HomeCelebs Update NewsInternationalRihanna ရဲ႕ ဘီကီနီပုံေအာက္မွာ အီစီကလီေတြ ေျပာသြားတဲ့ Chris Brown

Rihanna ရဲ႕ ဘီကီနီပုံေအာက္မွာ အီစီကလီေတြ ေျပာသြားတဲ့ Chris Brown

အောက်တွင် ယူနီကုဒ်ဖြင့် ဖတ်ပါ။

Chris Brown တစ္ေယာက္ကေတာ့ အခ်စ္ေဟာင္း Rihanna အေပၚ စိတ္မကုန္ေသးဘူးလားလို႔ ေမးစရာ ျဖစ္လာျပန္ပါၿပီ။ အေၾကာင္းကေတာ့ Ri Ri ရဲ႕ Instagram က ဘီကီနီပုံေအာက္မွာ အီစီကလီ comment ေတြ လာမန္႔သြားလို႔ပဲ ျဖစ္ပါတယ္။

Chris Brown ဟာ တစ္ခ်ိန္က အသည္းေက်ာ္ အခ်စ္ေဟာင္းႀကီး Rihanna ရဲ႕ ဆက္ဆီပုံေအာက္မွာ comment ေတြ တစ္ခုေတာင္ မဟုတ္ဘဲ သုံးေလးခု လာမန္႔သြားခဲ့တာ ျဖစ္ပါတယ္။ မန္႔သြားတဲ့ comment ေတြကလည္း Ri Ri ကို အျပတ္ေၾကြေနတဲ့ပုံစံနဲ႔ လာမန္႔သြားခဲ့တာပါ။

Photo: hollywoodlife

Ri Ri ကေတာ့ သူမရဲ႕ ကိုယ္ပိုင္ brand ျဖစ္တဲ့ Savage X Fenty အတြင္းခံေတြအတြက္ ကိုယ္တိုင္ေမာ္ဒယ္လ္လုပ္ၿပီး Instagram မွာ ေၾကာ္ျငာထားတာ ျဖစ္ပါတယ္။ သူမရဲ႕ အမိုက္စား ခႏၶာကိုယ္ေကာက္ေၾကာင္းကို ေပၚလြင္ေအာင္ ရိုက္ထားတာမို႔လည္း Chris Brown ရဲ႕ ဦးေႏွာက္ထဲက ဆားကစ္ေတြ နည္းနည္း လမ္းေၾကာင္းလြဲသြားခဲ့ပုံေပၚပါတယ္။ “မီးအိမ္ႀကီးပဲ ျဖစ္လိုက္ခ်င္တယ္” ဆိုၿပီး ဓာတ္ပုံထဲမွာပါတဲ့ Ri Ri ေရွ႕က မီးအိမ္ႀကီးကို အားေတြက်ေနတဲ့ပုံ မန္႔သြားတာပဲ ျဖစ္ပါတယ္။

Photo: badgalriri/ Instagram

Chris Brown ဟာ Rihanna ကို ကိုယ္ထိလက္ေရာက္ ရိုက္ႏွက္ေစာ္ကားၿပီး ေဆးရုံတက္ရသည္အထိ ႏွိပ္စက္ခဲ့ဖူးတဲ့ ၂၀၀၉ခုႏွစ္က အျဖစ္အပ်က္ေတြဟာ Ri Ri ရဲ႕ စိတ္ထဲက အတြင္းတစ္ေနရာမွာ ေသခ်ာေပါက္ ဒဏ္ရာက်န္ေနေလာက္တဲ့ အေနအထား ျဖစ္ပါတယ္။ လက္ရိွမွာ Ri Ri က ခ်စ္သူ Hassan Jameel နဲ႔ ေပ်ာ္ရႊင္ေနတဲ့ သတင္းေတြၾကားေနေပမယ့္ ျဖစ္ၿပီးခဲ့တာေတြအတြက္ ေနာင္တရတဲ့အေၾကာင္း Chris က ထုတ္ေျပာခဲ့ပါေသးတယ္။

