HomeCelebs Update NewsInternationalCody Simpson နဲ႔ တြဲခုတ္ေနျပန္တဲ့ Miley Cyrus

Cody Simpson နဲ႔ တြဲခုတ္ေနျပန္တဲ့ Miley Cyrus

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Miley Cyrus  ကတော့ လူတွေကို ရှော့ခ်ရအောင်လုပ်တဲ့နေရာမှာ ဆရာမကြီးလို့ ပြောရတော့မလိုပါပဲ။ ဘယ်သူမှ မထင်မှတ်ထားတဲ့ စုံတွဲတစ်တွဲအဖြစ် Miley Cyrus နဲ့ အဆိုတော် Cody Simpson တို့က အံ့သြအောင် လုပ်ချလိုက်ပြန်ပါပြီ။

Miley နဲ့ Cody တို့ဟာ အရင်တုန်းကတော့ သူငယ်ချင်းတွေ ဖြစ်ကြပေမယ့် အခုတော့ Friend Zone ထဲက ထွက်လိုက်ကြပါပြီ။ သူတို့နှစ်ယောက်ကို အယ်လ်အေရဲ့ လမ်းမတွေပေါ်မှာ အောက်တိုဘာလ(၃)ရက်နေ့က ပထမဆုံးအနေနဲ့ အတူတူတွဲတွေ့လိုက်ကြရတာ ဖြစ်ပါတယ်။ အဲ့ဒီ့တုန်းကလည်း နှစ်ယောက်သား နမ်းရှုံ့နေကြတာကို တွေ့လိုက်ကြရသူ အမြောက်အများ ရှိခဲ့ပါတယ်။ အခုကတော့ ဒီ့ထက်ပိုခိုင်မာတဲ့ သက်သေနဲ့ တွဲနေကြောင်း သက်သေပြလိုက်ကြပါပြီ။

Photo: Miley Cyrus Reports/ Twitter

Cody က Miley ရဲ့နားထင်ကို နမ်းနေပြီး Miley က သိုင်းဖက်ထားတဲ့ အဖြူအမည်း ဆယ်လ်ဖီပုံကို အောက်တိုဘာလ(၅)ရက်နေ့မှာ IG မှာ တင်ထားတာကို အားလုံးတွေ့လိုက်ကြရတာ ဖြစ်ပါတယ်။ ပုံမှာတော့ “Pre swim breakfast courtesy of baby” လို့ Caption တပ်ထားတာကို တွေ့ရပါတယ်။

Miley ဟာ ပြီးခဲ့တဲ့ သြဂုတ်လမှာ ခင်ပွန်းဟောင်း Liam Hemsworth နဲ့ လမ်းခွဲကြောင်း တရားဝင်ကြေငြာခဲ့ပြီး ချက်ချင်းဆိုသလိုပဲ အသက်(၃၁)နှစ်အရွယ် ဘလော့ဂါ Kaitlynn Carter နဲ့ တွဲခုတ်ခဲ့သေးပါတယ်။ ခြောက်ပတ်လောက်ကြာအောင် တွဲပြီးနောက်မှာတော့ Kaitlynn နဲ့လည်း လွန်ခဲ့တဲ့ ရက်သတ္တပတ်အနည်းငယ်လောက်က လမ်းခွဲခဲ့ဲပြန်ပါတယ်။ ဒီ့နောက်မှာတော့ ဘယ်သူမှ မထင်မှတ်ထားတဲ့ကိစ္စအဖြစ် အဆိုတော် Cody Simpson နဲ့ ထပ်မံတွဲခုတ်နေတာ ဖြစ်ပါတယ်။ Cody ဟာ သြစတျေးလျသားဖြစ်သလို Liam ကလည်း သြစတျေးလျသား ဖြစ်တာမို့ Miley ဟာ သြစတျေးလျသားတွေကို မျက်စိကျလေ့ရှိတတ်တယ်လို့လည်း ပရိသတ်အချို့က မှတ်ချက်ပေးနေကြပါတယ်။

Photo: mileycyrus/ Instagram

Cody Simpson ကတော့ မြန်မာပရိသတ်အများစုကြားမှာ ပေါက်ခဲ့တဲ့ iYiYi ၊ La Da Dee စတဲ့သီချင်းတွေရဲ့ အဆိုရှင်တစ်ယောက် ဖြစ်ပါတယ်။ စတင်ကျော်ကြားကာစက ကလေးပေါက်စလေးဖြစ်ပေမယ့် အခုဆိုရင်တော့ အသက်(၂၂)နှစ်အရွယ် အရွယ်ရောက်ပြီး ယောက်ျားရင့်မကြီးတစ်ယောက် ဖြစ်လို့နေပါပြီ။

Cody ရဲ့အချစ်ရေးအနေအထားကတော့ ၂၀၁၃ခုနှစ်ကနေ ၂၀၁၅ခုနှစ်လောက်အထိ စူပါမော်ဒယ်လ် Gigi Hadid နဲ့ တွဲခဲ့ပါတယ်။ Gigi ဟာ Cody ရဲ့အချစ်ဦးဖြစ်ပြီး နှစ်ယောက်သား ချစ်ကြပေမယ့် ဘာလုပ်လုပ် နောက်ကလိုက်ချောင်းခံနေရတဲ့ ဆယ်လီဘဝမျိုးကို မနှစ်သက်တဲ့ Cody နဲ့ ကင်မရာမီးရောင်အောက်က Gigi တို့ရဲ့ မတူညီမှုတွေကြောင့် နောက်ဆုံးမှာ လမ်းခွဲခဲ့ကြပါတယ်။ အခု Miley နဲ့ မတိုင်ခင်မှာတော့ မော်ဒယ်လ် Clair Wuestenberg နဲ့လည်း သတင်းထွက်ထားပါသေးတယ်။

Photo: codysimpson/ Instagram

အရင်တည်းက သူငယ်ချင်းတွေဖြစ်ကြတဲ့ သူတို့နှစ်ယောက်ရဲ့ ရှေ့ချစ်ခရီးလမ်းကရော ဖြောင့်ဖြူးမှာလား။ ကြာရှည်ခံတဲ့ အချစ်ရေးကို ထူထောင်နိုင်ကြမှာလားဆိုတာကတော့ ဆက်လက် စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။

LaNina

Ref: hollywoodlife

(ဆံရစ်ဝိုင်းမီဒီယာစာမျက်နှာပေါ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို ခွင့်ပြုချက် တစ်စုံတစ်ရာ မရရှိဘဲ မိမိတို့ကိုယ်ကျိုးအတွက် ကူးယူသုံးစွဲခြင်း မပြုလုပ်ကြပါရန် သတိပေးအပ်ပါသည်။)

(Zawgyi Version)

Miley Cyrus  ကေတာ့ လူေတြကို ေရွာ႔ခ္ရေအာင္လုပ္တဲ့ေနရာမွာ ဆရာမႀကီးလို႔ ေျပာရေတာ့မလိုပါပဲ။ ဘယ္သူမွ မထင္မွတ္ထားတဲ့ စုံတြဲတစ္တြဲအျဖစ္ Miley Cyrus နဲ႔ အဆိုေတာ္ Cody Simpson တို႔က အ့ံၾသေအာင္ လုပ္ခ်လိုက္ျပန္ပါၿပီ။

Miley နဲ႔ Cody တို႔ဟာ အရင္တုန္းကေတာ့ သူငယ္ခ်င္းေတြ ျဖစ္ၾကေပမယ့္ အခုေတာ့ Friend Zone ထဲက ထြက္လိုက္ၾကပါၿပီ။ သူတို႔ႏွစ္ေယာက္ကို အယ္လ္ေအရဲ႕ လမ္းမေတြေပၚမွာ ေအာက္တိုဘာလ(၃)ရက္ေန႔က ပထမဆုံးအေနနဲ႔ အတူတူတြဲေတြ႕လိုက္ၾကရတာ ျဖစ္ပါတယ္။ အဲ့ဒီ့တုန္းကလည္း ႏွစ္ေယာက္သား နမ္းရႈံ႕ေနၾကတာကို ေတြ႕လိုက္ၾကရသူ အေျမာက္အမ်ား ရိွခဲ့ပါတယ္။ အခုကေတာ့ ဒီ့ထက္ပိုခိုင္မာတဲ့ သက္ေသနဲ႔ တြဲေနေၾကာင္း သက္ေသျပလိုက္ၾကပါၿပီ။

Photo: Miley Cyrus Reports/ Twitter

Cody က Miley ရဲ႕နားထင္ကို နမ္းေနၿပီး Miley က သိုင္းဖက္ထားတဲ့ အျဖဴအမည္း ဆယ္လ္ဖီပုံကို ေအာက္တိုဘာလ(၅)ရက္ေန႔မွာ IG မွာ တင္ထားတာကို အားလုံးေတြ႕လိုက္ၾကရတာ ျဖစ္ပါတယ္။ ပုံမွာေတာ့ “Pre swim breakfast courtesy of baby” လို႔ Caption တပ္ထားတာကို ေတြ႕ရပါတယ္။

