HomeCelebs Update NewsInternationalWill Smith နဲ့ဖြစ်သွားတဲ့ကိစ္စကို လူတွေရှေ့မှာ မပြောသေးပါဘူးဆိုတဲ့ Chris Rock

Will Smith နဲ့ဖြစ်သွားတဲ့ကိစ္စကို လူတွေရှေ့မှာ မပြောသေးပါဘူးဆိုတဲ့ Chris Rock

Chris Rock ဟာ နယူးယော့ခ်က comedy show တစ်ခုမှာ surprise အနေနဲ့ ပါဝင်လာခဲ့ပြီး Will Smith ဆီက ပါးရိုက်ခံလိုက်ရတဲ့ ကိစ္စကို စကားထဲ ထည့်ပြောဦးမှာ မဟုတ်ဘူးလို့ ပြောသွားပါတယ်။

ပြီးခဲ့တဲ့ အော်စကာပေးပွဲညက ဖြစ်ပျက်သွားတဲ့ အုတ်အော်သောင်းတင်း ဖြစ်ရပ်ကြောင့် Chris Rock ရဲ့ comedy show လက်မှတ်တွေဟာ ကြောက်ခမန်းလိလိ အရောင်းမြင့်တက်လာပါတယ်။ အကြောင်းကတော့ သူ့ရဲ့ပရိသတ်တွေဟာ Chris အနေနဲ့ ဒီကိစ္စကို သူ့ရဲ့ရှိုးမှာ ဘယ်လို ပြောမလည်းဆိုတာ စိတ်ဝင်စားနေကြတာကြောင့်ပါပဲ။ သို့ပေမယ့်လည်း Chris ကတော့ ဒီကိစ္စကို လူတွေကြားထဲမှာ ပြန်ပြောဖို့ အဆင်သင့် ဖြစ်သေးပုံ မရပါဘူး။

Photo: chrisrock/ Instagram

Chris ဟာ အင်္ဂါနေ့ညက ကျင်းပခဲ့တဲ့ Comedy Cellar ရှိုးမှာ surprise အနေနဲ့ ပါဝင်ခဲ့တာ ဖြစ်ပြီး Will Smith နဲ့ ဖြစ်ခဲ့တဲ့ကိစ္စအကြောင်း ထည့်ပြောမှာ မဟုတ်ဘူးလို့ ပရိသတ်တွေကို ကြိုတင် ပြောကြားခဲ့တာ ဖြစ်ပါတယ်။ သူ စင်ပေါ်ကို surprise လုပ်ပြီး တက်လာတဲ့အချိန်မှာပဲ အောက်က ပရိသတ်တွေဟာ ထိန်းမရအောင် စိတ်လှုပ်ရှားသွားကြတယ်လို့ ဆိုပါတယ်။

သို့သော်လည်း Chris ကတော့ စင်ပေါ်တက်လာလာချင်းမှာပဲ “ခင်ဗျားတို့ မျှော်လင့်ချက်တွေကို လျှော့လိုက်ကြပါ။ အဲဒီကိစ္စကို ကျုပ် ပြောမှာ မဟုတ်ပါဘူး … ” လို့ စကားကြိုခံသွားတယ်လို့ ပွဲကို သွားကြည့်ခဲ့တဲ့ ပရိသတ်တစ်ယောက်က Page Six သတင်းဌာနကို ပြောပြခဲ့ပါတယ်။ ဒါ့အပြင် လူတွေဟာ ရုတ်တရက်ကြီး သူ့ရဲ့ early shows တွေကို စိတ်ဝင်စားလာကြတဲ့အတွက် ပြက်လုံးတွေ ပြင်ဆင်နေတယ်လို့လည်း ဆိုပါတယ်။

Photo via Instagram

တကယ်တော့ အသက်(၅၇)နှစ်အရွယ် ဟာသပညာရှင် Chris Rock ဟာ အော်စကာပွဲညက Will Smith ရဲ့ လုပ်ရပ်နဲ့ ပတ်သက်ပြီး စိတ်ထဲမှာ ခံစားနေရဆဲဖြစ်ကာ ခွင့်လွှတ်ပေးဖို့လည်း မဖြစ်နိုင်သေးကြောင်း ဆိုထားပါသေးတယ်။ အကြောင်းကတော့ Will ဟာ သူ့ရဲ့မိတ်ဆွေတစ်ယောက် ဖြစ်နေတာကြောင့် ဒီကိစ္စကြီးတစ်ခုလုံးကို သူ့စိတ်ထဲမှာ နားလည်ပြီး လက်ခံနိုင်ဖို့ အချိန်လိုအပ်သေးတာကြောင့်လို့ ဆိုပါတယ်။ ဒါကြောင့်ပဲ Chris ဟာ ဒီကိစ္စကို public ဆီ ထုတ်ပြောဖို့ ယခုအချိန်အထိ ငြင်းဆိုနေတာ ဖြစ်ပါတယ်။

Vancouver

Source: hollywoodlife

RELATED ARTICLES

Most Popular