HomeCelebs Update NewsInternationalMCU ထဲက Thor ရဲ့ အနာဂတ်ကို ပြောပြလာတဲ့ Chris Hemsworth 

MCU ထဲက Thor ရဲ့ အနာဂတ်ကို ပြောပြလာတဲ့ Chris Hemsworth 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Tom Holland ဟာ နောက်ထပ် Spider-Man ရုပ်ရှင် သုံးကားမှာ ဆက်လက် ပါဝင်လာဦးမယ်လို့ ကြေညာပြီးနောက်မှာတော့ Chris Hemsworth ဟာလည်း Thor အဖြစ် အချိန်ဘယ်လောက်ကြာကြာ သရုပ်ဆောင်သွားဦးမလည်းဆိုတာ ပြောပြလာပါတယ်။

Chris Evans ၊ Robert Downey Jr. နဲ့ Chris Hemsworth တို့ သုံးယောက်ဟာ MCU ကြီးကို ဖြစ်ပေါ်လာစေခဲ့တယ်လို့ ပြောလို့တောင် ရပါတယ်။ သူတို့ရဲ့ သရုပ်ဆောင်မှုတွေကြောင့်ပဲ MCU အပေါ် ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုဟာ တဖြည်းဖြည်းနဲ့ မြင့်တက်လာတာ ဖြစ်ပါတယ်။

photo via screenrant

Chris Hemsworth ဟာ MCU ရုပ်ရှင် (၇)ကားမှာ ပါဝင်ခဲ့ပြီး (၈)ကားမြောက် ဖြစ်လာမယ့် Thor: Love and Thunder ကလည်း ၂၀၂၂ ခုနှစ်မှာ ထွက်ရှိလာမှာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ရဲ့ ဇာတ်လမ်းအကြောင်းကိုတော့ ယခုချိန်ထိ မသိရသေးပါဘူး။ ဒီရုပ်ရှင်ဟာ Thor ရဲ့ လေးကားမြောက် ဆိုလိုရုပ်ရှင် ဖြစ်တာကြောင့်လည်း ဒီရုပ်ရှင်အပြီးမှာတော့ Thor ဟာ MCU ထဲမှာ ဆက်လက် ရှိနေဦးမှာလားဆိုတာကို ပရိသတ်တွေက သိချင်နေကြပါတယ်။

The Today Show မှာတော့ အင်တာဗျူးသူဟာ Chris Hemsworth ကို MCU ထဲမှာ Thor အဖြစ် ဆက်လက်မြင်တွေ့ရနိုင်သေးလားဆိုပြီး မေးမြန်းခဲ့ပါတယ်။ အဲ့ဒီမေးခွန်းအတွက် Chris Hemsworth ရဲ့ အဖြေကတော့ …

“သူ(Tom Holland)က Spider-Man အနေနဲ့ ဘယ်လောက် ပါဝင်ပြီးသွားပြီလဲ? သူက ကျွန်တော့်ထက်တော့ နည်းပါသေးတယ်။ ကျွန်တော့်အထင် သူက ရုပ်ရှင်သုံးကားလောက်မှာ ပါထားတယ်လို့ ထင်တယ်။ ကျွန်တော်ကတော့ ခြောက်ကား၊ ခုနှစ်ကားလောက်မှာ ပါထားတယ်လေ။ သူတို့ဘက်က ကမ်းလှမ်းနေသရွေ့တော့ ဆက်ပြီး သရုပ်ဆောင်သွားဦးမှာပါ … “

photo via screenrant

MCU ထဲက သရုပ်ဆောင်တွေထဲမှာတော့ Chris Hemsworth ဟာ ဆိုလိုရုပ်ရှင် လေးကား ရရှိတဲ့ တစ်ဦးတည်းသော သရုပ်ဆောင် တစ်ယောက်လည်း ဖြစ်ပါတယ်။ ပရိသတ်တွေ စိတ်ဝင်စားနေတာကတော့ ဒီရုပ်ရှင်ပြီးသွားရင်ရော Chris Hemsworth ကို ဆက်လက် မြင်တွေ့ရဦးမှာလားဆိုတာပဲ ဖြစ်ပါတယ်။ Chris Hemsworth ရဲ့ အဖြေအရ ဆိုရင်တော့ စိတ်အေးစရာ ဖြစ်ပြီး Thor: Love and Thunder ပြီးသွားရင်တောင် အနည်းဆုံး သူ့ကို နောက်ထပ် MCU ပရောဂျက် တစ်ခု၊ နှစ်ခုလောက်မှာ မြင်တွေ့ရနိုင်ပါသေးတယ်။

Legos

Source: Screenrant

(Zawgyi Version)

Tom Holland ဟာ ေနာက္ထပ္ Spider-Man ႐ုပ္ရွင္ သုံးကားမွာ ဆက္လက္ ပါဝင္လာဦးမယ္လို႔ ေၾကညာၿပီးေနာက္မွာေတာ့ Chris Hemsworth ဟာလည္း Thor အျဖစ္ အခ်ိန္ဘယ္ေလာက္ၾကာၾကာ သ႐ုပ္ေဆာင္သြားဦးမလည္းဆိုတာ ေျပာျပလာပါတယ္။

Chris Evans ၊ Robert Downey Jr. နဲ႔ Chris Hemsworth တို႔ သုံးေယာက္ဟာ MCU ႀကီးကို ျဖစ္ေပၚလာေစခဲ့တယ္လို႔ ေျပာလို႔ေတာင္ ရပါတယ္။ သူတို႔ရဲ့ သ႐ုပ္ေဆာင္မွုေတြေၾကာင့္ပဲ MCU အေပၚ ပရိသတ္ေတြရဲ့ စိတ္ဝင္စားမွုဟာ တျဖည္းျဖည္းနဲ႔ ျမင့္တက္လာတာ ျဖစ္ပါတယ္။

photo via screenrant

Chris Hemsworth ဟာ MCU ႐ုပ္ရွင္ (၇)ကားမွာ ပါဝင္ခဲ့ၿပီး (၈)ကားေျမာက္ ျဖစ္လာမယ့္ Thor: Love and Thunder ကလည္း ၂၀၂၂ ခုႏွစ္မွာ ထြက္ရွိလာမွာ ျဖစ္ပါတယ္။ ဒီ႐ုပ္ရွင္ရဲ့ ဇာတ္လမ္းအေၾကာင္းကိုေတာ့ ယခုခ်ိန္ထိ မသိရေသးပါဘူး။ ဒီ႐ုပ္ရွင္ဟာ Thor ရဲ့ ေလးကားေျမာက္ ဆိုလို႐ုပ္ရွင္ ျဖစ္တာေၾကာင့္လည္း ဒီ႐ုပ္ရွင္အၿပီးမွာေတာ့ Thor ဟာ MCU ထဲမွာ ဆက္လက္ ရွိေနဦးမွာလားဆိုတာကို ပရိသတ္ေတြက သိခ်င္ေနၾကပါတယ္။

The Today Show မွာေတာ့ အင္တာဗ်ဴးသူဟာ Chris Hemsworth ကို MCU ထဲမွာ Thor အျဖစ္ ဆက္လက္ျမင္ေတြ႕ရနိုင္ေသးလားဆိုၿပီး ေမးျမန္းခဲ့ပါတယ္။ အဲ့ဒီေမးခြန္းအတြက္ Chris Hemsworth ရဲ့ အေျဖကေတာ့ …

“သူ(Tom Holland)က Spider-Man အေနနဲ႔ ဘယ္ေလာက္ ပါဝင္ၿပီးသြားၿပီလဲ? သူက ကၽြန္ေတာ့္ထက္ေတာ့ နည္းပါေသးတယ္။ ကၽြန္ေတာ့္အထင္ သူက ႐ုပ္ရွင္သုံးကားေလာက္မွာ ပါထားတယ္လို႔ ထင္တယ္။ ကၽြန္ေတာ္ကေတာ့ ေျခာက္ကား၊ ခုႏွစ္ကားေလာက္မွာ ပါထားတယ္ေလ။ သူတို႔ဘက္က ကမ္းလွမ္းေနသေရြ႕ေတာ့ ဆက္ၿပီး သ႐ုပ္ေဆာင္သြားဦးမွာပါ … “

photo via screenrant

MCU ထဲက သ႐ုပ္ေဆာင္ေတြထဲမွာေတာ့ Chris Hemsworth ဟာ ဆိုလို႐ုပ္ရွင္ ေလးကား ရရွိတဲ့ တစ္ဦးတည္းေသာ သ႐ုပ္ေဆာင္ တစ္ေယာက္လည္း ျဖစ္ပါတယ္။ ပရိသတ္ေတြ စိတ္ဝင္စားေနတာကေတာ့ ဒီ႐ုပ္ရွင္ၿပီးသြားရင္ေရာ Chris Hemsworth ကို ဆက္လက္ ျမင္ေတြ႕ရဦးမွာလားဆိုတာပဲ ျဖစ္ပါတယ္။ Chris Hemsworth ရဲ့ အေျဖအရ ဆိုရင္ေတာ့ စိတ္ေအးစရာ ျဖစ္ၿပီး Thor: Love and Thunder ၿပီးသြားရင္ေတာင္ အနည္းဆုံး သူ႔ကို ေနာက္ထပ္ MCU ပေရာဂ်က္ တစ္ခု၊ ႏွစ္ခုေလာက္မွာ ျမင္ေတြ႕ရနိုင္ပါေသးတယ္။

Legos

Source: Screenrant

RELATED ARTICLES

Most Popular