HomeCelebs Update NewsInternationalMarvel Studios နဲ့ တွေ့ဆုံပြီးကြောင်း confirm လာတဲ့ Chloe Grace Moretz

Marvel Studios နဲ့ တွေ့ဆုံပြီးကြောင်း confirm လာတဲ့ Chloe Grace Moretz

မင်းသမီးချောလေး Chloe Grace Moretz ကတော့ MCU ရဲ့ အမည်မသိရသေးတဲ့ ပရောဂျက်တစ်ခုမှာ ပါဝင်သရုပ်ဆောင်ဖို့ Marvel စတူဒီယိုနဲ့ တွေ့ဆုံဆွေးနွေးပြီးတဲ့အကြောင်း အတည်ပြု ပြောကြားလာပါတယ်။

Marvel ရုပ်ရှင်တွေကတော့ Phase တွေ တစ်ခုပြီးတစ်ခု ပြီးစီးသွားပြီး ရုပ်ရှင်တစ်ကားချင်းစီတိုင်းမှာလည်း သရုပ်ဆောင်ပေါင်းများစွာကို အသုံးပြုပြီး သူတို့ရဲ့ကောမစ်ဇာတ်ကောင်တွေကို အသက်သွင်းနေပါတယ်။ လက်ရှိခေတ်ကာလရဲ့ ဟော့အဖြစ်ဆုံး franchise တစ်ခု ဖြစ်တာနဲ့အညီ သရုပ်ဆောင်တွေကြားထဲမှာလည်း ဟီးရိုး၊ ဒါမှမဟုတ် ဗီလိန်အဖြစ် suit ဝတ်ဆင်ပြီး သရုပ်ဆောင်ချင်သလားဆိုတဲ့ မေးခွန်းတွေဟာလည်း ရေပန်းစားလာပါတယ်။

Photo via screenrant

Universe ကို ဆက်လက် ချဲ့ထွင်နေတဲ့ Marvel စတူဒီယိုဟာ သူတို့ရဲ့ပရောဂျက်အသစ်တွေနဲ့ ကိုက်ညီမယ့် သရုပ်ဆောင်တွေကိုလည်း တွေ့ဆုံဆွေးနွေးလေ့ ရှိပါတယ်။ အခုလည်း မကြာသေးခင်က ပြုလုပ်ခဲ့တဲ့ ComicBook နဲ့ အင်တာဗျူးမှာတော့ မင်းသမီးလေး Chloe Grace Moretz ဟာ Marvel စတူဒီယိုနဲ့ တွေ့ဆုံပြီးကြောင်း ပြောပြသွားပါတယ်။

“ဟုတ်ကဲ့။ ကျွန်မတို့ အဲဒီအကြောင်း နည်းနည်းပြောဖြစ်ကြပါတယ်။ ကျွန်မကတော့ Marvel သို့မဟုတ် DC မှာ ဗီလိန်ဇာတ်ကောင်နေရာက သရုပ်ဆောင်ဖို့ စိတ်ဝင်စားပါတယ်။ အဲဒီဗီလိန်ဇာတ်ရုပ်ရဲ့ ပိုပြီးနက်ရှိုင်းတဲ့၊ ပိုပြီးအရိုင်းဆန်တဲ့ ပုံစံမျိုးကို လုပ်ချင်တာပါ။ စူပါဟီးရိုးကိုလည်း ကျွန်မသဘောကျပါတယ်။ စူပါဟီးရိုးနေရာက သရုပ်ဆောင်ရရင်လည်း ပျော်စရာကောင်းမှာပါ …”

Photo via screenrant

“ဒါပေမယ့် ကိုယ်လုပ်ချင်တဲ့ပုံစံနဲ့ ကာရိုက်တာရဲ့ အနေအထား လိုက်ဖက်တာမျိုးကို ရှာဖွေရတာ ပိုကောင်းတယ်လို့ ထင်ပါတယ်။ ကျွန်မကတော့ ကိုယ့်အတွက် မှန်ကန်တဲ့ ဇာတ်ကောင်၊ မှန်ကန်တဲ့ ပရောဂျက်မျိုးကို ရရှိတာက တကယ်ပဲ ပျော်ရွှင်စရာကောင်းမယ်လို့ ထင်ပါတယ် …” လို့ Chloe က ပြောသွားပါတယ်။

သူမရဲ့ ပြောစကားအရ ဆိုရင်တော့ Chloe ဟာ ဟီးရိုးဇာတ်ကောင်ထက် ဗီလိန်ဇာတ်ကောင်ကို ပိုစိတ်ဝင်စားနေကြောင်း သိသာပါတယ်။ သို့သော်လည်း Marvel နဲ့ တွေ့ဆုံမှုဖြစ်တဲ့အတွက် ဘယ်ဇာတ်ကောင်အတွက် ဆွေးနွေးခဲ့တယ်ဆိုတာ မသိရသလို သဘောတူညီမှု ရ၊မရဆိုတာလည်း မပြောသွားပါဘူး။ ဒါ့အပြင် ဒါဟာ ဇာတ်လမ်းတွဲအတွက်လား၊ ရုပ်ရှင်အတွက်လားဆိုတာလည်း မသိရပြန်ပါဘူး။

Photo: Marvel Database Fandom

သို့ပေမယ့်လည်း ခန့်မှန်းရမယ်ဆိုရင်တော့ Chloe သာ MCU ထဲကို ဝင်လာမယ်ဆိုရင် သူမ သရုပ်ဆောင်မယ့် ဇာတ်ကောင်ဟာ Sue Storm တဖြစ်လည်း Invisible Woman ဖြစ်နိုင်ပါတယ်။ အကြောင်းကတော့ Marvel ဟာ Fantastic Four ကို reboot ပြန်လုပ်ဖို့ စီစဉ်နေတာကြောင့် ဖြစ်ပြီး Kevin Feige ဟာလည်း မူလဇာတ်လမ်းကို အသုံးမပြုဘူးလို့ အတည်ပြုထားတာကြောင့် ဖြစ်ပါတယ်။

ဒါ့အပြင် Fantastic Four ကို ပြန်လည် အသက်သွင်းရာမှာ ဒီအဖွဲ့ရဲ့ လူကြီးဗားရှင်း၊ ဒါမှမဟုတ် လူငယ်ဗားရှင်းကို အသုံးပြုမှာလားဆိုတာတော့ Kevin Feige က မပြောထားတာကြောင့် လက်ရှိမှာ အသက်(၂၅)နှစ်သာ ရှိသေးတဲ့ Chloe ဟာ လူငယ်ဗားရှင်းနဲ့တော့ ကွက်တိ အံကိုက်ဖြစ်နေတာကို တွေ့ရမှာ ဖြစ်ပါတယ်။

Glasgow

Source: screenrant

RELATED ARTICLES

Most Popular