HomeCelebs Update NewsInternationalMiley Cyrus အတြက္ ရည္ရြယ္သီဆိုထားတဲ့ Cody Simpson ရဲ႕ သီခ်င္းအသစ္ Golden Thing

Miley Cyrus အတြက္ ရည္ရြယ္သီဆိုထားတဲ့ Cody Simpson ရဲ႕ သီခ်င္းအသစ္ Golden Thing

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Cody Simpson နဲ့ Miley Cyrus တို့ရဲ့ အချစ်ဇာတ်လမ်းလေး အစပြုနေတာကို အားလုံးလည်း သိထားကြပြီး ဖြစ်မှာပါ။ သူငယ်ချင်းသံယောဇဉ်ကနေ ချစ်သူအဆင့်ကို တက်လှမ်းခဲ့ကြတဲ့ သူတို့နှစ်ယောက်ရဲ့ ရိုမန့်ဆန်တဲ့ ပုံရိပ်တွေဟာ ဟောလိဝုဒ်ကိုလည်း အံ့အားသင့်စေခဲ့ပါသေးတယ်။

နှစ်ယောက်သား ချစ်သူဘဝရောက်တာ အချိန်မကြာသေးပေမယ့် Cody ဟာ Miley အပေါ်ထားတဲ့ သူ့ရဲ့ခံစားချက်တွေကို သီချင်းအသစ်လေးတစ်ပုဒ်နဲ့ ဖွင့်ဟပြလိုက်ပါပြီ။ သြဂုတ်လမှာ ခင်ပွန်းသည် Liam Hemsworth နဲ့ လမ်းခွဲပြတ်စဲခဲ့ပြီးတည်းက အပြောင်းအလဲမြန်တဲ့ အချစ်ရေးကြောင့် လူတစ်ချို့ရဲ့ ဝေဖန်သံတွေကို ခံစားနေရတဲ့ Miley အတွက် Cody ရဲ့ ဒီသီချင်းလေးက ဒဏ်ရာတွေကို ကုစားပေးသွားမယ်လို့ ယူဆရပါတယ်။

သီချင်းရဲ့အကြောင်းအရာကတော့ Miley ရဲ့ အံ့သြဖို့ကောင်းတဲ့ personality တွေအကြောင်းကို Cody က သူခံစားရတဲ့ရှုထောင့်ကနေ လှလှပပလေး ရေးဖွဲ့သီဆိုထားတာပါ။ အောက်တိုဘာလ(၁၇)ရက်နေ့ကမှ ထွက်ရှိထားတဲ့ လတ်လတ်ဆတ်ဆတ် အချစ်သီချင်းအသစ်လေးလည်း ဖြစ်ပါတယ်။ အောက်မှာ ဖော်ပြပေးထားတဲ့ ဗွီဒီယိုကလစ်ကနေတစ်ဆင့် Golden Thing လို့ အမည်ရတဲ့ သီချင်းလေးကို ခံစားနားဆင်လိုက်ပါ။

LaNina

(ဆံရစ်ဝိုင်းမီဒီယာစာမျက်နှာပေါ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို ခွင့်ပြုချက် တစ်စုံတစ်ရာ မရရှိဘဲ မိမိတို့ကိုယ်ကျိုးအတွက် ကူးယူသုံးစွဲခြင်း မပြုလုပ်ကြပါရန် သတိပေးအပ်ပါသည်။)

(Zawgyi Version)

Cody Simpson နဲ႔ Miley Cyrus တို႔ရဲ႕ အခ်စ္ဇာတ္လမ္းေလး အစျပဳေနတာကို အားလုံးလည္း သိထားၾကၿပီး ျဖစ္မွာပါ။ သူငယ္ခ်င္းသံေယာဇဥ္ကေန ခ်စ္သူအဆင့္ကို တက္လွမ္းခဲ့ၾကတဲ့ သူတို႔ႏွစ္ေယာက္ရဲ႕ ရိုမန္႔ဆန္တဲ့ ပုံရိပ္ေတြဟာ ေဟာလိ၀ုဒ္ကိုလည္း အ့ံအားသင့္ေစခဲ့ပါေသးတယ္။

ႏွစ္ေယာက္သား ခ်စ္သူဘ၀ေရာက္တာ အခ်ိန္မၾကာေသးေပမယ့္ Cody ဟာ Miley အေပၚထားတဲ့ သူ႔ရဲ႕ခံစားခ်က္ေတြကို သီခ်င္းအသစ္ေလးတစ္ပုဒ္နဲ႔ ဖြင့္ဟျပလိုက္ပါၿပီ။ ၾသဂုတ္လမွာ ခင္ပြန္းသည္ Liam Hemsworth နဲ႔ လမ္းခြဲျပတ္စဲခဲ့ၿပီးတည္းက အေျပာင္းအလဲျမန္တဲ့ အခ်စ္ေရးေၾကာင့္ လူတစ္ခ်ိဳ႕ရဲ႕ ေ၀ဖန္သံေတြကို ခံစားေနရတဲ့ Miley အတြက္ Cody ရဲ႕ ဒီသီခ်င္းေလးက ဒဏ္ရာေတြကို ကုစားေပးသြားမယ္လို႔ ယူဆရပါတယ္။

သီခ်င္းရဲ႕အေၾကာင္းအရာကေတာ့ Miley ရဲ႕ အ့ံၾသဖို႔ေကာင္းတဲ့ personality ေတြအေၾကာင္းကို Cody က သူခံစားရတဲ့ရႈေထာင့္ကေန လွလွပပေလး ေရးဖြဲ႕သီဆိုထားတာပါ။ ေအာက္တိုဘာလ(၁၇)ရက္ေန႔ကမွ ထြက္ရိွထားတဲ့ လတ္လတ္ဆတ္ဆတ္ အခ်စ္သီခ်င္းအသစ္ေလးလည္း ျဖစ္ပါတယ္။ ေအာက္မွာ ေဖာ္ျပေပးထားတဲ့ ဗီြဒီယိုကလစ္ကေနတစ္ဆင့္ Golden Thing လို႔ အမည္ရတဲ့ သီခ်င္းေလးကို ခံစားနားဆင္လိုက္ပါ။

LaNina

(ဆံရစ္ဝိုင္းမီဒီယာစာမ်က္ႏွာေပၚတြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို ခြင့္ျပဳခ်က္ တစ္စုံတစ္ရာ မရရွိဘဲ မိမိတို႔ကိုယ္က်ိဳးအတြက္ ကူးယူသုံးစြဲျခင္း မျပဳလုပ္ၾကပါရန္ သတိေပးအပ္ပါသည္။)

 

RELATED ARTICLES

Most Popular