HomeEntertainmentFilmMCU ထဲကမဟုတ်တဲ့ Chris Evans ရဲ့ IMDb အမြင့်ဆုံး ရုပ်ရှင်(၅)ကား 

MCU ထဲကမဟုတ်တဲ့ Chris Evans ရဲ့ IMDb အမြင့်ဆုံး ရုပ်ရှင်(၅)ကား 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Chris Evans လို့ ပြောလိုက်ရင် လူအများစုကတော့ Captain America ကာရိုက်တာကိုပဲ ပြေးမြင်မိကြမှာပါ။ သို့ပေမယ့် သူဟာ MCU မဟုတ်တဲ့ ရုပ်ရှင်နဲ့ ဇာတ်လမ်းတွဲများစွာမှာလည်း သရုပ်ဆောင်ထားပြီး သရုပ်ဆောင်လောကမှာ နာမည်တစ်လုံး ရရှိထားတဲ့ မင်းသားတစ်ယောက် ဖြစ်ပါတယ်။ အခုဖော်ပြပေးချင်တာကတော့ Chris Evans ရဲ့ MCU ရုပ်ရှင်တွေမဟုတ်တဲ့ ပြင်ပရုပ်ရှင်တွေထဲက IMDb အမြင့်ဆုံး ရရှိထားတဲ့ ရုပ်ရှင်(၅)ကား ဖြစ်ပါတယ်။

(5) The Iceman
Photo via screenrant

The Iceman ဟာ အမေရိကန်နိုင်ငံရဲ့ နာမည်ကြီး လူသတ်သမား Richard Kuklinski အကြောင်းကို အခြေခံ ရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန် လျှို့ဝှက်သည်းဖို ဒရာမာဇာတ်လမ်း ဖြစ်ပါတယ်။ သူဟာ လူအယောက်ပေါင်း တစ်ရာကျော်ကို ကြေးစားအနေနဲ့ရော၊ သူ့စိတ်ရဲ့ဖြေဖျောက်ရာအနေနဲ့ရော သတ်ခဲ့သူဖြစ်ပြီး သူ့ရဲ့အလုပ်အကိုင်ကိုတော့ ဇနီးနဲ့ မိသားစုတွေ မသိအောင် ဖုံးကွယ်ထားခဲ့သူ ဖြစ်ပါတယ်။ သူလုပ်ထားတဲ့ အမှုတွေပေါ်လာတော့မှ သူ့မိသားစုက သူ့ရဲ့ပကတိလုပ်ရပ်တွေကို သိလိုက်ရပြီး စွန့်ခွာထွက်ပြေးကြတဲ့ ဖြစ်ရပ်ကို ပြန်လည်ရိုက်ကူးထားတာပါ။

ဒီဇာတ်လမ်းထဲမှာတော့ Chris Evans ဟာ Richard Kuklinski နဲ့ ပြိုင်ဘက် လူသတ်သမား Robert Pronge နေရာက ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒီဇာတ်ကားဟာ Chris Evans အတွက် The Avengers နဲ့ Captain America: The First Avenger ရုပ်ရှင်နှစ်ကားမှာ သရုပ်ဆောင်ပြီး ပြင်ပဇာတ်ရုပ်အဖြစ် ပထမဆုံး သရုပ်ဆောင်ထားတဲ့ ဇာတ်ကားလည်း ဖြစ်ပါတယ်။ ၂၀၁၂ခုနှစ်က ထွက်ရှိထားပြီး IMDb (6.8) ရရှိထားပါတယ်။

 (4) Sunshine
Photo via screenrant

Sunshine ဟာ ၂၀၀၇ခုနှစ်မှာ ထွက်ရှိထားပြီး IMDb (7.2) ရရှိထားတဲ့ သိပ္ပံစိတ်ကူးယဉ်ဇာတ်ကား အမျိုးအစား ဖြစ်ပါတယ်။ British Independent Film Awards မှာ နည်းပညာပိုင်းအတွက် ဆု(၁)ဆု ရထားပြီး အခြားဆုပေါင်း(၁၈)ဆုအတွက် စံကာတင်စာရင်း ဝင်ခဲ့ပါတယ်။

