HomeCelebs Update NewsInternationalThor: Love and Thunder အထူးပွဲမှာ ရှားရှားပါးပါး မိသားစုလိုက် ပွဲတက်လာတဲ့ Chris Hemsworth

Thor: Love and Thunder အထူးပွဲမှာ ရှားရှားပါးပါး မိသားစုလိုက် ပွဲတက်လာတဲ့ Chris Hemsworth

မင်းသား Chris Hemsworth ကတော့ Thor: Love and Thunder ရုပ်ရှင်အထူးပွဲမှာ ရှားရှားပါးပါး မိသားစုလိုက် လူစုံတက်စုံ ပွဲတက်လာတာ တွေ့ရပါတယ်။ ကော်ဇောနီပွဲတွေမှာတော့ အခုလို မိသားစုလိုက် ပွဲတက်လာတာဟာ Chris အတွက်တော့ ရှားတောင့်ရှားခဲ ဖြစ်ပါတယ်။

တနင်္လာနေ့က Sydney မြို့မှာ ကျင်းပပြုလုပ်ခဲ့တဲ့ Thor: Love and Thunder ရုပ်ရှင် အထူးပွဲကိုတော့ Marvel စတား Chris Hemsworth ဟာ ဇနီးသည်ဖြစ်သူ သရုပ်ဆောင် Elsa Pataky နဲ့သာမက အမွှာသားလေးနှစ်ဦးကိုပါ ခေါ်ဆောင်လာတာ တွေ့ရပါတယ်။ Chris မှာတော့ ကလေးသုံးယောက်ရှိပြီး အသက်(၈)နှစ်အရွယ် အမွှာညီအစ်ကိုနှစ်ဦး ဖြစ်တဲ့ Sasha နဲ့ Tristan နဲ့အတူ အသက်(၁၀)နှစ်အရွယ် ရှိပြီဖြစ်တဲ့ သမီးအကြီးဆုံး India တို့ ဖြစ်ပါတယ်။ ယခုပွဲမှာတော့ သမီးဖြစ်သူ India က ပါဝင်လာခြင်း မရှိပါဘူး။

Photo Credit: Mark Baker/ AP Photo

Chris ရဲ့ ထူးခြားတဲ့ နေ့ရက်မှာတော့ ညီအစ်ကိုတော်စပ်သူ Luke Hemsworth ကလည်း မိသားစုလိုက် တက်ရောက်လာကြတာ တွေ့ရပါသေးတယ်။ မကြာသေးခင်ကပဲ Chris ဟာ Extra သတင်းဌာနနဲ့ အင်တာဗျူးမှာ စူပါပါဝါရှိတဲ့ ဖခင်တစ်ယောက် ဖြစ်ရတာ ဘယ်လိုပျော်စရာကောင်းတဲ့အကြောင်း ပြောပြသွားပါသေးတယ်။

“ကျွန်တော်ကတော့ တီထွင်ဉာဏ်ရှိတယ်လို့ ကိုယ့်ကိုယ်ကို ထင်တာပဲ။ ကျွန်တော့်ကလေးတွေက သိပ်ကိုတက်ကြွပြီး တကယ်ကြီးမားတဲ့ စိတ်ကူးစိတ်သန်းမျိုးစုံ ရှိကြတယ်ဗျ။ တကယ်တော့ ကျွန်တော်လည်း အဲဒီလိုပါပဲ။ ကျွန်တော်တို့ အပြင်ကိုထွက်ပြီး တောတောင်ရေမြေမှာ ဘာတွေရှိနေမလည်းလို့ လိုက်စူးစမ်း ရှာဖွေကြတယ်။ ပြီးရင် ဆော့ချင်သလို ဆော့ကြတယ်။ ကျွန်တော့်ကလေးတွေနဲ့ကတော့ အဲဒီလိုပဲ နေဖြစ်ပါတယ် …” လို့ Chris က ဆိုပါတယ်။

Photo: chrishemsworth/ Instagram

Chris ဟာ သရုပ်ဆောင် Elsa Pataky နဲ့ ၂၀၁၀ ခုနှစ်က လက်ထပ်ခဲ့တာ ဖြစ်ပြီး ယခုအချိန်ထိ ချစ်ခင်ပျော်ရွှင်စွာနဲ့ နေထိုင်နေဆဲ ဖြစ်ပါတယ်။ သူ့ရဲ့ဇနီးသည် Elsa Pataky ကတော့ သရုပ်ဆောင်တစ်ယောက် ဖြစ်ပြီး Fast and Furious ၊ Tidelands ၊ Thor: The Dark World အစရှိတဲ့ ရုပ်ရှင်တွေထဲမှာ ပါဝင်သရုပ်ဆောင်ဖူးပါတယ်။ Elsa Pataky ကတော့ အသက်(၄၅)နှစ် ရှိပြီဖြစ်ပြီး Chris ကတော့ အသက်(၃၈)နှစ်ရှိပြီ ဖြစ်ပါတယ်။

Vancouver

Source: people

RELATED ARTICLES

Most Popular