HomeEntertainmentFilmယခုနှစ်အတွင်းမှာပဲ ထွက်ရှိလာမယ့် Chucky Season 2

ယခုနှစ်အတွင်းမှာပဲ ထွက်ရှိလာမယ့် Chucky Season 2

Child’s Play ရဲ့ ဖန်တီးသူဖြစ်တဲ့ Don Mancini ဟာ မကြာသေးခင်တုန်းကပဲ Chucky Season 2 ထွက်ရှိလာမယ်လို့ အတည်ပြုလိုက်ပါတယ်။ Don Mancini ကတော့ ၁၉၈၈ ခုနှစ်က ပထမဆုံး စတင်ထွက်ရှိခဲ့တဲ့ Child’ Play ရုပ်ရှင်ကနေ စတင်ပြီး Chucky Franchise ကို ယခုအချိန်ထိ ဖန်တီးလာခဲ့သူ ဖြစ်ပါတယ်။ သူကတော့ ဇာတ်ညွှန်းတွေလည်း ကိုယ်တိုင်ရေးသားခဲ့သလို ဒါရိုက်တာအနေနဲ့ ပါဝင်ခဲ့တဲ့ ရုပ်ရှင်တွေလည်း ရှိပါတယ်။

photo via screenrant

၂၀၁၉ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး အသစ်ပြန်ရိုက်ခဲ့တဲ့ Chucky ရုပ်ရှင်ကတော့ တခြားအဖွဲ့က ဖန်တီးခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီအချိန်တုန်းက Don Mancini ဟာ ၂၀၂၁ ခုနှစ် အောက်တိုဘာလမှာ ထွက်ရှိခဲ့တဲ့ Chucky ဇာတ်လမ်းတွဲကို ဖန်တီးနေတာ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ Jake Wheeler ဆိုတဲ့ ဆယ်ကျော်သက်တစ်ယောက်ဟာ အဟောင်းရောင်းဆိုင်တစ်ခုကနေ Chucky အရုပ်ကို ရှာတွေ့ခဲ့ပြီး နောက်ပိုင်းကျမှသာ အဲ့ဒီအရုပ်မှာ ကွင်းဆက်လူသတ်သမား Charles Lee Ray ရဲ့ ဝိဉာဉ်က ပူးကပ်နေမှန်း သိလိုက်ရပါတယ်။

မကြာသေးခင်တုန်းကတော့ Don Mancini ဟာ Chucky Season 2 ရဲ့ လိုဂိုကို တွစ်တာမှာ တင်ခဲ့ပြီး Season 2 ကတော့ ယခုနှစ်အတွင်းမှာပဲ ထွက်ရှိလာမယ်လို့ အတည်ပြုလိုက်ပါတယ်။ ပထမ Season တုန်းကတော့ ကိုဗစ်ကြောင့် နှောင့်နှေးမှုတွေ ကြုံတွေ့ခဲ့ရပေမယ့်လည်း ဒုတိယမြောက် Season ကတော့ ဒီအခက်အခဲတွေ မရှိတော့ဘဲ လျင်လျင်မြန်မြန် ပြီးဆုံးသွားတယ်လို့ ယူဆရပါတယ်။

ဒီဇာတ်လမ်းတွဲထဲမှာတော့ လူငယ်သရုပ်ဆောင်အသစ်တွေ ဖြစ်တဲ့ Bjorgvin Arnarson ၊ Alyvia Alyn Lind နဲ့ Teo Briones တို့ ပါဝင်ထားပါတယ်။ ဒီဇာတ်လမ်းတွဲကတော့ Horror ပရိသတ်တွေအတွက် ယခင်က ထွက်ရှိခဲ့တဲ့ Child’s Play ကို ခေတ်သစ်အမြင်နဲ့ မြင်တွေ့ရမှာ ဖြစ်သလို Rating တွေလည်း ကောင်းနေတာကြောင့် မကြည့်ရသေးရင် ကြည့်ဖို့အတွက် တိုက်တွန်းချင်ပါတယ်။

Legos

Screenrant

RELATED ARTICLES

Most Popular