HomeEntertainmentFilmChristian Bale နဲ့ Margot Robbie တို့ရဲ့ ရုပ်ရှင်သစ် Amsterdam

Christian Bale နဲ့ Margot Robbie တို့ရဲ့ ရုပ်ရှင်သစ် Amsterdam

Amsterdam ရုပ်ရှင်ကတော့ Comedy ၊ Mystery ရုပ်ရှင်အမျိူးအစား ဖြစ်ပြီး Christian Bale နဲ့ Margot Robbie တို့အပြင် အခြားနာမည်ကြီး သရုပ်ဆောင်တွေများစွာလည်း ပါဝင်ထားပါတယ်။ ဒီရုပ်ရှင်ကိုတော့ ၂၀၂၀ ခုနှစ် ဇန်နဝါရီလကတည်းက ထွက်ရှိမယ်လို့ ကြေညာခဲ့တာ ဖြစ်ပြီး ကိုဗစ်ကြောင့် နှောင့်နှေးမှုတွေ ဖြစ်ပေါ်ကာ (၂)နှစ်နီးပါး ရုံတင်ရက် နောက်ကျခဲ့တာ ဖြစ်ပါတယ်။

ဒီဇာတ်ကားကိုတော့ American Hustle နဲ့ Silver Linings Playbook တို့ကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ David O. Russell က ကိုယ်တိုင် ဇာတ်ညွှန်းရေးသားပြီး ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ Burt (Christian Bale)ဆိုတဲ့ ဆရာဝန်တစ်ယောက်၊ Valerie (Margot Robbie)ဆိုတဲ့ သူနာပြုတစ်ယောက်နဲ့ Harold (John David Washington)ဆိုတဲ့ ရှေ့နေတစ်ယောက်တို့ဟာ လူသတ်မှုတစ်ခုရဲ့ အဓိကသံသယရှိသူတွေ ဖြစ်နေကြပါတယ်။ ဒါကြောင့်ပဲ သူတို့သုံးယောက် ပူးပေါင်းကာ အမှန်တရားကို ဖော်ထုတ်ဖို့ ကြိုးစားရပါတော့တယ်။

မကြာသေးခင်ကပဲ 20th Century Studio ဟာ Amsterdam ရုပ်ရှင်အတွက် ထွေလာကို ထုတ်ပေးခဲ့ပါတယ်။ ဒီထွေလာထဲမှာလည်း Burt ၊ Valerie နဲ့ Harold တို့ သုံးယောက်ဟာ ဒီလူသတ်မှုကို သူတို့ကျူးလွန်တာ မဟုတ်ကြောင်း သက်သေပြဖို့အတွက် ကြိုးစားတာကို မြင်တွေ့ခဲ့ရပါတယ်။ အစတုန်းကတော့ Harold နေရာမှာ Michael B. Jordan က သရုပ်ဆောင်သွားဖို့ စီစဉ်ခဲ့တာ ဖြစ်ပေမယ့် အချိန်မအားလပ်တာကြောင့် သရုပ်ဆောင် ပြောင်းလဲခဲ့ရပါတယ်။

ဒီရုပ်ရှင်ထဲမှာတော့ Christian Bale ၊ Margot Robbie နဲ့ John David Washington တို့အပြင် တခြားနာမည်ကြီး သရုပ်ဆောင်တွေဖြစ်တဲ့ Anya Taylor-Joy ၊ Chris Rock ၊ Michael Shannon ၊ Robert De Niro ၊ Mike Myers ၊ Timothy Olyphant နဲ့ Zoe Saldana တို့လည်း ပါဝင်သွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် နာမည်ကျော် အဆိုတော်တစ်ယောက်ဖြစ်တဲ့ Taylor Swift လည်း ပါဝင်ဦးမှာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကိုတော့ လာမယ့် အောက်တိုဘာလ (၇)ရက်နေ့မှာ ရုံတင်ပြသသွားမှာ ဖြစ်ပါတယ်။

Legos

Source: Screenrant

RELATED ARTICLES

Most Popular