတယ်။ သူဟာ အဲ့ဒီကလေးတွေထဲက (၇) ယောက်ကို ရှာတွေ့ခဲ့ပြီးတော့ သူတို့ကို စူပါဟီးရိုးအဖွဲ့တစ်ခုအနေနဲ့ ဖွဲ့စည်းပါတယ်။ ဒါကတော့ ဇာတ်လမ်းအကျဉ်းဖြစ်ပြီးတော့ ဒီတစ်ပုဒ်မှာတော့ စီးရီးထဲမှာ ပြခဲ့တဲ့ဇာတ်ကောင်တွေထဲက သူတို့ပိုင်ဆိုင်ထားတဲ့ စူပါ,ပါဝါတွေကို ဖော်ပြသွားမှာ ဖြစ်ပါတယ်။

(1) Luther
photo via screenrant

Reginald Hargreeves ဟာ အဲ့ဒီကလေးတွေထဲက (၇) ယောက်ကို ရှာတွေ့သွားပြီးတဲ့နောက်မှာတော့ သူတို့ကို နံပတ်တွေနဲ့ ခေါ်ဝေါ်ခဲ့ပါတယ်။ Luther ကိုတော့ နံပတ်တစ်လို့ခေါ်ခဲ့ပေမယ့်လည်း အဲ့ဒီ (၇) ယောက်ထဲမှာ သူဟာ စွမ်းအားအကြီးဆုံးတစ်ယောက်လို့ ပြောတာမဟုတ်ဘဲ ဒီအတိုင်းအမှတ်အသားအနေနဲ့ ခေါ်ခဲ့တာ ဖြစ်ပါတယ်။ သူဟာ အစတုန်းကတော့ သာမန်လူတွေထက် အင်အားကြီးတဲ့စွမ်းအားကို ပိုင်ဆိုင်ထားခဲ့ပြီး အခုလိုမျိုး မျောက်ဝံလိုခန္ဓာကိုယ်ကြီး မဟုတ်ခဲ့ပါဘူး။

တစ်ရက်မှာတော့ သူဟာ တစ်ကိုယ်တော်မစ်ရှင်လုပ်နေရင်းနဲ့ ဒဏ်ရာရလာခဲ့ပြီး အသက်အန္တရာယ်ပါ စိုးရိမ်ခဲ့ရပါတယ်။ အဲ့ဒါကြောင့်ပဲ သူ့ရဲ့အသက်ကို ကယ်တင်ဖို့အတွက် ဆေးရည်တစ်မျိုးကို ထိုးပေးလိုက်ရာကနေ အခုလိုခန္ဓာကိုယ်အဖြစ် ပြောင်းလဲသွားခဲ့ပါတယ်။ အခုလိုခန္ဓာကိုယ်ကြီး ဖြစ်သွားပေမယ့်လည်း အဲ့ဒီဆေးရည်ဟာ သူ့ရဲ့အသက်ကို ကယ်တင်ခဲ့တဲ့အပြင် သူ့ရဲ့ခံနိုင်ရည်တွေကိုပါ မြင့်မားသွားစေခဲ့ပါတယ်။ သူ့တို့မောင်နှမ (၇) ယောက်ထဲမှာ သူဟာစွမ်းအားအကြီးမားဆုံးတစ်ယောက် မဟုတ်ပေမယ့်လည်း ခွန်အားနေရာမှာတော့ သူဟာ အင်အားအကြီးမားဆုံးသူတစ်ယောက် ဖြစ်ပါတယ်။

(2) Allison
photo via screenrant

အပေါ်မှာဖော်ပြခဲ့သလို သူတို့ကိုခေါ်တဲ့ နံပတ်တွေဟာ အခေါ်အဝေါ်သက်သက်ပဲလို့ ပြောပေမယ့်လည်း စွမ်းအားအကြီးဆုံးကို အဲ့ဒီနံပတ်တွေနဲ့ ပြောင်းပြန်စီထားတာပါဆိုတဲ့ သီအိုရီတစ်ခုလည်း ရှိပါတယ်။ Allison ရဲ့နံပတ်ကတော့ နှစ်ဖြစ်ပြီးတော့ အဲ့ဒီသီအိုရီအရဆိုရင် သူဟာ ဒုတိယမြောက် စွမ်းအားအနည်းဆုံးသူလို့ ပြောလို့ရပါတယ်။ ဒါပေမယ့်လည်း သူတို့ (၇) ယောက်လုံးဟာ တစ်ယောက်တစ်မျိုးစီ စွမ်းအားရှိကြပြီးတော့ အဲ့ဒီစွမ်းအားတွေကို အသုံးပြုတဲ့ပုံနဲ့ သူတို့ဘယ်လောက်ထိ အသုံးဝင်လည်းဆိုတာကို ကြည့်လိုက်ရင်တော့ အဲ့ဒီသီအိုရီဟာ သိပ်ပြီးတော့ လက်ခံချင်စရာမကောင်းပါဘူး။

Allison ကတော့ “I heard a rumor…” ဆိုတဲ့စကားလုံးတွေကို အသုံးပြုပြီးတော့ တစ်ခြားသူတွေရဲ့ စိတ်ကိုထိန်းချုပ်ပစ်လို့ ရပါတယ်။ အဲ့ဒါကြောင့်ပဲ သူမဟာ ဘယ်သူ့ကိုမဆို သူလုပ်စေချင်တာကို လုပ်ခိုင်းလို့ရပြီးတော့ တော်တော်လေးကို စွမ်းအားကြီးတဲ့ အစွမ်းတစ်ခု ဖြစ်ပါတယ်။ ဒါပေမယ့်လည်း သူမဟာ သူ့ရဲ့အစွမ်းကို သုံးလိုက်ရင် သူ့အတွက် မကောင်းတာတွေပဲ ဖြစ်လာတယ်ဆိုပြီးတော့ အဲ့ဒီအစွမ်းကို သိပ်ပြီးတော့ သုံးလေ့မရှိဘဲ တွန့်ဆုတ်နေလေ့ရှိပါတယ်။

