HomeCharacterကလေးဘဝတုန်းက Loki ကို အနိုင်ကျင့်ခဲ့တဲ့ Thor

ကလေးဘဝတုန်းက Loki ကို အနိုင်ကျင့်ခဲ့တဲ့ Thor

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Loki နဲ့ Thor တို့ကြားထဲက အဆင်မပြေမှုတွေနဲ့ ပြဿနာတွေဟာ ကောမစ်တွေထဲမှာလည်း တွေ့ခဲ့ရသလို Live Action တွေထဲမှာလည်း တွေ့ခဲ့ရပါတယ်။ သူတို့နှစ်ယောက်ဟာ အကြောင်းအမျိူးမျိူးကြောင့် ပူးပေါင်းပြီး ပြဿနာတွေကို ဖြေရှင်းခဲ့ရရင်တောင်မှ နောက်ဆုံးမှာတော့ Loki ဟာ Thor ကို မရရအောင် ဒုက္ခပေးလေ့ရှိပါတယ်။ အဲ့ဒါကြောင့်ပဲ Loki က Thor ကို အခုလိုမျိူး မုန်းတီးနေရတဲ့ အကြောင်းရင်းဟာ Thor ကတော့ Odin ရဲ့သားအရင်း ဖြစ်ပြီး Loki ကတော့ မွေးစားသား ဖြစ်တာကြောင့် မိသားစုထဲမှာ သိုးမည်းပုံစံမျိူး ဖြစ်နေခဲ့လို့ဆိုပြီး ပရိသတ်အများစုက ထင်မြင်ကြပါတယ်။ ဒါပေမယ့်လည်း Loki ရဲ့ အမုန်းတရားတွေကို အခုလိုမျိူး ရင့်သန်လာစေတဲ့ အကြောင်းရင်းဟာ ဒီထက်ပိုပြီးတော့ နက်ရှိုင်းပါတယ်။

World War Hulks: Spider-Man & Thor ဆိုတဲ့ ကောမစ်ထဲမှာဆိုရင် Odin က Loki ကို မွေးစားဖို့အတွက် ပထမဆုံး  ခေါ်လာတဲ့နေ့ကို Thor ဟာ ပြန်ပြီးတော့ သတိရသွားခဲ့ပါတယ်။ Thor ဟာ Loki ကို ပထမဆုံး မြင်လိုက်တဲ့အချိန်မှာတင် Loki ရဲ့ အနံ့ဟာ နံစော်နေတာပဲဆိုပြီး ပြောခဲ့တဲ့အပြင် နောက်ပိုင်းမှာလည်း Loki ရဲ့ စာဖတ်တာကို သဘောကျတဲ့ ဝါသနာနဲ့ အားကစားဘက်မှာ မထူးချွန်တာတွေကို Odin ရဲ့ရှေ့မှာ လှောင်ပြောင်ပြီး ပြောခဲ့ဖူးပါတယ်။ အဲ့လိုနဲ့ နောက်ပိုင်းမှာတော့ Thor ဟာ သူကစားတဲ့အချိန်မှာ Loki ကို မခေါ်တာကို Odin သိသွားပြီး အတူတူကစားဖို့အတွက် ပြောတဲ့အချိန်မှာတော့ Thor ဟာ သူ့ရဲ့ကစားနည်းတစ်ခုမှာ အတူတူ ကစားဖို့အတွက် Loki ကို ခေါ်လိုက်ပါတယ်။

photo via screenrant

အဲ့ဒီကစားနည်းကတော့ လေးယောက်ကစားရတဲ့ နပန်းပွဲဖြစ်ပြီးတော့ Thor နဲ့ Loki တို့ကတစ်သင်း တစ်ခြား Asgardian လူငယ်နှစ်ယောက်က တစ်သင်းအနေနဲ့ ဆော့ကစားရမှာ ဖြစ်ပါတယ်။ အဲ့ဒီအချိန်မှာပဲ Thor ဟာ သူက ဦးဆောင်တိုက်ခိုက်ပြီး ရန်သူတွေကို အာရုံလွှဲထားတဲ့အချိန်မှာ Loki ကို ချုံခိုတိုက်ခိုက်ဖို့အတွက် ပြောခဲ့ပါတယ်။ ဒါပေမယ့်လည်း Loki ဟာ သူပြောသလို မလုပ်ဘဲ ကွင်းထဲက ထွက်သွားတဲ့အချိန်မှာတော့ Thor ဟာ နှစ်ယောက်တစ်ယောက် ဖြစ်တာကြောင့် ရှုံးနိမ့်သွားခဲ့ပါတယ်။ အဲ့ဒါကြောင့်ပဲ Thor ဟာ ရှက်သွားပြီး Loki ရဲ့နောက်ကို လိုက်သွားကာ Loki ကို ပြတင်းပေါက်ကနေ ပစ်ချခဲ့တာကြောင့် Loki တစ်ယောက် ရွှံ့အိုင်ထဲကို ပြုတ်ကျသွားခဲ့ပါတယ်။

ဒီမှာတင် အဲ့လို အကျိုးမရှိတဲ့ လုပ်ရပ်မျိုး ကျူးလွန်ခဲ့တဲ့ Thor ကို Odin က ဆူပူဆုံးမပါတော့တယ်။ ဘာမဟုတ်တဲ့ အရာလေးတစ်ခုကြောင့် Loki ကို အညှိုးထားပြီး အကြမ်းဖက်နေမယ်ဆိုရင်တော့ တကယ့်တိုက်ပွဲထဲမှာလည်း ထိုက်တန်မှုမရှိတဲ့ စစ်သည်တော် ဖြစ်လာလိမ့်မယ်လို့ ပြောလိုက်ပါတယ်။ ဒါ့အပြင် Thor ရဲ့ ဉာဏ်ပညာကင်းမဲ့မှု၊ မိမိဘာသာ သန်မာလာအောင် မကြိုးစားဘဲ Loki ကို အနိုင်ကျင့်တာတွေကိုလည်း ဖခင်ဖြစ်သူ Odin က ဆုံးမခဲ့ပါသေးတယ်။ အဲ့ဒါနဲ့ပဲ Thor ဟာ ရှက်သွားပြီး Loki နဲ့ သူ့ရဲ့ကြားထဲက အညှိုးတွေကို မဖြေဖျောက်နိုင်ခဲ့ပေမယ့်လည်း အရင်ကထက် ပိုပြီးကောင်းအောင် နေထိုင်မယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်။

photo via screenrant

ဒီလိုနဲ့ အသက်တွေ ကြီးလာတဲ့အခါမှာတော့ Thor က ရင့်ကျက်လာခဲ့ပေမယ့် ငယ်ဘဝက အနှိမ်ခံ၊ အနိုင်ကျင့်ခံအဖြစ် ကြီးပြင်းခဲ့ရတဲ့ Loki ကတော့ ခါးသက်မှုတွေနဲ့ အမုန်းတရားတွေသာ တဖြည်းဖြည်း ပြည့်နှက်လာခဲ့ပါတယ်။ ဒါ့အပြင် သူ့ကိုအနိုင်ကျင့်ခဲ့တဲ့ Thor ဟာ Odin ရဲ့ အချစ်ဆုံးသား ဖြစ်နေတဲ့အပြင် Asgard ရဲ့ သူရဲကောင်းဖြစ်နေတာတွေကြောင့် Loki အနေနဲ့ သိုးမည်းတစ်ကောင်လို ခံစားခဲ့ရပြီးတော့ အခုလိုမျိူး ဗီလိန်ဆန်ဆန် လုပ်ရပ်တွေကို လုပ်နေခဲ့တာ ဖြစ်ပါတယ်။

ဒါတွေအပြင် Loki ရဲ့စိတ်ထဲမှာ စိတ်ဒဏ်ရာလိုမျိူး ခံစားခဲ့ရပြီး သူဘာတွေပဲလုပ်လုပ် Odin က Thor ကိုပဲ ဦးစားပေးနေတာကြောင့် Odin က သူ့ကို သတိထားမိလာဖို့အတွက် မကောင်းတဲ့လုပ်ရပ်တွေကို ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း နောက်ပိုင်းမှာ Loki ဟာ အကြိမ်ပေါင်းများစွာ သေဆုံးခဲ့ပြီး ပြန်လည်ရှင်သန်လာတဲ့နောက်မှာတော့ သူဟာလည်း ရင့်ကျက်လာခဲ့ပါတယ်။ ဖြစ်နိုင်ရင်တော့ သူတို့ညီအစ်ကို နှစ်ယောက်ကို အဆင်ပြေပြေနဲ့ မြင်တွေ့ချင်တာဟာ ပရိသတ်အများစုရဲ့ ဆန္ဒပဲ ဖြစ်ပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

Loki နဲ႔ Thor တို႔ၾကားထဲက အဆင္မေျပမႈေတြနဲ႔ ျပႆနာေတြဟာ ေကာမစ္ေတြထဲမွာလည္း ေတြ႕ခဲ့ရသလို Live Action ေတြထဲမွာလည္း ေတြ႕ခဲ့ရပါတယ္။ သူတို႔ႏွစ္ေယာက္ဟာ အေၾကာင္းအမ်ိဴးမ်ိဴးေၾကာင့္ ပူးေပါင္းၿပီး ျပႆနာေတြကို ေျဖရွင္းခဲ့ရရင္ေတာင္မွ ေနာက္ဆုံးမွာေတာ့ Loki ဟာ Thor ကို မရရေအာင္ ဒုကၡေပးေလ့ရွိပါတယ္။ အဲ့ဒါေၾကာင့္ပဲ Loki က Thor ကို အခုလိုမ်ိဴး မုန္းတီးေနရတဲ့ အေၾကာင္းရင္းဟာ Thor ကေတာ့ Odin ရဲ႕သားအရင္း ျဖစ္ၿပီး Loki ကေတာ့ ေမြးစားသား ျဖစ္တာေၾကာင့္ မိသားစုထဲမွာ သိုးမည္းပုံစံမ်ိဴး ျဖစ္ေနခဲ့လို႔ဆိုၿပီး ပရိသတ္အမ်ားစုက ထင္ျမင္ၾကပါတယ္။ ဒါေပမယ့္လည္း Loki ရဲ႕ အမုန္းတရားေတြကို အခုလိုမ်ိဴး ရင့္သန္လာေစတဲ့ အေၾကာင္းရင္းဟာ ဒီထက္ပိုၿပီးေတာ့ နက္ရႈိင္းပါတယ္။

World War Hulks: Spider-Man & Thor ဆိုတဲ့ ေကာမစ္ထဲမွာဆိုရင္ Odin က Loki ကို ေမြးစားဖို႔အတြက္ ပထမဆုံး  ေခၚလာတဲ့ေန႔ကို Thor ဟာ ျပန္ၿပီးေတာ့ သတိရသြားခဲ့ပါတယ္။ Thor ဟာ Loki ကို ပထမဆုံး ျမင္လိုက္တဲ့အခ်ိန္မွာတင္ Loki ရဲ႕ အနံ႔ဟာ နံေစာ္ေနတာပဲဆိုၿပီး ေျပာခဲ့တဲ့အျပင္ ေနာက္ပိုင္းမွာလည္း Loki ရဲ႕ စာဖတ္တာကို သေဘာက်တဲ့ ဝါသနာနဲ႔ အားကစားဘက္မွာ မထူးခြၽန္တာေတြကို Odin ရဲ႕ေရွ႕မွာ ေလွာင္ေျပာင္ၿပီး ေျပာခဲ့ဖူးပါတယ္။ အဲ့လိုနဲ႔ ေနာက္ပိုင္းမွာေတာ့ Thor ဟာ သူကစားတဲ့အခ်ိန္မွာ Loki ကို မေခၚတာကို Odin သိသြားၿပီး အတူတူကစားဖို႔အတြက္ ေျပာတဲ့အခ်ိန္မွာေတာ့ Thor ဟာ သူ႔ရဲ႕ကစားနည္းတစ္ခုမွာ အတူတူ ကစားဖို႔အတြက္ Loki ကို ေခၚလိုက္ပါတယ္။

photo via screenrant

အဲ့ဒီကစားနည္းကေတာ့ ေလးေယာက္ကစားရတဲ့ နပန္းပြဲျဖစ္ၿပီးေတာ့ Thor နဲ႔ Loki တို႔ကတစ္သင္း တစ္ျခား Asgardian လူငယ္ႏွစ္ေယာက္က တစ္သင္းအေနနဲ႔ ေဆာ့ကစားရမွာ ျဖစ္ပါတယ္။ အဲ့ဒီအခ်ိန္မွာပဲ Thor ဟာ သူက ဦးေဆာင္တိုက္ခိုက္ၿပီး ရန္သူေတြကို အာ႐ုံလႊဲထားတဲ့အခ်ိန္မွာ Loki ကို ခ်ဳံခိုတိုက္ခိုက္ဖို႔အတြက္ ေျပာခဲ့ပါတယ္။ ဒါေပမယ့္လည္း Loki ဟာ သူေျပာသလို မလုပ္ဘဲ ကြင္းထဲက ထြက္သြားတဲ့အခ်ိန္မွာေတာ့ Thor ဟာ ႏွစ္ေယာက္တစ္ေယာက္ ျဖစ္တာေၾကာင့္ ရႈံးနိမ့္သြားခဲ့ပါတယ္။ အဲ့ဒါေၾကာင့္ပဲ Thor ဟာ ရွက္သြားၿပီး Loki ရဲ႕ေနာက္ကို လိုက္သြားကာ Loki ကို ျပတင္းေပါက္ကေန ပစ္ခ်ခဲ့တာေၾကာင့္ Loki တစ္ေယာက္ ႐ႊံ႕အိုင္ထဲကို ျပဳတ္က်သြားခဲ့ပါတယ္။