နီးစပ္တဲ့ အတြင္းသတင္းတစ္ခုရဲ႕အဆိုအရ Chris ဆီမွာ Ri Ri အတြက္ ေနရာတစ္ေနရာ အၿမဲရိွေနတယ္လို႔ သိရပါတယ္။ “တကယ္လို႔ သူသာ အဲ့ဒီ့လမ္းေၾကာင္းကို မေရြးဘဲ အျခားတစ္နည္းနည္းကို ေရြးခဲ့မိရင္ အခုအခ်ိန္ထိ Rihanna ေဘးမွာ ေနခြင့္ရေနဦးမွာပဲလို႔ သူခံစားေနရပါတယ္” လို႔ အတြင္းသတင္းက hollywoodlife ကို ေျပာျပထားပါတယ္။

 

သို႔ေပမယ့္ အခုလတ္တေလာအတြင္း Chris တစ္ေယာက္ ဒီလိုအီစီကလီေတြ လိုက္ေရးေနတာကေတာ့ Rihanna တစ္ေယာက္တည္းကို မဟုတ္ပါဘူး။ ေမာ္ဒယ္လ္ Diamond Brown ရဲ႕ ပုံေတြနဲ႔ သူနဲ႔ သီခ်င္းအတူ တြဲဆိုဖူးတဲ့ DaniLeigh တို႔ရဲ႕ ပုံေတြမွာလည္း အလားတူပဲ အီစီကလီေတြ လုိက္ေရးထားတာကို ေတြ႕ရပါေသးတယ္။ ဒါဟာ Chris Brown နဲ႔ လက္ရိွတြဲေနတဲ့ Ammika Harris မွာ Chris Brown နဲ႔ရတဲ့ ကိုယ္၀န္ရိွေနတယ္ဆိုတဲ့ ေကာလာဟလေတြ ထြက္လာၿပီးေနာက္ပိုင္းမွာ ျဖစ္ပ်က္လာတာေတြလည္း ျဖစ္ပါတယ္။ Ammika Harris ကေတာ့ မဟုတ္ေၾကာင္း ျငင္းထားေပမယ့္ ပရိသတ္ေတြကေတာ့ ဆက္လက္ေစာင့္ၾကည့္ေနၾကဆဲ ျဖစ္ပါတယ္။ Chris Brown မွာေတာ့ Royalty Brown လို႔ ေခၚတဲ့ သမီးေလးတစ္ေယာက္ ရိွထားၿပီး ျဖစ္ပါတယ္။

LaNina

Ref: hollywoodlife

(ဆံရစ္ဝိုင္းမီဒီယာစာမ်က္ႏွာေပၚတြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို ခြင့္ျပဳခ်က္ တစ္စုံတစ္ရာ မရရွိဘဲ မိမိတို႔ကိုယ္က်ိဳးအတြက္ ကူးယူသုံးစြဲျခင္း မျပဳလုပ္ၾကပါရန္ သတိေပးအပ္ပါသည္။)

(Unicode Version)

Chris Brown တစ်ယောက်ကတော့ အချစ်ဟောင်း Rihanna အပေါ် စိတ်မကုန်သေးဘူးလားလို့ မေးစရာ ဖြစ်လာပြန်ပါပြီ။ အကြောင်းကတော့ Ri Ri ရဲ့ Instagram က ဘီကီနီပုံအောက်မှာ အီစီကလီ comment တွေ လာမန့်သွားလို့ပဲ ဖြစ်ပါတယ်။

Chris Brown ဟာ တစ်ချိန်က အသည်းကျော် အချစ်ဟောင်းကြီး Rihanna ရဲ့ ဆက်ဆီပုံအောက်မှာ comment တွေ တစ်ခုတောင် မဟုတ်ဘဲ သုံးလေးခု လာမန့်သွားခဲ့တာ ဖြစ်ပါတယ်။ မန့်သွားတဲ့ comment တွေကလည်း Ri Ri ကို အပြတ်ကြွေနေတဲ့ပုံစံနဲ့ လာမန့်သွားခဲ့တာပါ။

Photo: hollywoodlife

Ri Ri ကတော့ သူမရဲ့ ကိုယ်ပိုင် brand ဖြစ်တဲ့ Savage X Fenty အတွင်းခံတွေအတွက် ကိုယ်တိုင်မော်ဒယ်လ်လုပ်ပြီး Instagram မှာ ကြော်ငြာထားတာ ဖြစ်ပါတယ်။ သူမရဲ့ အမိုက်စား ခန္ဓာကိုယ်ကောက်ကြောင်းကို ပေါ်လွင်အောင် ရိုက်ထားတာမို့လည်း Chris Brown ရဲ့ ဦးနှောက်ထဲက ဆားကစ်တွေ နည်းနည်း လမ်းကြောင်းလွဲသွားခဲ့ပုံပေါ်ပါတယ်။ “မီးအိမ်ကြီးပဲ ဖြစ်လိုက်ချင်တယ်” ဆိုပြီး ဓာတ်ပုံထဲမှာပါတဲ့ Ri Ri ရှေ့က မီးအိမ်ကြီးကို အားတွေကျနေတဲ့ပုံ မန့်သွားတာပဲ ဖြစ်ပါတယ်။

Photo: badgalriri/ Instagram

Chris Brown ဟာ Rihanna ကို ကိုယ်ထိလက်ရောက် ရိုက်နှက်စော်ကားပြီး ဆေးရုံတက်ရသည်အထိ နှိပ်စက်ခဲ့ဖူးတဲ့ ၂၀၀၉ခုနှစ်က အဖြစ်အပျက်တွေဟာ Ri Ri ရဲ့ စိတ်ထဲက အတွင်းတစ်နေရာမှာ သေချာပေါက် ဒဏ်ရာကျန်နေလောက်တဲ့ အနေအထား ဖြစ်ပါတယ်။ လက်ရှိမှာ Ri Ri က ချစ်သူ Hassan Jameel နဲ့ ပျော်ရွှင်နေတဲ့ သတင်းတွေကြားနေပေမယ့် ဖြစ်ပြီးခဲ့တာတွေအတွက် နောင်တရတဲ့အကြောင်း Chris က ထုတ်ပြောခဲ့ပါသေးတယ်။

နီးစပ်တဲ့ အတွင်းသတင်းတစ်ခုရဲ့အဆိုအရ Chris ဆီမှာ Ri Ri အတွက် နေရာတစ်နေရာ အမြဲရှိနေတယ်လို့ သိရပါတယ်။ “တကယ်လို့ သူသာ အဲ့ဒီ့လမ်းကြောင်းကို မရွေးဘဲ အခြားတစ်နည်းနည်းကို ရွေးခဲ့မိရင် အခုအချိန်ထိ Rihanna ဘေးမှာ နေခွင့်ရနေဦးမှာပဲလို့ သူခံစားနေရပါတယ်” လို့ အတွင်းသတင်းက hollywoodlife ကို ပြောပြထားပါတယ်။

သို့ပေမယ့် အခုလတ်တလောအတွင်း Chris တစ်ယောက် ဒီလိုအီစီကလီတွေ လိုက်ရေးနေတာကတော့ Rihanna တစ်ယောက်တည်းကို မဟုတ်ပါဘူး။ မော်ဒယ်လ် Diamond Brown ရဲ့ ပုံတွေနဲ့ သူနဲ့ သီချင်းအတူ တွဲဆိုဖူးတဲ့ DaniLeigh တို့ရဲ့ ပုံတွေမှာလည်း အလားတူပဲ အီစီကလီတွေ လိုက်ရေးထားတာကို တွေ့ရပါသေးတယ်။ ဒါဟာ Chris Brown နဲ့ လက်ရှိတွဲနေတဲ့ Ammika Harris မှာ Chris Brown နဲ့ရတဲ့ ကိုယ်ဝန်ရှိနေတယ်ဆိုတဲ့ ကောလာဟလတွေ ထွက်လာပြီးနောက်ပိုင်းမှာ ဖြစ်ပျက်လာတာတွေလည်း ဖြစ်ပါတယ်။ Ammika Harris ကတော့ မဟုတ်ကြောင်း ငြင်းထားပေမယ့် ပရိသတ်တွေကတော့ ဆက်လက်စောင့်ကြည့်နေကြဆဲ ဖြစ်ပါတယ်။ Chris Brown မှာတော့ Royalty Brown လို့ ခေါ်တဲ့ သမီးလေးတစ်ယောက် ရှိထားပြီး ဖြစ်ပါတယ်။

LaNina

Ref: hollywoodlife

(ဆံရစ်ဝိုင်းမီဒီယာစာမျက်နှာပေါ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို ခွင့်ပြုချက် တစ်စုံတစ်ရာ မရရှိဘဲ မိမိတို့ကိုယ်ကျိုးအတွက် ကူးယူသုံးစွဲခြင်း မပြုလုပ်ကြပါရန် သတိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular