HomeCelebs Update NewsInternationalMCU ထဲက အကြိုက်ဆုံးဟီးရိုးဟာ Iron Man ပါလို့ ပြောလာတဲ့ Chris Evans

MCU ထဲက အကြိုက်ဆုံးဟီးရိုးဟာ Iron Man ပါလို့ ပြောလာတဲ့ Chris Evans

Chris Evans ကတော့ Steve Rogers တဖြစ်လည်း Captain America ဇာတ်ရုပ်ကို ဆယ်စုနှစ်တစ်ခုနီးပါးလောက် သရုပ်ဆောင်ခဲ့သူဖြစ်ပြီး သူ့ရဲ့အကြိုက်ဆုံး MCU ဟီးရိုးကိုတော့ Iron Man လို့ ပြောထားပါတယ်။

Chris Evans ဟာ ၂၀၁၁ ခုနှစ်က ထွက်ရှိခဲ့တဲ့ Captain America: The First Avenger ဇာတ်ကားကနေ Infinity Saga တလျှောက်လုံး Captain America ဒိုင်းကို ကိုင်လာခဲ့သူ ဖြစ်ပါတယ်။ ဒီလိုနဲ့ Phase 3 အပြီးမှာတော့ Captain America ရဲ့ဂုဏ်ပုဒ်နဲ့ ဒိုင်းကို Anthony Mackie သရုပ်ဆောင်ထားတဲ့ Falcon ဆီကို လွှဲပြောင်း ပေးအပ်ခဲ့ပါတယ်။

Photo Credit: Marvel Studios/ Disney Studios

Avengers: Endgame နောက်ပိုင်းကစလို့ Chris Evans ဟာ ကောမစ်ဇာတ်ရုပ်တွေမှာ သရုပ်မဆောင်တော့ဘဲ ပြင်ပက တခြားဇာတ်ရုပ်အမျိုးအစားတွေကို ပြောင်းလဲ ရွေးချယ်ပြီး သရုပ်ဆောင်အစွမ်းကို ပြသနေတာ တွေ့ရပါတယ်။ Knives Out ဇာတ်ကားထဲမှာလည်း Steve Rogers နဲ့ လုံးဝမတူတဲ့ ဇာတ်ရုပ်ကို သရုပ်ဆောင်ထားသလို The Russo Brothers ရိုက်ကူးထားပြီး မကြာခင် ထွက်ရှိလာတော့မယ့် The Gray Man ရုပ်ရှင်ထဲမှာလည်း ဗီလိန်အဖြစ် သရုပ်ဆောင်ထားတာ တွေ့ရဦးမှာပါ။

ဒါ့အပြင် မကြာသေးခင်က ထွက်ရှိထားတဲ့ Lightyear animated ရုပ်ရှင်ထဲမှာလည်း Lightyear အဖြစ် အသံသရုပ်ဆောင်ထားပါသေးတယ်။ ဒီဇာတ်ကားအတွက် ပရိုမုတ်လုပ်ဖို့ D23 Podcast ကို အလည်လာရောက်တဲ့ အချိန်တုန်းကတော့ Chris Evans ဟာ MCU ထဲက အကြိုက်ဆုံးဟီးရိုးက ဘယ်သူလည်းဆိုတဲ့ မေးခွန်းကို Robert Downey Jr. သရုပ်ဆောင်ထားတဲ့ Iron Man ဖြစ်ပါတယ်လို့ ဖြေကြားသွားပါတယ်။

Photo Credit: Marvel Studios/ Disney Studios

သို့သော်လည်း Chris ဟာ ဘာကြောင့် Iron Man ကို အနှစ်သက်ဆုံးလည်း ဆိုတာကိုတော့ မပြောပြသွားပါဘူး။ ထူးခြားတာကတော့ Chris ဟာ ပရိသတ်များစွာကလည်း နှစ်သက်ပြီး သူကိုယ်တိုင်လည်း ဆယ်စုနှစ်တစ်ခုခန့် သရုပ်ဆောင်ခဲ့တဲ့ Captain America ကို မရွေးချယ်ဘဲ Iron Man ကို ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။

တကယ်တော့ ကာရိုက်တာ သဘောတရားအရ ကြည့်မယ်ဆိုရင် Captain America နဲ့ Iron Man တို့ဟာ ခံယူချက်ချင်း တူညီကြသူတွေတော့ မဟုတ်ပါဘူး။ Iron Man ကတော့ ခေတ်ရှေ့ပြေးတဲ့ အတွေးနဲ့လူ ဖြစ်ပြီး Captain America ကတော့ ခေတ်ဟောင်းက အရာတွေကို နှစ်သက်သူ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ သူတို့နှစ်ယောက်ဟာ ဆိုကိုဗီးယားစာချုပ်အပါအဝင် ကိစ္စအများစုမှာ ထိပ်တိုက်တွေ့လေ့ ရှိကြတာ ဖြစ်ပါတယ်။ သူတို့နှစ်ဦးနဲ့ ပတ်သက်လို့ ထပ်တူကျတဲ့ တစ်ခုတည်းသော အရာကတော့ အများအကျိုးအတွက် စဉ်းစားပေးတတ်တာပဲ ဖြစ်ပါတယ်။

Photo Credit: Marvel Studios/ Disney Studios

Chris Evans ဟာ ပြီးခဲ့တဲ့ တစ်ခေါက်တုန်းကလည်း MCU ထဲမှာ ကာရိုက်တာချင်း လဲချင်တဲ့သူ ဘယ်သူရှိမလည်းလို့ မေးမြန်းခံရတုန်းက Robert Downey Jr. နဲ့ လဲချင်တယ်လို့ ဖြေခဲ့ပါသေးတယ်။ ဒါ့အပြင် Captain America: Civil War ကာလတုန်းက debate မှာလည်း Team Iron Man ဘက်ကို ရွေးချယ်မယ်လို့ အင်တာဗျူးမှာ ဖြေသွားပါသေးတယ်။ ဒါကြောင့်ပဲ Chris ဟာ Iron Man ကို အမြဲတမ်း သဘောကျ နှစ်သက်ခဲ့ပုံ ရပါတယ်။

Vancouver

Source: screenrant

 

RELATED ARTICLES

Most Popular