HomeCelebs Update NewsInternationalJeff Bezos သာဖိတ်ခေါ်မယ်ဆိုရင် အာကာသထဲကို သွားချင်ပါတယ်ဆိုတဲ့ Chris Evans

Jeff Bezos သာဖိတ်ခေါ်မယ်ဆိုရင် အာကာသထဲကို သွားချင်ပါတယ်ဆိုတဲ့ Chris Evans

Chris Evans ကတော့ Amazon ပိုင်ရှင် ဘီလျံနာသူဌေးကြီး Jeff Bezos သာ ဖိတ်ခေါ်မယ်ဆိုရင် အာကာသထဲကို သွားချင်တယ်လို့ ပြောလာပါတယ်။

Chris Evans ကတော့ လက်ရှိမှာ Lightyear animated ရုပ်ရှင်ကို ပရိုမုတ်လုပ်နေတာ ဖြစ်ပါတယ်။ ဒီဇာတ်ကားကတော့ Toy Story ရဲ့ spin-off ဇာတ်လမ်းဖြစ်ပြီး Buzz Lightyear ဇာတ်ကောင် ဖြစ်လာစေတဲ့ အာကာသယာဉ်မှူးရဲ့အကြောင်းကို ရိုက်ကူးထားတာ ဖြစ်ပါတယ်။ Chris ကတော့ ဒီဇာတ်ကားထဲမှာ Buzz နေရာက အသံသရုပ်ဆောင်ထားပါတယ်။

မကြာသေးခင်ကပဲ Chris ဟာ Lightyear အတွက် ပရိုမုတ်လုပ်ရင်း MTV News နဲ့ အင်တာဗျူး ပြုလုပ်ခဲ့ပါတယ်။ အဆိုပါ အင်တာဗျူးထဲမှာတော့ သူသရုပ်ဆောင်ထားတဲ့ ဇာတ်ကောင် အာကာသယာဉ်မှူး Buzz လိုပဲ အာကာသခရီးသွားခြင်းနဲ့ ပတ်သက်ပြီး Chris ဟာ သူ့ရဲ့အမြင်ကို ပြောပြထားပါတယ်။ ဒါ့အပြင် Jeff Bezos ကသာ ဖိတ်ခေါ်ခဲ့မယ်ဆိုပါက အာကာသထဲကို လိုက်ပါချင်တယ်လို့လည်း Chris က ဆိုထားပါတယ်။

Photo Credit: Marvel Studios/ Disney Studios

“သေချာပေါက်ကို လက်ခံမှာပေါ့။ ကျွန်တော်က အာကာသထဲကို အသေသွားချင်တာလေ။ အာကာသနဲ့ ပတ်သက်ရင် ကျွန်တော်က တကယ့်ကြမ်းပိုးဗျ။ အာကာသအကြောင်း တွေးကြည့်လိုက်တာနဲ့ အဲဒီမှာ ဘာတွေရှိနေမလည်း တွေးကြည့်ပြီး အရမ်းစိတ်လှုပ်ရှားရတယ်။ ပြီးတော့ အဲဒါကိုက ကျွန်တော့်အတွက် စိတ်ငြိမ်းချမ်းမှုလည်း ရစေတယ်။ အတွေးအမြင်သစ်တွေလည်း ရစေတယ်။ ပြီးတော့ အာကာသကြီးနဲ့ ယှဉ်လိုက်ရင် ကိုယ်က အရေးမပါတော့တာမျိုးကလည်း တကယ် စိတ်မှာ အေးချမ်းတည်ငြိမ်မှု ဖြစ်စေတယ်။ အဲဒီတော့ အာကာသထဲကို ခရီးသွားဖို့က ကျွန်တော့်အတွက် အိပ်မက်တစ်ခုပါပဲ …” လို့ Chris က ပြောသွားပါတယ်။

Chris Evans ကတော့ သူဝါသနာပါပြီး စိတ်ဝင်စားတဲ့ အကြောင်းအရာတွေကို ပွင့်ပွင့်လင်းလင်း ပြောပြနေကျလူ ဖြစ်တာကြောင့် အခုလို အာကာသခရီးသွားဖို့ကလည်း သူအမှန်တကယ် စိတ်အားထက်သန်နေတဲ့အရာ ဖြစ်ပုံရပါတယ်။ ဒါ့အပြင် အာကာသခရီးသွားခြင်းဟာ လက်ရှိမှာ နာမည်ကျော်ပုဂ္ဂိုလ်တွေကြားမှာ ရေပန်းစားနေပါတယ်။

Photo: chriseevans/ Instagram

တလောကပဲ သရုပ်ဆောင်၊ ဟာသပညာရှင် Pete Davidson ဟာ Jeff Bezos ပိုင် အာကာသယာဉ်ကုမ္ပဏီ Blue Origin ကနေ အာကာသထဲကို ခရီးထွက်ဖို့ စီစဉ်ခဲ့ပါသေးတယ်။ နောက်ပိုင်းမှသာ အချိန်ဇယားညှိလို့ မရတာကြောင့် မသွားဖြစ်တော့တာ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ Chris ဟာလည်း နောင်လာမယ့် အနာဂတ်မှာ Jeff Bezos ရဲ့စီစဉ်ပေးမှုနဲ့ အာကာသထဲ ခရီးထွက်တာမျိုး အမှန်တကယ် ဖြစ်လာနိုင်တယ်လို့ ခန့်မှန်းရပါတယ်။

Vancouver

Source: screenrant/ MTV News

RELATED ARTICLES

Most Popular