(3) Diego
photo via screenrant

သူကတော့ နံပတ်သုံးဖြစ်ပြီးတော့ သူ့ရဲ့စွမ်းအားဟာ သူပစ်လိုက်တဲ့ပစ္စည်းနဲ့ သူ့ဆီကိုပစ်လိုက်တဲ့ပစ္စည်းတွေရဲ့ လမ်းကြောင်းတွေကို ပြောင်းလဲပစ်နိုင်တာ ဖြစ်ပါတယ်။ ပထမ season မှာတော့ သူ့ရဲ့စွမ်းအားကို ဓားတွေပေါ်မှာပဲ အသုံးပြုခဲ့တာကို တွေ့ရပေမယ့်လည်း ဒုတိယ season မှာတော့ သူ့ရဲ့စွမ်းအားဟာ ဓားတွေအပေါ်မှာတင်မဟုတ်ဘဲ တစ်ခြားပစ္စည်းတွေ အပေါ်မှာလည်း အသုံးပြုလို့ရတာကို ပြသသွားခဲ့ပါတယ်။

အဲ့ဒါကတော့ သူ့ဆီကို ပစ်လိုက်တဲ့ ကျည်ဆံတွေရဲ့လမ်းကြောင်းကိုပါ ပြောင်းလဲပြသွားခဲ့ပါတယ်။ အဲ့လိုမျိုး တစ်ခြားအရာတွေအပေါ်မှာ သုံးလို့ရပေမယ့်လည်း ဓားတွေအပေါ်မှာသုံးရတဲ့အကြောင်းပြချက်ကတော့ သူ့ရန်သူဟာ သူ့မှာသဘာဝလွန်စွမ်းအားတွေ ရှိနေတယ်ဆိုတာကို မသိစေချင်ဘဲ ပုံမှန်လူတစ်ယောက်လိုပဲ ထင်နေချင်လို့ ဖြစ်ပါတယ်။

(4) Klaus
photo via screenrant

Klaus ကတော့ နံပတ်လေးဖြစ်ပြီးတော့ သူ့ရဲ့စွမ်းအားကတော့ သေဆုံးပြီးသားလူတွေနဲ့ ဆက်သွယ်လို့ရတာပဲ ဖြစ်ပါတယ်။ အဲ့ဒါတင်မဟုတ်ဘဲ သူဟာ အဲ့ဒီဝိဉာဉ်တွေကို ဆင့်ခေါ်လို့ရတဲ့အပြင်  အဲ့ဒီဝိဉာဉ်တွေကို သာမန်လူတစ်ယောက်လို အရာဝတ္ထုတွေကို ထိတွေ့နိုင်ပြီး လူတိုင်းလည်း မြင်ရအောင် ပြုလုပ်ပေးနိုင်ပေးပါတယ်။ ဒါပေမယ့်လည်း သူ့ရဲ့စွမ်းအားမှာတော့ အကန့်သတ်တစ်ခုရှိနေခဲ့ပါတယ်။ အဲ့ဒါကတော့ သူဆင့်ခေါ်လို့ရတဲ့ ဝိဉာဉ်တွေဟာ လူ့ဘဝမှာ မပြီးပြတ်သေးတဲ့ကိစ္စတွေရှိနေပြီးတော့ သူအဲ့လိုဆင့်ခေါ်တာကို လက်ခံချင်မှသာ ဆင့်ခေါ်လို့ရပါတယ်။

သူဟာ အစတုန်းကတော့ သူ့ရဲ့စွမ်းအားကို ဖိနှိပ်ပစ်ဖို့အတွက် အရက်နဲ့မူးယစ်ဆေးတွေကို အမြဲတမ်းသုံးစွဲနေခဲ့ပါတယ်။ နောက်ပိုင်းမှသာ သူရဲ့စွမ်းအားကို သူတို့မောင်နှမတွေကို ကူညီဖို့အတွက် အသုံးပြုခဲ့ပါတယ်။ ဒါ့အပြင် ဒုတိယ season ရဲ့ပထမဆုံးအပိုင်းမှာတော့ သူဟာ သေပြီးသားစစ်သားတွေအများကြီးကို ဆင့်ခေါ်ပြီးတော့ တိုက်ပွဲဝင်နေတဲ့အခန်း ပါဝင်ခဲ့ပါတယ်။ သူဟာ အဲ့လိုမျိုး သေပြီးသားလူတွေအများကြီး စစ်တပ်ကြီးတစ်ခုစာလောက်အထိ ဆင့်ခေါ်နိုင်တာကြောင့် သူကိုယ်တိုင်တောင် ဘာမှလုပ်စရာမလိုတဲ့ စွမ်းအားတစ်ခု ဖြစ်ပါတယ်။

(5) Five
photo via screenrant

သူ့ရဲ့စွမ်းအားကတော့ တစ်ခြားသူတွေထက် နည်းနည်းပိုပြီးရှုပ်ထွေးပါတယ်။ အကြောင်းကတော့ သူဟာ အစတုန်းက နေရာတစ်ခုနဲ့တစ်ခုကို တယ်လီပို့လုပ်သလိုမျိုး သွားလာလို့ရပါတယ်။ ပြောရရင်တော့ နေရာကိုကြိုက်သလို ထိန်းချုပ်နိုင်တာ ဖြစ်တဲ့အပြင် အချိန်နဲ့နေရာဟာလည်း စပ်ဆက်နေတာကြောင့် နောက်ပိုင်းမှာတော့ သူဟာ အချိန်ပါခရီးသွားလို့ ရသွားပါတယ်။ ဒုတိယ season ထဲမှာတော့ သူဟာ အချိန်နဲ့နေရာကို ကြိုက်သလို ထိန်းချုပ်လို့ရသွားတဲ့ ပုံစံမျိုး ပြသသွားခဲ့ပါတယ်။

