HomeCelebs Update NewsInternationalကိုဗစ်ကူးစက်ခံထားရတယ်ဆိုတဲ့ Charlie Puth 

ကိုဗစ်ကူးစက်ခံထားရတယ်ဆိုတဲ့ Charlie Puth 

အခုဆိုရင် ကိုဗစ်ကပ်ရောဂါ ဖြစ်ပွားလာခဲ့တာ တစ်နှစ်ကျော်ခဲ့ပါပြီ။ ဒီရောဂါဟာ ကမ္ဘာအနှံ့မှာ ဖြစ်ပွားနေဆဲ ဖြစ်ပြီး နေ့စဉ်နဲ့အမျှ ကူးစက်ခံနေရသူတွေလည်း ရှိနေပါတယ်။ ယူအက်စ်လို ကာကွယ်ဆေးတွေ ဒင်းကြမ်းထိုးပေးနေတဲ့ နိုင်ငံလိုမျိုးမှာတောင် ကိုဗစ်ဟာ ဆက်လက် ပျံ့နှံ့ကူးစက်နေဆဲ ဖြစ်ပါတယ်။ ဒီရောဂါရဲ့ ဒဏ်ကို ခံစားရသူတွေထဲမှာ နာမည်ကျော် ဆယ်လီတွေလည်း အပါအဝင်ပါပဲ။

ဟောလိဝုဒ်ရဲ့ နာမည်ကျော်တွေထဲက ကိုဗစ်ရောဂါကို ပထမဆုံး ကူးစက်ခံစားခဲ့ရသူတွေကတော့ မင်းသားကြီး Tom Hanks နဲ့ မင်းသမီး Rita Wilson တို့ ဇနီးမောင်နှံပဲ ဖြစ်ပါတယ်။ သူတို့ဟာ ၂၀၂၀ ခုနှစ် မတ်လမှာ ကိုဗစ်ကူးစက်ခံခဲ့ရတာ ဖြစ်ပြီး အဲဒီနောက်မှာတော့ နာမည်ကျော် အများအပြားပဲ ဒီရောဂါ ကူးစက်ခံခဲ့ရပါတယ်။

Photo: charlieputh/ Instagram

အခုလည်း နာမည်ကျော်အဆိုတော် Charlie Puth ဟာ ကိုဗစ်ကူးစက်ခံထားရတယ်လို့ သိရပါတယ်။ ဒီအကြောင်းကိုတော့ Charlie ကိုယ်တိုင် မနေ့က ဒီဇင်ဘာလ(၁၆)ရက်နေ့မှာပဲ တွစ်တာစာမျက်နှာမှာ အသိပေးထားတာ ဖြစ်ပါတယ်။

“အားလုံးပဲ ကျွန်တော် ဒီမနက်ပဲ ကိုဗစ် ပေါ့စတစ်လို့ အဖြေထွက်လာပါတယ်။ နေရထိုင်ရတာတော့ သိပ်မကောင်းပါဘူး။ ဒါပေမယ့် အဆိုးဆုံးအဆင့်ကိုတော့ ကျော်ဖြတ်ခဲ့ပြီလို့ ထင်ပါတယ်။ တစ်ခုပြီးမြောက်သွားတဲ့ ခံစားချက်မျိုးနဲ့ ဒီအကြောင်းလေး လာပြောပြတာပါ … ”

Photo: charlieputh/ Twitter

“အခုလို အားလပ်ရက်ကာလမှာ အားလုံးပဲ အန္တရာယ်ကင်းကင်းနဲ့ ဂရုစိုက်ကြမယ်လို့ မျှော်လင့်ပြီး အခုလို ပြောပြတာပါ။ ခင်ဗျားတို့ကို ချစ်တယ်။ မကြာခင်မှာပဲ အားလုံးနဲ့ စကားပြောမယ်နော် … ” လို့ Charlie က သူ့ရဲ့ တွစ်တာစာမျက်နှာမှာ ရေးသားထားတာ တွေ့ရပါတယ်။

တစ်ကမ္ဘာလုံး တွေ့ကြုံရင်ဆိုင်နေရတဲ့ အရာတစ်ခု ဖြစ်တာကြောင့် Charlie လည်း မကြာခင်မှာပဲ နေကောင်း သက်သာလာပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Glasgow

Source: hollywoodlife

RELATED ARTICLES

Most Popular