HomeEntertainmentFilmMCU ကို Captain America အနေနဲ့ ပြန်လာဖို့ ဆွေးနွေးနေတဲ့ Chris Evans

MCU ကို Captain America အနေနဲ့ ပြန်လာဖို့ ဆွေးနွေးနေတဲ့ Chris Evans

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Chris Evans ဟာ MCU ကို Captain America အနေနဲ့ ပြန်လာဖို့ ဆွေးနွေးနေတယ်လို့ သိရပါတယ်။ အစတုန်းကတော့ Captain America ဇာတ်ကောင်ဟာ အနားယူသွားပြီ ဖြစ်ပါတယ်။ Avengers: Endgame ရဲ့ အဆုံးမှာတော့ Captain America ကို အဘိုးကြီးအနေနဲ့ မြင်တေွ့ခဲ့ရပြီး သူ့ရဲ့ဒိုင်းကို Falcon ကို လက်ဆင့်ကမ်းပေးခဲ့ပါတယ်။ Cap ရဲ့ ဒိုင်းကို လက်ခံရရှိခဲ့တဲ့ Sam Wilson ကတော့ Bucky Barnes နဲ့အတူ အသစ်ထွက်လာမယ့် The Falcon and The Winter Soldier ဇာတ်လမ်းတွဲထဲမှာ ပါဝင်လာမှာ ဖြစ်ပါတယ်။

photo via screenrant

Chris Evans ကတော့ ၂၀၁၁ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Captain America: The First Avenger ထဲမှာ စတင်ပါဝင်ခဲ့ပြီး Avengers ရဲ့ မူလအဖွဲ့ဝင်တစ်ယောက် ဖြစ်လာခဲ့ပါတယ်။ အဲ့ဒီအချိန်တုန်းကတော့ ရုပ်ရှင်များစွာအတွက် စာချုပ်ချုပ်ရမှာ ဖြစ်တာကြောင့် Chris Evans ဟာ MCU ထဲမှာ ပါဝင်ဖို့ အနည်းငယ် ဝန်လေးနေခဲ့ပါတယ်။ ဒါပေမယ့်လည်း နောက်ပိုင်းမှာတော့ သူဟာ Captain America ဆိုလိုရုပ်ရှင် သုံးကားနဲ့ Avengers လေးကားတို့မှာ ပါဝင်ခဲ့ပါတယ်။ ဒါ့အပြင် Thor: The Dark World နဲ့ Spider-Man: Home Coming တို့မှာလည်း cameo အနေနဲ့ ပါဝင်ခဲ့ပါသေးတယ်။

ဒီနေ့မှာတော့ Chris Evans ဟာ MCU ကို Captain America အနေနဲ့ ပြန်လာဖို့အတွက် ဆွေးနွေးနေတယ်လို့ Deadline သတင်းဌာနက ဖော်ပြခဲ့ပါတယ်။ လောလောဆယ်မှာတော့ ဆွေးနွေးနေတယ်လို့ပဲ သိရသေးပြီး Chris Evans ရဲ့ Cap ကို နောက်တစ်ခေါက် ထပ်မြင်ရဦးမှာလား ဆိုတာတော့ မသေချာသေးပါဘူး။ ဒါကြောင့်ပဲ လောလောဆယ်မှာ ဘယ်သတင်းကမှ မသေချာသေးတာကြောင့် နောက်ထပ် သတင်းအသစ်တွေကို စောင့်ကြည့်ရမှာပါ။

photo via screenrant

တကယ်လို့ Cap အနေနဲ့ ပြန်လည်ပါဝင်လာဦးမယ် ဆိုရင်တော့ MCU ရဲ့ ဘယ်ပရောဂျက်မှာ ပါဝင်လာမလည်း ဆိုတာကိုလည်း မသိရသေးပါဘူး။ Cap အနေနဲ့ ပြန်လည်ပါဝင်လာရင်တောင်မှ အရင်လိုမျိူး Captain America ဆိုလိုရုပ်ရှင် မဟုတ်လောက်တော့ဘဲ တစ်ခြားရုပ်ရှင်တွေမှာ အရံဇာတ်ကောင်အနေနဲ့ သို့မဟုတ် cameo အနေနဲ့ ပြန်လည်ပါဝင်လာမယ်လို့ ယူဆလို့ရပါတယ်။ လောလောဆယ်မှာ အဖြစ်နိုင်ဆုံးကတော့ The Falcon and The Winter Soldier ထဲမှာ အဘိုးကြီး Cap အနေနဲ့ ပြန်လည်ပါဝင်လာနိုင်သလို Black Widow ထဲမှာလည်း အရင်က Cap အနေနဲ့ ပြန်လည်ပါဝင်လာနိုင်ပါတယ်။ ဒါမှမဟုတ် Loki နဲ့ Doctor Strange in the Multiverse of Madness တို့ထဲမှာလည်း ပါဝင်ခဲ့ပါတယ်။ ဒါ့အပြင် နောက်ပိုင်း MCU ပရောဂျက်တွေမှာ မြင်တွေ့ရမယ့် Cap က ကောမစ်က Hydra ဗားရှင်းလည်း ဖြစ်နေနိုင်ပါတယ်။

Legos

Source : Screenrant

(Zawgyi Version)