ဇာတ်လမ်းကတော့ ၂၀၅၇ခုနှစ်မှာ ဇာတ်အိမ်တည်ထားပြီး နေလုံးကြီး ပျက်စီးလုနီးနီး ဖြစ်နေတာကြောင့် လူသားမျိုးနွယ်လည်း မျိုးတုန်းဖို့ နီးလာခဲ့ပါတယ်။ အဲ့ဒါကြောင့်ပဲ အာကာသယာဉ်မှူးတစ်စုဟာ နေလုံးကြီးကို အသက်ပြန်သွင်းနိုင်တဲ့ စက်ပစ္စည်းတစ်ခုနဲ့ သိပ်ကိုအန္တရာယ်များတဲ့ မစ်ရှင်တစ်ခုကို ပြုလုပ်ကြရပါတော့တယ်။ သို့ပေမယ့် တွက်ထားတဲ့အတိုင်း ဖြစ်မလာဘဲ မတော်တဆမှုတစ်ခု ဖြစ်လာတဲ့အခါမှာတော့ အာကာသယာဉ်မှူးတစ်အုပ်စုလုံး အသက်အန္တရာယ်နဲ့ ရင်ဆိုင်ရပါတော့တယ်။

ဒီဇာတ်လမ်းမှာ Chris Evans ဟာ စစ်မှုထမ်းဖူးတဲ့ နောက်ခံရှိတဲ့ အင်ဂျင်နီယာအဖွဲ့ဝင် James Mace ဆိုတဲ့ ကာရိုက်တာကနေ ပါဝင်သရုပ်ဆောင်ထားပါတယ်။ Chris Evans အပြင် နာမည်ကျော် သရုပ်ဆောင်တွေဖြစ်တဲ့ Cillian Murphy ၊ Michelle Yeoh တို့လည်း ပါဝင်ထားပါသေးတယ်။

(3) Scott Pilgrim Vs. The World
Photo via screenrant

ဒီကားဟာ ၂၀၁၀ခုနှစ်မှာ ထွက်ရှိခဲ့ပြီး IMDb (7.5) ရရှိထားတဲ့ ဟာသအက်ရှင် ဇာတ်လမ်းအမျိုးအစား ဖြစ်ပါတယ်။ ဆုပေါင်း(၁၇)ဆုကို ရရှိထားပြီး အခြားဆုပေါင်း(၆၄)ဆုမှာလည်း စံကာတင်စာရင်း ဝင်ထားပါသေးတယ်။ box-office အရ ခွက်ခွက်လန်အောင် ရှုံးခဲ့ပေမယ့် ရုပ်ရှင်အကဲဖြတ်သူတွေရဲ့ ချီးမွမ်းမှုတွေကို ရရှိထားတဲ့ ဇာတ်ကားတစ်ကား ဖြစ်ပါတယ်။

ဇာတ်လမ်းကတော့ Scott Pilgrim ဆိုတဲ့ ကောင်လေးဟာ သူ့အိပ်မက်ထဲကချစ်သူနဲ့ လုံးဝတစ်ထပ်တည်းကျတဲ့ ကောင်မလေးတစ်ယောက်ကို တွေ့သွားရာက စပါတယ်။ နောက်မှ သူသိလိုက်ရတာကတော့ အဲ့ဒီကောင်မလေးနဲ့တွဲခဲ့ဖူးတဲ့ ရည်းစားဟောင်းခုနှစ်ယောက်ကို အနိုင်ယူနိုင်မှပဲ ကောင်မလေးနဲ့ နီးစပ်ခွင့်ရမယ့်အကြောင်းပါပဲ။ Chris Evans ကတော့ အဲ့ဒီကောင်မလေးရဲ့ ဒုတိယမြောက် ရည်းစားဟောင်း Lucas Lee ရဲ့နေရာကနေ သရုပ်ဆောင်ထားပါတယ်။