ဒါ့အပြင် သူဟာ မရှိရင် သူတို့မောင်နှမတွေအကုန်လုံးဟာ ကမ္ဘာပျက်တဲ့အချိန်မှာ အကုန်လုံး သေဆုံးသွားမှာ ဖြစ်ပြီးတော့ သူတို့အဖွဲ့ထဲမှာ သူဟာ အရေးကြီးဆုံးအဖွဲ့ဝင်တစ်ယောက်လည်း ဖြစ်ပါတယ်။ ဒါပေမယ့်လည်း သူ့ရဲ့စွမ်းအားတစ်ခုတည်းဆိုရင် သူ့ရဲ့ရန်သူတွေကို သိပ်ပြီးတော့ ထိခိုက်အောင် လုပ်နိုင်မှာမဟုတ်ဘဲ သူ့ရဲ့ရန်သူတွေကို အနိုင်ယူနိုင်တဲ့အဓိကအချက်ကတော့ လုပ်ကြံရေးသမားတစ်ယောက်အနေနဲ့ လေ့ကျင့်ခဲ့လို့ပဲ ဖြစ်ပါတယ်။

(6) Ben
photo via screenrant

သူဟာ သေဆုံးသွားတာ ကြာခဲ့ပြီဖြစ်ပေမယ့်လည်း Klaus ရဲ့စွမ်းအားကြောင့် သူဟာ အမြဲတမ်း Klaus ရဲ့အနားမှာ ရှိနေခဲ့ပါတယ်။ သူ့ရဲ့စွမ်းအားကတော့ တစ်ခြားဒိုင်မေးရှင်းတစ်ခုမှာရှိတဲ့ ရေဘဝဲလက်တံတွေနဲ့အကောင်ကြီးကို သူ့ရဲ့ခန္ဓာကိုယ်မှာရှိတဲ့ portal ကနေတစ်ဆင့် ဆင့်ခေါ်ပြီးတော့ တိုက်ခိုက်လို့ရတာပဲ ဖြစ်ပါတယ်။

ဒီစီးရီးအစမှာကတည်းက သူဟာသေဆုံးပြီးသား လူတစ်ယောက်ဖြစ်ပြီးတော့ Klaus ကြောင့်ပဲ သူ့ရဲ့အကြောင်းတွေကို တဖြည်းဖြည်းသိလာရတာ ဖြစ်ပါတယ်။ ဒါ့အပြင် သူဟာ ဝိဉာဉ်ဖြစ်နေတာကြောင့် ဒုတိယ season မှာတော့ နောက်ထပ်စွမ်းရည်တစ်ခုကို ပြုလုပ်နိုင်ခဲ့ပါတယ်။ အဲ့ဒါကတော့ သူဟာ တစ်ခြားသူရဲ့ခန္ဓာကိုယ်ထဲကို ဝင်ပူးလိုက်ပြီးတော့ အချိန်ကာလတစ်ခုထိ နေထိုင်နိုင်တာပဲ ဖြစ်ပါတယ်။

(7) Vanya
photo via screenrant

ပထမ season စထွက်တုန်းကဆိုရင် သူမဟာ ပရိသတ်တွေတော်တော်များများဟာ အံ့ဩသွားစေတဲ့ သူတစ်ယောက် ဖြစ်ပါတယ်။ စစလာချင်းမှာတော့ သူဟာ ဘာစွမ်းအားမှမရှိတဲ့ သာမန်မိန်းကလေးတစ်ယောက်ပုံစံအနေနဲ့ ပြသထားပေမယ့်လည်း နောက်ပိုင်းမှာတော့ သူတို့မောင်နှမ (၇) ယောက်ထဲမှာ သူမဟာ စွမ်းအားအကြီးမားဆုံးနဲ့ အန္တရာယ်အများဆုံးလူတစ်ယောက် ဖြစ်နေခဲ့ပါတယ်။ သူမရဲ့ငယ်ဘဝတုန်းကတော့ Reginald Hargreeves ဟာ သူမရဲ့စွမ်းအားကို ရှာတွေ့ခဲ့ပြီး သူမကိုယ်တိုင်လည်း မထိန်းချုပ်နိုင်ဘဲ အန္တရာယ်များတာကို သိလိုက်ရတဲ့အချိန်မှာတော့ Allison ရဲ့စွမ်းအားကို အသုံးပြုပြီးတော့ သူမမှာ ဘာစွမ်းအားမှ မရှိပါဘူးဆိုပြီးတော့ ဦးနှောက်ဆေးခဲ့ပါတယ်။

သူမရဲ့စွမ်းအားကတော့ အသံနဲ့သက်ဆိုင်ပြီးတော့ အသံလှိုင်းတွေကို သူမရဲ့စိတ်တိုင်းကျ ထိန်းချုပ်နိုင်တာပဲ ဖြစ်ပါတယ်။ သူမဟာ အဲ့ဒီအသံလှိုင်းတွေကို energy အဖြစ်ပြောင်းလဲပြီးတော့ အရာဝတ္ထုတွေကို သူမရဲ့စိတ်စွမ်းအားနဲ့ ရွှေ့လျားအောင် လုပ်နိုင်တာတို့ လေပေါ်ပျံတာတို့ စတဲ့နည်းလမ်းတွေနဲ့ ပြန်လည်အသုံးပြုလို့ ရပါတယ်။ ဒါ့အပြင် သူ့ရဲ့စွမ်းအားဟာ သူ့ရဲ့စိတ်ခံစားချက်ပေါ်လည်း မူတည်ပြီးတော့ သူ့ရဲ့စိတ်ခံစားချက်တွေ ပြင်းထန်လာတာနဲ့အမျှ သူ့ရဲ့စွမ်းအားဟာလည်း ပိုပြီးတော့ ကြီးမားလာခဲ့ပါတယ်။

