HomeEntertainmentFilm28 Years Later မှာ ပြန်ပါလာမယ့် Cillian Murphy

28 Years Later မှာ ပြန်ပါလာမယ့် Cillian Murphy

28 Days Later နဲ့ franchise ကို စတင်ခဲ့တဲ့ Cillian Murphy ဟာ ဒုတိယမြောက်ဇာတ်ကားဖြစ်တဲ့ 28 Weeks Later မှာ မပါဝင်ခဲ့ပေမယ့် အခုထပ်မံ ထွက်ရှိလာမယ့် 28 Years Later မှာတော့ ပြန်လည်ပါဝင်လာမှာ ဖြစ်ပါတယ်။

28 Days Later ထဲမှာတော့ Cillian ဟာ Jim ဆိုတဲ့ စက်ဘီးစာပို့သမားတစ်ယောက်အဖြစ် သရုပ်ဆောင်ခဲ့တာပါ။ Jim ဟာ ဆေးရုံမှာ ကိုမာဝင်နေပြီးတော့ သူသတိရလာတဲ့အချိန်မှာ ကူးစက်ရောဂါပိုးတစ်မျိုးကြောင့် ကမ္ဘာကြီးဟာလည်း တစစီပျက်စီးနေတာကို တွေ့လိုက်ရပါတယ်။ အဲဒီနောက်မှာတော့ သူ့လိုပဲ အကြောင်းအမျိုးမျိုးနဲ့ အသက်ရှင်ကျန်ခဲ့တဲ့ လူတချို့နဲ့ ပူးပေါင်းပြီး အသက်ဆက်ရှင်နိုင်ဖို့ ကြိုးစားကြတဲ့ ဇာတ်လမ်း ဖြစ်ပါတယ်။

28 Days Later ဟာ Cillian ရဲ့ breakout role ဖြစ်ပြီး အဲဒီအောင်မြင်မှုကြောင့်ပဲ ဒုတိယဇာတ်ကားဖြစ်တဲ့ 28 Weeks Later လည်း ထပ်မံထွက်ရှိခဲ့ပါသေးတယ်။ ဒါပေမယ့် အဲဒီအချိန်မှာတော့ မူရင်းသရုပ်ဆောင်တွေဟာ တခြားပရောဂျက်တွေနဲ့ အလုပ်ရှုပ်နေတဲ့အတွက် ပြန်လည်ပါဝင်နိုင်ခြင်း မရှိခဲ့ပါဘူး။

အခုတတိယမြောက် ထွက်ရှိလာမယ့် 28 Years Later မှာတော့ Cillian Murphy ပြန်လည် ပါဝင်လာမယ်လို့ Sony ရဲ့ဥက္ကဌဖြစ်သူ Tom Rothman က အတည်ပြုပေးလိုက်တာပါ။

“Murphy ပါလာမှာပါ။ ဒါပေမယ့် အံ့အားသင့်စရာ ပုံစံမျိုးနဲ့ ပိုပြီးတော့ ရှေ့ဆက်နိုင်မယ့် အနေအထားမျိုးနဲ့ပါ။ ကျွန်တော် အဲလိုပဲ ပြောပါရစေ။ ကျွန်တော်တို့ Edger Wright တို့၊ Baby Driver တို့ကို လုပ်ခဲ့သလိုမျိုးပဲ ဒီကားကိုတော့ Danny က အကောင်းဆုံး ကြိုးစားသွားမှာပါ …” လို့ Tom Rothman က ပြောထားပါတယ်။

ဒီကားရဲ့ ထူးခြားချက်ကတော့ ဒါရိုက်တာအနေနဲ့ ပထမဆုံးဇာတ်ကားကို ရိုက်ကူးပေးခဲ့တဲ့ ဒါရိုက်တာ Danny Boyle ကပဲ ပြန်လည်ရိုက်ကူးသွားမှာ ဖြစ်ပြီး ဇာတ်ညွှန်းကိုလည်း ပထမကားကို တာဝန်ယူပေးခဲ့တဲ့ Alex Garland ကပဲ ရေးသားပေးသွားမှာ ဖြစ်ပါတယ်။

ဒီကားထွက်လာရင်တော့ ပထမဆုံး 28 Days Later ထဲက cliffhanger နဲ့ ဇာတ်သိမ်းအတွက်လည်း အဖြေတစ်ခုခု ပေးနိုင်မယ်လို့လည်း ယူဆနိုင်ပါတယ်။

Vancouver

Source: screenrant

RELATED ARTICLES

Most Popular