HomeCelebs Update NewsInternationalNat Geoရဲ့အထူးရှိုးတစ်ခုမှာ ငါးမန်းတွေနဲ့အတူ ရေငုပ်သွားမယ့် Chris Hemsworth 

Nat Geoရဲ့အထူးရှိုးတစ်ခုမှာ ငါးမန်းတွေနဲ့အတူ ရေငုပ်သွားမယ့် Chris Hemsworth 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

မြန်မာပရိသတ်တွေကြားထဲမှာ Thor မင်းသားလို့ နာမည်ကြီးတဲ့ Chris Hemsworth ဟာ ၂၀၂၁ခုနှစ်မှာ ကြည့်ရှုရမယ့် Nat Geo ရုပ်သံလိုင်းရဲ့ အထူးအစီအစဉ်တစ်ခုမှာ ပါဝင်ပြီး ငါးမန်းတွေနဲ့အတူ ရေငုပ်မယ်လို့ သိရပါတယ်။

Hollywood Reporter သတင်းဌာနရဲ့ ဖော်ပြချက်အရ Chris Hemsworth ဟာ Shark Beach လို့ အမည်ပေးထားတဲ့အထူးအစီအစဉ်မှာ ပါဝင်သွားမှာဖြစ်ပြီး ရှိုးရဲ့တစ်စိတ်တစ်ပိုင်းအဖြစ် ငါးမန်းမျိုးစိတ်အစုံနဲ့ ရေငုပ်ပြသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

Photo: chrishemsworth/ Instagram

အဆိုပါအစီအစဉ်ဟာ ပင်လယ်ရေထုနဲ့ ရေနေသတ္တဝါများ ထိန်းသိမ်းစောင့်ရှောက်ရေးအတွက် အသိပညာပေး လှုံ့ဆော်ဖို့အတွက် ရည်ရွယ်ထားတာဖြစ်ပြီး အဏ္ဏဝါဇီဝဗေဒပညာရှင်တွေ၊ ပင်လယ်ရေလှိုင်းစီး အားကစားသမားတွေ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးသမားတွေ၊ ငါးမန်းမျိုးစိတ်များ ထိန်းသိမ်းရေး တက်ကြွလှုပ်ရှားသူတွေနဲ့အတူ မင်းသား Chris ကိုယ်တိုင်က တွေ့ဆုံဆွေးနွေးထားတာတွေကိုပါ ပြသသွားမှာ ဖြစ်ပါတယ်။

ရှိုးရိုက်ကူးမယ့်နေရာကတော့ မင်းသားရဲ့ ဇာတိမြေဖြစ်တဲ့ ဩစတျေးလျနိုင်ငံမှာ ဖြစ်ပြီး လူသားတွေနဲ့ ငါးမန်းတွေ အတူယှဉ်တွဲနေထိုင်နိုင်ရေးကို အားပေးလှုံ့ဆော်ဖို့ ရည်ရွယ်ထားတဲ့ ရှိုးလည်း ဖြစ်တယ်လို့ ဆိုပါတယ်။ သရုပ်ဆောင်အလုပ်အပြင် ရေလွှာလျှောစီးတာ၊ ရေလှိုင်းစီးတာစတဲ့ အားကစားတွေကို နှစ်သက်တဲ့ မင်းသားဟာ ပင်လယ်ပျော်တစ်ယောက်လည်း ဖြစ်ပါတယ်။

Photo: chrishemsworth/ Instagram

ဒါကြောင့်လည်း ဒီအစီအစဉ်မှာ ပါဝင်ဖြစ်ခဲ့တဲ့ သူ့ရဲ့သဘောထားကို ပြောပြထားတာ ဖြစ်ပါတယ်။ “ကျွန်တော့်ဘဝတစ်လျှောက်မှာ ပင်လယ်ထဲမှာရော၊ ပင်လယ်နားမှာ နေပြီးတော့ရော အချိန်တွေ အများကြီး ဖြတ်သန်းခဲ့ဖူးပါတယ်။ ပြောရရင် ငါးမန်းတွေနဲ့အတူတူ ပင်လယ်ကြီးထဲမှာ မျှဝေနေထိုင်ခဲ့ဖူးတယ်လို့ ဆိုရမှာပါ။ ဒါပေမယ့် ငါးမန်းဖမ်းဆီး၊ သတ်ဖြတ်မှုတွေ မြင့်တက်လာတဲ့အပေါ် စိုးရိမ်စရာတွေလည်း ဖြစ်လာပါတယ် … ”

” ကျွန်တော်တို့လူတွေဟာ ငါးမန်းတွေအပေါ်မှာလည်း လေးစားသမှုရှိဖို့ အရေးကြီးပါတယ်။ ကျွန်တော်တို့ရဲ့ ပင်လယ်ကြီးဟာ ဒီမျိုးစိတ်တွေ၊ သတ္တဝါတွေပေါ် မူတည်ပြီး ဂေဟစနစ်ကို မှီခို၊ လည်ပတ်နေရတာပါ။ အလားတူပဲ၊ သူတို့နဲ့အတူ ယှဉ်တွဲနေထိုင်ဖို့ဆိုတာ ကျွန်တော်တို့ကိုယ်ကို အန္တရာယ်မပေးနိုင်အောင် ကာကွယ်တတ်ဖို့လည်း လိုအပ်ပါတယ်။ ဒါက ကျွန်တော် Shark Beach အစီအစဉ်မှာ ပါဝင်ဖြစ်တဲ့ အဓိက ရည်ရွယ်ချက်ပါပဲ… ” လို့ Chris Hemsworth က ဆိုပါတယ်။

Photo: chrishemsworth/ Instagram

ရုပ်ရှင်ဘက်အပိုင်းနဲ့ ပတ်သက်ရင်တော့ Chris Hemsworth ကို Netflix ရဲ့ရုပ်ရှင် Extraction မှာ မကြာသေးခင်က မြင်တွေ့ထားရပြီး အမေရိကန် နားပန်းသမား Hulk Hogan ရဲ့ အတ္ထုပ္ပတ္တိကို Joker ဇာတ်ကားရဲ့ ဒါရိုက်တာ Todd Philips က ပြန်လည်ရိုက်ကူးမယ့် ရုပ်ရှင်ဇာတ်ကားမှာလည်း သူ့ကို ထပ်မံမြင်တွေ့ရဖို့ ရှိနေပါသေးတယ်။

LaNina

Source: indianexpress

(Zawgyi Version)

ျမန္မာပရိသတ္ေတြၾကားထဲမွာ Thor မင္းသားလို႔ နာမည္ႀကီးတဲ့ Chris Hemsworth ဟာ ၂၀၂၁ခုႏွစ္မွာ ၾကည့္ရႈရမယ့္ Nat Geo ႐ုပ္သံလိုင္းရဲ႕ အထူးအစီအစဥ္တစ္ခုမွာ ပါဝင္ၿပီး ငါးမန္းေတြနဲ႔အတူ ေရငုပ္မယ္လို႔ သိရပါတယ္။

Hollywood Reporter သတင္းဌာနရဲ႕ ေဖာ္ျပခ်က္အရ Chris Hemsworth ဟာ Shark Beach လို႔ အမည္ေပးထားတဲ့အထူးအစီအစဥ္မွာ ပါဝင္သြားမွာျဖစ္ၿပီး ရႈိးရဲ႕တစ္စိတ္တစ္ပိုင္းအျဖစ္ ငါးမန္းမ်ိဳးစိတ္အစုံနဲ႔ ေရငုပ္ျပသြားမွာ ျဖစ္တယ္လို႔ သိရပါတယ္။

Photo: chrishemsworth/ Instagram

အဆိုပါအစီအစဥ္ဟာ ပင္လယ္ေရထုနဲ႔ ေရေနသတၱဝါမ်ား ထိန္းသိမ္းေစာင့္ေရွာက္ေရးအတြက္ အသိပညာေပး လႈံ႕ေဆာ္ဖို႔အတြက္ ရည္႐ြယ္ထားတာျဖစ္ၿပီး အဏၰဝါဇီဝေဗဒပညာရွင္ေတြ၊ ပင္လယ္ေရလႈိင္းစီး အားကစားသမားေတြ၊ သဘာဝပတ္ဝန္းက်င္ ထိန္းသိမ္းေရးသမားေတြ၊ ငါးမန္းမ်ိဳးစိတ္မ်ား ထိန္းသိမ္းေရး တက္ႂကြလႈပ္ရွားသူေတြနဲ႔အတူ မင္းသား Chris ကိုယ္တိုင္က ေတြ႕ဆုံေဆြးေႏြးထားတာေတြကိုပါ ျပသသြားမွာ ျဖစ္ပါတယ္။

ရႈိး႐ိုက္ကူးမယ့္ေနရာကေတာ့ မင္းသားရဲ႕ ဇာတိေျမျဖစ္တဲ့ ဩစေတ်းလ်ႏိုင္ငံမွာ ျဖစ္ၿပီး လူသားေတြနဲ႔ ငါးမန္းေတြ အတူယွဥ္တြဲေနထိုင္ႏိုင္ေရးကို အားေပးလႈံ႕ေဆာ္ဖို႔ ရည္႐ြယ္ထားတဲ့ ရႈိးလည္း ျဖစ္တယ္လို႔ ဆိုပါတယ္။ သ႐ုပ္ေဆာင္အလုပ္အျပင္ ေရလႊာေလွ်ာစီးတာ၊ ေရလႈိင္းစီးတာစတဲ့ အားကစားေတြကို ႏွစ္သက္တဲ့ မင္းသားဟာ ပင္လယ္ေပ်ာ္တစ္ေယာက္လည္း ျဖစ္ပါတယ္။

Photo: chrishemsworth/ Instagram

ဒါေၾကာင့္လည္း ဒီအစီအစဥ္မွာ ပါဝင္ျဖစ္ခဲ့တဲ့ သူ႔ရဲ႕သေဘာထားကို ေျပာျပထားတာ ျဖစ္ပါတယ္။ “ကြၽန္ေတာ့္ဘဝတစ္ေလွ်ာက္မွာ ပင္လယ္ထဲမွာေရာ၊ ပင္လယ္နားမွာ ေနၿပီးေတာ့ေရာ အခ်ိန္ေတြ အမ်ားႀကီး ျဖတ္သန္းခဲ့ဖူးပါတယ္။ ေျပာရရင္ ငါးမန္းေတြနဲ႔အတူတူ ပင္လယ္ႀကီးထဲမွာ မွ်ေဝေနထိုင္ခဲ့ဖူးတယ္လို႔ ဆိုရမွာပါ။ ဒါေပမယ့္ ငါးမန္းဖမ္းဆီး၊ သတ္ျဖတ္မႈေတြ ျမင့္တက္လာတဲ့အေပၚ စိုးရိမ္စရာေတြလည္း ျဖစ္လာပါတယ္ … ”

” ကြၽန္ေတာ္တို႔လူေတြဟာ ငါးမန္းေတြအေပၚမွာလည္း ေလးစားသမႈရွိဖို႔ အေရးႀကီးပါတယ္။ ကြၽန္ေတာ္တို႔ရဲ႕ ပင္လယ္ႀကီးဟာ ဒီမ်ိဳးစိတ္ေတြ၊ သတၱဝါေတြေပၚ မူတည္ၿပီး ေဂဟစနစ္ကို မွီခို၊ လည္ပတ္ေနရတာပါ။ အလားတူပဲ၊ သူတို႔နဲ႔အတူ ယွဥ္တြဲေနထိုင္ဖို႔ဆိုတာ ကြၽန္ေတာ္တို႔ကိုယ္ကို အႏၲရာယ္မေပးႏိုင္ေအာင္ ကာကြယ္တတ္ဖို႔လည္း လိုအပ္ပါတယ္။ ဒါက ကြၽန္ေတာ္ Shark Beach အစီအစဥ္မွာ ပါဝင္ျဖစ္တဲ့ အဓိက ရည္႐ြယ္ခ်က္ပါပဲ… ” လို႔ Chris Hemsworth က ဆိုပါတယ္။

Photo: chrishemsworth/ Instagram

႐ုပ္ရွင္ဘက္အပိုင္းနဲ႔ ပတ္သက္ရင္ေတာ့ Chris Hemsworth ကို Netflix ရဲ႕႐ုပ္ရွင္ Extraction မွာ မၾကာေသးခင္က ျမင္ေတြ႕ထားရၿပီး အေမရိကန္ နားပန္းသမား Hulk Hogan ရဲ႕ အတၳဳပၸတၱိကို Joker ဇာတ္ကားရဲ႕ ဒါ႐ိုက္တာ Todd Philips က ျပန္လည္႐ိုက္ကူးမယ့္ ႐ုပ္ရွင္ဇာတ္ကားမွာလည္း သူ႔ကို ထပ္မံျမင္ေတြ႕ရဖို႔ ရွိေနပါေသးတယ္။

LaNina

Source: indianexpress

 

RELATED ARTICLES

Most Popular