HomeCharacterThor ရဲ့ Mjolnir နဲ့ ဆင်တူတဲ့ ပစ္စည်းတစ်ခုကို ကိုယ်တိုင်တည်ထွင်ခဲ့တဲ့ Superman

Thor ရဲ့ Mjolnir နဲ့ ဆင်တူတဲ့ ပစ္စည်းတစ်ခုကို ကိုယ်တိုင်တည်ထွင်ခဲ့တဲ့ Superman

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Thor ရဲ့လက်နက်တစ်ခုဖြစ်တဲ့ Mjolnir ဟာ စူပါဟီးရိုး ပရိသတ်တွေကြားမှာ အတော်လေးကို ရေပန်းစားပါတယ်။ အဲ့ဒီလက်နက်ဟာ လူတိုင်း မ,လို့မရဘဲ ထိုက်တန်တဲ့သူတစ်ယောက် ဖြစ်မှသာ မ,လို့ရနိုင်မှာ ဖြစ်ပါတယ်။ အဲ့ဒါကြောင့်ပဲ Thor ဟာ အဲ့ဒီလက်နက်ကို အသုံးပြုပြီးတော့ နည်းလမ်းပေါင်းစုံနဲ့ အသုံးပြုလေ့ရှိပါတယ်။

Superman ဟာလည်း Mjolnir လိုမျိူး လူတိုင်း မ,မနိုင်တဲ့ ပစ္စည်းတစ်ခုကို တည်ထွင်ခဲ့ပါသေးတယ်။ ဒါပေမယ့် အဲ့ဒီပစ္စည်းကို လက်နက်တစ်ခုလို အသုံးမပြုဘဲ Fortress of Solitude ရဲ့ သော့အဖြစ် အသုံးပြုခဲ့တာ ဖြစ်ပါတယ်။

အဲ့ဒီအဖြစ်အပျက်ကတော့ Superman Silver Age ကောမစ်တွေထဲကတစ်ခုဖြစ်တဲ့ All-Star Superman #2 ထဲမှာ ပါဝင်ခဲ့တာ ဖြစ်ပါတယ်။ ဖြစ်ပုံကတော့ Superman ဟာ သူ့ရဲ့ Fortress of Solitude အတွက် ရွှေသော့အကြီးကြီးကို ဖန်တီးခဲ့ပါတယ်။ အဲ့ဒီသော့ကြီးဟာ အလွန်ကြီးမားလွန်းတာကြောင့် လေပေါ်မှာပျံနေတဲ့ လေယာဉ်ပျံတွေပေါ်ကနေတောင် မြင်ရပါတယ်။ ဒါ့အပြင် အဲ့ဒီသော့ဟာ သိပ်ကိုလေးလံလွန်းတာကြောင့် လူအယောက်တစ်ရာလောက် ဝိုင်းပြီးမမှသာ ရလိမ့်မယ်လို့ ဒီသော့ကို ဖန်တီးထားတဲ့ Superman ကိုယ်တိုင်က ပြောခဲ့ပါတယ်။

photo via screenrant

အဲ့ဒါကြောင့်ပဲ Fortress of Solitude ကို ဝင်ချင်တဲ့သူတွေဟာ လူအင်အားများများ သုံးပြီးတော့ ဝင်ရောက်လို့ ရပါတယ်။ အကြောင်းကတော့ သော့က အကြီးကြီး ဖြစ်နေတာကြောင့် ဖွင့်ရမယ့် သော့ပေါက်ကလည်း အကြီးကြီး ဖြစ်နေပြီး အပင်ပန်းခံပြီး လိုက်ရှာနေစရာ မလိုပါဘူး။ Superfriends ဆိုတဲ့ animated စီးရီးတစ်ခုမှာတော့ Superman ဟာ သေဆုံးသွားတာကြောင့် Justice League အဖွဲ့ဟာ လူအင်အားစုပြီး Fortress of Solitude ကို ဝင်ရောက်ခဲ့ပါတယ်။

ဒါကြောင့်ပဲ နောက်ပိုင်းမှာတော့ Superman ဟာ အဲ့ဒီအကြံဟာ လုံခြုံမှုမရှိမှန်း သိသွားပြီးတော့ နောက်ထပ် သော့တစ်မျိူးကို ပြောင်းလဲခဲ့ပါတယ်။ ဒီလိုနဲ့ ရွှေသော့အကြီးကြီး မပြုလုပ်တော့ဘဲ ပုံမှန်အရွယ်အစားရှိတဲ့ သော့ကိုပဲ ပြောင်းလဲခဲ့ပါတယ်။ အဲ့ဒီအချိန်မှာတော့ Lois Lane ဟာ သော့ကို ပုံမှန်အရွယ်အစား ပြုလုပ်လိုက်တာနဲ့ ပိုပြီးတော့ မလုံခြုံသွားဘူးဆိုပြီးတော့ ပြောလာပါတယ်။ Superman ဟာ ပုံမှန်သော့လို့ ထင်နေတဲ့ Lois ကို အဲ့ဒီသော့ကို မ,စေခဲ့ပါတယ်။

photo via screenrant

အဲ့ဒီအချိန်မှာတော့ Lois ဟာ သိပ်အံ့ဩသွားပြီး ဒီသော့လေးက ဘယ်လိုမှ မ,လို့မရအောင် လေးလံနေတာကို သိလိုက်ရပါတယ်။ အဲ့တော့မှ Superman ဟာ အဲ့ဒီသော့ကို အလွန်သိပ်သည်းတဲ့ ကြယ်တစ်လုံးရဲ့ အပိုင်းအစတွေနဲ့ ပြုလုပ်ထားပြီးတော့ အလေးချိန်က တန်ငါးသိန်းလောက် ရှိတယ်လို့ ပြောပြခဲ့ပါတယ်။ အဲ့ဒါကြောင့်ပဲ ကမ္ဘာပေါ်မှာ အဲ့ဒီသော့ကို မနိုင်တဲ့သူဟာ သူတစ်ယောက်တည်း ရှိပါတယ် ဆိုပြီးလည်း ပြောခဲ့ပါတယ်။ ဒါ့အပြင် သူဟာ အဲ့ဒီသော့ကို ဘယ်သူမှ မ,မနိုင်မှန်း သိတာကြောင့် အိမ်ရှေ့က ခြေသုတ်ခုံအောက်မှာ ထားထားရင်တောင် စိတ်ပူစရာ မလိုတော့ပါဘူး။

ဒါ့အပြင် အဲ့ဒီနောက်မှာတော့ သူဟာ ဆေးရည်တစ်ခုကို ဖန်တီးခဲ့ပြီး အဲ့ဒီဆေးရည်ကို သောက်လိုက်တဲ့သူဟာ သူ့ရဲ့ခွန်အားကို (၂၄)နာရီ ရရှိသွားမှာ ဖြစ်ပါတယ်။ အဲ့ဒီနောက်မှာတော့ Lex Luthor ဟာ အဲ့ဒီဆေးရည်ကို သောက်ပြီးတော့ Fortress of Solitude ထဲကို ကျူးကျော်ခဲ့ဖူးပါတယ်။ အဲ့ဒါကြောင့်ပဲ သူ့ရဲ့သော့ဟာ Thor ရဲ့ Mjolnir နဲ့ အနည်းငယ် ဆင်တူတယ်လို့ ပြောလို့ရပါတယ်။ အကြောင်းကတော့ အဲ့ဒီပစ္စည်းနှစ်ခုလုံးဟာ လူတိုင်းမ,လို့မရတဲ့ ပစ္စည်းတွေ ဖြစ်နေလို့ပါပဲ။ Mjolnir ကတော့ မှော်ပညာကြောင့် ထိုက်တန်တဲ့သူတွေသာ မ,နိုင်ပေမယ့်လည်း Superman ရဲ့ သော့ကတော့ ရိုးရှင်းစွာနဲ့ပဲ အလွန်လေးလံနေတာကြောင့် တစ်ခြားသူတွေ မ,လို့မဖြစ်နိုင်တာ ဖြစ်ပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

Thor ရဲ႕လက္နက္တစ္ခုျဖစ္တဲ့ Mjolnir ဟာ စူပါဟီး႐ိုး ပရိသတ္ေတြၾကားမွာ အေတာ္ေလးကို ေရပန္းစားပါတယ္။ အဲ့ဒီလက္နက္ဟာ လူတိုင္း မ,လို႔မရဘဲ ထိုက္တန္တဲ့သူတစ္ေယာက္ ျဖစ္မွသာ မ,လို႔ရႏိုင္မွာ ျဖစ္ပါတယ္။ အဲ့ဒါေၾကာင့္ပဲ Thor ဟာ အဲ့ဒီလက္နက္ကို အသုံးျပဳၿပီးေတာ့ နည္းလမ္းေပါင္းစုံနဲ႔ အသုံးျပဳေလ့ရွိပါတယ္။

Superman ဟာလည္း Mjolnir လိုမ်ိဴး လူတိုင္း မ,မႏိုင္တဲ့ ပစၥည္းတစ္ခုကို တည္ထြင္ခဲ့ပါေသးတယ္။ ဒါေပမယ့္ အဲ့ဒီပစၥည္းကို လက္နက္တစ္ခုလို အသုံးမျပဳဘဲ Fortress of Solitude ရဲ႕ ေသာ့အျဖစ္ အသုံးျပဳခဲ့တာ ျဖစ္ပါတယ္။

အဲ့ဒီအျဖစ္အပ်က္ကေတာ့ Superman Silver Age ေကာမစ္ေတြထဲကတစ္ခုျဖစ္တဲ့ All-Star Superman #2 ထဲမွာ ပါဝင္ခဲ့တာ ျဖစ္ပါတယ္။ ျဖစ္ပုံကေတာ့ Superman ဟာ သူ႔ရဲ႕ Fortress of Solitude အတြက္ ေ႐ႊေသာ့အႀကီးႀကီးကို ဖန္တီးခဲ့ပါတယ္။ အဲ့ဒီေသာ့ႀကီးဟာ အလြန္ႀကီးမားလြန္းတာေၾကာင့္ ေလေပၚမွာပ်ံေနတဲ့ ေလယာဥ္ပ်ံေတြေပၚကေနေတာင္ ျမင္ရပါတယ္။ ဒါ့အျပင္ အဲ့ဒီေသာ့ဟာ သိပ္ကိုေလးလံလြန္းတာေၾကာင့္ လူအေယာက္တစ္ရာေလာက္ ဝိုင္းၿပီးမမွသာ ရလိမ့္မယ္လို႔ ဒီေသာ့ကို ဖန္တီးထားတဲ့ Superman ကိုယ္တိုင္က ေျပာခဲ့ပါတယ္။

photo via screenrant

အဲ့ဒါေၾကာင့္ပဲ Fortress of Solitude ကို ဝင္ခ်င္တဲ့သူေတြဟာ လူအင္အားမ်ားမ်ား သုံးၿပီးေတာ့ ဝင္ေရာက္လို႔ ရပါတယ္။ အေၾကာင္းကေတာ့ ေသာ့က အႀကီးႀကီး ျဖစ္ေနတာေၾကာင့္ ဖြင့္ရမယ့္ ေသာ့ေပါက္ကလည္း အႀကီးႀကီး ျဖစ္ေနၿပီး အပင္ပန္းခံၿပီး လိုက္ရွာေနစရာ မလိုပါဘူး။ Superfriends ဆိုတဲ့ animated စီးရီးတစ္ခုမွာေတာ့ Superman ဟာ ေသဆုံးသြားတာေၾကာင့္ Justice League အဖြဲ႕ဟာ လူအင္အားစုၿပီး Fortress of Solitude ကို ဝင္ေရာက္ခဲ့ပါတယ္။

ဒါေၾကာင့္ပဲ ေနာက္ပိုင္းမွာေတာ့ Superman ဟာ အဲ့ဒီအႀကံဟာ လုံၿခဳံမႈမရွိမွန္း သိသြားၿပီးေတာ့ ေနာက္ထပ္ ေသာ့တစ္မ်ိဴးကို ေျပာင္းလဲခဲ့ပါတယ္။ ဒီလိုနဲ႔ ေ႐ႊေသာ့အႀကီးႀကီး မျပဳလုပ္ေတာ့ဘဲ ပုံမွန္အ႐ြယ္အစားရွိတဲ့ ေသာ့ကိုပဲ ေျပာင္းလဲခဲ့ပါတယ္။ အဲ့ဒီအခ်ိန္မွာေတာ့ Lois Lane ဟာ ေသာ့ကို ပုံမွန္အ႐ြယ္အစား ျပဳလုပ္လိုက္တာနဲ႔ ပိုၿပီးေတာ့ မလုံၿခဳံသြားဘူးဆိုၿပီးေတာ့ ေျပာလာပါတယ္။ Superman ဟာ ပုံမွန္ေသာ့လို႔ ထင္ေနတဲ့ Lois ကို အဲ့ဒီေသာ့ကို မ,ေစခဲ့ပါတယ္။

photo via screenrant

အဲ့ဒီအခ်ိန္မွာေတာ့ Lois ဟာ သိပ္အံ့ဩသြားၿပီး ဒီေသာ့ေလးက ဘယ္လိုမွ မ,လို႔မရေအာင္ ေလးလံေနတာကို သိလိုက္ရပါတယ္။ အဲ့ေတာ့မွ Superman ဟာ အဲ့ဒီေသာ့ကို အလြန္သိပ္သည္းတဲ့ ၾကယ္တစ္လုံးရဲ႕ အပိုင္းအစေတြနဲ႔ ျပဳလုပ္ထားၿပီးေတာ့ အေလးခ်ိန္က တန္ငါးသိန္းေလာက္ ရွိတယ္လို႔ ေျပာျပခဲ့ပါတယ္။ အဲ့ဒါေၾကာင့္ပဲ ကမာၻေပၚမွာ အဲ့ဒီေသာ့ကို မႏိုင္တဲ့သူဟာ သူတစ္ေယာက္တည္း ရွိပါတယ္ ဆိုၿပီးလည္း ေျပာခဲ့ပါတယ္။ ဒါ့အျပင္ သူဟာ အဲ့ဒီေသာ့ကို ဘယ္သူမွ မ,မႏိုင္မွန္း သိတာေၾကာင့္ အိမ္ေရွ႕က ေျခသုတ္ခုံေအာက္မွာ ထားထားရင္ေတာင္ စိတ္ပူစရာ မလိုေတာ့ပါဘူး။

ဒါ့အျပင္ အဲ့ဒီေနာက္မွာေတာ့ သူဟာ ေဆးရည္တစ္ခုကို ဖန္တီးခဲ့ၿပီး အဲ့ဒီေဆးရည္ကို ေသာက္လိုက္တဲ့သူဟာ သူ႔ရဲ႕ခြန္အားကို (၂၄)နာရီ ရရွိသြားမွာ ျဖစ္ပါတယ္။ အဲ့ဒီေနာက္မွာေတာ့ Lex Luthor ဟာ အဲ့ဒီေဆးရည္ကို ေသာက္ၿပီးေတာ့ Fortress of Solitude ထဲကို က်ဴးေက်ာ္ခဲ့ဖူးပါတယ္။ အဲ့ဒါေၾကာင့္ပဲ သူ႔ရဲ႕ေသာ့ဟာ Thor ရဲ႕ Mjolnir နဲ႔ အနည္းငယ္ ဆင္တူတယ္လို႔ ေျပာလို႔ရပါတယ္။ အေၾကာင္းကေတာ့ အဲ့ဒီပစၥည္းႏွစ္ခုလုံးဟာ လူတိုင္းမ,လို႔မရတဲ့ ပစၥည္းေတြ ျဖစ္ေနလို႔ပါပဲ။ Mjolnir ကေတာ့ ေမွာ္ပညာေၾကာင့္ ထိုက္တန္တဲ့သူေတြသာ မ,ႏိုင္ေပမယ့္လည္း Superman ရဲ႕ ေသာ့ကေတာ့ ႐ိုးရွင္းစြာနဲ႔ပဲ အလြန္ေလးလံေနတာေၾကာင့္ တစ္ျခားသူေတြ မ,လို႔မျဖစ္ႏိုင္တာ ျဖစ္ပါတယ္။

Legos

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular