HomeEntertainmentFilmThor 4 ရဲ့ဇာတ်ညွှန်းကို ပိုနှစ်သက်မိတယ်လို့ ဆိုလာတဲ့ Chris Hemsworth 

Thor 4 ရဲ့ဇာတ်ညွှန်းကို ပိုနှစ်သက်မိတယ်လို့ ဆိုလာတဲ့ Chris Hemsworth 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

မင်းသား Chris Hemsworth ဟာ အသစ်လာမယ့် Thor: Love and Thunder ရဲ့ ရုပ်ရှင်ဇာတ်ညွှန်းကို ဖတ်အပြီးမှာ သုံးကားမြောက် Thor ရုပ်ရှင်ဖြစ်တဲ့ Thor: Ragnarok ထက် ပိုပြီးစိတ်ပါသွားတယ်လို့ ဆိုလိုက်ပါတယ်။

မင်းသား Chris Hemsworth ဟာ လေးကားမြောက် Thor ရုပ်ရှင်ဖြစ်တဲ့ Thor: Love and Thunder အတွက် သိပ်ကိုစိတ်လှုပ်ရှားနေတယ်လို့ ဆိုထားပါတယ်။ Chris ဟာ ဒါရိုက်တာ Taika Waititi ရိုက်ကူးမယ့် Thor: Love and Thunder ရုပ်ရှင်မှာ အဓိကဇာတ်ကောင် Thor နေရာကနေ ပြန်လည်ပါဝင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် မင်းသမီး Natalie Portman ကလည်း Jane Foster အဖြစ် ပြန်လည်ပါဝင်မှာဖြစ်ပြီး Tessa Thompson ကလည်း Valkyrie အဖြစ် ထပ်မံသရုပ်ဆောင်သွားဦးမှာပါ။

©Marvel/Disney

ပိုလန်နိုင်ငံထုတ် Elle Man မဂ္ဂဇင်းနဲ့ မကြာသေးခင်က ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာတော့ ဩဇီမင်းသားကြီး Chris ဟာ လာမယ့် လေးကားမြောက် Thor ရုပ်ရှင်အတွက် သူ့ရဲ့ရင်ခုန်သံတွေကို မျှဝေထားပါတယ်။

“ဇာတ်ညွှန်းဖတ်ပြီးသွားတော့ ကျွန်တော်ပြောနိုင်တာက ကျွန်တော် သိပ်ကိုစိတ်လှုပ်ရှားနေတယ်ဆိုတာပါ။ ဒီကားမှာတော့ ချစ်ခြင်းမေတ္တာအကြောင်းတွေ အများကြီးပါမယ်။ ပြီးတော့ မိုးကြိုးလျှပ်စီးတွေလည်း အများကြီး ပါမှာပေါ့ဗျာ။(ရယ်လျက်) Avengers: Endgame မှာ အကုန်လုံး ဖြစ်ပျက်သွားပြီးတော့ ကျွန်တော်က Marvel Cinematic Universe ရဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် ရှိနေတုန်းပဲဆိုတာရယ်၊ Thor ရဲ့ဇာတ်လမ်းကို ရှေ့ဆက်ပြီး လုပ်နိုင်သေးတယ်ဆိုတာရယ်ကြောင့် ကျွန်တော် ဝမ်းသာပါတယ် ….” လို့ Chris က ဆိုထားပါတယ်။

©Marvel/Disney

ဆက်လက်ပြီး “ဇာတ်လမ်းနဲ့ ပတ်သက်ပြီး ပလော့တ်တွေတော့ ကျွန်တော် ပြောပြလို့ မရဘူးပေါ့ဗျာ။ ဒါပေမယ့် ခင်ဗျားတို့ရဲ့ သိချင်စိတ်ကို ဖြည့်ဆည်းပေးရမယ်ဆိုရင်တော့ အခုဇာတ်ညွှန်းကို ဖတ်ပြီးတဲ့အချိန်မှာ Thor: Ragnarok ထက် အများကြီး စိတ်ကျေနပ်မှု ဖြစ်မိတယ်လို့ပဲ ပြောပါရစေ …” လို့ Chris က ပြောပြထားပါတယ်။

လာမယ့် Thor: Love and Thunder ရုပ်ရှင်ဇာတ်ကားထဲမှာ အဓိကဗီလိန်အဖြစ် သရုပ်ဆောင်မယ့်သူကတော့ မင်းသား Christian Bale ဖြစ်ပါတယ်။ ဒါရိုက်တာ Waititi ရဲ့ အစောပိုင်း အတည်ပြုချက်တစ်ခုအရ သူနှစ်သက်ရတဲ့ ကာရိုက်တာတစ်ခုဖြစ်တဲ့ Korg ဟာလည်း ဒီဇာတ်ကားမှာ ပါဝင်လာမယ်လို့ သိရပါတယ်။

Thor: Love and Thunder ရုပ်ရှင်ဇာတ်ကားကိုတော့ ၂၀၂၂ခုနှစ် ဖေဖော်ဝါရီလ(၁၁)ရက်နေ့မှာ ရုံတင်ပြသဖို့ လျာထားပါတယ်။

Glasgow

Source: indianexpress

(Zawgyi Version)

မင္းသား Chris Hemsworth ဟာ အသစ္လာမယ့္ Thor: Love and Thunder ရဲ႕ ႐ုပ္ရွင္ဇာတ္ၫႊန္းကို ဖတ္အၿပီးမွာ သုံးကားေျမာက္ Thor ႐ုပ္ရွင္ျဖစ္တဲ့ Thor: Ragnarok ထက္ ပိုၿပီးစိတ္ပါသြားတယ္လို႔ ဆိုလိုက္ပါတယ္။

မင္းသား Chris Hemsworth ဟာ ေလးကားေျမာက္ Thor ႐ုပ္ရွင္ျဖစ္တဲ့ Thor: Love and Thunder အတြက္ သိပ္ကိုစိတ္လႈပ္ရွားေနတယ္လို႔ ဆိုထားပါတယ္။ Chris ဟာ ဒါ႐ိုက္တာ Taika Waititi ႐ိုက္ကူးမယ့္ Thor: Love and Thunder ႐ုပ္ရွင္မွာ အဓိကဇာတ္ေကာင္ Thor ေနရာကေန ျပန္လည္ပါဝင္မွာ ျဖစ္ပါတယ္။ ဒါ့အျပင္ မင္းသမီး Natalie Portman ကလည္း Jane Foster အျဖစ္ ျပန္လည္ပါဝင္မွာျဖစ္ၿပီး Tessa Thompson ကလည္း Valkyrie အျဖစ္ ထပ္မံသ႐ုပ္ေဆာင္သြားဦးမွာပါ။

©Marvel/Disney

ပိုလန္ႏိုင္ငံထုတ္ Elle Man မဂၢဇင္းနဲ႔ မၾကာေသးခင္က ျပဳလုပ္ခဲ့တဲ့ အင္တာဗ်ဴးမွာေတာ့ ဩဇီမင္းသားႀကီး Chris ဟာ လာမယ့္ ေလးကားေျမာက္ Thor ႐ုပ္ရွင္အတြက္ သူ႔ရဲ႕ရင္ခုန္သံေတြကို မွ်ေဝထားပါတယ္။

“ဇာတ္ၫႊန္းဖတ္ၿပီးသြားေတာ့ ကြၽန္ေတာ္ေျပာႏိုင္တာက ကြၽန္ေတာ္ သိပ္ကိုစိတ္လႈပ္ရွားေနတယ္ဆိုတာပါ။ ဒီကားမွာေတာ့ ခ်စ္ျခင္းေမတၱာအေၾကာင္းေတြ အမ်ားႀကီးပါမယ္။ ၿပီးေတာ့ မိုးႀကိဳးလွ်ပ္စီးေတြလည္း အမ်ားႀကီး ပါမွာေပါ့ဗ်ာ။(ရယ္လ်က္) Avengers: Endgame မွာ အကုန္လုံး ျဖစ္ပ်က္သြားၿပီးေတာ့ ကြၽန္ေတာ္က Marvel Cinematic Universe ရဲ႕ အစိတ္အပိုင္းတစ္ခုအျဖစ္ ရွိေနတုန္းပဲဆိုတာရယ္၊ Thor ရဲ႕ဇာတ္လမ္းကို ေရွ႕ဆက္ၿပီး လုပ္ႏိုင္ေသးတယ္ဆိုတာရယ္ေၾကာင့္ ကြၽန္ေတာ္ ဝမ္းသာပါတယ္ ….” လို႔ Chris က ဆိုထားပါတယ္။

©Marvel/Disney

ဆက္လက္ၿပီး “ဇာတ္လမ္းနဲ႔ ပတ္သက္ၿပီး ပေလာ့တ္ေတြေတာ့ ကြၽန္ေတာ္ ေျပာျပလို႔ မရဘူးေပါ့ဗ်ာ။ ဒါေပမယ့္ ခင္ဗ်ားတို႔ရဲ႕ သိခ်င္စိတ္ကို ျဖည့္ဆည္းေပးရမယ္ဆိုရင္ေတာ့ အခုဇာတ္ၫႊန္းကို ဖတ္ၿပီးတဲ့အခ်ိန္မွာ Thor: Ragnarok ထက္ အမ်ားႀကီး စိတ္ေက်နပ္မႈ ျဖစ္မိတယ္လို႔ပဲ ေျပာပါရေစ …” လို႔ Chris က ေျပာျပထားပါတယ္။

လာမယ့္ Thor: Love and Thunder ႐ုပ္ရွင္ဇာတ္ကားထဲမွာ အဓိကဗီလိန္အျဖစ္ သ႐ုပ္ေဆာင္မယ့္သူကေတာ့ မင္းသား Christian Bale ျဖစ္ပါတယ္။ ဒါ႐ိုက္တာ Waititi ရဲ႕ အေစာပိုင္း အတည္ျပဳခ်က္တစ္ခုအရ သူႏွစ္သက္ရတဲ့ ကာ႐ိုက္တာတစ္ခုျဖစ္တဲ့ Korg ဟာလည္း ဒီဇာတ္ကားမွာ ပါဝင္လာမယ္လို႔ သိရပါတယ္။

Thor: Love and Thunder ႐ုပ္ရွင္ဇာတ္ကားကိုေတာ့ ၂၀၂၂ခုႏွစ္ ေဖေဖာ္ဝါရီလ(၁၁)ရက္ေန႔မွာ ႐ုံတင္ျပသဖို႔ လ်ာထားပါတယ္။

Glasgow

Source: indianexpress

 

RELATED ARTICLES

Most Popular