HomeEntertainmentFilmClassic Loki နဲ့ မိကျောင်း Loki တို့အတွက် Spin-Off စီးရီးလိုချင်တယ်ဆိုတဲ့ Richard E. Grant

Classic Loki နဲ့ မိကျောင်း Loki တို့အတွက် Spin-Off စီးရီးလိုချင်တယ်ဆိုတဲ့ Richard E. Grant

Loki ဇာတ်လမ်းတွဲထဲမှာ မြင်တွေ့ခဲ့ရတဲ့ Classic Loki နဲ့ မိကျောင်း Loki တို့ရဲ့ Spin-Off ဇာတ်လမ်းတွဲတစ်ခု ထွက်စေချင်တယ်လို့ Richard E. Grant က ပြောလိုက်ပါတယ်။

Richard E. Grant ကတော့ Classic Loki နေရာမှာ သရုပ်ဆောင်ထားသူပဲ ဖြစ်ပါတယ်။ Loki ဇာတ်လမ်းတွဲဟာ Disney+ က ပြသခဲ့တဲ့ Marvel ရဲ့ တတိယမြောက် ဇာတ်လမ်းတွဲတစ်ခု ဖြစ်ပြီး အပိုင်း(၆)ပိုင်းပဲ ပါဝင်မှာ ဖြစ်ပါတယ်။

photo via screenrant

နောက်ဆုံးပိုင်းကတော့ ဒီကနေ့မှာပဲ ထွက်ရှိလာပြီ ဖြစ်ပြီး ပရိသတ်တွေ စိတ်ဝင်စားနေတဲ့ ဇာတ်လမ်းတွဲတစ်ခုလည်း ဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲထဲမှာတော့ Loki ရဲ့ ဗားရှင်းမျိူးစုံကို မြင်တွေ့ခဲ့ရပြီး အပိုင်း(၅) ထွက်ရှိအပြီးမှာတော့ Classic Loki ဟာ ပရိသတ်တွေကြားမှာ ရေပန်းစားနေပါတယ်။ ဒါ့အပြင် ဆိုရှယ်မီဒီယာတွေပေါ်မှာ မိကျောင်း Loki နဲ့ ပတ်သက်တဲ့ fan art တွေနဲ့ meme တွေလည်း ရေပန်းစားနေပါသေးတယ်။

EW နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးထဲမှာတော့ Grant ဟာ Classi Loki နဲ့ မိကျောင်း Loki တို့ရဲ့ Spin-Off ဇာတ်လမ်းတွဲတစ်ခု လိုချင်တယ်လို့ ပြောသွားပါတယ်။ အဆိုပါ အင်တာဗျူးထဲမှာတော့ Grant ဟာ အောက်ပါအတိုင်း ပြောပြခဲ့တာ ဖြစ်ပါတယ်။

“မိကျောင်း Loki က တကယ့် လက်တွေ့ဘဝမှာတော့ ကူရှင်သုံးခုကို ဆက်ထားတာဗျ။ မိကျောင်း Loki ပြောတာကို နားလည်နိုင်သူက ကျွန်တော် တစ်ယောက်တည်း ရှိတာကလည်း တော်တော်မိုက်တယ်လေ။  Classic Loki နဲ့ မိကျောင်း Loki ရဲ့ ဇာတ်လမ်းတွဲ ထွက်လာရင်တော့ တော်တော်ကောင်းမယ်လို့ ထင်ပါတယ် … “

photo via screenrant

အပိုင်း(၅)ထဲမှာ‌တော့ Classic Loki ဟာ ၂၀၁၂ Loki နဲ့ Sylvie တို့ကို ကူညီပေးခဲ့ပြီး မိကျောင်း Loki ကတော့ Kid Loki နဲ့ လိုက်သွားပါတယ်။ ဒီအပိုင်းထဲက ဇာတ်ဝင်ခန်းတွေကြောင့် ပရိသတ်တွေအများစုဟာ Classic Loki ကို သဘောကျခဲ့ပြီး နောက်ထပ်လည်း ထပ်မြင်ချင်ဦးမယ်လို့ ထင်ပါတယ်။ စာဖတ်ပရိသတ်တွေလည်း ဒီဇာတ်လမ်းတွဲကို မြင်ချင်ကြလားဗျ။

Legos

Source: Screenrant

RELATED ARTICLES

Most Popular