Miley ဟာ ၿပီးခဲ့တဲ့ ၾသဂုတ္လမွာ ခင္ပြန္းေဟာင္း Liam Hemsworth နဲ႔ လမ္းခြဲေၾကာင္း တရား၀င္ေၾကျငာခဲ့ၿပီး ခ်က္ခ်င္းဆိုသလိုပဲ အသက္(၃၁)ႏွစ္အရြယ္ ဘေလာ့ဂါ Kaitlynn Carter နဲ႔ တြဲခုတ္ခဲ့ေသးပါတယ္။ ေျခာက္ပတ္ေလာက္ၾကာေအာင္ တြဲၿပီးေနာက္မွာေတာ့ Kaitlynn နဲ႔လည္း လြန္ခဲ့တဲ့ ရက္သတၱပတ္အနည္းငယ္ေလာက္က လမ္းခြဲခဲ့ဲျပန္ပါတယ္။ ဒီ့ေနာက္မွာေတာ့ ဘယ္သူမွ မထင္မွတ္ထားတဲ့ကိစၥအျဖစ္ အဆိုေတာ္ Cody Simpson နဲ႔ ထပ္မံတြဲခုတ္ေနတာ ျဖစ္ပါတယ္။ Cody ဟာ ၾသစေတ်းလ်သားျဖစ္သလို Liam ကလည္း ၾသစေတ်းလ်သား ျဖစ္တာမို႔ Miley ဟာ ၾသစေတ်းလ်သားေတြကို မ်က္စိက်ေလ့ရိွတတ္တယ္လို႔လည္း ပရိသတ္အခ်ိဳ႕က မွတ္ခ်က္ေပးေနၾကပါတယ္။

Photo: mileycyrus/ Instagram

Cody Simpson ကေတာ့ ျမန္မာပရိသတ္အမ်ားစုၾကားမွာ ေပါက္ခဲ့တဲ့ iYiYi ၊ La Da Dee စတဲ့သီခ်င္းေတြရဲ႕ အဆိုရွင္တစ္ေယာက္ ျဖစ္ပါတယ္။ စတင္ေက်ာ္ၾကားကာစက ကေလးေပါက္စေလးျဖစ္ေပမယ့္ အခုဆိုရင္ေတာ့ အသက္(၂၂)ႏွစ္အရြယ္ အရြယ္ေရာက္ၿပီး ေယာက္်ားရင့္မႀကီးတစ္ေယာက္ ျဖစ္လို႔ေနပါၿပီ။

Cody ရဲ႕အခ်စ္ေရးအေနအထားကေတာ့ ၂၀၁၃ခုႏွစ္ကေန ၂၀၁၅ခုႏွစ္ေလာက္အထိ စူပါေမာ္ဒယ္လ္ Gigi Hadid နဲ႔ တြဲခ့ဲပါတယ္။ Gigi ဟာ Cody ရဲ႕အခ်စ္ဦးျဖစ္ၿပီး ႏွစ္ေယာက္သား ခ်စ္ၾကေပမယ့္ ဘာလုပ္လုပ္ ေနာက္ကလိုက္ေခ်ာင္းခံေနရတဲ့ ဆယ္လီဘ၀မ်ိဳးကို မႏွစ္သက္တဲ့ Cody နဲ႔ ကင္မရာမီးေရာင္ေအာက္က Gigi တို႔ရဲ႕ မတူညီမႈေတြေၾကာင့္ ေနာက္ဆုံးမွာ လမ္းခြဲခဲ့ၾကပါတယ္။ အခု Miley နဲ႔ မတိုင္ခင္မွာေတာ့ ေမာ္ဒယ္လ္ Clair Wuestenberg နဲ႔လည္း သတင္းထြက္ထားပါေသးတယ္။

Photo: codysimpson/ Instagram

အရင္တည္းက သူငယ္ခ်င္းေတြျဖစ္ၾကတဲ့ သူတို႔ႏွစ္ေယာက္ရဲ႕ ေရွ႕ခ်စ္ခရီးလမ္းကေရာ ေျဖာင့္ျဖဴးမွာလား။ ၾကာရွည္ခံတဲ့ အခ်စ္ေရးကို ထူေထာင္ႏိုင္ၾကမွာလားဆိုတာကေတာ့ ဆက္လက္ ေစာင့္ၾကည့္ရမွာပဲ ျဖစ္ပါတယ္။

LaNina

Ref: hollywoodlife

(ဆံရစ္ဝိုင္းမီဒီယာစာမ်က္ႏွာေပၚတြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို ခြင့္ျပဳခ်က္ တစ္စုံတစ္ရာ မရရွိဘဲ မိမိတို႔ကိုယ္က်ိဳးအတြက္ ကူးယူသုံးစြဲျခင္း မျပဳလုပ္ၾကပါရန္ သတိေပးအပ္ပါသည္။)

 

RELATED ARTICLES

Most Popular