HomeCelebs Update NewsInternationalMCU ထဲက အကြိုက်ဆုံးဗီလိန်ဟာ Christian Bale ရဲ့ Gorr လို့ ပြောလာတဲ့ Chris Hemsworth

MCU ထဲက အကြိုက်ဆုံးဗီလိန်ဟာ Christian Bale ရဲ့ Gorr လို့ ပြောလာတဲ့ Chris Hemsworth

သရုပ်ဆောင် Chris Hemsworth ကတော့ မကြာခင် ရုံတင်ပြသတော့မယ့် Thor: Love and Thunder ထဲက ဗီလိန်ဇာတ်ကောင် Gorr The God Butcher ဟာ MCU ထဲက သူ့ရဲ့အကြိုက်ဆုံး ဗီလိန်ဖြစ်ကြောင်း ပြောလိုက်ပါတယ်။ Chris Hemsworth ကတော့ MCU ဇာတ်ကောင် Thor အဖြစ် သရုပ်ဆောင်လာခဲ့တာ ၂၀၁၁ ခုနှစ်တည်းက ဖြစ်ပြီး ယခု Thor: Love and Thunder ကတော့ သူ့ရဲ့လေးကားမြောက် ဆိုလိုရုပ်ရှင် ဖြစ်ပါတယ်။

Gorr The God Butcher ကတော့ Thor: Love and Thunder ထဲမှာမှ စတင်ပါဝင်လာမယ့် ဇာတ်ကောင်အသစ်လည်း ဖြစ်ပါတယ်။ ဒီဇာတ်ကောင်ကတော့ သူ့မိသားစုကို ဆုံးရှုံးပြီးနောက်မှာ ဘာသာရေးကို အယုံအကြည်မရှိတော့ဘဲ စကြဝဠာတစ်ခုလုံးက God တွေအားလုံးကို သတ်ပစ်ဖို့ ကျိန်ဆိုထားသူ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ Thor 4 ထဲမှာတော့ Norse God တစ်ပါးဖြစ်တဲ့ Thor နဲ့ Gorr တို့ဟာ ရင်ဆိုင်တွေ့ကြရတော့မှာ ဖြစ်ပါတယ်။ Gorr နေရာမှာတော့ နာမည်ကျော်မင်းသား Christian Bale က သရုပ်ဆောင်ထားပါတယ်။

Photo Credit: Marvel Studios/ Disney Studios

မကြာသေးခင်က IGN နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာတော့ Chris Hemsworth ဟာ Christian Bale နဲ့အတူ Thor 4 ထဲမှာ သရုပ်ဆောင်ရင်း Gorr ဗီလိန်ဇာတ်ရုပ်ကို MCU ထဲက ဗီလိန်အားလုံးထဲမှာ အကြိုက်ဆုံးဖြစ်သွားတဲ့အကြောင်း ပြောထားပါတယ်။ အကြောင်းကတော့ Christian Bale ဟာလည်း သူ့ရဲ့အကြိုက်ဆုံး သရုပ်ဆောင်တွေထဲမှာ ပါဝင်လို့ပဲလို့ ဆိုပါတယ်။

“ခင်ဗျား စိတ်ကူးထားသမျှတွေကို Bale က ဒီကာရိုက်တာနဲ့ ယူလာပေးပါလိမ့်မယ်။ ကာရိုက်တာရဲ့ အသေးစိတ်တဲ့ ရှုပ်ထွေးမှုတွေ၊ အမှန်တရားနဲ့ ပြက်ရယ်ပြုမှုတွေကို ဒွန်တွဲပြီး မြင်ရမှာပါ။ သူက ကျွန်တော့်ရဲ့ အကြိုက်ဆုံး သရုပ်ဆောင်တစ်ယောက်ပါ။ သူ့အနေနဲ့ အခုလို MCU ထဲလာဖို့ သဘောတူလိုက်တာ ကျွန်တော်ကတော့ အရမ်းစိတ်လှုပ်ရှားနေပါတယ်။ သူသရုပ်ဆောင်ထားတာကို မြင်တွေ့ရတာနဲ့တင် သူဟာ MCU ထဲက ကျွန်တော့်အကြိုက်ဆုံး ဗီလိန်ဖြစ်သွားတာပါပဲဗျာ …” လို့ Chris Hemsworth က ပြောထားပါတယ်။

Photo Credit: Marvel Studios/ Disney Studios

လက်ရှိအချိန်ထိတော့ Christian Bale ရဲ့ ကာရိုက်တာဖြစ်တဲ့ Gorr the God Butcher ဟာ နောင်လာမယ့် ပရောဂျက်တွေမှာ ဆက်လက် ပါဝင်လာဦးမှာလား၊ တစ်ကြိမ်တစ်ခါပဲ ပါဝင်မှာလားဆိုတာတော့ မသိရသေးပါဘူး။

Vancouver

Source: screenrant

RELATED ARTICLES

Most Popular