(2) Gifted
Photo via screenrant

Gifted ဟာ ၂၀၁၇ခုနှစ်မှာ ထွက်ရှိထားပြီး IMDb (7.6) ရရှိထားတဲ့ ဒရာမာအမျိုးအစား ဖြစ်ပါတယ်။ ဆုပေါင်း(၆)ဆု ဆွတ်ခူးထားပြီးတော့ အခြားဆုပေါင်း(၇)ဆုအတွက်လည်း စံကာတင်စာရင်း ဝင်ထားပါသေးတယ်။ Chris Evans ဟာ ဒီဇာတ်ကားမှာတော့  Mary ဆိုတဲ့ကလေးမလေးရဲ့ ဦးလေးနေရာကနေ သရုပ်ဆောင်ထားပါတယ်။ Frank Adler ဆိုတဲ့ တစ်ကိုယ်တည်းသမား လူတစ်ယောက်ဟာ ဉာဏ်ကြီးရှင်တူမလေးကို အုပ်ထိန်းခွင့်ရဖို့ အမေဖြစ်သူနဲ့ ပြိုင်ရတဲ့ဇာတ်လမ်း ဖြစ်ပါတယ်။

(1) Knives Out
Photo via screenrant

Knives Out ဟာ ၂၀၁၉ခုနှစ်မှာ ထွက်ရှိထားပြီး IMDb (7.9) ရရှိထားတဲ့ မှုခင်းဒရာမာ ဇာတ်လမ်းအမျိုးအစား ဖြစ်ပါတယ်။ Best Original Screenplay ဆုအတွက် အော်စကာ စံကာတင်စာရင်း ဝင်ခဲ့ပြီး အခြားဆုပေါင်း(၄၅)ဆုကို ရရှိထားပါတယ်။ ရုပ်ရှင်အကဲဖြတ်သူတွေကြားထဲမှာလည်း ချီးကျူးခံထားရတဲ့ ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါတယ်။

ဇာတ်လမ်းကတော့ မှုခင်းဝတ္ထုရေးဆရာကြီး Harlon Thrombey ရဲ့ ရုတ်တရက် သေဆုံးမှုနဲ့ ပတ်သက်ပြီး Benoit Blanc ဆိုတဲ့ စုံထောက်တစ်ယောက်က လိုက်လံစုံစမ်းတဲ့ ဇာတ်လမ်း ဖြစ်ပါတယ်။ အခင်းဖြစ်ပွားတဲ့ နေအိမ်ကို သွားရောက်စုံစမ်းတဲ့အခါ တစ်မိသားစုလုံးက ထူးဆန်းနေပြီး သံသယဝင်စရာ ကောင်းနေတဲ့အခါမှာတော့ စုံထောက်ကြီးအတွက် အကျပ်ရိုက်စရာတေွ ဖြစ်လာပါတော့တယ်။

ဒီဇာတ်ကားထဲမှာတော့ Chris Evans ဟာ ကွယ်လွန်သွားတဲ့ အဘိုးဖြစ်သူရဲ့ ခပ်ဆိုးဆိုး မြေးတစ်ယောက်အဖြစ် သရုပ်ဆောင်ထားပါတယ်။ ဒါဟာ Avengers: Endgame အပြီး ပထမဆုံး ရိုက်ကူးထားတဲ့ Chris Evans ရဲ့ ရုပ်ရှင်ကားလည်း ဖြစ်ပါတယ်။

ဒါကတော့ Chris Evans သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ကားများစွာထဲက MCU မဟုတ်တဲ့ ရုပ်ရှင်တွေထဲက အကောင်းဆုံးလို့ ပြောလို့ရတဲ့ IMDb အမြင့်ဆုံး ရရှိထားတဲ့ ဇာတ်ကား(၅)ကား ဖြစ်ပါတယ်။ စာဖတ်သူတို့ ကြည့်ဖူးတဲ့ Chris Evans ရဲ့ အခြားဇာတ်ကားကောင်းတွေ ရှိရင်လည်း ပြန်လည်ဝေမျှပေးခဲ့ပါဦး။

Lego Les

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi version)

Chris Evans လို႔ ေျပာလိုက္ရင္ လူအမ်ားစုကေတာ့ Captain America ကာ႐ိုက္တာကိုပဲ ေျပးျမင္မိၾကမွာပါ။ သို႔ေပမယ့္ သူဟာ MCU မဟုတ္တဲ့ ႐ုပ္ရွင္နဲ႔ ဇာတ္လမ္းတြဲမ်ားစြာမွာလည္း သ႐ုပ္ေဆာင္ထားၿပီး သ႐ုပ္ေဆာင္ေလာကမွာ နာမည္တစ္လုံး ရရွိထားတဲ့ မင္းသားတစ္ေယာက္ ျဖစ္ပါတယ္။ အခုေဖာ္ျပေပးခ်င္တာကေတာ့ Chris Evans ရဲ႕ MCU ႐ုပ္ရွင္ေတြမဟုတ္တဲ့ ျပင္ပ႐ုပ္ရွင္ေတြထဲက IMDb အျမင့္ဆုံး ရရွိထားတဲ့ ႐ုပ္ရွင္(၅)ကား ျဖစ္ပါတယ္။

(5) The Iceman
Photo via screenrant

The Iceman ဟာ အေမရိကန္ႏိုင္ငံရဲ႕ နာမည္ႀကီး လူသတ္သမား Richard Kuklinski အေၾကာင္းကို အေျခခံ ႐ိုက္ကူးထားတဲ့ ျဖစ္ရပ္မွန္ လွ်ိဳ႕ဝွက္သည္းဖို ဒရာမာဇာတ္လမ္း ျဖစ္ပါတယ္။ သူဟာ လူအေယာက္ေပါင္း တစ္ရာေက်ာ္ကို ေၾကးစားအေနနဲ႔ေရာ၊ သူ႔စိတ္ရဲ႕ေျဖေဖ်ာက္ရာအေနနဲ႔ေရာ သတ္ခဲ့သူျဖစ္ၿပီး သူ႔ရဲ႕အလုပ္အကိုင္ကိုေတာ့ ဇနီးနဲ႔ မိသားစုေတြ မသိေအာင္ ဖုံးကြယ္ထားခဲ့သူ ျဖစ္ပါတယ္။ သူလုပ္ထားတဲ့ အမႈေတြေပၚလာေတာ့မွ သူ႔မိသားစုက သူ႔ရဲ႕ပကတိလုပ္ရပ္ေတြကို သိလိုက္ရၿပီး စြန႔္ခြာထြက္ေျပးၾကတဲ့ ျဖစ္ရပ္ကို ျပန္လည္႐ိုက္ကူးထားတာပါ။

ဒီဇာတ္လမ္းထဲမွာေတာ့ Chris Evans ဟာ Richard Kuklinski နဲ႔ ၿပိဳင္ဘက္ လူသတ္သမား Robert Pronge ေနရာက ပါဝင္သ႐ုပ္ေဆာင္ထားပါတယ္။ ဒီဇာတ္ကားဟာ Chris Evans အတြက္ The Avengers နဲ႔ Captain America: The First Avenger ႐ုပ္ရွင္ႏွစ္ကားမွာ သ႐ုပ္ေဆာင္ၿပီး ျပင္ပဇာတ္႐ုပ္အျဖစ္ ပထမဆုံး သ႐ုပ္ေဆာင္ထားတဲ့ ဇာတ္ကားလည္း ျဖစ္ပါတယ္။ ၂၀၁၂ခုႏွစ္က ထြက္ရွိထားၿပီး IMDb (6.8) ရရွိထားပါတယ္။

(4) Sunshine
Photo via screenrant

Sunshine ဟာ ၂၀၀၇ခုႏွစ္မွာ ထြက္ရွိထားၿပီး IMDb (7.2) ရရွိထားတဲ့ သိပၸံစိတ္ကူးယဥ္ဇာတ္ကား အမ်ိဳးအစား ျဖစ္ပါတယ္။ British Independent Film Awards မွာ နည္းပညာပိုင္းအတြက္ ဆု(၁)ဆု ရထားၿပီး အျခားဆုေပါင္း(၁၈)ဆုအတြက္ စံကာတင္စာရင္း ဝင္ခဲ့ပါတယ္။

ဇာတ္လမ္းကေတာ့ ၂၀၅၇ခုႏွစ္မွာ ဇာတ္အိမ္တည္ထားၿပီး ေနလုံးႀကီး ပ်က္စီးလုနီးနီး ျဖစ္ေနတာေၾကာင့္ လူသားမ်ိဳးႏြယ္လည္း မ်ိဳးတုန္းဖို႔ နီးလာခဲ့ပါတယ္။ အဲ့ဒါေၾကာင့္ပဲ အာကာသယာဥ္မႉးတစ္စုဟာ ေနလုံးႀကီးကို အသက္ျပန္သြင္းႏိုင္တဲ့ စက္ပစၥည္းတစ္ခုနဲ႔ သိပ္ကိုအႏၲရာယ္မ်ားတဲ့ မစ္ရွင္တစ္ခုကို ျပဳလုပ္ၾကရပါေတာ့တယ္။ သို႔ေပမယ့္ တြက္ထားတဲ့အတိုင္း ျဖစ္မလာဘဲ မေတာ္တဆမႈတစ္ခု ျဖစ္လာတဲ့အခါမွာေတာ့ အာကာသယာဥ္မႉးတစ္အုပ္စုလုံး အသက္အႏၲရာယ္နဲ႔ ရင္ဆိုင္ရပါေတာ့တယ္။

ဒီဇာတ္လမ္းမွာ Chris Evans ဟာ စစ္မႈထမ္းဖူးတဲ့ ေနာက္ခံရွိတဲ့ အင္ဂ်င္နီယာအဖြဲ႕ဝင္ James Mace ဆိုတဲ့ ကာ႐ိုက္တာကေန ပါဝင္သ႐ုပ္ေဆာင္ထားပါတယ္။ Chris Evans အျပင္ နာမည္ေက်ာ္ သ႐ုပ္ေဆာင္ေတြျဖစ္တဲ့ Cillian Murphy ၊ Michelle Yeoh တို႔လည္း ပါဝင္ထားပါေသးတယ္။

(3) Scott Pilgrim Vs. The World
Photo via screenrant

ဒီကားဟာ ၂၀၁၀ခုႏွစ္မွာ ထြက္ရွိခဲ့ၿပီး IMDb (7.5) ရရွိထားတဲ့ ဟာသအက္ရွင္ ဇာတ္လမ္းအမ်ိဳးအစား ျဖစ္ပါတယ္။ ဆုေပါင္း(၁၇)ဆုကို ရရွိထားၿပီး အျခားဆုေပါင္း(၆၄)ဆုမွာလည္း စံကာတင္စာရင္း ဝင္ထားပါေသးတယ္။ box-office အရ ခြက္ခြက္လန္ေအာင္ ရႈံးခဲ့ေပမယ့္ ႐ုပ္ရွင္အကဲျဖတ္သူေတြရဲ႕ ခ်ီးမြမ္းမႈေတြကို ရရွိထားတဲ့ ဇာတ္ကားတစ္ကား ျဖစ္ပါတယ္။

ဇာတ္လမ္းကေတာ့ Scott Pilgrim ဆိုတဲ့ ေကာင္ေလးဟာ သူ႔အိပ္မက္ထဲကခ်စ္သူနဲ႔ လုံးဝတစ္ထပ္တည္းက်တဲ့ ေကာင္မေလးတစ္ေယာက္ကို ေတြ႕သြားရာက စပါတယ္။ ေနာက္မွ သူသိလိုက္ရတာကေတာ့ အဲ့ဒီေကာင္မေလးနဲ႔တြဲခဲ့ဖူးတဲ့ ရည္းစားေဟာင္းခုႏွစ္ေယာက္ကို အႏိုင္ယူႏိုင္မွပဲ ေကာင္မေလးနဲ႔ နီးစပ္ခြင့္ရမယ့္အေၾကာင္းပါပဲ။ Chris Evans ကေတာ့ အဲ့ဒီေကာင္မေလးရဲ႕ ဒုတိယေျမာက္ ရည္းစားေဟာင္း Lucas Lee ရဲ႕ေနရာကေန သ႐ုပ္ေဆာင္ထားပါတယ္။

(2) Gifted
Photo via screenrant

Gifted ဟာ ၂၀၁၇ခုႏွစ္မွာ ထြက္ရွိထားၿပီး IMDb (7.6) ရရွိထားတဲ့ ဒရာမာအမ်ိဳးအစား ျဖစ္ပါတယ္။ ဆုေပါင္း(၆)ဆု ဆြတ္ခူးထားၿပီးေတာ့ အျခားဆုေပါင္း(၇)ဆုအတြက္လည္း စံကာတင္စာရင္း ဝင္ထားပါေသးတယ္။ Chris Evans ဟာ ဒီဇာတ္ကားမွာေတာ့  Mary ဆိုတဲ့ကေလးမေလးရဲ႕ ဦးေလးေနရာကေန သ႐ုပ္ေဆာင္ထားပါတယ္။ Frank Adler ဆိုတဲ့ တစ္ကိုယ္တည္းသမား လူတစ္ေယာက္ဟာ ဉာဏ္ႀကီးရွင္တူမေလးကို အုပ္ထိန္းခြင့္ရဖို႔ အေမျဖစ္သူနဲ႔ ၿပိဳင္ရတဲ့ဇာတ္လမ္း ျဖစ္ပါတယ္။

(1) Knives Out
Photo via screenrant

Knives Out ဟာ ၂၀၁၉ခုႏွစ္မွာ ထြက္ရွိထားၿပီး IMDb (7.9) ရရွိထားတဲ့ မႈခင္းဒရာမာ ဇာတ္လမ္းအမ်ိဳးအစား ျဖစ္ပါတယ္။ Best Original Screenplay ဆုအတြက္ ေအာ္စကာ စံကာတင္စာရင္း ဝင္ခဲ့ၿပီး အျခားဆုေပါင္း(၄၅)ဆုကို ရရွိထားပါတယ္။ ႐ုပ္ရွင္အကဲျဖတ္သူေတြၾကားထဲမွာလည္း ခ်ီးက်ဴးခံထားရတဲ့ ဇာတ္ကားေကာင္းတစ္ကား ျဖစ္ပါတယ္။

ဇာတ္လမ္းကေတာ့ မႈခင္းဝတၳဳေရးဆရာႀကီး Harlon Thrombey ရဲ႕ ႐ုတ္တရက္ ေသဆုံးမႈနဲ႔ ပတ္သက္ၿပီး Benoit Blanc ဆိုတဲ့ စုံေထာက္တစ္ေယာက္က လိုက္လံစုံစမ္းတဲ့ ဇာတ္လမ္း ျဖစ္ပါတယ္။ အခင္းျဖစ္ပြားတဲ့ ေနအိမ္ကို သြားေရာက္စုံစမ္းတဲ့အခါ တစ္မိသားစုလုံးက ထူးဆန္းေနၿပီး သံသယဝင္စရာ ေကာင္းေနတဲ့အခါမွာေတာ့ စုံေထာက္ႀကီးအတြက္ အက်ပ္႐ိုက္စရာေတြ ျဖစ္လာပါေတာ့တယ္။

ဒီဇာတ္ကားထဲမွာေတာ့ Chris Evans ဟာ ကြယ္လြန္သြားတဲ့ အဘိုးျဖစ္သူရဲ႕ ခပ္ဆိုးဆိုး ေျမးတစ္ေယာက္အျဖစ္ သ႐ုပ္ေဆာင္ထားပါတယ္။ ဒါဟာ Avengers: Endgame အၿပီး ပထမဆုံး ႐ိုက္ကူးထားတဲ့ Chris Evans ရဲ႕ ႐ုပ္ရွင္ကားလည္း ျဖစ္ပါတယ္။

ဒါကေတာ့ Chris Evans သ႐ုပ္ေဆာင္ထားတဲ့ ႐ုပ္ရွင္ကားမ်ားစြာထဲက MCU မဟုတ္တဲ့ ႐ုပ္ရွင္ေတြထဲက အေကာင္းဆုံးလို႔ ေျပာလို႔ရတဲ့ IMDb အျမင့္ဆုံး ရရွိထားတဲ့ ဇာတ္ကား(၅)ကား ျဖစ္ပါတယ္။ စာဖတ္သူတို႔ ၾကည့္ဖူးတဲ့ Chris Evans ရဲ႕ အျခားဇာတ္ကားေကာင္းေတြ ရွိရင္လည္း ျပန္လည္ေဝမွ်ေပးခဲ့ပါဦး။

Lego Les

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular