HomeEntertainmentFilmChris Evans နဲ့ Ana de Armas တို့ ပါဝင်ထားတဲ့ ရုပ်ရှင်အသစ် Ghosted

Chris Evans နဲ့ Ana de Armas တို့ ပါဝင်ထားတဲ့ ရုပ်ရှင်အသစ် Ghosted

နာမည်ကြီးသရုပ်ဆောင်တွေ ဖြစ်တဲ့ Chris Evans နဲ့ Ana de Armas တို့ ပါဝင်ထားကြတဲ့ Ghosted ရုပ်ရှင်ရဲ့ ထွေလာကတော့ မကြာခင်ကပဲ ထွက်ရှိလာခဲ့ပါတယ်။ ဒီရုပ်ရှင်ကိုတော့ ဒါရိုက်တာ Dexter Fletcher က ရိုက်ကူးထားပြီး Chris McKenna နဲ့ Deadpool Franchise ရဲ့ ဇာတ်ညွှန်းကို ဖန်တီးခဲ့တဲ့ Rhett Reese နဲ့ Paul Wernick တို့က ဇာတ်ညွှန်းရေးသားထားပါတယ်။

photo credit Apple TV+

ဒီရုပ်ရှင်ကတော့ Action Adventure တွေနဲ့ ပြည့်နှက်နေတဲ့ လောကကြီးမှာ ဇာတ်အိမ်တည်ထားတဲ့ Rom-Com ရုပ်ရှင်တစ်ကား ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ Cole ဟာ Sadie ဆိုတဲ့ မိန်းကလေးတစ်ယောက်နဲ့ တွေ့ဆုံမိပြီး ခဏတာ ဒိတ်လုပ်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ Sadie ဟာ လုံးဝအဆက်အသွယ် ဖြတ်သွားတာကြောင့် Cole တစ်ယောက် Sadie ရှိရာအင်္ဂလန်နိုင်ငံအထိ လိုက်သွားတဲ့အခါမှာတော့ သူ့ဘဝမှာ လုံးဝမတွေးခဲ့ဖူးတဲ့ အရှုပ်တော်ပုံထဲ ကြားညပ်သွားပါတော့တယ်။

Apple TV+ ဟာ ဒီရုပ်ရှင်ရဲ့ ပထမဆုံးထွေလာကို မကြာခင်ကပဲ ထုတ်ပေးလိုက်တာ ဖြစ်ပါတယ်။ ဒီထွေလာထဲမှာတော့ သာမန်လူတစ်ယောက် ဖြစ်တဲ့ Cole ဟာ စပိုင်တွေနဲ့ လူဆိုးဂိုဏ်းတွေကြားက တိုက်ပွဲထဲကို ကြားညပ်သွားပုံကို ဟာသဆန်ဆန် မြင်တွေ့ခဲ့ရပါတယ်။ ဒီလိုဟာသဆန်ဆန် ရိုက်ကူးထားပေမယ့်လည်း အက်ရှင်ဇာတ်ဝင်ခန်းတွေကလည်း စိတ်လှုပ်ရှားဖွယ် ကြည့်ရှုရမှာ ဖြစ်ပါတယ်။

ဒီရုပ်ရှင်ထဲမှာတော့ Chris Evans နဲ့ Ana de Armas တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပြီး အခြားနာမည်ကြီး သရုပ်ဆောင်တွေ ဖြစ်တဲ့ Adrien Brody ၊ Lizzie Broadway နဲ့ Tim Blake Nelson တို့လည်း ပါဝင်ထားကြပါသေးတယ်။ ဒီရုပ်ရှင်ကတော့ လာမယ့် ဧပြီလ (၂၁)ရက်နေ့မှာ Apple TV+ ကနေ စတင်ပြသသွားမှာဖြစ်ပြီး ရုပ်ရှင်ချစ်ပရိသတ်တွေအတွက် လက်လွှတ်မခံသင့်တဲ့ ရုပ်ရှင်တစ်ကားလည်း ဖြစ်ပါတယ်။

Legos

Source: Screenrant

RELATED ARTICLES

Most Popular