HomeCelebs Update NewsInternationalဒုတိယရင်သွေးလေးကို မွေးဖွားလိုက်တဲ့ Chris Pratt နဲ့ Katherine တို့မောင်နှံ

ဒုတိယရင်သွေးလေးကို မွေးဖွားလိုက်တဲ့ Chris Pratt နဲ့ Katherine တို့မောင်နှံ

မင်းသား Chris Pratt နဲ့ စာရေးဆရာမ Katherine Schwarzenegger တို့မောင်နှံဟာ ဒုတိယမြောက် ရင်သွေးလေးကို အောင်မြင်စွာ မွေးဖွားလိုက်ပြီလို့ သိရပါတယ်။ ဒီဘေဘီလေးကိုတော့ ပြီးခဲ့တဲ့ စနေနေ့က မွေးဖွားခဲ့တာ ဖြစ်ပြီး မနေ့က တနင်္ဂနွေနေ့မှာပဲ ပရိသတ်တွေကို အသိပေးလိုက်တာ ဖြစ်ပါတယ်။

ယခုမွေးဖွားလိုက်တာကတော့ သမီးလေး ဖြစ်ပြီး အမည်ကိုတော့ Eloise Christina Schwarzenegger Pratt လို့ မှည့်ထားကြောင်း သိရပါတယ်။ “ကျွန်တော်တို့ရဲ့ ဒုတိယမြောက် သမီးလေး Eloise Christina Schwarzenegger Pratt ကို မွေးဖွားပြီးတဲ့အကြောင်း ရင်ခုန်စွာနဲ့ အသိပေးလိုက်ရပါတယ်။ ကျွန်တော်တို့နှစ်ယောက်လုံး ဝမ်းမြောက် ကျေးဇူးတင်တယ်ဆိုတာထက် ပိုပြီးပျော်ရွှင်နေကြပါတယ် …” လို့ မိဘနှစ်ပါးက သူတို့ရဲ့ အင်စတာဂရမ်တွေမှာ အသီးသီး ပို့စ်တင်ထားကြပါတယ်။

Photo: katherineschwarzenegger/ Instagram

Chris နဲ့ Katherine တို့ဟာ ဒီသမီးလေးမတိုင်ခင်မှာ (၂၁)လအရွယ် သမီးဦးလေး Lyla Maria ကိုလည်း မွေးဖွားထားကြပါသေးတယ်။ ဒါကြောင့် အခုဆိုရင်တော့ Chris တို့မောင်နှံမှာ သမီးလေးနှစ်ယောက် ထွန်းကားသွားပြီ ဖြစ်ပါတယ်။ ဒါ့အပြင် Chris မှာ သူ့ရဲ့အရင်အိမ်ထောင်ဖြစ်တဲ့ Anna Faris နဲ့ရတဲ့ (၉)နှစ်အရွယ် သားလေး Jack လည်း ရှိပါသေးတယ်။

Photo: katherineschwarzenegger/ Instagram

Chris နဲ့ Katherine တို့ဟာ ၂၀၁၉ ခုနှစ် ဇွန်လမှာ တရားဝင် လက်ထပ်ခဲ့ကြတာ ဖြစ်ပြီး ၂၀၂၀ ခုနှစ် ဩဂုတ်လမှာပဲ ပထမဆုံး သမီးဦးလေးကို မွေးဖွားခဲ့တာ ဖြစ်ပါတယ်။ Katherine ကတော့ နာမည်ကျော် အက်ရှင်မင်းသားကြီး Arnold Schwarzenegger ရဲ့ သမီးလည်း ဖြစ်တာကြောင့် Chris ဟာ မင်းသားကြီး Arnold ရဲ့ သားမက်လည်း တော်စပ်ပါတယ်။

Vancouver

Source: people

RELATED ARTICLES

Most Popular