Chris Evans ဟာ MCU ကို Captain America အေနနဲ႔ ျပန္လာဖို႔ ေဆြးေႏြးေနတယ္လို႔ သိရပါတယ္။ အစတုန္းကေတာ့ Captain America ဇာတ္ေကာင္ဟာ အနားယူသြားၿပီ ျဖစ္ပါတယ္။ Avengers: Endgame ရဲ႕ အဆုံးမွာေတာ့ Captain America ကို အဘိုးႀကီးအေနနဲ႔ ျမင္ေတြ႕ခဲ့ရၿပီး သူ႔ရဲ႕ဒိုင္းကို Falcon ကို လက္ဆင့္ကမ္းေပးခဲ့ပါတယ္။ Cap ရဲ႕ ဒိုင္းကို လက္ခံရရွိခဲ့တဲ့ Sam Wilson ကေတာ့ Bucky Barnes နဲ႔အတူ အသစ္ထြက္လာမယ့္ The Falcon and The Winter Soldier ဇာတ္လမ္းတြဲထဲမွာ ပါဝင္လာမွာ ျဖစ္ပါတယ္။

photo via screenrant

Chris Evans ကေတာ့ ၂၀၁၁ ခုႏွစ္မွာ ထြက္ရွိခဲ့တဲ့ Captain America: The First Avenger ထဲမွာ စတင္ပါဝင္ခဲ့ၿပီး Avengers ရဲ႕ မူလအဖြဲ႕ဝင္တစ္ေယာက္ ျဖစ္လာခဲ့ပါတယ္။ အဲ့ဒီအခ်ိန္တုန္းကေတာ့ ႐ုပ္ရွင္မ်ားစြာအတြက္ စာခ်ဳပ္ခ်ဳပ္ရမွာ ျဖစ္တာေၾကာင့္ Chris Evans ဟာ MCU ထဲမွာ ပါဝင္ဖို႔ အနည္းငယ္ ဝန္ေလးေနခဲ့ပါတယ္။ ဒါေပမယ့္လည္း ေနာက္ပိုင္းမွာေတာ့ သူဟာ Captain America ဆိုလို႐ုပ္ရွင္ သုံးကားနဲ႔ Avengers ေလးကားတို႔မွာ ပါဝင္ခဲ့ပါတယ္။ ဒါ့အျပင္ Thor: The Dark World နဲ႔ Spider-Man: Home Coming တို႔မွာလည္း cameo အေနနဲ႔ ပါဝင္ခဲ့ပါေသးတယ္။

ဒီေန႔မွာေတာ့ Chris Evans ဟာ MCU ကို Captain America အေနနဲ႔ ျပန္လာဖို႔အတြက္ ေဆြးေႏြးေနတယ္လို႔ Deadline သတင္းဌာနက ေဖာ္ျပခဲ့ပါတယ္။ ေလာေလာဆယ္မွာေတာ့ ေဆြးေႏြးေနတယ္လို႔ပဲ သိရေသးၿပီး Chris Evans ရဲ႕ Cap ကို ေနာက္တစ္ေခါက္ ထပ္ျမင္ရဦးမွာလား ဆိုတာေတာ့ မေသခ်ာေသးပါဘူး။ ဒါေၾကာင့္ပဲ ေလာေလာဆယ္မွာ ဘယ္သတင္းကမွ မေသခ်ာေသးတာေၾကာင့္ ေနာက္ထပ္ သတင္းအသစ္ေတြကို ေစာင့္ၾကည့္ရမွာပါ။

photo via screenrant

တကယ္လို႔ Cap အေနနဲ႔ ျပန္လည္ပါဝင္လာဦးမယ္ ဆိုရင္ေတာ့ MCU ရဲ႕ ဘယ္ပေရာဂ်က္မွာ ပါဝင္လာမလည္း ဆိုတာကိုလည္း မသိရေသးပါဘူး။ Cap အေနနဲ႔ ျပန္လည္ပါဝင္လာရင္ေတာင္မွ အရင္လိုမ်ိဴး Captain America ဆိုလို႐ုပ္ရွင္ မဟုတ္ေလာက္ေတာ့ဘဲ တစ္ျခား႐ုပ္ရွင္ေတြမွာ အရံဇာတ္ေကာင္အေနနဲ႔ သို႔မဟုတ္ cameo အေနနဲ႔ ျပန္လည္ပါဝင္လာမယ္လို႔ ယူဆလို႔ရပါတယ္။ ေလာေလာဆယ္မွာ အျဖစ္ႏိုင္ဆုံးကေတာ့ The Falcon and The Winter Soldier ထဲမွာ အဘိုးႀကီး Cap အေနနဲ႔ ျပန္လည္ပါဝင္လာႏိုင္သလို Black Widow ထဲမွာလည္း အရင္က Cap အေနနဲ႔ ျပန္လည္ပါဝင္လာႏိုင္ပါတယ္။ ဒါမွမဟုတ္ Loki နဲ႔ Doctor Strange in the Multiverse of Madness တို႔ထဲမွာလည္း ပါဝင္ခဲ့ပါတယ္။ ဒါ့အျပင္ ေနာက္ပိုင္း MCU ပေရာဂ်က္ေတြမွာ ျမင္ေတြ႕ရမယ့္ Cap က ေကာမစ္က Hydra ဗားရွင္းလည္း ျဖစ္ေနႏိုင္ပါတယ္။

Legos

Source : Screenrant

RELATED ARTICLES

Most Popular