ဒီမွာတင္ အဲ့လို အက်ိဳးမရွိတဲ့ လုပ္ရပ္မ်ိဳး က်ဴးလြန္ခဲ့တဲ့ Thor ကို Odin က ဆူပူဆုံးမပါေတာ့တယ္။ ဘာမဟုတ္တဲ့ အရာေလးတစ္ခုေၾကာင့္ Loki ကို အညႇိဳးထားၿပီး အၾကမ္းဖက္ေနမယ္ဆိုရင္ေတာ့ တကယ့္တိုက္ပြဲထဲမွာလည္း ထိုက္တန္မႈမရွိတဲ့ စစ္သည္ေတာ္ ျဖစ္လာလိမ့္မယ္လို႔ ေျပာလိုက္ပါတယ္။ ဒါ့အျပင္ Thor ရဲ႕ ဉာဏ္ပညာကင္းမဲ့မႈ၊ မိမိဘာသာ သန္မာလာေအာင္ မႀကိဳးစားဘဲ Loki ကို အႏိုင္က်င့္တာေတြကိုလည္း ဖခင္ျဖစ္သူ Odin က ဆုံးမခဲ့ပါေသးတယ္။ အဲ့ဒါနဲ႔ပဲ Thor ဟာ ရွက္သြားၿပီး Loki နဲ႔ သူ႔ရဲ႕ၾကားထဲက အညႇိဳးေတြကို မေျဖေဖ်ာက္ႏိုင္ခဲ့ေပမယ့္လည္း အရင္ကထက္ ပိုၿပီးေကာင္းေအာင္ ေနထိုင္မယ္လို႔ ဆုံးျဖတ္ခဲ့ပါတယ္။

photo via screenrant

ဒီလိုနဲ႔ အသက္ေတြ ႀကီးလာတဲ့အခါမွာေတာ့ Thor က ရင့္က်က္လာခဲ့ေပမယ့္ ငယ္ဘဝက အႏွိမ္ခံ၊ အႏိုင္က်င့္ခံအျဖစ္ ႀကီးျပင္းခဲ့ရတဲ့ Loki ကေတာ့ ခါးသက္မႈေတြနဲ႔ အမုန္းတရားေတြသာ တျဖည္းျဖည္း ျပည့္ႏွက္လာခဲ့ပါတယ္။ ဒါ့အျပင္ သူ႔ကိုအႏိုင္က်င့္ခဲ့တဲ့ Thor ဟာ Odin ရဲ႕ အခ်စ္ဆုံးသား ျဖစ္ေနတဲ့အျပင္ Asgard ရဲ႕ သူရဲေကာင္းျဖစ္ေနတာေတြေၾကာင့္ Loki အေနနဲ႔ သိုးမည္းတစ္ေကာင္လို ခံစားခဲ့ရၿပီးေတာ့ အခုလိုမ်ိဴး ဗီလိန္ဆန္ဆန္ လုပ္ရပ္ေတြကို လုပ္ေနခဲ့တာ ျဖစ္ပါတယ္။

ဒါေတြအျပင္ Loki ရဲ႕စိတ္ထဲမွာ စိတ္ဒဏ္ရာလိုမ်ိဴး ခံစားခဲ့ရၿပီး သူဘာေတြပဲလုပ္လုပ္ Odin က Thor ကိုပဲ ဦးစားေပးေနတာေၾကာင့္ Odin က သူ႔ကို သတိထားမိလာဖို႔အတြက္ မေကာင္းတဲ့လုပ္ရပ္ေတြကို ျပဳလုပ္ခဲ့တာ ျဖစ္ပါတယ္။ ဒါေပမယ့္လည္း ေနာက္ပိုင္းမွာ Loki ဟာ အႀကိမ္ေပါင္းမ်ားစြာ ေသဆုံးခဲ့ၿပီး ျပန္လည္ရွင္သန္လာတဲ့ေနာက္မွာေတာ့ သူဟာလည္း ရင့္က်က္လာခဲ့ပါတယ္။ ျဖစ္ႏိုင္ရင္ေတာ့ သူတို႔ညီအစ္ကို ႏွစ္ေယာက္ကို အဆင္ေျပေျပနဲ႔ ျမင္ေတြ႕ခ်င္တာဟာ ပရိသတ္အမ်ားစုရဲ႕ ဆႏၵပဲ ျဖစ္ပါတယ္။

Legos

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular