HomeEntertainmentFilmHawkeye ဇာတ်လမ်းတွဲထဲမှာ Clint Barton ဟာ တကယ်ပဲ သေဆုံးသွားမှာလား?

Hawkeye ဇာတ်လမ်းတွဲထဲမှာ Clint Barton ဟာ တကယ်ပဲ သေဆုံးသွားမှာလား?

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Jeremy Renner သရုပ်ဆောင်ထားတဲ့ Clint Barton ကတော့ MCU ထဲမှာ ဆယ်နှစ်ကျော် ပါဝင်ခဲ့တဲ့ ဇာတ်ကောင်တစ်ယောက် ဖြစ်ပြီး ပရိသတ်တွေ ကြိုက်နှစ်သက်ကြတဲ့ ဟီးရိုးတစ်ယောက်လည်း ဖြစ်ပါတယ်။ အခုချိန်မှာတော့ သူ့ရဲ့ဆိုလိုဇာတ်လမ်းတွဲ ဖြစ်တဲ့ Hawkeye ဟာ နိုဝင်ဘာလထဲမှာ Disney+ ကနေ ထွက်ရှိလာတော့မှာ ဖြစ်ပါတယ်။

လောလောဆယ်မှာတော့ ဒီဇာတ်လမ်းတွဲထဲမှာ Clint သေဆုံးသွားမယ်လို့ ပရိသတ်အများအပြားက ယူဆနေကြပါတယ်။ ဒါကြောင့်ပဲ ဒီတစ်ခါမှာတော့ Hawkeye ဇာတ်လမ်းတွဲထဲမှာ Clint အတွက် သေဆုံးသွားနိုင်ချေ ဘယ်လောက်ရှိလည်းဆိုတာကို ဖော်ပြပေးချင်ပါတယ်။

photo via screenrant

Marvel ကောမစ်ထဲမှာတော့ ဟီးရိုးတစ်ယောက်ရဲ့ Identity ကို လူအများအပြားက လက်ဆင့်ကမ်းခဲ့ကြပြီး အခုဆိုရင် MCU ထဲမှာလည်း အလားတူပဲ ပြုလုပ်လာပြီ ဖြစ်ပါတယ်။ Endgame ရဲ့ အဆုံးသတ်မှာဆိုရင် Steve Rogers ဟာ အိုမင်းနေပြီ ဖြစ်တာကြောင့် Sam Wilson ကို Captain America အသစ် ဖြစ်စေခဲ့ပါတယ်။ ဒါ့အပြင် Endgame ထဲမှာပဲ သေဆုံးသွားတဲ့ Tony Stark နေရာမှာတော့ အသစ်ထွက်ရှိလာမယ့် Ironheart ဇာတ်လမ်းတွဲထဲမှာ Riri Williams က ဆက်ခံသွားမှာ ဖြစ်ပါတယ်။

Hawkeye ဇာတ်လမ်းတွဲထဲမှာတော့ Clint ဟာလည်း သူ့ရဲ့နေရာကို ဆက်ခံဖို့အတွက် Kate Bishop ကို လေ့ကျင့်သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ Clint ဟာ ဒီဇာတ်လမ်းတွဲထဲမှာ Steve Rogers လို အနားယူသွားနိုင်သလို Tony Stark လိုလည်း တစ်ခုခုအတွက် ကိုယ့်ကိုယ်ကို စတေးသွားနိုင်ပါတယ်။ Jeremy Renner ဟာလည်း ဒီဇာတ်ကောင်နေရာမှာ ဆယ်နှစ်လောက် သရုပ်ဆောင်လာပြီးပြီ ဖြစ်တာကြောင့် ဒီဇာတ်လမ်းတွဲဟာ သူ့ကို Clint အနေနဲ့ နောက်ဆုံးမြင်တွေ့ရမှာ ဖြစ်နိုင်ပါတယ်။

photo via screenrant

နောက်ထပ်တစ်ချက်ကတော့ Black Widow ရုပ်ရှင်ရဲ့ Credit Scene ထဲမှာ မြင်တွေ့ခဲ့ရသလို Natasha ရဲ့ သေဆုံးမှုဟာ Clint ကြောင့် ဖြစ်တယ်လို့ Yelena Belova က ထင်မှတ်နေပါတယ်။ ဒါကြောင့်ပဲ သူမဟာ ဒီဇာတ်လမ်းတွဲထဲမှာ ပါဝင်လာပြီး နားလည်မှုတွေ လွဲမှားကာ စိတ်မကောင်းစရာ ဖြစ်ရပ်တွေလည်း ဖြစ်လာနိုင်ပါတယ်။

ဥပမာပြောရရင် ဒီဇာတ်လမ်းတွဲရဲ့ နောက်ဆုံးပိုင်းလောက်မှာ Yelena ဟာ Natasha အကြောင်းကို အမှန်တိုင်း သိရှိသွားပေမယ့်လည်း အဲ့ဒီအချိန်မှာတော့ သူမဟာ Clint ကို သတ်ပြီးသား ဖြစ်နေပြီး ပရိသတ်တွေအတွက် ဝမ်းနည်းစရာကောင်းတဲ့ ဇာတ်လမ်းတစ်ခု ဖြစ်လာနိုင်ပါတယ်။

တစ်ဘက်က ကြည့်ရင်တော့ ဒီဇာတ်လမ်းတွဲဟာ ခရစ်စမတ်ကာလမှာ ထွက်ရှိလာမယ့် ဇာတ်လမ်း ဖြစ်နေတာကြောင့် အပေါ်မှာ ဖော်ပြထားတဲ့ အချက်ဟာ အရမ်း Dark ဖြစ်နေနိုင်ပါတယ်။ ပုံမှန်အားဖြင့်တော့ ခရစ်စမတ်ဇာတ်လမ်းတွေဟာ ဘယ်လိုအခက်အခဲတွေပဲကြုံကြုံ နောက်ဆုံးမှာတော့ ပျော်စရာလေးတွေနဲ့ ပြီးဆုံးသွားကြလေ့ ရှိပါတယ်။ ဒါပေမယ့်လည်း MCU ဟာ အခုနောက်ပိုင်းမှာ မတူညီတာတွေကို ဖန်တီးဖို့ ကြိုးစားနေတာကြောင့် ဒါကိုလည်း တရားသေတော့ ပြောလို့မရပါဘူး။

photo via screenrant

ဒါကြောင့်ပဲ နောက်ဆုံးအနေနဲ့ နိဂုံးချုပ်ရမယ် ဆိုရင်တော့ ဒီဇာတ်လမ်းတွဲဟာ Clint ကို နောက်ဆုံးအကြိမ် မြင်ရမယ့် ဇာတ်လမ်းတွဲဖြစ်ဖို့ အနည်းဆုံးတော့ (၇၀)ရာခိုင်နှုန်းလောက် သေချာနေပါတယ်။ အပေါ်မှာ ဖော်ပြထားသလိုပဲ Clint ဟာ သေဆုံးသွားတာလည်း ဖြစ်နိုင်သလို ပရိသတ်တွေအတွက် ကြည်နူးစရာ ဇာတ်သိမ်းလေးနဲ့ အဆုံးသတ်သွားပြီး Steve လိုပဲ အနားယူသွားတာလည်း ဖြစ်နိုင်ပါတယ်။ ဒီနှစ်ချက်ထဲမှာတောင် Steve လိုမျိူး အနားယူသွားမယ်ဆိုတဲ့ အချက်ကပိုပြီး ဖြစ်နိုင်ချေ များနေပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

Jeremy Renner သ႐ုပ္ေဆာင္ထားတဲ့ Clint Barton ကေတာ့ MCU ထဲမွာ ဆယ္ႏွစ္ေက်ာ္ ပါဝင္ခဲ့တဲ့ ဇာတ္ေကာင္တစ္ေယာက္ ျဖစ္ၿပီး ပရိသတ္ေတြ ႀကိဳက္ႏွစ္သက္ၾကတဲ့ ဟီးရိုးတစ္ေယာက္လည္း ျဖစ္ပါတယ္။ အခုခ်ိန္မွာေတာ့ သူ႔ရဲ့ဆိုလိုဇာတ္လမ္းတြဲ ျဖစ္တဲ့ Hawkeye ဟာ နိုဝင္ဘာလထဲမွာ Disney+ ကေန ထြက္ရွိလာေတာ့မွာ ျဖစ္ပါတယ္။

ေလာေလာဆယ္မွာေတာ့ ဒီဇာတ္လမ္းတြဲထဲမွာ Clint ေသဆုံးသြားမယ္လို႔ ပရိသတ္အမ်ားအျပားက ယူဆေနၾကပါတယ္။ ဒါေၾကာင့္ပဲ ဒီတစ္ခါမွာေတာ့ Hawkeye ဇာတ္လမ္းတြဲထဲမွာ Clint အတြက္ ေသဆုံးသြားနိုင္ေခ် ဘယ္ေလာက္ရွိလည္းဆိုတာကို ေဖာ္ျပေပးခ်င္ပါတယ္။

photo via screenrant

Marvel ေကာမစ္ထဲမွာေတာ့ ဟီးရိုးတစ္ေယာက္ရဲ့ Identity ကို လူအမ်ားအျပားက လက္ဆင့္ကမ္းခဲ့ၾကၿပီး အခုဆိုရင္ MCU ထဲမွာလည္း အလားတူပဲ ျပဳလုပ္လာၿပီ ျဖစ္ပါတယ္။ Endgame ရဲ့ အဆုံးသတ္မွာဆိုရင္ Steve Rogers ဟာ အိုမင္းေနၿပီ ျဖစ္တာေၾကာင့္ Sam Wilson ကို Captain America အသစ္ ျဖစ္ေစခဲ့ပါတယ္။ ဒါ့အျပင္ Endgame ထဲမွာပဲ ေသဆုံးသြားတဲ့ Tony Stark ေနရာမွာေတာ့ အသစ္ထြက္ရွိလာမယ့္ Ironheart ဇာတ္လမ္းတြဲထဲမွာ Riri Williams က ဆက္ခံသြားမွာ ျဖစ္ပါတယ္။

Hawkeye ဇာတ္လမ္းတြဲထဲမွာေတာ့ Clint ဟာလည္း သူ႔ရဲ့ေနရာကို ဆက္ခံဖို႔အတြက္ Kate Bishop ကို ေလ့က်င့္သင္ၾကားေပးသြားမွာ ျဖစ္ပါတယ္။ ဒါေၾကာင့္ပဲ Clint ဟာ ဒီဇာတ္လမ္းတြဲထဲမွာ Steve Rogers လို အနားယူသြားနိုင္သလို Tony Stark လိုလည္း တစ္ခုခုအတြက္ ကိုယ့္ကိုယ္ကို စေတးသြားနိုင္ပါတယ္။ Jeremy Renner ဟာလည္း ဒီဇာတ္ေကာင္ေနရာမွာ ဆယ္ႏွစ္ေလာက္ သ႐ုပ္ေဆာင္လာၿပီးၿပီ ျဖစ္တာေၾကာင့္ ဒီဇာတ္လမ္းတြဲဟာ သူ႔ကို Clint အေနနဲ႔ ေနာက္ဆုံးျမင္ေတြ႕ရမွာ ျဖစ္နိုင္ပါတယ္။

photo via screenrant

ေနာက္ထပ္တစ္ခ်က္ကေတာ့ Black Widow ႐ုပ္ရွင္ရဲ့ Credit Scene ထဲမွာ ျမင္ေတြ႕ခဲ့ရသလို Natasha ရဲ့ ေသဆုံးမွုဟာ Clint ေၾကာင့္ ျဖစ္တယ္လို႔ Yelena Belova က ထင္မွတ္ေနပါတယ္။ ဒါေၾကာင့္ပဲ သူမဟာ ဒီဇာတ္လမ္းတြဲထဲမွာ ပါဝင္လာၿပီး နားလည္မွုေတြ လြဲမွားကာ စိတ္မေကာင္းစရာ ျဖစ္ရပ္ေတြလည္း ျဖစ္လာနိုင္ပါတယ္။

ဥပမာေျပာရရင္ ဒီဇာတ္လမ္းတြဲရဲ့ ေနာက္ဆုံးပိုင္းေလာက္မွာ Yelena ဟာ Natasha အေၾကာင္းကို အမွန္တိုင္း သိရွိသြားေပမယ့္လည္း အဲ့ဒီအခ်ိန္မွာေတာ့ သူမဟာ Clint ကို သတ္ၿပီးသား ျဖစ္ေနၿပီး ပရိသတ္ေတြအတြက္ ဝမ္းနည္းစရာေကာင္းတဲ့ ဇာတ္လမ္းတစ္ခု ျဖစ္လာနိုင္ပါတယ္။

တစ္ဘက္က ၾကည့္ရင္ေတာ့ ဒီဇာတ္လမ္းတြဲဟာ ခရစ္စမတ္ကာလမွာ ထြက္ရွိလာမယ့္ ဇာတ္လမ္း ျဖစ္ေနတာေၾကာင့္ အေပၚမွာ ေဖာ္ျပထားတဲ့ အခ်က္ဟာ အရမ္း Dark ျဖစ္ေနနိုင္ပါတယ္။ ပုံမွန္အားျဖင့္ေတာ့ ခရစ္စမတ္ဇာတ္လမ္းေတြဟာ ဘယ္လိုအခက္အခဲေတြပဲၾကဳံၾကဳံ ေနာက္ဆုံးမွာေတာ့ ေပ်ာ္စရာေလးေတြနဲ႔ ၿပီးဆုံးသြားၾကေလ့ ရွိပါတယ္။ ဒါေပမယ့္လည္း MCU ဟာ အခုေနာက္ပိုင္းမွာ မတူညီတာေတြကို ဖန္တီးဖို႔ ႀကိဳးစားေနတာေၾကာင့္ ဒါကိုလည္း တရားေသေတာ့ ေျပာလို႔မရပါဘူး။

photo via screenrant

ဒါေၾကာင့္ပဲ ေနာက္ဆုံးအေနနဲ႔ နိဂုံးခ်ဳပ္ရမယ္ ဆိုရင္ေတာ့ ဒီဇာတ္လမ္းတြဲဟာ Clint ကို ေနာက္ဆုံးအႀကိမ္ ျမင္ရမယ့္ ဇာတ္လမ္းတြဲျဖစ္ဖို႔ အနည္းဆုံးေတာ့ (၇၀)ရာခိုင္ႏွုန္းေလာက္ ေသခ်ာေနပါတယ္။ အေပၚမွာ ေဖာ္ျပထားသလိုပဲ Clint ဟာ ေသဆုံးသြားတာလည္း ျဖစ္နိုင္သလို ပရိသတ္ေတြအတြက္ ၾကည္ႏူးစရာ ဇာတ္သိမ္းေလးနဲ႔ အဆုံးသတ္သြားၿပီး Steve လိုပဲ အနားယူသြားတာလည္း ျဖစ္နိုင္ပါတယ္။ ဒီႏွစ္ခ်က္ထဲမွာေတာင္ Steve လိုမ်ိဴး အနားယူသြားမယ္ဆိုတဲ့ အခ်က္ကပိုၿပီး ျဖစ္နိုင္ေခ် မ်ားေနပါတယ္။

Legos

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular