HomeEntertainmentFilmChris Evans နဲ့ Emily Blunt တို့ အတူတွဲသရုပ်ဆောင်မယ့် Pain Hustlers

Chris Evans နဲ့ Emily Blunt တို့ အတူတွဲသရုပ်ဆောင်မယ့် Pain Hustlers

Netflix ရဲ့ Crime Drama ရုပ်ရှင်ကားသစ် Pain Hustlers ထဲမှာတော့ နာမည်ကျော် သရုပ်ဆောင်တွေဖြစ်တဲ့ Chris Evans နဲ့ Emily Blunt တို့က တွဲဖက်သရုပ်ဆောင်သွားမယ်လို့ သိရပါတယ်။ ဒီရုပ်ရှင်ကိုတော့ Harry Potter ရုပ်ရှင်တွေကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ David Yates က ရိုက်ကူးသွားမှာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကိုတော့ ၂၀၁၈ ခုနှစ်က New York Times မဂ္ဂဇင်းမှာ ပုံနှိပ်ဖော်ပြခဲ့တဲ့ ဝတ္ထုတစ်ပုဒ်ကို မှီငြမ်းရိုက်ကူးသွားမှာပဲ ဖြစ်ပါတယ်။

ဇာတ်လမ်းကတော့ Liza Drake ဆိုတဲ့ အထက်တန်းကျောင်းထွက် အမျိူးသမီးတစ်ယောက်အကြောင်းကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ Liza Drake မှာတော့ သမီးလေးတစ်ယောက်ရှိပြီး သူမဟာ သမီးဖြစ်သူကို ကျွေးမွေးစောင့်ရှောက်နိုင်ဖို့ ကြိုးစားနေရပါတယ်။ ဒီလိုနဲ့ ဆေးဝါးကုမ္ပဏီသစ်တစ်ခုမှာ အလုပ်ရသွားတဲ့အခါမှာတော့ နေ့ချင်းညချင်း ကောင်းမွန်လွန်းတဲ့ ဘဝနေထိုင်မှုကို ရရှိသွားပါတယ်။ သို့သော်လည်း မကြာခင်မှာပဲ သူမဟာ အန္တရာယ်များလွန်းတဲ့ မှုခင်းတစ်ခုရဲ့အလယ်ကို ရောက်ရှိနေပြီမှန်း သိလိုက်ရပါတော့တယ်။

Emily Blunt ကတော့ Liza Drake နေရာမှာ ပါဝင်လာမှာ ဖြစ်ပြီး Chris Evans ကတော့ ဘယ်ဇာတ်ကောင်နေရာမှာ ပါဝင်လာမလည်းဆိုတာ မသိရသေးပါဘူး။ ယခုအချိန်မှာတော့ ဒီရုပ်ရှင်အတွက် ရိုက်ကူးရေး စတင်နေပြီ ဖြစ်ပြီး Chris Evans နဲ့ Emily Blunt တို့ရဲ့ ရိုက်ကွင်းပေါ်က ပုံရိပ်အချို့လည်း ထွက်ရှိလာပါတယ်။ ဒီပုံရိပ်တွေထဲမှာတော့ Chris Evans ဟာ Gray Man ထဲကလို နှုတ်ခမ်းမွှေးအထူကြီး မရှိတော့ဘဲ ခပ်ရေးရေးလောက်သာ ရှိပါတော့တယ်။ အဲဒီပုံရိပ်တွေကိုတော့ အောက်မှာ ကြည့်ရှုနိုင်ပါတယ်။

ဒီရိုက်ကွင်းပေါ်က ဓာတ်ပုံတွေကတော့ ဇာတ်လမ်းနဲ့ ပတ်သက်ပြီး ဘာကိုမှ မဖော်ပြထားပါဘူး။ ဒါပေမယ့်လည်း Chris Evans ရဲ့ ဇာတ်ကောင်က Emily Blunt ရဲ့ Liza Drake ကို ပန်းစည်းပေးနေတာ မြင်ရတာကြောင့် Chris Evans ရဲ့ ဇာတ်ကောင်ကတော့ Liza ရဲ့ချစ်သူရည်းစား ဖြစ်နိုင်ပါတယ်။ ဒီရုပ်ရှင်ကတော့ နာမည်ကြီးသရုပ်ဆောင်တွေ ပါဝင်ထားသလို Harry Potter လေးကားနဲ့ Fantastic Beast သုံးကားတို့ကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ David Yates က ရိုက်ကူးသွားမှာ ဖြစ်တာကြောင့် စောင့်ကြည့်ရမယ့် ရုပ်ရှင်တစ်ကားပဲ ဖြစ်ပါတယ်။

Legos

Source: Screenrant

RELATED ARTICLES

Most Popular