HomeCharacterတိုက်တန်းနစ်သင်္ဘောကြီးကို ဘယ်သူမှမသိအောင်ဆယ်ပြီး သိမ်းထားတဲ့ Superman

တိုက်တန်းနစ်သင်္ဘောကြီးကို ဘယ်သူမှမသိအောင်ဆယ်ပြီး သိမ်းထားတဲ့ Superman

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

The Fortress of Solitude ဟာ Superman ကိုယ်တိုင် Kryptonian နည်းပညာကို အသုံးပြုပြီးတော့ တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီထဲမှာတော့ Superman သိမ်းဆည်းထားတဲ့ တန်ဖိုးကြီးအရာတွေ ရှိပြီးတော့ တစ်ချို့ကောမစ်တွေထဲမှာဆိုရင် တစ်ခြားဂြိုဟ်က သတ္တဝါတွေကို ထိန်းသိမ်းထားတဲ့ တိရစ္ဆာန်ရုံတောင် ရှိပါတယ်လို့ ဖော်ပြထားပါတယ်။ ဒါ့အပြင် ဂြိုဟ်သားလက်နက်ကိရိယာတွေ ၊ သူ့မိဘအရင်းတွေရဲ့ ရုပ်တုတွေနဲ့ စကြဝဌာတစ်ခွင်က တစ်ခြားတန်ဖိုးရှိတဲ့အရာတွေလည်း ရှိပါသေးတယ်။

Superman ရဲ့ တန်ဖိုးကြီးတဲ့အရာတွေထဲမှာ တစ်ချို့အရာတွေကတော့ ကမ္ဘာပေါ်ကအရာတွေဖြစ်ပြီး တိုက်တန်းနစ်သင်္ဘောကလည်း အဲ့ဒီထဲက တစ်ခုဖြစ်ပါတယ်။ Superman ဟာ တိုက်တန်းနစ်သင်္ဘောကို ဘယ်သူမှမသိအောင် ဆယ်ယူခဲ့ပြီး The Fortress of Solitude ထဲမှာ သိမ်းထားခဲ့ပါတယ်။

photo via screenrant

All-Star Superman #2 ထဲမှာတော့ Superman ဟာ လိုအပ်တာထက် ပိုတဲ့နေ‌ေရာင်ခြည်တွေကြောင့် သူဟာ မကြာခင် သေဆုံးတော့မယ် ဆိုတာကို သိလိုက်ရပါတယ်။ အဲ့ဒါကြောင့်ပဲ သူဟာ Clark Kent ပါလို့ Lois Lane ကို ပြောပြခဲ့ပြီး ချိန်းတွေ့ဖို့အတွက် The Fortress of Solitude ကို ခေါ်သွားခဲ့ပါတယ်။ Clark ဟာ အဲ့ဒီညလေးကို ထူးခြားစေချင်တာကြောင့် Lois ကို The Fortress of Solitude ထဲက အံ့ဩဖို့ကောင်းတဲ့ အရာတွေကို လိုက်လံပြသခဲ့ပါတယ်။

ညစာစားချိန်ရောက်လာတဲ့အချိန်မှာတော့ Clark က စိတ်ဝင်စားဖို့ကောင်းတဲ့ နေရာတစ်ခုကို သတိရသွားပါတယ်။ အဲ့ဒါကြောင့်ပဲ သူဟာ တိုက်တန်းနစ်သင်္ဘောကြီးကို သိမ်းထားတာကို Lois ကို ပြခဲ့ပြီး အဲ့ဒီသင်္ဘောပေါ်က သီးသန့်အခန်းထဲမှာ ညစာစားခဲ့ကြပါတယ်။ ဒါ့အပြင် သူတို့စားခဲ့ကြတဲ့ညစာဟာ တိုက်တန်းနစ်သင်္ဘောပေါ်က မီနူးထဲကအတိုင်း ပြုလုပ်ထားတာဖြစ်ပြီး သူကိုယ်တိုင် ချက်ပြုတ်ထားတာ ဖြစ်ပါတယ်လို့လည်း ပြောခဲ့ပါသေးတယ်။

photo via screenrant

အဲ့ဒီညဟာ Clark အတွက် Lois နဲ့အတူရှိခဲ့ရတဲ့ နောက်ဆုံးအချိန်လို့ သတ်မှတ်ထားတာကြောင့် သူဟာ အကုန်လုံးကို ရိုးရိုးသားသား ဖွင့်ပြောခဲ့ပါတယ်။ ဒါပေမယ့်လည်း ကျန်းမာရေးမကောင်းဘဲ မကြာခင် သေဆုံးတော့မယ် ဆိုတာကိုတော့ မပြောပြခဲ့ဘဲ အဲ့ဒီအချိန်လေးကိုပဲ တန်ဖိုးထားပြီး ကုန်ဆုံးခဲ့ပါတယ်။ အဲ့ဒီနောက်မှာလည်း Clark ဟာ ဆေးရည်တစ်ခုကို တီထွင်ခဲ့ပြီး အဲ့ဒီဆေးရည်ကို သောက်လိုက်တဲ့သူဟာ (၂၄) နာရီကြာအောင် သူ့ရဲ့အစွမ်းတွေိကို ရရှိသွားမှာ ဖြစ်ပါတယ်။ သူဟာ အဲ့ဒီဆေးရည်ကို Lois ကို သောက်ခိုင်းခဲ့ပြီး သူတို့နှစ်ယောက်အတူတူ ဗီလိန်တွေကို တိုက်ခိုက်ခဲ့ကြတဲ့အပြင် အတ္တလန်တစ်သမုဒ္ဒရာပေါ်မှာလည်း ကခဲ့ကြပါသေးတယ်။ Clark ဟာ အဲ့လိုမျိူး စိတ်လှုပ်ရှားဖို့ကောင်းတဲ့ အရာတွေကို သူချစ်ရတဲ့ Lois နဲ့အတူ ပြုလုပ်ခဲ့ပေမယ့်လည်း သူ့ရဲ့တကယ့်အခြေအနေကိုတော့ မပြောပြခဲ့ပါဘူး။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

The Fortress of Solitude ဟာ Superman ကိုယ္တိုင္ Kryptonian နည္းပညာကို အသုံးျပဳၿပီးေတာ့ တည္ေဆာက္ခဲ့တာ ျဖစ္ပါတယ္။ အဲ့ဒီထဲမွာေတာ့ Superman သိမ္းဆည္းထားတဲ့ တန္ဖိုးႀကီးအရာေတြ ရွိၿပီးေတာ့ တစ္ခ်ိဳ႕ေကာမစ္ေတြထဲမွာဆိုရင္ တစ္ျခားၿဂိဳဟ္က သတၱဝါေတြကို ထိန္းသိမ္းထားတဲ့ တိရစာၦန္႐ုံေတာင္ ရွိပါတယ္လို႔ ေဖာ္ျပထားပါတယ္။ ဒါ့အျပင္ ၿဂိဳဟ္သားလက္နက္ကိရိယာေတြ ၊ သူ႔မိဘအရင္းေတြရဲ႕ ႐ုပ္တုေတြနဲ႔ စၾကဝဌာတစ္ခြင္က တစ္ျခားတန္ဖိုးရွိတဲ့အရာေတြလည္း ရွိပါေသးတယ္။

Superman ရဲ႕ တန္ဖိုးႀကီးတဲ့အရာေတြထဲမွာ တစ္ခ်ိဳ႕အရာေတြကေတာ့ ကမာၻေပၚကအရာေတြျဖစ္ၿပီး တိုက္တန္းနစ္သေဘၤာကလည္း အဲ့ဒီထဲက တစ္ခုျဖစ္ပါတယ္။ Superman ဟာ တိုက္တန္းနစ္သေဘၤာကို ဘယ္သူမွမသိေအာင္ ဆယ္ယူခဲ့ၿပီး The Fortress of Solitude ထဲမွာ သိမ္းထားခဲ့ပါတယ္။

photo via screenrant

All-Star Superman #2 ထဲမွာေတာ့ Superman ဟာ လိုအပ္တာထက္ ပိုတဲ့ေန‌ေရာင္ျခည္ေတြေၾကာင့္ သူဟာ မၾကာခင္ ေသဆုံးေတာ့မယ္ ဆိုတာကို သိလိုက္ရပါတယ္။ အဲ့ဒါေၾကာင့္ပဲ သူဟာ Clark Kent ပါလို႔ Lois Lane ကို ေျပာျပခဲ့ၿပီး ခ်ိန္းေတြ႕ဖို႔အတြက္ The Fortress of Solitude ကို ေခၚသြားခဲ့ပါတယ္။ Clark ဟာ အဲ့ဒီညေလးကို ထူးျခားေစခ်င္တာေၾကာင့္ Lois ကို The Fortress of Solitude ထဲက အံ့ဩဖို႔ေကာင္းတဲ့ အရာေတြကို လိုက္လံျပသခဲ့ပါတယ္။

ညစာစားခ်ိန္ေရာက္လာတဲ့အခ်ိန္မွာေတာ့ Clark က စိတ္ဝင္စားဖို႔ေကာင္းတဲ့ ေနရာတစ္ခုကို သတိရသြားပါတယ္။ အဲ့ဒါေၾကာင့္ပဲ သူဟာ တိုက္တန္းနစ္သေဘၤာႀကီးကို သိမ္းထားတာကို Lois ကို ျပခဲ့ၿပီး အဲ့ဒီသေဘၤာေပၚက သီးသန႔္အခန္းထဲမွာ ညစာစားခဲ့ၾကပါတယ္။ ဒါ့အျပင္ သူတို႔စားခဲ့ၾကတဲ့ညစာဟာ တိုက္တန္းနစ္သေဘၤာေပၚက မီႏူးထဲကအတိုင္း ျပဳလုပ္ထားတာျဖစ္ၿပီး သူကိုယ္တိုင္ ခ်က္ျပဳတ္ထားတာ ျဖစ္ပါတယ္လို႔လည္း ေျပာခဲ့ပါေသးတယ္။

photo via screenrant

အဲ့ဒီညဟာ Clark အတြက္ Lois နဲ႔အတူရွိခဲ့ရတဲ့ ေနာက္ဆုံးအခ်ိန္လို႔ သတ္မွတ္ထားတာေၾကာင့္ သူဟာ အကုန္လုံးကို ႐ိုး႐ိုးသားသား ဖြင့္ေျပာခဲ့ပါတယ္။ ဒါေပမယ့္လည္း က်န္းမာေရးမေကာင္းဘဲ မၾကာခင္ ေသဆုံးေတာ့မယ္ ဆိုတာကိုေတာ့ မေျပာျပခဲ့ဘဲ အဲ့ဒီအခ်ိန္ေလးကိုပဲ တန္ဖိုးထားၿပီး ကုန္ဆုံးခဲ့ပါတယ္။ အဲ့ဒီေနာက္မွာလည္း Clark ဟာ ေဆးရည္တစ္ခုကို တီထြင္ခဲ့ၿပီး အဲ့ဒီေဆးရည္ကို ေသာက္လိုက္တဲ့သူဟာ (၂၄) နာရီၾကာေအာင္ သူ႔ရဲ႕အစြမ္းေတြကို ရရွိသြားမွာ ျဖစ္ပါတယ္။ သူဟာ အဲ့ဒီေဆးရည္ကို Lois ကို ေသာက္ခိုင္းခဲ့ၿပီး သူတို႔ႏွစ္ေယာက္အတူတူ ဗီလိန္ေတြကို တိုက္ခိုက္ခဲ့ၾကတဲ့အျပင္ အတၱလန္တစ္သမုဒၵရာေပၚမွာလည္း ကခဲ့ၾကပါေသးတယ္။ Clark ဟာ အဲ့လိုမ်ိဴး စိတ္လႈပ္ရွားဖို႔ေကာင္းတဲ့ အရာေတြကို သူခ်စ္ရတဲ့ Lois နဲ႔အတူ ျပဳလုပ္ခဲ့ေပမယ့္လည္း သူ႔ရဲ႕တကယ့္အေျခအေနကိုေတာ့ မေျပာျပခဲ့ပါဘူး။

Legos

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular