HomeEntertainmentFilmCoco ဇာတ်လမ်းရဲ့ တမလွန်လောကထဲက သင်မသိလိုက်တဲ့ Easter Egg များ

Coco ဇာတ်လမ်းရဲ့ တမလွန်လောကထဲက သင်မသိလိုက်တဲ့ Easter Egg များ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Disney နဲ့ Pixar တို့ ပူးပေါင်းပြီးတော့ ထုတ်လုပ်ခဲ့တဲ့ Coco ဟာ အတော်လေးကို အောင်မြင်ခဲ့ပြီး ကောင်းမွန်တဲ့ ဝေဖန်မှုတွေကိုလည်း ရရှိခဲ့ပါတယ်။ ဒီဇာတ်လမ်းရဲ့ အဓိကဇာတ်ကြောင်းကတော့ Miguel ဆိုတဲ့ ကောင်လေးဟာ မတော်တဆအဖြစ်နဲ့ တမလွန်လောကမှာ ပိတ်မိသွားတာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ဒီဇာတ်လမ်းဟာလည်း Miguel ရဲ့ တမလွန်လောကထဲက စွန့်စားခန်းတွေကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ အဲ့ဒါတင်မကသေးဘဲ Pixar ရဲ့ထုံးစံအတိုင်းပဲ တမလွန်လောကထဲမှာ Easter Egg တွေကို ထည့်သွင်းခဲ့ပါသေးတယ်။ အဲ့ဒါကြောင့်ပဲ လူတွေသိပ်ပြီး သတိမထားခဲ့ကြတဲ့ တမလွန်လောကထဲက Easter Egg တွေကို ဖော်ပြပေးချင်ပါတယ်။

ရှေးခေတ် လူမှုအဖွဲ့အစည်း
photo via screenrant

တမလွန်လောကဟာ တည်ရှိနေတာ ဘယ်လောက်ကြာပြီလည်း ဆိုတာကို အတိအကျဖြေနိုင်ဖို့က ခက်ခဲပါတယ်။ လူသားတွေဟာ စတင်ဖြစ်ပေါ်လာကတည်းက သေဆုံးကြတာကြောင့် အတော်လေးကို ကြာနေပြီဆိုတာကိုတော့ သိသာပါတယ်။ အဲ့ဒါကြောင့်ပဲ ဒီဇာတ်လမ်းထဲက တမလွန်လောကထဲမှာလည်း ရှေးခေတ် လူမှုအဖွဲ့အစည်းရဲ့ ပုံစံတွေကို မြင်တွေ့ခဲ့ရပါတယ်။ ပုံထဲမှာ မြင်တွေ့ရသလိုပဲ နေရာတစ်ခုနဲ့တစ်ခုကို တောက်ပတဲ့ သစ်ရွက်တွေနဲ့ တံတားလိုမျိူး ဆက်သွယ်ထားတာကို တွေ့ရပါတယ်။ ဒါ့အပြင် အဲ့ဒီအဆောက်အဦးပုံစံတွေကတော့ အရင်တုန်းက မက္ကစီကိုမှာ နေထိုင်တဲ့လူမျိူးရဲ့ အဆောက်အဦးပုံစံတွေပဲ ဖြစ်ပါတယ်။

Luxo ဘောလုံး
photo via screenrant

Pixar ဟာ သူတို့ထုတ်လုပ်တဲ့ animated movie တွေထဲမှာ Easter Egg တွေကို ထည့်သွင်းလေ့ရှိပါတယ်။ ဒါ့အပြင် Luxo ဘောလုံးဟာ Pixar က ထုတ်လုပ်ခဲ့တဲ့ animated movie တွေအများစုရဲ့ နောက်ကွယ်မှာ မထင်မရှားနဲ့ ပါဝင်လေ့ရှိပါတယ်။ တစ်ချို့ဇာတ်လမ်းတွေထဲမှာတော့ အဲ့ဒီ Luxo ဘောလုံးကို သတိထားမိဖို့အတွက် လွယ်ကူပေမယ့်လည်း Coco ထဲမှာတော့ တစ်စက္ကန့်စာလောက်ပဲ ပါဝင်ခဲ့တာကြောင့် လူအများစုကတော့ သတိမထားမိခဲ့ကြပါဘူး။ အဲ့ဒါကတော့ Frida ရဲ့ မျောက်လေးက လျှောက်ပြီးတော့ ခုန်နေတဲ့အချိန်မှာ နောက်ကွယ်ကနေ Luxo ဘောလုံးက ပါဝင်ခဲ့တာပဲ ဖြစ်ပါတယ်။

တမလွန်လောကထဲမှာ ထောင်တွေလည်း ရှိပါသေးတယ်။
photo via screenrant

တမလွန်လောကနဲ့ ပတ်သက်ပြီး စိတ်ဝင်စားဖို့ကောင်းတဲ့ အချက်တစ်ချက်ကတော့ ရဲတွေနဲ့ ထောင်တွေပါ ရှိနေတဲ့ အချက်ပဲ ဖြစ်ပါတယ်။ တမလွန်လောကမှာ ဘယ်လိုလုပ်ရပ်မျိူးက ပြစ်မှုမြောက်လည်း ဆိုတာမျိူးတွေကို‌တော့ မသိရသေးဘဲ နောက်ထပ်ထွက်လာမယ့် ဇာတ်လမ်းအသစ်တွေထဲမှာတော့ ရှင်းပြသွားနိုင်ပါတယ်။ ဒါ့အပြင် လူ့ဘဝမှာ အပြစ်တွေ လုပ်ခဲ့သူတွေကလည်း တမလွန်လောကကို သွားရောက်နိုင်ပါသေးတယ်။ အကြောင်းကတော့ ဇာတ်လမ်းအဆုံးနားမှာတော့ Ernesto de la Cruz က လူသတ်သမား ဖြစ်တယ် ဆိုတာကို သိလိုက်ရလို့ပဲ ဖြစ်ပါတယ်။ အဲ့ဒါကြောင့်ပဲ တမလွန်လောကက ရဲတွေနဲ့ ထောင်တွေက တည်ရှိနေတာလို့ ယူဆလို့လည်း ရပါတယ်။

သစ်ရွက်တွေနဲ့ လူတွေဟာ ဆက်စပ်နေပါတယ်။
photo via screenrant

Coco ဟာ နောက်ထပ် sequel ထပ်ပြီး ထွက်လာဖို့အတွက် မဖြစ်နိုင်တဲ့ အကြောင်းပြချက်ထဲမှာ အခုလိုမျိူး animated movie ကို ဖန်တီးဖို့အတွက် အလွန်ခက်ခဲလို့လည်းပဲ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းကို‌တောင် အချိန်တွေနဲ့ ငွေတွေအများကြီး အကုန်ကျခံပြီး ဖန်တီးခဲ့ရတာ ဖြစ်ပါတယ်။ ဒါ့အပြင် ဒီဇာတ်လမ်းထဲက သစ်ရွက်တွေကို ကြည့်လိုက်ရင်တောင် ဘယ်လောက်ထိ အသေးစိတ် ဖန်တီးထားလည်း ဆိုတာကို သိရမှာ ဖြစ်ပါတယ်။ အဲ့ဒီသစ်ရွက်တွေဟာ လူတွေနဲ့ ဆက်စပ်နေပြီး မေ့ပျောက်ခံလိုက်ရတဲ့ ဝိဉာဉ်တွေကတော့ လုံးဝကို လူ့လောကကို မသွားနိုင်ပါဘူး။ အဲ့ဒီသစ်ရွက်တစ်ရွက်ချင်းဆီတိုင်းက လူတစ်ယောက်ဆီကို ကိုယ်စားပြုနေပြီး ဆက်စပ်နေတာကြောင့် မေ့ပျောက်ခံလိုက်ရတဲ့ ဝိဉာဉ်တွေဟာ လူ့လောကကို သွားခွင့်မရတာပဲ ဖြစ်ပါတယ်။

A113
photo via screenrant

Pixar က ထုတ်လုပ်ခဲ့တဲ့ ဇာတ်လမ်းတွေအများစုမှာ ပါဝင်ခဲ့တဲ့ နောက်ထပ် Easter Egg တစ်ခုကတော့ A113 ဆိုတဲ့ အခန်းပဲ ဖြစ်ပါတယ်။ တစ်ချို့ဇာတ်လမ်းတွေမှာဆိုရင် အဓိကဇာတ်ကောင်တွေဟာ A113 အခန်းထဲမှာ စာလေ့လာခဲ့ကြတာမျိူးနဲ့ နေထိုင်ခဲ့တာမျိူးတွေကို တွေ့ရပါတယ်။ Coco ထဲမှာတော့ တမလွန်လောကထဲက ရုံးတစ်ခုရဲ့ အထဲမှာ A113 အခန်းကို မြင်တွေ့ခဲ့ရပါတယ်။ ဒီအချက်ကလည်း Pixar ရဲ့ ထုံးစံတစ်ခုလို့တော့ ပြောလို့ရပါတယ်။

ဗိသုကာတွေရဲ့ ပုံစံဟာ အရိုးခေါင်းပုံစံ ဖြစ်နေပါတယ်။
photo via screenrant

တမလွန်လောကရဲ့ ဗိသုကာပုံစံတွေကလည်း အတော်လေးကို အသေးစိတ်ဖန်တီးထားခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီဗိသုကာတွေဟာ သေဆုံးသွားသူတွေရဲ့ ဝိဉာဉ်တွေက တဖြည်းဖြည်းနဲ့ တည်ဆောက်ခဲ့တာ ဖြစ်ပြီးတော့ သေခြင်းတရားကို အသိအမှတ်ပြုတဲ့အနေနဲ့ ဖန်တီးခဲ့တယ် ဆိုတာကိုလည်း သိသာနေပါတယ်။ အကြောင်းကတော့ အဆောက်အဦးတစ်ခုနဲ့ တစ်ခုရဲ့ ကြားက လွတ်နေတဲ့ နေရာတွေကို သေချာကြည့်လိုက်ရင်တော့ အရိုးခေါင်းပုံစံတွေကို မြင်တွေ့ရလို့ပဲ ဖြစ်ပါတယ်။ ဒါ့အပြင် တမလွန်လောကထဲက နေရာတိုင်းမှာလည်း အဲ့လိုမျိူး အရိုးခေါင်းပုံစံတွေကို မြင်တွေ့ရပါတယ်။

Incredibles 2
photo via screenrant

Coco ဟာ Incredibles 2 မထွက်ခင်တုန်းက ထွက်ခဲ့တာ ဖြစ်ပေမယ့်လည်း သူတို့ဟာ အသစ်ထွက်လာမယ့် Incredibles 2 ရဲ့ ပိုစတာကို Easter Egg အနေနဲ့ ထည့်သွင်းခဲ့ပြီး ပရိုမိုးရှင်းဆင်းခဲ့ပါတယ်။ ဒါ့အပြင် တမလွန်လောကထဲမှာလည်း ရုပ်ရှင်ရုံတွေကို ရှိတာကိုလည်း သိခဲ့ရပြီး တမလွန်လောကမှာ‌ နေထိုင်ကြတဲ့ ဝိဉာဉ်တွေဟာ ကျွန်တော်တို့ မတိုင်ခင်ကတည်း Incredibles 2 ကို ကြည့်ရှုခဲ့ကြတယ် ဆိုတာကို တွေ့ရပါတယ်။ တမလွန်လောကမှာ ရှိသမျှ ဝိဉာဉ်တိုင်းရဲ့ ပုံစံလိုမျိူးပဲ Incredibles 2 ရဲ့ ပိုစတာမှာ‌တော့ အရိုးခေါင်းပုံစံတွေနဲ့ မြင်တွေ့ခဲ့ရပါတယ်။ ဒီတစ်ချက်ကတော့ Coco ဇာတ်လမ်းနဲ့ ပတ်သက်တဲ့ fun fact တစ်ခုပဲ ဖြစ်ပါတယ်။

တမလွန်လောကမှာလည်း မတူညီတဲ့နေထိုင်မှု အဆင့်အတန်းတွေ ရှိပါတယ်။
photo via screenrant

တမလွန်လောကဟာလည်း လူတွေနေထိုင်တဲ့ ကမ္ဘာကြီးလိုမျိူး နေထိုင်မှု အဆင့်အတန်းတွေ မတူညီကြပါဘူး။ ပရိသတ်တွေကတော့ အဲ့ဒီအဆင့်အတန်း မတူညီမှုတွေကိုတော့ Miguel ရဲ့ စွန့်စားခန်း တစ်လျှောက်မှာ အနည်းငယ်တွေ့ခဲ့ရပါတယ်။ Frida ကိုတော့ တစ်ခြား အနုပညာတွေ နေထိုင်တဲ့ နေရာမှာ မြင်တွေ့ခဲ့ရပြီး Ernesto de la Cruz ကတော့ အများကြီးပိုပြီးတော့ ဈေးကြီးတဲ့ နေရာမှာ နေထိုင်တာကို တွေ့ခဲ့ရပါတယ်။ အဲ့ဒီအချိန်မှာတော့ Hector ဟာ မေ့ပျောက်ခံထားရတဲ့ ဝိဉာဉ်တွေ နေထိုင်တဲ့ ဆင်းရဲတဲ့နေရာမှာ နေထိုင်တာကို တွေ့ခဲ့ရပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

Disney နဲ႔ Pixar တို႔ ပူးေပါင္းၿပီးေတာ့ ထုတ္လုပ္ခဲ့တဲ့ Coco ဟာ အေတာ္ေလးကို ေအာင္ျမင္ခဲ့ၿပီး ေကာင္းမြန္တဲ့ ေဝဖန္မႈေတြကိုလည္း ရရွိခဲ့ပါတယ္။ ဒီဇာတ္လမ္းရဲ႕ အဓိကဇာတ္ေၾကာင္းကေတာ့ Miguel ဆိုတဲ့ ေကာင္ေလးဟာ မေတာ္တဆအျဖစ္နဲ႔ တမလြန္ေလာကမွာ ပိတ္မိသြားတာပဲ ျဖစ္ပါတယ္။ ဒါ့အျပင္ ဒီဇာတ္လမ္းဟာလည္း Miguel ရဲ႕ တမလြန္ေလာကထဲက စြန႔္စားခန္းေတြကို ျမင္ေတြ႕ရမွာ ျဖစ္ပါတယ္။ အဲ့ဒါတင္မကေသးဘဲ Pixar ရဲ႕ထုံးစံအတိုင္းပဲ တမလြန္ေလာကထဲမွာ Easter Egg ေတြကို ထည့္သြင္းခဲ့ပါေသးတယ္။ အဲ့ဒါေၾကာင့္ပဲ လူေတြသိပ္ၿပီး သတိမထားခဲ့ၾကတဲ့ တမလြန္ေလာကထဲက Easter Egg ေတြကို ေဖာ္ျပေပးခ်င္ပါတယ္။

ေရွးေခတ္ လူမႈအဖြဲ႕အစည္း
photo via screenrant

တမလြန္ေလာကဟာ တည္ရွိေနတာ ဘယ္ေလာက္ၾကာၿပီလည္း ဆိုတာကို အတိအက်ေျဖႏိုင္ဖို႔က ခက္ခဲပါတယ္။ လူသားေတြဟာ စတင္ျဖစ္ေပၚလာကတည္းက ေသဆုံးၾကတာေၾကာင့္ အေတာ္ေလးကို ၾကာေနၿပီဆိုတာကိုေတာ့ သိသာပါတယ္။ အဲ့ဒါေၾကာင့္ပဲ ဒီဇာတ္လမ္းထဲက တမလြန္ေလာကထဲမွာလည္း ေရွးေခတ္ လူမႈအဖြဲ႕အစည္းရဲ႕ ပုံစံေတြကို ျမင္ေတြ႕ခဲ့ရပါတယ္။ ပုံထဲမွာ ျမင္ေတြ႕ရသလိုပဲ ေနရာတစ္ခုနဲ႔တစ္ခုကို ေတာက္ပတဲ့ သစ္႐ြက္ေတြနဲ႔ တံတားလိုမ်ိဴး ဆက္သြယ္ထားတာကို ေတြ႕ရပါတယ္။ ဒါ့အျပင္ အဲ့ဒီအေဆာက္အဦးပုံစံေတြကေတာ့ အရင္တုန္းက မကၠစီကိုမွာ ေနထိုင္တဲ့လူမ်ိဴးရဲ႕ အေဆာက္အဦးပုံစံေတြပဲ ျဖစ္ပါတယ္။

Luxo ေဘာလုံး
photo via screenrant

Pixar ဟာ သူတို႔ထုတ္လုပ္တဲ့ animated movie ေတြထဲမွာ Easter Egg ေတြကို ထည့္သြင္းေလ့ရွိပါတယ္။ ဒါ့အျပင္ Luxo ေဘာလုံးဟာ Pixar က ထုတ္လုပ္ခဲ့တဲ့ animated movie ေတြအမ်ားစုရဲ႕ ေနာက္ကြယ္မွာ မထင္မရွားနဲ႔ ပါဝင္ေလ့ရွိပါတယ္။ တစ္ခ်ိဳ႕ဇာတ္လမ္းေတြထဲမွာေတာ့ အဲ့ဒီ Luxo ေဘာလုံးကို သတိထားမိဖို႔အတြက္ လြယ္ကူေပမယ့္လည္း Coco ထဲမွာေတာ့ တစ္စကၠန႔္စာေလာက္ပဲ ပါဝင္ခဲ့တာေၾကာင့္ လူအမ်ားစုကေတာ့ သတိမထားမိခဲ့ၾကပါဘူး။ အဲ့ဒါကေတာ့ Frida ရဲ႕ ေမ်ာက္ေလးက ေလွ်ာက္ၿပီးေတာ့ ခုန္ေနတဲ့အခ်ိန္မွာ ေနာက္ကြယ္ကေန Luxo ေဘာလုံးက ပါဝင္ခဲ့တာပဲ ျဖစ္ပါတယ္။

တမလြန္ေလာကထဲမွာ ေထာင္ေတြလည္း ရွိပါေသးတယ္။
photo via screenrant

တမလြန္ေလာကနဲ႔ ပတ္သက္ၿပီး စိတ္ဝင္စားဖို႔ေကာင္းတဲ့ အခ်က္တစ္ခ်က္ကေတာ့ ရဲေတြနဲ႔ ေထာင္ေတြပါ ရွိေနတဲ့ အခ်က္ပဲ ျဖစ္ပါတယ္။ တမလြန္ေလာကမွာ ဘယ္လိုလုပ္ရပ္မ်ိဴးက ျပစ္မႈေျမာက္လည္း ဆိုတာမ်ိဴးေတြကို‌ေတာ့ မသိရေသးဘဲ ေနာက္ထပ္ထြက္လာမယ့္ ဇာတ္လမ္းအသစ္ေတြထဲမွာေတာ့ ရွင္းျပသြားႏိုင္ပါတယ္။ ဒါ့အျပင္ လူ႔ဘဝမွာ အျပစ္ေတြ လုပ္ခဲ့သူေတြကလည္း တမလြန္ေလာကကို သြားေရာက္ႏိုင္ပါေသးတယ္။ အေၾကာင္းကေတာ့ ဇာတ္လမ္းအဆုံးနားမွာေတာ့ Ernesto de la Cruz က လူသတ္သမား ျဖစ္တယ္ ဆိုတာကို သိလိုက္ရလို႔ပဲ ျဖစ္ပါတယ္။ အဲ့ဒါေၾကာင့္ပဲ တမလြန္ေလာကက ရဲေတြနဲ႔ ေထာင္ေတြက တည္ရွိေနတာလို႔ ယူဆလို႔လည္း ရပါတယ္။

သစ္႐ြက္ေတြနဲ႔ လူေတြဟာ ဆက္စပ္ေနပါတယ္။
photo via screenrant

Coco ဟာ ေနာက္ထပ္ sequel ထပ္ၿပီး ထြက္လာဖို႔အတြက္ မျဖစ္ႏိုင္တဲ့ အေၾကာင္းျပခ်က္ထဲမွာ အခုလိုမ်ိဴး animated movie ကို ဖန္တီးဖို႔အတြက္ အလြန္ခက္ခဲလို႔လည္းပဲ ျဖစ္ပါတယ္။ ဒီဇာတ္လမ္းကို‌ေတာင္ အခ်ိန္ေတြနဲ႔ ေငြေတြအမ်ားႀကီး အကုန္က်ခံၿပီး ဖန္တီးခဲ့ရတာ ျဖစ္ပါတယ္။ ဒါ့အျပင္ ဒီဇာတ္လမ္းထဲက သစ္႐ြက္ေတြကို ၾကည့္လိုက္ရင္ေတာင္ ဘယ္ေလာက္ထိ အေသးစိတ္ ဖန္တီးထားလည္း ဆိုတာကို သိရမွာ ျဖစ္ပါတယ္။ အဲ့ဒီသစ္႐ြက္ေတြဟာ လူေတြနဲ႔ ဆက္စပ္ေနၿပီး ေမ့ေပ်ာက္ခံလိုက္ရတဲ့ ဝိဉာဥ္ေတြကေတာ့ လုံးဝကို လူ႔ေလာကကို မသြားႏိုင္ပါဘူး။ အဲ့ဒီသစ္႐ြက္တစ္႐ြက္ခ်င္းဆီတိုင္းက လူတစ္ေယာက္ဆီကို ကိုယ္စားျပဳေနၿပီး ဆက္စပ္ေနတာေၾကာင့္ ေမ့ေပ်ာက္ခံလိုက္ရတဲ့ ဝိဉာဥ္ေတြဟာ လူ႔ေလာကကို သြားခြင့္မရတာပဲ ျဖစ္ပါတယ္။

A113
photo via screenrant

Pixar က ထုတ္လုပ္ခဲ့တဲ့ ဇာတ္လမ္းေတြအမ်ားစုမွာ ပါဝင္ခဲ့တဲ့ ေနာက္ထပ္ Easter Egg တစ္ခုကေတာ့ A113 ဆိုတဲ့ အခန္းပဲ ျဖစ္ပါတယ္။ တစ္ခ်ိဳ႕ဇာတ္လမ္းေတြမွာဆိုရင္ အဓိကဇာတ္ေကာင္ေတြဟာ A113 အခန္းထဲမွာ စာေလ့လာခဲ့ၾကတာမ်ိဴးနဲ႔ ေနထိုင္ခဲ့တာမ်ိဴးေတြကို ေတြ႕ရပါတယ္။ Coco ထဲမွာေတာ့ တမလြန္ေလာကထဲက ႐ုံးတစ္ခုရဲ႕ အထဲမွာ A113 အခန္းကို ျမင္ေတြ႕ခဲ့ရပါတယ္။ ဒီအခ်က္ကလည္း Pixar ရဲ႕ ထုံးစံတစ္ခုလို႔ေတာ့ ေျပာလို႔ရပါတယ္။

ဗိသုကာေတြရဲ႕ ပုံစံဟာ အ႐ိုးေခါင္းပုံစံ ျဖစ္ေနပါတယ္။
photo via screenrant

တမလြန္ေလာကရဲ႕ ဗိသုကာပုံစံေတြကလည္း အေတာ္ေလးကို အေသးစိတ္ဖန္တီးထားခဲ့တာ ျဖစ္ပါတယ္။ အဲ့ဒီဗိသုကာေတြဟာ ေသဆုံးသြားသူေတြရဲ႕ ဝိဉာဥ္ေတြက တျဖည္းျဖည္းနဲ႔ တည္ေဆာက္ခဲ့တာ ျဖစ္ၿပီးေတာ့ ေသျခင္းတရားကို အသိအမွတ္ျပဳတဲ့အေနနဲ႔ ဖန္တီးခဲ့တယ္ ဆိုတာကိုလည္း သိသာေနပါတယ္။ အေၾကာင္းကေတာ့ အေဆာက္အဦးတစ္ခုနဲ႔ တစ္ခုရဲ႕ ၾကားက လြတ္ေနတဲ့ ေနရာေတြကို ေသခ်ာၾကည့္လိုက္ရင္ေတာ့ အ႐ိုးေခါင္းပုံစံေတြကို ျမင္ေတြ႕ရလို႔ပဲ ျဖစ္ပါတယ္။ ဒါ့အျပင္ တမလြန္ေလာကထဲက ေနရာတိုင္းမွာလည္း အဲ့လိုမ်ိဴး အ႐ိုးေခါင္းပုံစံေတြကို ျမင္ေတြ႕ရပါတယ္။

Incredibles 2
photo via screenrant

Coco ဟာ Incredibles 2 မထြက္ခင္တုန္းက ထြက္ခဲ့တာ ျဖစ္ေပမယ့္လည္း သူတို႔ဟာ အသစ္ထြက္လာမယ့္ Incredibles 2 ရဲ႕ ပိုစတာကို Easter Egg အေနနဲ႔ ထည့္သြင္းခဲ့ၿပီး ပ႐ိုမိုးရွင္းဆင္းခဲ့ပါတယ္။ ဒါ့အျပင္ တမလြန္ေလာကထဲမွာလည္း ႐ုပ္ရွင္႐ုံေတြကို ရွိတာကိုလည္း သိခဲ့ရၿပီး တမလြန္ေလာကမွာ‌ ေနထိုင္ၾကတဲ့ ဝိဉာဥ္ေတြဟာ ကြၽန္ေတာ္တို႔ မတိုင္ခင္ကတည္း Incredibles 2 ကို ၾကည့္ရႈခဲ့ၾကတယ္ ဆိုတာကို ေတြ႕ရပါတယ္။ တမလြန္ေလာကမွာ ရွိသမွ် ဝိဉာဥ္တိုင္းရဲ႕ ပုံစံလိုမ်ိဴးပဲ Incredibles 2 ရဲ႕ ပိုစတာမွာ‌ေတာ့ အ႐ိုးေခါင္းပုံစံေတြနဲ႔ ျမင္ေတြ႕ခဲ့ရပါတယ္။ ဒီတစ္ခ်က္ကေတာ့ Coco ဇာတ္လမ္းနဲ႔ ပတ္သက္တဲ့ fun fact တစ္ခုပဲ ျဖစ္ပါတယ္။

တမလြန္ေလာကမွာလည္း မတူညီတဲ့ေနထိုင္မႈ အဆင့္အတန္းေတြ ရွိပါတယ္။
photo via screenrant

တမလြန္ေလာကဟာလည္း လူေတြေနထိုင္တဲ့ ကမာၻႀကီးလိုမ်ိဴး ေနထိုင္မႈ အဆင့္အတန္းေတြ မတူညီၾကပါဘူး။ ပရိသတ္ေတြကေတာ့ အဲ့ဒီအဆင့္အတန္း မတူညီမႈေတြကိုေတာ့ Miguel ရဲ႕ စြန႔္စားခန္း တစ္ေလွ်ာက္မွာ အနည္းငယ္ေတြ႕ခဲ့ရပါတယ္။ Frida ကိုေတာ့ တစ္ျခား အႏုပညာေတြ ေနထိုင္တဲ့ ေနရာမွာ ျမင္ေတြ႕ခဲ့ရၿပီး Ernesto de la Cruz ကေတာ့ အမ်ားႀကီးပိုၿပီးေတာ့ ေဈးႀကီးတဲ့ ေနရာမွာ ေနထိုင္တာကို ေတြ႕ခဲ့ရပါတယ္။ အဲ့ဒီအခ်ိန္မွာေတာ့ Hector ဟာ ေမ့ေပ်ာက္ခံထားရတဲ့ ဝိဉာဥ္ေတြ ေနထိုင္တဲ့ ဆင္းရဲတဲ့ေနရာမွာ ေနထိုင္တာကို ေတြ႕ခဲ့ရပါတယ္။

Legos

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular