HomeCelebs Update NewsInternationalIG ကဓာတ်ပုံကိစ္စကြောင့် ညီဖြစ်သူရဲ့ စနောက်မှုကိုပါ ခံနေရတဲ့ Chris Evans 

IG ကဓာတ်ပုံကိစ္စကြောင့် ညီဖြစ်သူရဲ့ စနောက်မှုကိုပါ ခံနေရတဲ့ Chris Evans 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

မင်းသားချော Chris Evans ဟာ သူ့ရဲ့အင်စတာဂရမ်အကောင့်မှာ မသင့်တော်တဲ့ပုံတစ်ခုကို ပရိသတ်တွေက မတော်တဆ မြင်လိုက်ရတဲ့နောက်မှာ ပရိသတ်များစွာရဲ့ စိတ်ဝင်တစား အာရုံစိုက်မှုကို ခံနေရပြီး ရင်းနှီးတဲ့မိတ်ဆွေတွေသာမက ညီအရင်းဖြစ်သူရဲ့ စနောက်မှုကိုပါ ခံနေရပါတယ်။

Chris ဟာ ပြီးခဲ့တဲ့ စနေနေ့ညပိုင်းမှာ သူ့ရဲ့အင်စတာဂရမ်အကောင့်ကနေ ကိုယ်ရေးကိုယ်တာ ဓာတ်ပုံတစ်ခုကို မတော်တဆ တင်လိုက်မိတာဖြစ်ပြီး အဲ့ဒါကြောင့်ပဲ ဆိုရှယ်မီဒီယာမှာ ဂယက်တွေ ထသွားခဲ့တာ ဖြစ်ပါတယ်။ ဒါကိုပဲ Chris ရဲ့ညီအရင်းဖြစ်တဲ့ သရုပ်ဆောင် Scott Evans ကလည်း သူ့ရဲ့တွစ်တာအကောင့်ကနေ အစ်ကိုဖြစ်သူကို စနောက်လိုက်ပါသေးတယ်။

Photo: thescottevans/ twitter

“မနေ့တုန်းက ဆိုရှယ်မီဒီယာ မသုံးလိုက်မိဘူးဗျာ။ ကျွန်တော် ဘာတွေများ လွတ်သွားသေးလဲ…” ဆိုပြီး Scott က သူ့ရဲ့တွစ်တာအကောင့်မှာ တင်လိုက်တာ ဖြစ်ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး Chris ရဲ့မိတ်ဆွေ သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ Mark Ruffalo ကလည်း သူ့ရဲ့တွစ်တာကနေ စနောက်ထားပါသေးတယ်။ “ဘဒိုရာ … ထရန့်လိုလူက အာဏာရနေတဲ့အချိန်မှာ ကိုယ့်ကိုယ်ကို အရှက်ရအောင် လုပ်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ တွေ့လား … အဆိုးထဲက အကောင်းပဲ …” ဆိုပြီး Mark က သူ့ရဲ့ တွစ်တာကနေ စနောက်ထားတာ ဖြစ်ပါတယ်။

Photo: MarkRuffalo/ twitter

ဖြစ်ပုံကတော့ အသက်(၃၉)နှစ်အရွယ် ရှိပြီဖြစ်တဲ့ မင်းသား Chris Evans နဲ့ သူ့မိသားစုနဲ့ ပျော်စရာ ဂိမ်းတစ်ခု ဆော့ကစားနေတဲ့ ဗွီဒီယိုကို တင်လိုက်ရာက စပါတယ်။ အဆိုပါဗွီဒီယိုဟာ တိုက်ရိုက် ရိုက်ကူးထားတဲ့ ဗွီဒီယိုမဟုတ်ဘဲ ရှိပြီးသား ဗွီဒီယိုကို iPhone ကတစ်ဆင့် screen recording လုပ်ထားတာ ဖြစ်ပါတယ်။ ဒါကြောင့် ဗွီဒီယိုပြီးကာနီး အဆုံးပိုင်းလေးမှာ screen record လုပ်နေတဲ့ ဖုန်းက camera roll က ပွင့်သွားပါတယ်။

အဆိုပါ camera roll မှာတော့ Chris ရဲ့ပုံများစွာကို တွေ့ရသလို ယောက်ျားအင်္ဂါတစ်ခုကို ရိုက်ကူးထားတဲ့ ပုံတစ်ပုံလည်း ပါဝင်နေခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီ့ပုံထဲမှာတော့ မျက်နှာတွေ၊ ခန္ဓာကိုယ်တွေ ဘာမှမပါဝင်တာကြောင့် အဲ့ဒီ့ပုံရဲ့ပိုင်ရှင်ဟာ ဘယ်သူလည်းဆိုတာတော့ ပြောလို့မရပါဘူး။ ဒါ့အပြင် screen record လုပ်နေတာကလည်း ဘယ်သူ့ဖုန်းနဲ့ လုပ်နေတာမှန်း မသိရတာကြောင့် Chris နဲ့ တိုက်ရိုက်သက်ဆိုင်နေမယ်လို့တော့ အတပ်ပြောလို့ မရတာ အမှန်ပါ။

Photo: chrisevans/ Instagram

ဒါပေမယ့် ဒီကိစ္စကြောင့် ဆိုရှယ်မီဒီယာမှာ အတော်လေး ဂယက်ရိုက်သွားခဲ့ပြီး အဲ့ဒီ့အကြောင်းကို tweet ပြန်လုပ်တဲ့ ပရိသတ်ဟာလည်း အနည်းလေး နှစ်သိန်းဝန်းကျင်ခန့် ရှိခဲ့တယ်လို့ ခန့်မှန်းရပါတယ်။ ဘာပဲဖြစ်ဖြစ် အခုလို ကိုဗစ်ကာလမှာ လူတွေက ပျင်းနေ၊ စိတ်ဓာတ်ကျနေတာကို မင်းသားရဲ့ကျေးဇူးနဲ့ အပျော်လေးတစ်ခု ရလိုက်ကြတယ်လို့ပဲ မှတ်ယူရမှာ ဖြစ်ပါတယ်။

Glasgow

Source: hollywood life

(Zawgyi Version)

မင္းသားေခ်ာ Chris Evans ဟာ သူ႔ရဲ႕အင္စတာဂရမ္အေကာင့္မွာ မသင့္ေတာ္တဲ့ပုံတစ္ခုကို ပရိသတ္ေတြက မေတာ္တဆ ျမင္လိုက္ရတဲ့ေနာက္မွာ ပရိသတ္မ်ားစြာရဲ႕ စိတ္ဝင္တစား အာ႐ုံစိုက္မႈကို ခံေနရၿပီး ရင္းႏွီးတဲ့မိတ္ေဆြေတြသာမက ညီအရင္းျဖစ္သူရဲ႕ စေနာက္မႈကိုပါ ခံေနရပါတယ္။

Chris ဟာ ၿပီးခဲ့တဲ့ စေနေန႔ညပိုင္းမွာ သူ႔ရဲ႕အင္စတာဂရမ္အေကာင့္ကေန ကိုယ္ေရးကိုယ္တာ ဓာတ္ပုံတစ္ခုကို မေတာ္တဆ တင္လိုက္မိတာျဖစ္ၿပီး အဲ့ဒါေၾကာင့္ပဲ ဆိုရွယ္မီဒီယာမွာ ဂယက္ေတြ ထသြားခဲ့တာ ျဖစ္ပါတယ္။ ဒါကိုပဲ Chris ရဲ႕ညီအရင္းျဖစ္တဲ့ သ႐ုပ္ေဆာင္ Scott Evans ကလည္း သူ႔ရဲ႕တြစ္တာအေကာင့္ကေန အစ္ကိုျဖစ္သူကို စေနာက္လိုက္ပါေသးတယ္။

Photo: thescottevans/ twitter

“မေန႔တုန္းက ဆိုရွယ္မီဒီယာ မသုံးလိုက္မိဘူးဗ်ာ။ ကြၽန္ေတာ္ ဘာေတြမ်ား လြတ္သြားေသးလဲ…” ဆိုၿပီး Scott က သူ႔ရဲ႕တြစ္တာအေကာင့္မွာ တင္လိုက္တာ ျဖစ္ပါတယ္။

ဒီကိစၥနဲ႔ပတ္သက္ၿပီး Chris ရဲ႕မိတ္ေဆြ သ႐ုပ္ေဆာင္တစ္ေယာက္ျဖစ္တဲ့ Mark Ruffalo ကလည္း သူ႔ရဲ႕တြစ္တာကေန စေနာက္ထားပါေသးတယ္။ “ဘဒိုရာ … ထရန႔္လိုလူက အာဏာရေနတဲ့အခ်ိန္မွာ ကိုယ့္ကိုယ္ကို အရွက္ရေအာင္ လုပ္ဖို႔ဆိုတာ မျဖစ္ႏိုင္ပါဘူး။ ေတြ႕လား … အဆိုးထဲက အေကာင္းပဲ …” ဆိုၿပီး Mark က သူ႔ရဲ႕ တြစ္တာကေန စေနာက္ထားတာ ျဖစ္ပါတယ္။

Photo: MarkRuffalo/ twitter

ျဖစ္ပုံကေတာ့ အသက္(၃၉)ႏွစ္အ႐ြယ္ ရွိၿပီျဖစ္တဲ့ မင္းသား Chris Evans နဲ႔ သူ႔မိသားစုနဲ႔ ေပ်ာ္စရာ ဂိမ္းတစ္ခု ေဆာ့ကစားေနတဲ့ ဗြီဒီယိုကို တင္လိုက္ရာက စပါတယ္။ အဆိုပါဗြီဒီယိုဟာ တိုက္႐ိုက္ ႐ိုက္ကူးထားတဲ့ ဗြီဒီယိုမဟုတ္ဘဲ ရွိၿပီးသား ဗြီဒီယိုကို iPhone ကတစ္ဆင့္ screen recording လုပ္ထားတာ ျဖစ္ပါတယ္။ ဒါေၾကာင့္ ဗြီဒီယိုၿပီးကာနီး အဆုံးပိုင္းေလးမွာ screen record လုပ္ေနတဲ့ ဖုန္းက camera roll က ပြင့္သြားပါတယ္။

အဆိုပါ camera roll မွာေတာ့ Chris ရဲ႕ပုံမ်ားစြာကို ေတြ႕ရသလို ေယာက္်ားအဂၤါတစ္ခုကို ႐ိုက္ကူးထားတဲ့ ပုံတစ္ပုံလည္း ပါဝင္ေနခဲ့တာ ျဖစ္ပါတယ္။ အဲ့ဒီ့ပုံထဲမွာေတာ့ မ်က္ႏွာေတြ၊ ခႏၶာကိုယ္ေတြ ဘာမွမပါဝင္တာေၾကာင့္ အဲ့ဒီ့ပုံရဲ႕ပိုင္ရွင္ဟာ ဘယ္သူလည္းဆိုတာေတာ့ ေျပာလို႔မရပါဘူး။ ဒါ့အျပင္ screen record လုပ္ေနတာကလည္း ဘယ္သူ႔ဖုန္းနဲ႔ လုပ္ေနတာမွန္း မသိရတာေၾကာင့္ Chris နဲ႔ တိုက္႐ိုက္သက္ဆိုင္ေနမယ္လို႔ေတာ့ အတပ္ေျပာလို႔ မရတာ အမွန္ပါ။

Photo: chrisevans/ Instagram

ဒါေပမယ့္ ဒီကိစၥေၾကာင့္ ဆိုရွယ္မီဒီယာမွာ အေတာ္ေလး ဂယက္႐ိုက္သြားခဲ့ၿပီး အဲ့ဒီ့အေၾကာင္းကို tweet ျပန္လုပ္တဲ့ ပရိသတ္ဟာလည္း အနည္းေလး ႏွစ္သိန္းဝန္းက်င္ခန႔္ ရွိခဲ့တယ္လို႔ ခန႔္မွန္းရပါတယ္။ ဘာပဲျဖစ္ျဖစ္ အခုလို ကိုဗစ္ကာလမွာ လူေတြက ပ်င္းေန၊ စိတ္ဓာတ္က်ေနတာကို မင္းသားရဲ႕ေက်းဇူးနဲ႔ အေပ်ာ္ေလးတစ္ခု ရလိုက္ၾကတယ္လို႔ပဲ မွတ္ယူရမွာ ျဖစ္ပါတယ္။

Glasgow

Source: hollywood life

 

RELATED ARTICLES

Most Popular