(8) Lila
photo via screenrant

သူမကတော့ ဒုတိယ season ထဲမှာ အကြီးမားဆုံးအံ့ဩစရာတစ်ခုအဖြစ်နဲ့ ပါဝင်ခဲ့ပါတယ်။ Diego ဟာ စိတ်ရောဂါကုဆေးရုံကို ရောက်နေတဲ့အချိန်မှာ သူမနဲ့တွေ့ခဲ့တာ ဖြစ်ပြီးတော့ သူတို့နှစ်ယောက်ဟာ တွဲခဲ့ကြပါတယ်။ ဒါပေမယ့်လည်း နောက်ပိုင်းမှာတော့ ပြတ်သွားကြပြီးတော့ သူမဟာလည်း Handler ရဲ့မွေးစားသမီး ဖြစ်နေခဲ့ပါတယ်။ အဲ့ဒါတင်မဟုတ်ဘဲ သူမဟာလည်း တစ်ခြား (၇) ယောက်နဲ့ တစ်ချိန်တည်းမှာ မွေးဖွားခဲ့တဲ့ ကလေး (၄၃) ယောက်ထဲက တစ်ယောက်ဖြစ်နေပြီးတော့ သူမဟာလည်း စွမ်းအားတွေ ရှိနေခဲ့ပါတယ်။ သူရဲ့စွမ်းအားကတော့ တစ်ခြားသူတွေရဲ့ စွမ်းအားတွေကို ပုံတူကူးယူပြီး ပြန်လည်အသုံးပြုနိုင်တာပဲ ဖြစ်ပါတယ်။

အဲ့ဒီစွမ်းအားကြောင့်ပဲ သူမဟာ Umbrella Academy ရဲ့ဟီးရိုးတွေအကုန်လုံးကို သူမတစ်ယောက်တည်းနဲ့ ယှဉ်ပြီးတော့ တိုက်ခိုက်နိုင်ခဲ့ပါတယ်။ သူမဟာ Vanya ရဲ့စွမ်းအားကို ပုံတူယူပြီး သူတို့တစ်ဖွဲ့လုံးကို တိုက်ခိုက်ခဲ့တဲ့အပြင် Five နဲ့တိုက်ခိုက်နေတဲ့အချိန်မှာလည်း Five ရဲ့စွမ်းအားအတိုင်း တယ်လီပို့လုပ်ပြီး တိုက်ခိုက်ခဲ့ပါတယ်။ ဒါ့အပြင် Luther ကိုလည်း အင်အားချင်းယှဉ်တိုက်ခိုက်ခဲ့ပြီး Allison ကိုလည်း သူ့ရဲ့စွမ်းအားနဲ့ အသက်ရှုလို့မရအောင် စိတ်ကိုထိန်းချုပ်သွားပါသေးတယ်။ ဒါပေမယ့်လည်း သူ့ရဲ့ကန့်သတ်ချက်ကတော့ အဲ့ဒီစွမ်းအားတွေကို တစ်ချိန်တည်းအသုံးမပြုနိုင်တာဘဲ ဖြစ်ပါတယ်။ ဒုတိယ season ရဲ့အဆုံးမှာတော့ သူမဟာ ၁၉၆၀ ကျော် အချိန်ကာလကနေ ထွက်ခွာသွားပြီးတော့ ဘယ်ရောက်သွားမှန်း မသိသေးပါဘူး။ တတိယမြောက် season ကျရင်တော့ သူမဟာ Umbrella Academy နဲ့ပူးပေါင်းသွားမလား၊ Sparrow Academy နဲ့ပဲ ပူးပေါင်းသွားမလားဆိုတာကိုတော့ မသိရသေးပေမယ့် သေချာတာတစ်ခုကတော့ တတိယမြောက် season ဟာ တော်တော်လေးကို စိတ်ဝင်စားဖို့ကောင်းမယ်ဆိုတာပါပဲ။

Lego Les

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

The Umbrella Academy ဟာ Gerard Way နဲ႔ Gabriel Bá တို႔ကဖန္တီးခဲ့တဲ့ ေကာမစ္စီးရီးတစ္ခုျဖစ္ၿပီးေတာ့ ၂၀၁၉ ခုႏွစ္မွာေတာ့ Netflix ဟာ Live Action အျဖစ္နဲ႔ အေျခခံၿပီးေတာ့ ႐ိုက္ကူးခဲ့ပါတယ္။ စတင္ထြက္ခဲ့တဲ့အခ်ိန္တည္းက ၾကည့္ရႈသူေတြလည္းမ်ားၿပီးေတာ့ လူႀကိဳက္မ်ားခဲ့ပါတယ္။ ဒုတိယ season ကေတာ့ ထြက္ထားတာ သိပ္ၿပီးေတာ့ မၾကာေသးပါဘူး။ ဒီစီးရီးရဲ႕ဇာတ္လမ္းကေတာ့ တစ္ကမာၻလုံးမွာ အမ်ိဳးသမီးတစ္ခ်ိဳ႕ဟာ ခ်က္ခ်င္းႀကီးကိုယ္ဝန္ရသြားၿပီးေတာ့ တစ္ခ်ိန္တည္းမွာပဲ ကေလးေပါင္း (၄၃) ေယာက္ဟာ ေမြးဖြားလာခဲ့ပါတယ္။ အဲ့ဒီကေလးေတြကေတာ့ ထူးဆန္းတဲ့စြမ္းအားေတြကို ပိုင္ဆိုင္ထားၾကၿပီးေတာ့ ဘီလ်ံနာတစ္ေယာက္ျဖစ္တဲ့ Reginald Hargreeves ဟာ အဲ့ဒီကေလးေတြကို တတ္ႏိုင္သေလာက္ရွာေဖြၿပီးေတာ့ ေမြးစားခဲ့ပါတယ္။ သူဟာ အဲ့ဒီကေလးေတြထဲက (၇) ေယာက္ကို ရွာေတြ႕ခဲ့ၿပီးေတာ့ သူတို႔ကို စူပါဟီး႐ိုးအဖြဲ႕တစ္ခုအေနနဲ႔ ဖြဲ႕စည္းပါတယ္။ ဒါကေတာ့ ဇာတ္လမ္းအက်ဥ္းျဖစ္ၿပီးေတာ့ ဒီတစ္ပုဒ္မွာေတာ့ စီးရီးထဲမွာ ျပခဲ့တဲ့ဇာတ္ေကာင္ေတြထဲက သူတို႔ပိုင္ဆိုင္ထားတဲ့ စူပါ,ပါဝါေတြကို ေဖာ္ျပသြားမွာ ျဖစ္ပါတယ္။

