HomeCelebs Update NewsInternationalအဓမ္မပြုကျင့်မှုနဲ့ တရားစွဲခံလိုက်ရတဲ့ အဆိုတော် Chris Brown 

အဓမ္မပြုကျင့်မှုနဲ့ တရားစွဲခံလိုက်ရတဲ့ အဆိုတော် Chris Brown 

နာမည်ကျော် အဆိုတော်၊ ရက်ပ်ပါ Chris Brown ဟာ အဓမ္မပြုကျင့်မှုနဲ့ တရားစွဲခံထားရပါတယ်။

ဒီအမှုကိုတော့ အမည်မဖော်ပြထားတဲ့ အမျိုးသမီးတစ်ဦးက စွဲဆိုထားတာဖြစ်ပြီး တရားရုံး စာရွက်စာတမ်းများရဲ့ ဖော်ပြချက်အရ ၂၀၂၀ ခုနှစ် ဒီဇင်ဘာလတုန်းက ဖလော်ရီဒါပြည်နယ်က အပန်းဖြေရွက်လှေတစ်ခုပေါ်မှာ အဆိုတော် Chris Brown က သူမကို ဆေးခတ်ပြီး အဓမ္မပြုကျင့်ခဲ့တာလို့ ဆိုပါတယ်။ သူမဟာ Chris ကြောင့် ရရှိခဲ့တဲ့ ထိခိုက်နစ်နာမှုအတွက် ယခုတရားစွဲဆိုမှုမှာ ဒေါ်လာသန်း(၂၀) လျော်ကြေး တောင်းဆိုထားပါတယ်။

Photo: chrisbrownofficial/ Instagram

ဒီအမှုကိုတော့ ပြီးခဲ့တဲ့ ကြာသပတေးနေ့က တရားရုံးကို စတင်လျှောက်ထားခဲ့တာ ဖြစ်ပြီး တရားစွဲဆိုသူ အမျိုးသမီးဟာ musician နဲ့ အကပညာရှင်တစ်ယောက် ဖြစ်ကာ Jane Doe အမည်တပ်ပြီး ဒီအမှုကို စွဲဆိုထားတာ ဖြစ်ပါတယ်။ (Jane Doe ဆိုတာကတော့ အမည်တပ်လို့ မရတဲ့ မှုခင်းဖြစ်စဉ်တွေမှာ ထိခိုက်နစ်နာသူ အမျိုးသမီးကို မှုခင်းအစဉ်အလာအရ ပေးလေ့ရှိတဲ့ အမည်နာမတစ်ခု ဖြစ်ပါတယ်။ တကယ်လို့ ထိခိုက်နစ်နာသူက အမျိုးသားဆိုရင်တော့ John Doe လို့ ပေးလေ့ရှိပါတယ်။)

သူမရဲ့ ထွက်ဆိုချက်အရ Chris Brown ဟာ ဖလော်ရီဒါပြည်နယ်၊ Star Island မှာရှိတဲ့ ရက်ပ်ပါ Sean Combs ရဲ့ နေအိမ်မှာ သူနဲ့ လာရောက်တွေ့ဆုံဖို့ ဖိတ်ကြားခဲ့တာလို့ သိရပါတယ်။ သူမ အဲဒီနေရာကို ရောက်ရှိပြီးနောက်မှာတော့ အပျော်စီးရွက်လှေတစ်ခုပေါ်ကို ဖိတ်ခေါ်ခံရတယ်လို့ ဆိုပါတယ်။ အဲဒီနောက် သူမရဲ့ အလုပ်နဲ့ ပတ်သက်ပြီး Chris Brown နဲ့ ဆွေးနွေး၊ စကားပြောခဲ့ကာ သူ တိုက်ကျွေး၊ ဧည့်ခံတဲ့ သောက်စရာတစ်ခုကို သောက်သုံးခဲ့တယ်လို့ ဆိုပါတယ်။

Photo: chrisbrownofficial/ Instagram

အမှုလျှောက်လဲချက်မှာ ဖော်ပြထားချက်အရ ဒုတိယမြောက် တစ်ခွက်ကို သောက်သုံးပြီးချိန်မှာတော့ သူမဟာ ရီဝေမူးယစ်လာကာ ခန္ဓာကိုယ်ကလည်း မလှုပ်ရှားနိုင်တော့ဘူးလို့ ဆိုပါတယ်။ အဲဒီနောက်မှာတော့ Chris Brown ဟာ သူမကို အိပ်ခန်းထဲ ဆွဲခေါ်သွားကာ သူမရဲ့ အတွင်းခံတွေကို ဆွဲချွတ်ပြီး သူမရဲ့ အလိုဆန္ဒ မပါဝင်ဘဲ ကာမရယူခဲ့တယ်လို့ ဆိုပါတယ်။

ဒီအမှုနဲ့ ပတ်သက်ပြီး သတင်းဌာနတွေရဲ့ ဆက်သွယ်မေးမြန်းချက်အပေါ် Chris Brown ရဲ့ ရှေ့နေနဲ့ ကိုယ်စားလှယ်နှစ်ဦးကတော့ ပြန်လည်ဖြေကြားခြင်း မရှိသေးပါဘူး။ Chris Brown ကတော့ ဒီကိစ္စအပေါ် ရည်ရွယ်တယ်လို့ ထင်ရတဲ့ ပို့စ်တစ်ခုကို သူ့ရဲ့ အင်စတာဂရမ်မှာ ရေးသားခဲ့ပြီး မကြာခင်မှာပဲ ပို့စ်ကို ပြန်ဖျက်ခဲ့ပါတယ်။

Photo: chrisbrownofficial/ Instagram

အဆိုပါပို့စ်မှာတော့ “ငါ music တို့၊ ပရောဂျက်အသစ်တို့ ထုတ်မယ့်အချိန်တိုင်း တကယ့် သောက်ပြဿနာ အကြီးကြီးတွေနဲ့ နှောင့်ယှက်ဖို့ ကြိုးစားကြတယ် … ” လို့ ရေးသားထားပြီး အပြာရောင် ဦးထုပ် အီမိုဂျီနဲ့ အဆုံးသတ်ထားပါတယ်။ ဒီအပြာရောင်ဦးထုပ် အီမိုဂျီကတော့ လိမ်လည်တယ်လို့ ဆိုလိုချင်တဲ့အခါ slang အနေနဲ့ အသုံးပြုကြတာ ဖြစ်ပါတယ်။

ဒီအမှုမှာ Chris Brown ဟာ တကယ် ကျူးလွန်ခဲ့လား၊ မကျူးလွန်ခဲ့ဘူးလားဆိုတာကတော့ ရှေ့ဆက် တရားရုံးမှာ စစ်ဆေးတဲ့အခါ အမှုမှန် ပေါ်ပေါက်လာမှာ ဖြစ်ပါတယ်။ သို့ပေမယ့်လည်း တကယ်တမ်းမှာတော့ သူ့အနေနဲ့ မိန်းကလေးတွေနဲ့ ပတ်သက်ပြီး ယခင်တုန်းကလည်း အလားတူကိစ္စရပ်တွေ ရှိခဲ့ဖူးပါတယ်။

Photo: chrisbrownofficial/ Instagram

အဲဒါကတော့ Chris Brown ဟာ ၂၀၀၉ ခုနှစ်တုန်းက အဆိုတော် Rihanna နဲ့ တွဲနေတဲ့အချိန်မှာ သူမအပေါ် အကြမ်းဖက်၊ ရိုက်နှက်တာတွေ ရှိခဲ့ပြီး ဒီပြစ်မှုအတွက်လည်း အပြစ်ရှိကြောင်း သူကိုယ်တိုင် ဝန်ခံခဲ့ပါတယ်။ ဒီကိစ္စတုန်းကလည်း ကမ္ဘာ့မီဒီယာ စာမျက်နှာတွေမှာ Rihanna ရဲ့ ဖူးယောင်နေတဲ့ မျက်နှာနဲ့ ဓာတ်ပုံတွေ၊ သတင်းတွေ ပွက်လောရိုက်ခဲ့ပါသေးတယ်။

ဒါ့အပြင် ၂၀၁၉ ခုနှစ်တုန်းကလည်း အမျိုးသမီးတစ်ယောက်ဟာ ပါရီမြို့ရဲ့ ဟိုတယ်တစ်ခုမှာ Chris Brown က သူမကို အဓမ္မပြုကျင့်ခဲ့ကြောင်း တရားစွဲဆိုခဲ့ပါသေးတယ်။ အဲဒီတုန်းကတော့ Chris Brown ဟာ ဒီစွပ်စွဲချက်ကို ငြင်းဆိုခဲ့ပြီး အသရေဖျက်မှုနဲ့ တရားပြန်စွဲခဲ့ပါတယ်။ အဆိုပါအမှုမှာတော့ Chris Brown ဟာ ပြစ်မှုတစုံတရာ ကျခံရခြင်း မရှိခဲ့ဘဲ အမှုက ကွင်းလုံးကျွတ် လွတ်မြောက်ခဲ့ပါတယ်။

Glasgow

Source: indianexpress

 

RELATED ARTICLES

Most Popular