(1) Luther
photo via screenrant

Reginald Hargreeves ဟာ အဲ့ဒီကေလးေတြထဲက (၇) ေယာက္ကို ရွာေတြ႕သြားၿပီးတဲ့ေနာက္မွာေတာ့ သူတို႔ကို နံပတ္ေတြနဲ႔ ေခၚေဝၚခဲ့ပါတယ္။ Luther ကိုေတာ့ နံပတ္တစ္လို႔ေခၚခဲ့ေပမယ့္လည္း အဲ့ဒီ (၇) ေယာက္ထဲမွာ သူဟာ စြမ္းအားအႀကီးဆုံးတစ္ေယာက္လို႔ ေျပာတာမဟုတ္ဘဲ ဒီအတိုင္းအမွတ္အသားအေနနဲ႔ ေခၚခဲ့တာ ျဖစ္ပါတယ္။ သူဟာ အစတုန္းကေတာ့ သာမန္လူေတြထက္ အင္အားႀကီးတဲ့စြမ္းအားကို ပိုင္ဆိုင္ထားခဲ့ၿပီး အခုလိုမ်ိဳး ေမ်ာက္ဝံလိုခႏၶာကိုယ္ႀကီး မဟုတ္ခဲ့ပါဘူး။

တစ္ရက္မွာေတာ့ သူဟာ တစ္ကိုယ္ေတာ္မစ္ရွင္လုပ္ေနရင္းနဲ႔ ဒဏ္ရာရလာခဲ့ၿပီး အသက္အႏၲရာယ္ပါ စိုးရိမ္ခဲ့ရပါတယ္။ အဲ့ဒါေၾကာင့္ပဲ သူ႔ရဲ႕အသက္ကို ကယ္တင္ဖို႔အတြက္ ေဆးရည္တစ္မ်ိဳးကို ထိုးေပးလိုက္ရာကေန အခုလိုခႏၶာကိုယ္အျဖစ္ ေျပာင္းလဲသြားခဲ့ပါတယ္။ အခုလိုခႏၶာကိုယ္ႀကီး ျဖစ္သြားေပမယ့္လည္း အဲ့ဒီေဆးရည္ဟာ သူ႔ရဲ႕အသက္ကို ကယ္တင္ခဲ့တဲ့အျပင္ သူ႔ရဲ႕ခံႏိုင္ရည္ေတြကိုပါ ျမင့္မားသြားေစခဲ့ပါတယ္။ သူ႔တို႔ေမာင္ႏွမ (၇) ေယာက္ထဲမွာ သူဟာစြမ္းအားအႀကီးမားဆုံးတစ္ေယာက္ မဟုတ္ေပမယ့္လည္း ခြန္အားေနရာမွာေတာ့ သူဟာ အင္အားအႀကီးမားဆုံးသူတစ္ေယာက္ ျဖစ္ပါတယ္။

(2) Allison
photo via screenrant

အေပၚမွာေဖာ္ျပခဲ့သလို သူတို႔ကိုေခၚတဲ့ နံပတ္ေတြဟာ အေခၚအေဝၚသက္သက္ပဲလို႔ ေျပာေပမယ့္လည္း စြမ္းအားအႀကီးဆုံးကို အဲ့ဒီနံပတ္ေတြနဲ႔ ေျပာင္းျပန္စီထားတာပါဆိုတဲ့ သီအိုရီတစ္ခုလည္း ရွိပါတယ္။ Allison ရဲ႕နံပတ္ကေတာ့ ႏွစ္ျဖစ္ၿပီးေတာ့ အဲ့ဒီသီအိုရီအရဆိုရင္ သူဟာ ဒုတိယေျမာက္ စြမ္းအားအနည္းဆုံးသူလို႔ ေျပာလို႔ရပါတယ္။ ဒါေပမယ့္လည္း သူတို႔ (၇) ေယာက္လုံးဟာ တစ္ေယာက္တစ္မ်ိဳးစီ စြမ္းအားရွိၾကၿပီးေတာ့ အဲ့ဒီစြမ္းအားေတြကို အသုံးျပဳတဲ့ပုံနဲ႔ သူတို႔ဘယ္ေလာက္ထိ အသုံးဝင္လည္းဆိုတာကို ၾကည့္လိုက္ရင္ေတာ့ အဲ့ဒီသီအိုရီဟာ သိပ္ၿပီးေတာ့ လက္ခံခ်င္စရာမေကာင္းပါဘူး။

Allison ကေတာ့ “I heard a rumor…” ဆိုတဲ့စကားလုံးေတြကို အသုံးျပဳၿပီးေတာ့ တစ္ျခားသူေတြရဲ႕ စိတ္ကိုထိန္းခ်ဳပ္ပစ္လို႔ ရပါတယ္။ အဲ့ဒါေၾကာင့္ပဲ သူမဟာ ဘယ္သူ႔ကိုမဆို သူလုပ္ေစခ်င္တာကို လုပ္ခိုင္းလို႔ရၿပီးေတာ့ ေတာ္ေတာ္ေလးကို စြမ္းအားႀကီးတဲ့ အစြမ္းတစ္ခု ျဖစ္ပါတယ္။ ဒါေပမယ့္လည္း သူမဟာ သူ႔ရဲ႕အစြမ္းကို သုံးလိုက္ရင္ သူ႔အတြက္ မေကာင္းတာေတြပဲ ျဖစ္လာတယ္ဆိုၿပီးေတာ့ အဲ့ဒီအစြမ္းကို သိပ္ၿပီးေတာ့ သုံးေလ့မရွိဘဲ တြန႔္ဆုတ္ေနေလ့ရွိပါတယ္။

(3) Diego
photo via screenrant

သူကေတာ့ နံပတ္သုံးျဖစ္ၿပီးေတာ့ သူ႔ရဲ႕စြမ္းအားဟာ သူပစ္လိုက္တဲ့ပစၥည္းနဲ႔ သူ႔ဆီကိုပစ္လိုက္တဲ့ပစၥည္းေတြရဲ႕ လမ္းေၾကာင္းေတြကို ေျပာင္းလဲပစ္ႏိုင္တာ ျဖစ္ပါတယ္။ ပထမ season မွာေတာ့ သူ႔ရဲ႕စြမ္းအားကို ဓားေတြေပၚမွာပဲ အသုံးျပဳခဲ့တာကို ေတြ႕ရေပမယ့္လည္း ဒုတိယ season မွာေတာ့ သူ႔ရဲ႕စြမ္းအားဟာ ဓားေတြအေပၚမွာတင္မဟုတ္ဘဲ တစ္ျခားပစၥည္းေတြ အေပၚမွာလည္း အသုံးျပဳလို႔ရတာကို ျပသသြားခဲ့ပါတယ္။

အဲ့ဒါကေတာ့ သူ႔ဆီကို ပစ္လိုက္တဲ့ က်ည္ဆံေတြရဲ႕လမ္းေၾကာင္းကိုပါ ေျပာင္းလဲျပသြားခဲ့ပါတယ္။ အဲ့လိုမ်ိဳး တစ္ျခားအရာေတြအေပၚမွာ သုံးလို႔ရေပမယ့္လည္း ဓားေတြအေပၚမွာသုံးရတဲ့အေၾကာင္းျပခ်က္ကေတာ့ သူ႔ရန္သူဟာ သူ႔မွာသဘာဝလြန္စြမ္းအားေတြ ရွိေနတယ္ဆိုတာကို မသိေစခ်င္ဘဲ ပုံမွန္လူတစ္ေယာက္လိုပဲ ထင္ေနခ်င္လို႔ ျဖစ္ပါတယ္။

(4) Klaus
photo via screenrant

Klaus ကေတာ့ နံပတ္ေလးျဖစ္ၿပီးေတာ့ သူ႔ရဲ႕စြမ္းအားကေတာ့ ေသဆုံးၿပီးသားလူေတြနဲ႔ ဆက္သြယ္လို႔ရတာပဲ ျဖစ္ပါတယ္။ အဲ့ဒါတင္မဟုတ္ဘဲ သူဟာ အဲ့ဒီဝိဉာဥ္ေတြကို ဆင့္ေခၚလို႔ရတဲ့အျပင္  အဲ့ဒီဝိဉာဥ္ေတြကို သာမန္လူတစ္ေယာက္လို အရာဝတၳဳေတြကို ထိေတြ႕ႏိုင္ၿပီး လူတိုင္းလည္း ျမင္ရေအာင္ ျပဳလုပ္ေပးႏိုင္ေပးပါတယ္။ ဒါေပမယ့္လည္း သူ႔ရဲ႕စြမ္းအားမွာေတာ့ အကန႔္သတ္တစ္ခုရွိေနခဲ့ပါတယ္။ အဲ့ဒါကေတာ့ သူဆင့္ေခၚလို႔ရတဲ့ ဝိဉာဥ္ေတြဟာ လူ႔ဘဝမွာ မၿပီးျပတ္ေသးတဲ့ကိစၥေတြရွိေနၿပီးေတာ့ သူအဲ့လိုဆင့္ေခၚတာကို လက္ခံခ်င္မွသာ ဆင့္ေခၚလို႔ရပါတယ္။

သူဟာ အစတုန္းကေတာ့ သူ႔ရဲ႕စြမ္းအားကို ဖိႏွိပ္ပစ္ဖို႔အတြက္ အရက္နဲ႔မူးယစ္ေဆးေတြကို အၿမဲတမ္းသုံးစြဲေနခဲ့ပါတယ္။ ေနာက္ပိုင္းမွသာ သူရဲ႕စြမ္းအားကို သူတို႔ေမာင္ႏွမေတြကို ကူညီဖို႔အတြက္ အသုံးျပဳခဲ့ပါတယ္။ ဒါ့အျပင္ ဒုတိယ season ရဲ႕ပထမဆုံးအပိုင္းမွာေတာ့ သူဟာ ေသၿပီးသားစစ္သားေတြအမ်ားႀကီးကို ဆင့္ေခၚၿပီးေတာ့ တိုက္ပြဲဝင္ေနတဲ့အခန္း ပါဝင္ခဲ့ပါတယ္။ သူဟာ အဲ့လိုမ်ိဳး ေသၿပီးသားလူေတြအမ်ားႀကီး စစ္တပ္ႀကီးတစ္ခုစာေလာက္အထိ ဆင့္ေခၚႏိုင္တာေၾကာင့္ သူကိုယ္တိုင္ေတာင္ ဘာမွလုပ္စရာမလိုတဲ့ စြမ္းအားတစ္ခု ျဖစ္ပါတယ္။

(5) Five
photo via screenrant

သူ႔ရဲ႕စြမ္းအားကေတာ့ တစ္ျခားသူေတြထက္ နည္းနည္းပိုၿပီးရႈပ္ေထြးပါတယ္။ အေၾကာင္းကေတာ့ သူဟာ အစတုန္းက ေနရာတစ္ခုနဲ႔တစ္ခုကို တယ္လီပို႔လုပ္သလိုမ်ိဳး သြားလာလို႔ရပါတယ္။ ေျပာရရင္ေတာ့ ေနရာကိုႀကိဳက္သလို ထိန္းခ်ဳပ္ႏိုင္တာ ျဖစ္တဲ့အျပင္ အခ်ိန္နဲ႔ေနရာဟာလည္း စပ္ဆက္ေနတာေၾကာင့္ ေနာက္ပိုင္းမွာေတာ့ သူဟာ အခ်ိန္ပါခရီးသြားလို႔ ရသြားပါတယ္။ ဒုတိယ season ထဲမွာေတာ့ သူဟာ အခ်ိန္နဲ႔ေနရာကို ႀကိဳက္သလို ထိန္းခ်ဳပ္လို႔ရသြားတဲ့ ပုံစံမ်ိဳး ျပသသြားခဲ့ပါတယ္။

ဒါ့အျပင္ သူဟာ မရွိရင္ သူတို႔ေမာင္ႏွမေတြအကုန္လုံးဟာ ကမာၻပ်က္တဲ့အခ်ိန္မွာ အကုန္လုံး ေသဆုံးသြားမွာ ျဖစ္ၿပီးေတာ့ သူတို႔အဖြဲ႕ထဲမွာ သူဟာ အေရးႀကီးဆုံးအဖြဲ႕ဝင္တစ္ေယာက္လည္း ျဖစ္ပါတယ္။ ဒါေပမယ့္လည္း သူ႔ရဲ႕စြမ္းအားတစ္ခုတည္းဆိုရင္ သူ႔ရဲ႕ရန္သူေတြကို သိပ္ၿပီးေတာ့ ထိခိုက္ေအာင္ လုပ္ႏိုင္မွာမဟုတ္ဘဲ သူ႔ရဲ႕ရန္သူေတြကို အႏိုင္ယူႏိုင္တဲ့အဓိကအခ်က္ကေတာ့ လုပ္ႀကံေရးသမားတစ္ေယာက္အေနနဲ႔ ေလ့က်င့္ခဲ့လို႔ပဲ ျဖစ္ပါတယ္။

(6) Ben
photo via screenrant

သူဟာ ေသဆုံးသြားတာ ၾကာခဲ့ၿပီျဖစ္ေပမယ့္လည္း Klaus ရဲ႕စြမ္းအားေၾကာင့္ သူဟာ အၿမဲတမ္း Klaus ရဲ႕အနားမွာ ရွိေနခဲ့ပါတယ္။ သူ႔ရဲ႕စြမ္းအားကေတာ့ တစ္ျခားဒိုင္ေမးရွင္းတစ္ခုမွာရွိတဲ့ ေရဘဝဲလက္တံေတြနဲ႔အေကာင္ႀကီးကို သူ႔ရဲ႕ခႏၶာကိုယ္မွာရွိတဲ့ portal ကေနတစ္ဆင့္ ဆင့္ေခၚၿပီးေတာ့ တိုက္ခိုက္လို႔ရတာပဲ ျဖစ္ပါတယ္။

ဒီစီးရီးအစမွာကတည္းက သူဟာေသဆုံးၿပီးသား လူတစ္ေယာက္ျဖစ္ၿပီးေတာ့ Klaus ေၾကာင့္ပဲ သူ႔ရဲ႕အေၾကာင္းေတြကို တျဖည္းျဖည္းသိလာရတာ ျဖစ္ပါတယ္။ ဒါ့အျပင္ သူဟာ ဝိဉာဥ္ျဖစ္ေနတာေၾကာင့္ ဒုတိယ season မွာေတာ့ ေနာက္ထပ္စြမ္းရည္တစ္ခုကို ျပဳလုပ္ႏိုင္ခဲ့ပါတယ္။ အဲ့ဒါကေတာ့ သူဟာ တစ္ျခားသူရဲ႕ခႏၶာကိုယ္ထဲကို ဝင္ပူးလိုက္ၿပီးေတာ့ အခ်ိန္ကာလတစ္ခုထိ ေနထိုင္ႏိုင္တာပဲ ျဖစ္ပါတယ္။

(7) Vanya
photo via screenrant

ပထမ season စထြက္တုန္းကဆိုရင္ သူမဟာ ပရိသတ္ေတြေတာ္ေတာ္မ်ားမ်ားဟာ အံ့ဩသြားေစတဲ့ သူတစ္ေယာက္ ျဖစ္ပါတယ္။ စစလာခ်င္းမွာေတာ့ သူဟာ ဘာစြမ္းအားမွမရွိတဲ့ သာမန္မိန္းကေလးတစ္ေယာက္ပုံစံအေနနဲ႔ ျပသထားေပမယ့္လည္း ေနာက္ပိုင္းမွာေတာ့ သူတို႔ေမာင္ႏွမ (၇) ေယာက္ထဲမွာ သူမဟာ စြမ္းအားအႀကီးမားဆုံးနဲ႔ အႏၲရာယ္အမ်ားဆုံးလူတစ္ေယာက္ ျဖစ္ေနခဲ့ပါတယ္။ သူမရဲ႕ငယ္ဘဝတုန္းကေတာ့ Reginald Hargreeves ဟာ သူမရဲ႕စြမ္းအားကို ရွာေတြ႕ခဲ့ၿပီး သူမကိုယ္တိုင္လည္း မထိန္းခ်ဳပ္ႏိုင္ဘဲ အႏၲရာယ္မ်ားတာကို သိလိုက္ရတဲ့အခ်ိန္မွာေတာ့ Allison ရဲ႕စြမ္းအားကို အသုံးျပဳၿပီးေတာ့ သူမမွာ ဘာစြမ္းအားမွ မရွိပါဘူးဆိုၿပီးေတာ့ ဦးေႏွာက္ေဆးခဲ့ပါတယ္။

သူမရဲ႕စြမ္းအားကေတာ့ အသံနဲ႔သက္ဆိုင္ၿပီးေတာ့ အသံလႈိင္းေတြကို သူမရဲ႕စိတ္တိုင္းက် ထိန္းခ်ဳပ္ႏိုင္တာပဲ ျဖစ္ပါတယ္။ သူမဟာ အဲ့ဒီအသံလႈိင္းေတြကို energy အျဖစ္ေျပာင္းလဲၿပီးေတာ့ အရာဝတၳဳေတြကို သူမရဲ႕စိတ္စြမ္းအားနဲ႔ ေ႐ႊ႕လ်ားေအာင္ လုပ္ႏိုင္တာတို႔ ေလေပၚပ်ံတာတို႔ စတဲ့နည္းလမ္းေတြနဲ႔ ျပန္လည္အသုံးျပဳလို႔ ရပါတယ္။ ဒါ့အျပင္ သူ႔ရဲ႕စြမ္းအားဟာ သူ႔ရဲ႕စိတ္ခံစားခ်က္ေပၚလည္း မူတည္ၿပီးေတာ့ သူ႔ရဲ႕စိတ္ခံစားခ်က္ေတြ ျပင္းထန္လာတာနဲ႔အမွ် သူ႔ရဲ႕စြမ္းအားဟာလည္း ပိုၿပီးေတာ့ ႀကီးမားလာခဲ့ပါတယ္။

(8) Lila
photo via screenrant

သူမကေတာ့ ဒုတိယ season ထဲမွာ အႀကီးမားဆုံးအံ့ဩစရာတစ္ခုအျဖစ္နဲ႔ ပါဝင္ခဲ့ပါတယ္။ Diego ဟာ စိတ္ေရာဂါကုေဆး႐ုံကို ေရာက္ေနတဲ့အခ်ိန္မွာ သူမနဲ႔ေတြ႕ခဲ့တာ ျဖစ္ၿပီးေတာ့ သူတို႔ႏွစ္ေယာက္ဟာ တြဲခဲ့ၾကပါတယ္။ ဒါေပမယ့္လည္း ေနာက္ပိုင္းမွာေတာ့ ျပတ္သြားၾကၿပီးေတာ့ သူမဟာလည္း Handler ရဲ႕ေမြးစားသမီး ျဖစ္ေနခဲ့ပါတယ္။ အဲ့ဒါတင္မဟုတ္ဘဲ သူမဟာလည္း တစ္ျခား (၇) ေယာက္နဲ႔ တစ္ခ်ိန္တည္းမွာ ေမြးဖြားခဲ့တဲ့ ကေလး (၄၃) ေယာက္ထဲက တစ္ေယာက္ျဖစ္ေနၿပီးေတာ့ သူမဟာလည္း စြမ္းအားေတြ ရွိေနခဲ့ပါတယ္။ သူရဲ႕စြမ္းအားကေတာ့ တစ္ျခားသူေတြရဲ႕ စြမ္းအားေတြကို ပုံတူကူးယူၿပီး ျပန္လည္အသုံးျပဳႏိုင္တာပဲ ျဖစ္ပါတယ္။

အဲ့ဒီစြမ္းအားေၾကာင့္ပဲ သူမဟာ Umbrella Academy ရဲ႕ဟီး႐ိုးေတြအကုန္လုံးကို သူမတစ္ေယာက္တည္းနဲ႔ ယွဥ္ၿပီးေတာ့ တိုက္ခိုက္ႏိုင္ခဲ့ပါတယ္။ သူမဟာ Vanya ရဲ႕စြမ္းအားကို ပုံတူယူၿပီး သူတို႔တစ္ဖြဲ႕လုံးကို တိုက္ခိုက္ခဲ့တဲ့အျပင္ Five နဲ႔တိုက္ခိုက္ေနတဲ့အခ်ိန္မွာလည္း Five ရဲ႕စြမ္းအားအတိုင္း တယ္လီပို႔လုပ္ၿပီး တိုက္ခိုက္ခဲ့ပါတယ္။ ဒါ့အျပင္ Luther ကိုလည္း အင္အားခ်င္းယွဥ္တိုက္ခိုက္ခဲ့ၿပီး Allison ကိုလည္း သူ႔ရဲ႕စြမ္းအားနဲ႔ အသက္ရႈလို႔မရေအာင္ စိတ္ကိုထိန္းခ်ဳပ္သြားပါေသးတယ္။ ဒါေပမယ့္လည္း သူ႔ရဲ႕ကန႔္သတ္ခ်က္ကေတာ့ အဲ့ဒီစြမ္းအားေတြကို တစ္ခ်ိန္တည္းအသုံးမျပဳႏိုင္တာဘဲ ျဖစ္ပါတယ္။ ဒုတိယ season ရဲ႕အဆုံးမွာေတာ့ သူမဟာ ၁၉၆၀ ေက်ာ္ အခ်ိန္ကာလကေန ထြက္ခြာသြားၿပီးေတာ့ ဘယ္ေရာက္သြားမွန္း မသိေသးပါဘူး။ တတိယေျမာက္ season က်ရင္ေတာ့ သူမဟာ Umbrella Academy နဲ႔ပူးေပါင္းသြားမလား၊ Sparrow Academy နဲ႔ပဲ ပူးေပါင္းသြားမလားဆိုတာကိုေတာ့ မသိရေသးေပမယ့္ ေသခ်ာတာတစ္ခုကေတာ့ တတိယေျမာက္ season ဟာ ေတာ္ေတာ္ေလးကို စိတ္ဝင္စားဖို႔ေကာင္းမယ္ဆိုတာပါပဲ။

Lego Les

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular